နွေပူမကြောက် မိုးမကြောက်သည့် စိန်ပန်း

နွေပူမကြောက် မိုးမကြောက်သည့် စိန်ပန်း - Property Knowledge in Myanmar from iMyanmarHouse.com
28 Mar 2023 4:42 pm တွင် တင်ခဲ့သည်
3671 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

ကျွန်တော်က နွေရာသီ၏အပူဒဏ်ကို ကြောက်သည်။ထို့ကြောင့် အပူသက်သာရာကိုရှာတတ်သည်။ ထီးကိုမကိုင်ချင်သော်လည်း နွေရာသီမှာ အပြင်ထွက်လျှင် အပူဒဏ်သက်သာစေဖို့ ထီးကိုမဖြစ်မနေ ယူသွားသည်။ လူသားဖြစ်သူကျွန်တော်က အပူဒဏ်ကနေ သက်သာဖို့ ရှောင်တိမ်းနိုင်သော်လည်း ကျွန်တော်နှစ်သက်လှသည့် ငုဝါ၊ပိတောက်နှင့် စိန်ပန်းတို့ကတော့ ပူပြင်းလှသည့် နွေ၏အပူကိုပင် အမှုမထားဘဲ သူတို့မှာရှိသည့် အလှတရားတို့ကို အစွမ်းကုန်ပြကြသည်။

နွေဦးနှင့်အတူ ငုဝါပန်းတို့သည် နွေရာသီတလျှောက် အခိုင်အတွဲနှင့် အပြိုင်ကြဲပြီး ပွင့်ကြသည်။ထိုအထဲမှာမှ ပိတောက်က တစ်ရက်လောက်လာပြီး ဖျော်ဖြေပြသည်။

ထိုအတူ နွေတစ်ပိုင်း မိုးတစ်ပိုင်း မင်းသားကြီးကတော့ စိန်ပန်းပင်တို့ပင်ဖြစ်သည်။

စိန်ပန်းတို့ပွင့်ပြီဆိုလျှင် ငုဝါတို့ အပွင့်မတုံးသေးပေ။ငုဝါတို့ မတုံးသေးခင်စိန်ပန်းတို့ ပွင့်တတ်သောကြောင့် အဝါနှင့်အနီတို့ ရောယှက်ပြီး အလှကြီးလှနေတတ်သည့် နွေရာသီပန်းရှုခင်းကြီးကို ကြည့်ရသည်မှာ ကြည်နူးခြင်းဖြစ်ရပါသည်။

 

ပန်းဆိုသော်လည်း စိန်ပန်းပွင့်သည် ငုဝါပန်းကဲ့သို့ပင် မမွှေး။မမွှေးသော်လည်း အလှတရားရှိသည်။ထိုအလှကိုပင် ကျွန်တော်နှစ်သက်သည်။

စိန်ပန်းက နွေကိုလည်းမကြောက်၊မိုးကိုလည်းမကြောက်ဟု ကျွန်တော်ထင်သည်။နွေတစ်ပိုင်းကို မီသော စိန်ပန်းက နွေရာသီမှာလည်း အပူနှင့်ပင် ရဲရဲနီအောင်ပွင့်သည်။

မိုးတစ်ပိုင်းကိုလည်းမီသော စိန်ပန်းက လေနှင့်မိုးတို့ အပြင်းအထန်ချွေဆော့သည့်ဒဏ်ကို ခံရင်းလည်း ရဲရဲနီအောင် ပွင့်ပြတတ်သည်။ပင်မြင့်မှာလှသလိုပင်ခြေမှာလည်း ရဲရဲနီအောင်လှသည်။

လှသည့်အပြင် လောကဒဏ်ရင်ဆိုင်ပြသည့် ခွန်အားတို့ သူမှာရှိသည်ဟု ကျွန်တော်က နိမိတ်ယူသည်။

ထို့ကြောင့်ကျွန်တော်က စိန်ပန်းကို ကဗျာလေးတစ်ပုဒ်ဖွဲ့ခဲ့ဖူးသည်။ကဗျာခေါင်းစဉ်ကိုလည်း “စိန်ပန်း” ဟုပင် ခပ်ရှင်းပေးထားသည်။

 

 

“စိန်ပန်း”

တန်ခူးကုန်ဆုံး

ပိတောက်တုံးပြီ

ကျော့ဆုံးမြင်လား

ဒီမိုးသားထဲ

မိုးချွေလည်းလေ

ရဲရဲနီအောင်ပွင့်သည့်ပန်း။ ။တဲ့ဗျာ

အမိုက်မှောင် မိုးလေတို့ ဘယ်လောက်ပင်ချွေချွေ လောကကြီးအတွက် လှအောင်ဝေအောင်ပွင့်ဦးမှာ… လှအောင်ဝေအောင် ပွင့်ပေးကြဦးမှာပင်။ ။

 

 

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

Credit to Photo - google

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

ေႏြပူမေၾကာက္ မိုးမေၾကာက္သည့္ စိန္ပန္း

 

ကြၽန္ေတာ္က ေႏြရာသီ၏အပူဒဏ္ကို ေၾကာက္သည္။ထို႔ေၾကာင့္ အပူသက္သာရာကို႐ွာတတ္သည္။ ထီးကိုမကိုင္ခ်င္ေသာ္လည္း ေႏြရာသီမွာ အျပင္ထြက္လွ်င္ အပူဒဏ္သက္သာေစဖို႔ ထီးကိုမျဖစ္မေန ယူသြားသည္။ လူသားျဖစ္သူကြၽန္ေတာ္က အပူဒဏ္ကေန သက္သာဖို႔ ေ႐ွာင္တိမ္းႏိုင္ေသာ္လည္း ကြၽန္ေတာ္ႏွစ္သက္လွသည့္ ငုဝါ၊ပိေတာက္ႏွင့္ စိန္ပန္းတို႔ကေတာ့ ပူျပင္းလွသည့္ ေႏြ၏အပူကိုပင္ အမႈမထားဘဲ သူတို႔မွာ႐ွိသည့္ အလွတရားတို႔ကို အစြမ္းကုန္ျပၾကသည္။

ေႏြဦးႏွင့္အတူ ငုဝါပန္းတို႔သည္ ေႏြရာသီတေလွ်ာက္ အခိုင္အတြဲႏွင့္ အၿပိဳင္ႀကဲၿပီး ပြင့္ၾကသည္။ထိုအထဲမွာမွ ပိေတာက္က တစ္ရက္ေလာက္လာၿပီး ေဖ်ာ္ေျဖျပသည္။

ထိုအတူ ေႏြတစ္ပိုင္း မိုးတစ္ပိုင္း မင္းသားႀကီးကေတာ့ စိန္ပန္းပင္တို႔ပင္ျဖစ္သည္။

စိန္ပန္းတို႔ပြင့္ၿပီဆိုလွ်င္ ငုဝါတို႔ အပြင့္မတုံးေသးေပ။ငုဝါတို႔ မတုံးေသးခင္စိန္ပန္းတို႔ ပြင့္တတ္ေသာေၾကာင့္ အဝါႏွင့္အနီတို႔ ေရာယွက္ၿပီး အလွႀကီးလွေနတတ္သည့္ ေႏြရာသီပန္း႐ႈခင္းႀကီးကို ၾကည့္ရသည္မွာ ၾကည္ႏူးျခင္းျဖစ္ရပါသည္။

ပန္းဆိုေသာ္လည္း စိန္ပန္းပြင့္သည္ ငုဝါပန္းကဲ့သို႔ပင္ မေမႊး။မေမႊးေသာ္လည္း အလွတရား႐ွိသည္။ထိုအလွကိုပင္ ကြၽန္ေတာ္ႏွစ္သက္သည္။

စိန္ပန္းက ေႏြကိုလည္းမေၾကာက္၊မိုးကိုလည္းမေၾကာက္ဟု ကြၽန္ေတာ္ထင္သည္။ေႏြတစ္ပိုင္းကို မီေသာ စိန္ပန္းက ေႏြရာသီမွာလည္း အပူႏွင့္ပင္ ရဲရဲနီေအာင္ပြင့္သည္။

မိုးတစ္ပိုင္းကိုလည္းမီေသာ စိန္ပန္းက ေလႏွင့္မိုးတို႔ အျပင္းအထန္ေခြၽေဆာ့သည့္ဒဏ္ကို ခံရင္းလည္း ရဲရဲနီေအာင္ ပြင့္ျပတတ္သည္။ပင္ျမင့္မွာလွသလိုပင္ေျခမွာလည္း ရဲရဲနီေအာင္လွသည္။

လွသည့္အျပင္ ေလာကဒဏ္ရင္ဆိုင္ျပသည့္ ခြန္အားတို႔ သူမွာ႐ွိသည္ဟု ကြၽန္ေတာ္က နိမိတ္ယူသည္။

ထို႔ေၾကာင့္ကြၽန္ေတာ္က စိန္ပန္းကို ကဗ်ာေလးတစ္ပုဒ္ဖြဲ႕ခဲ့ဖူးသည္။ကဗ်ာေခါင္းစဥ္ကိုလည္း “စိန္ပန္း” ဟုပင္ ခပ္႐ွင္းေပးထားသည္။

“စိန္ပန္း”

တန္ခူးကုန္ဆုံး

ပိေတာက္တုံးၿပီ

ေက်ာ့ဆုံးျမင္လား

ဒီမိုးသားထဲ

မိုးေခြၽလည္းေလ

ရဲရဲနီေအာင္ပြင့္သည့္ပန္း။ ။တဲ့ဗ်ာ

အမိုက္ေမွာင္ မိုးေလတို႔ ဘယ္ေလာက္ပင္ေခြၽေခြၽ ေလာကႀကီးအတြက္ လွေအာင္ေဝေအာင္ပြင့္ဦးမွာ… လွေအာင္ေဝေအာင္ ပြင့္ေပးၾကဦးမွာပင္။ ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

Credit to Photo - google

 

ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
Mingalar Market
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service