Jeff Bezos နှင့် Lauren Sanchez တို့အချစ်ရေး လူသိရှင်ကြား ဖြစ်လာချိန်တွင် Lauren Sanchez ၏ ခင်ပွန်းဟောင်းက နှစ်ဦးနေထိုင်ခဲ့သောအိမ်ကို Lauren Sanchez ကိုပေး

Jeff Bezos နှင့် Lauren Sanchez တို့အချစ်ရေး လူသိရှင်ကြား ဖြစ်လာချိန်တွင် Lauren Sanchez ၏ ခင်ပွန်းဟောင်းက နှစ်ဦးနေထိုင်ခဲ့သောအိမ်ကို Lauren Sanchez ကိုပေး - Property News in Myanmar from iMyanmarHouse.com
6 Jun 2023 10:59 am တွင် တင်ခဲ့သည်
644 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

လော်ရန်ဆန်းချက်ဇ် (Lauren Sanchez) နှင့်ခင်ပွန်းဟောင်း ပက်ထရစ် ဝှိုက်ဆဲလ် ( Patrick Whitesell) တို့ကွာရှင်း ပြတ်စဲလိုက်ကြပြီး ပက်ထရစ်က နှစ်ဦးအတူ နေထိုင်ခဲ့သော ဝါရှင်တန်မှအိမ်ကို လော်ရန်ဆန်းချက်ဇ်အား လွှဲပြောင်းပေးခဲ့ကြောင်း နယူးယောက်ပို့စ် သတင်းဌာနက ဖော်ပြသည်။

လော်ရန်ဆန်းချက်ဇ်နှင့် ခင်ပွန်းဟောင်း ပက်ထရစ်တို့သည် ဝါရှင်တန်ပြည်နယ် ၊ Mercer Island မြို့ရှိ စတုရန်းပေ ၇၀၀၀ ကျယ်ဝန်းသော စံအိမ်ကို ၂၀၁၇ ခုနှစ်အတွင်းက ကန်ဒေါ်လာ ၆ ဒသမ ၂ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ယခုအခါ အသက် ၅၃ နှစ်ရှိပြီဖြစ်သော လော်ရန်ဆန်းချက်ဇ်နှင့် Amazon တည်ထောင်သူ ဂျက်ဘေးဇော့စ် (Jeff Bezos) တို့အချစ်ရေး မပေါ်ပေါက်မီ တစ်နှစ်အလိုတွင် အဆိုပါ စံအိမ်ကို ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

Page Six သတင်းဌာန၏ ဖော်ပြချက်အရ ဂျက်ဘေးဇော့စ်နှင့် ဆန်းချက်ဇ်တို့သည် နှစ်ပေါင်းများစွာ အလုပ်အတူ လက်တွဲလုပ်ကိုင်ခဲ့ကြပြီးနောက် ယခုအခါ စေ့စပ်ကြောင်းလမ်းခဲ့ကြပြီ ဖြစ်သည်။

၂၀၁၉ ခုနှစ် ၊ အောက်တိုဘာလတွင် လော်ရန်ဆန်းချက်ဇ်နှင့် ခင်ပွန်းဟောင်းတို့ အပြီးသတ်ကွာရှင်းခဲ့ကြပြီးနောက် ၂၀၂၀ ပြည့်နှစ် ၊ မေလတွင် နှစ်ဦးအတူ နေခဲ့သော အိမ်ကို ဆန်းချက်ဇ်အား လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။

ယခုနေအိမ်သည် ဂျက်ဘေးဇော့စ်၏ စံအိမ်နှင့် မိနစ်အနည်းငယ်သာ ဝေးကွာသော နေရာတွင် ရှိသည်။

အသက် ၅၉ နှစ်ရှိပြီဖြစ်သော ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့သည် အိမ်ထောင်ဘက်အသီးသီး ရှိနေဆဲကာလတွင် ၈ လတာ ချစ်ကြိုက်ခဲ့ကြခြင်း ဖြစ်ပြီး ၂၀၁၉ ခုနှစ် ၊ ဧပြီလတွင် တရားဝင် တွဲခဲ့ကြခြင်း ဖြစ်သည်။

(ဆန်းချက်ဇ်၏ ခင်ပွန်းဟောင်း ပက်ထရစ်က နှစ်ဦးအတူ နေခဲ့သောအိမ်ကို ဆန်းချက်ဇ်အား ပေးခဲ့သည်။)

အဆိုပါအိမ်၏ ယခင်ပိုင်ရှင်ဟောင်းမှာ အိမ်တွင်းမွမ်းမံမှု ဒီဇိုင်နာ Vivian Schroedl ဖြစ်ပြီး ၎င်းက နယူးယောက်ပို့စ်သတင်းဌာနသို့ ပြောသည်မှာ လော်ရန်ဆန်းချက်ဇ်က နေအိမ်ကို အလုံးစုံ ပြောင်းလဲမှု ပြုလုပ်ခဲ့ကြောင်း ပြောသည်။

(စံအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၇၀၀၀ ကျော်ရှိသည်။ ဓာတ်ပုံ- Sotheby)

(မီးဖိုဆောင်။ ဓာတ်ပုံ- Sotheby)

အိပ်ခန်း ၆ ခန်းနှင့် ရေချိုးခန်း ၅ ခန်းပါသော စံအိမ်၏ တန်ဖိုးမှာ ယခုအခါ အနည်းဆုံး ကန်ဒေါ်လာ ၁၀ သန်းခန့် ရှိနေပြီ ဖြစ်သည်။

ခြံဝန်းအကျယ်မှာ ဧကဝက်ရှိပြီး ရေပြင်နှင့်ထိစပ်မှု ပေ ၆၀ ရှိကာ စိမ်းလန်းသော ပန်းဥယျာဉ်များက ဝန်းပတ်ထားသည်။

ဆန်းချက်ဇ်နှင့် အသက် ၅၈ နှစ်အရွယ် ခင်ပွန်းဟောင်း ဝှိုက်ဆဲလ်တို့၏ အိမ်ထောင်ရေးသက်တမ်းမှာ ၁၅ နှစ်နီးပါးရှိပြီး ဂျက်ဘေးဇော့စ်နှင့် ဇနီးဟောင်း အသက် ၅၃ နှစ်အရွယ် မက္ကင်ဇီ စကော့တို့၏ အိမ်ထောင်သက်တမ်းမှာ ၂၅ နှစ်ရှိသည်။

ဂျက်ဘေးဇော့စ်နှင့် ဆန်းချက်ဇ်တို့ စုံတွဲသည် လက်ရှိအားဖြင့် ပြင်သစ်နိုင်ငံတောင်ပိုင်းတွင် ကျင်းပလျက်ရှိသော ကိန်းရုပ်ရှင်ပွဲတော်သို့ ရောက်ရှိနေပြီး ဂျက်ဘေးဇော့စ်၏ ဒေါ်လာ သန်း ၅၀၀ တန် ရွက်လှေကြီးပေါ်တွင် နေထိုင်လျက်ရှိသည်။

(ဧည့်ခန်း ။ ဓာတ်ပုံ- Sotheby)

(အိပ်ခန်း ၆ ခန်းအနက်မှ တစ်ခု။ ဓာတ်ပုံ- Sotheby)

လော်ရန်ဆန်းချက်ဇ်သည် အသဲပုံလက်စွပ်ကြီးတစ်ခု ဝတ်ဆင်ထားသည်ကို တွေ့ရသောကြောင့် ၎င်းတို့နှစ်ဦး လက်ထပ်ကြဖွယ်ရှိကြောင်း ခန့်မှန်းချက်များ ရှိသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Lauren Sanchez’s ex gave her marital home after affair with Jeff Bezos revealed (nypost)

[Zawgyi]

Jeff Bezos ႏွင့္ Lauren Sanchez တုိ႔အခ်စ္ေရး လူသိရွင္ၾကား ျဖစ္လာခ်ိန္တြင္ Lauren Sanchez ၏ ခင္ပြန္းေဟာင္းက ႏွစ္ဦးေနထိုင္ခဲ့ေသာအိမ္ကို Lauren Sanchez ကိုေပး

ေလာ္ရန္ဆန္းခ်က္ဇ္ (Lauren Sanchez) ႏွင့္ခင္ပြန္းေဟာင္း ပက္ထရစ္ ဝိႈက္ဆဲလ္ ( Patrick Whitesell) တို႔ကြာရွင္း ျပတ္စဲလိုက္ၾကျပီး ပက္ထရစ္က ႏွစ္ဦးအတူ ေနထိုင္ခဲ့ေသာ ဝါရွင္တန္မွအိမ္ကို ေလာ္ရန္ဆန္းခ်က္ဇ္အား လႊဲေျပာင္းေပးခဲ့ေၾကာင္း နယူးေယာက္ပို႔စ္ သတင္းဌာနက ေဖာ္ျပသည္။

ေလာ္ရန္ဆန္းခ်က္ဇ္ႏွင့္ ခင္ပြန္းေဟာင္း ပက္ထရစ္တို႔သည္ ဝါရွင္တန္ျပည္နယ္ ၊ Mercer Island ျမိဳ႕ရွိ စတုရန္းေပ ၇၀၀၀ က်ယ္ဝန္းေသာ စံအိမ္ကို ၂၀၁၇ ခုႏွစ္အတြင္းက ကန္ေဒၚလာ ၆ ဒသမ ၂ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

ယခုအခါ အသက္ ၅၃ ႏွစ္ရွိျပီျဖစ္ေသာ ေလာ္ရန္ဆန္းခ်က္ဇ္ႏွင့္ Amazon တည္ေထာင္သူ ဂ်က္ေဘးေဇာ့စ္ (Jeff Bezos) တို႔အခ်စ္ေရး မေပၚေပါက္မီ တစ္ႏွစ္အလိုတြင္ အဆုိပါ စံအိမ္ကို ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

Page Six သတင္းဌာန၏ ေဖာ္ျပခ်က္အရ ဂ်က္ေဘးေဇာ့စ္ႏွင့္ ဆန္းခ်က္ဇ္တို႔သည္ ႏွစ္ေပါင္းမ်ားစြာ အလုပ္အတူ လက္တြဲလုပ္ကိုင္ခဲ့ၾကျပီးေနာက္ ယခုအခါ ေစ့စပ္ေၾကာင္းလမ္းခဲ့ၾကျပီ ျဖစ္သည္။

၂၀၁၉ ခုႏွစ္ ၊ ေအာက္တုိဘာလတြင္ ေလာ္ရန္ဆန္းခ်က္ဇ္ႏွင့္ ခင္ပြန္းေဟာင္းတို႔ အျပီးသတ္ကြာရွင္းခဲ့ၾကျပီးေနာက္ ၂၀၂၀ ျပည့္ႏွစ္ ၊ ေမလတြင္ ႏွစ္ဦးအတူ ေနခဲ့ေသာ အိမ္ကို ဆန္းခ်က္ဇ္အား လႊဲေျပာင္းေပးခဲ့ျခင္း ျဖစ္သည္။

ယခုေနအိမ္သည္ ဂ်က္ေဘးေဇာ့စ္၏ စံအိမ္ႏွင့္ မိနစ္အနည္းငယ္သာ ေဝးကြာေသာ ေနရာတြင္ ရွိသည္။

အသက္ ၅၉ ႏွစ္ရွိျပီျဖစ္ေသာ ဂ်က္ေဘးေဇာ့စ္ႏွင့္ ေလာ္ရန္ဆန္းခ်က္ဇ္တုိ႔သည္ အိမ္ေထာင္ဘက္အသီးသီး ရွိေနဆဲကာလတြင္ ၈ လတာ ခ်စ္ၾကိဳက္ခဲ့ၾကျခင္း ျဖစ္ျပီး ၂၀၁၉ ခုႏွစ္ ၊ ဧျပီလတြင္ တရားဝင္ တြဲခဲ့ၾကျခင္း ျဖစ္သည္။

(ဆန္းခ်က္ဇ္၏ ခင္ပြန္းေဟာင္း ပက္ထရစ္က ႏွစ္ဦးအတူ ေနခဲ့ေသာအိမ္ကို ဆန္းခ်က္ဇ္အား ေပးခဲ့သည္။)

အဆိုပါအိမ္၏ ယခင္ပိုင္ရွင္ေဟာင္းမွာ အိမ္တြင္းမြမ္းမံမႈ ဒီဇိုင္နာ Vivian Schroedl ျဖစ္ျပီး ၎က နယူးေယာက္ပို႔စ္သတင္းဌာနသို႔ ေျပာသည္မွာ ေလာ္ရန္ဆန္းခ်က္ဇ္က ေနအိမ္ကို အလံုးစံု ေျပာင္းလဲမႈ ျပဳလုပ္ခဲ့ေၾကာင္း ေျပာသည္။

(စံအိမ္အက်ယ္အဝန္းမွာ စတုရန္းေပ ၇၀၀၀ ေက်ာ္ရွိသည္။ ဓာတ္ပံု- Sotheby)

(မီးဖိုေဆာင္။ ဓာတ္ပံု- Sotheby)

အိပ္ခန္း ၆ ခန္းႏွင့္ ေရခ်ဳိးခန္း ၅ ခန္းပါေသာ စံအိမ္၏ တန္ဖုိးမွာ ယခုအခါ အနည္းဆံုး ကန္ေဒၚလာ ၁၀ သန္းခန္႔ ရွိေနျပီ ျဖစ္သည္။

ျခံဝန္းအက်ယ္မွာ ဧကဝက္ရွိျပီး ေရျပင္ႏွင့္ထိစပ္မႈ ေပ ၆၀ ရွိကာ စိမ္းလန္းေသာ ပန္းဥယ်ာဥ္မ်ားက ဝန္းပတ္ထားသည္။ ဆန္းခ်က္ဇ္ႏွင့္ အသက္ ၅၈ ႏွစ္အရြယ္ ခင္ပြန္းေဟာင္း ဝိႈက္ဆဲလ္တို႔၏ အိမ္ေထာင္ေရးသက္တမ္းမွာ ၁၅ ႏွစ္နီးပါးရွိျပီး ဂ်က္ေဘးေဇာ့စ္ႏွင့္ ဇနီးေဟာင္း အသက္ ၅၃ ႏွစ္အရြယ္ မကၠင္ဇီ စေကာ့တို႔၏ အိမ္ေထာင္သက္တမ္းမွာ ၂၅ ႏွစ္ရွိသည္။

ဂ်က္ေဘးေဇာ့စ္ႏွင့္ ဆန္းခ်က္ဇ္တုိ႔ စံုတြဲသည္ လက္ရွိအားျဖင့္ ျပင္သစ္ႏိုင္ငံေတာင္ပိုင္းတြင္ က်င္းပလ်က္ရွိေသာ ကိန္းရုပ္ရွင္ပြဲေတာ္သို႔ ေရာက္ရွိေနျပီး ဂ်က္ေဘးေဇာ့စ္၏ ေဒၚလာ သန္း ၅၀၀ တန္ ရြက္ေလွၾကီးေပၚတြင္ ေနထိုင္လ်က္ရွိသည္။

(ဧည့္ခန္း ။ ဓာတ္ပံု- Sotheby)

(အိပ္ခန္း ၆ ခန္းအနက္မွ တစ္ခု။ ဓာတ္ပံု- Sotheby)

ေလာ္ရန္ဆန္းခ်က္ဇ္သည္ အသဲပံုလက္စြပ္ၾကီးတစ္ခု ဝတ္ဆင္ထားသည္ကို ေတြ႔ရေသာေၾကာင့္ ၎တုိ႔ႏွစ္ဦး လက္ထပ္ၾကဖြယ္ရွိေၾကာင္း ခန္႔မွန္းခ်က္မ်ား ရွိသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Lauren Sanchez’s ex gave her marital home after affair with Jeff Bezos revealed (nypost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း၊ မိမိအနေဖြင့် ဘွဲ့ရပညာတတ်များနှင့်သာ တွဲကြောင်း လူမှုကွန်ရက်တွင် ပြောဆိုခဲ့မှု ဂယက်ထကာ ပွဲဖြစ်နေ...

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service