အိမ်ခြံမြေအကျိုးဆောင်ဘဝမှ အီတလီတော်ဝင်မင်းသမီးဖြစ်ခဲ့သူ ရောမမြို့အိမ်တော်မှ နှင်ထုတ်ခံရ

အိမ်ခြံမြေအကျိုးဆောင်ဘဝမှ အီတလီတော်ဝင်မင်းသမီးဖြစ်ခဲ့သူ ရောမမြို့အိမ်တော်မှ နှင်ထုတ်ခံရ - Property News in Myanmar from iMyanmarHouse.com
3 Feb 2023 11:24 am တွင် တင်ခဲ့သည်
514 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အိမ်ခြံမြေအကျိုးဆောင်ဘဝမှ အီတလီတော်ဝင်မင်းသမီးဖြစ်လာခဲ့သူ မင်းသမီး ရီတာ ဂျန်းနရတီ ဘိုကွန်ပါညိ လုဒိုဗီစီ (Rita Jenrette Boncompagni Ludovisi) သည် ရောမမြို့အိမ်တော်မှ ရက်ပေါင်း ၆၀ အတွင်း ပြောင်းရွှေ့ထွက်ခွာပေးရန် တရားရုံးက အမိန့်ချမှတ်ခြင်း ခံလိုက်ရသည်။

မင်းသမီးရီတာက အယူခံတင်ရန် စီစဉ်ထားသည်ဟု ဆိုသည်။

[ရောမမြို့ရှိ မိုးသောက်ပန်းအိမ်တော် (Villa Aurora) သို့မဟုတ် Casino di Villa Boncompagni Ludovisi အိမ်တော်ရှိ ပုပ်ရဟန်းမင်းကြီး ဂရီဂိုရီယို ၁၅ ပန်းချီကားရှေ့တွင် မင်းသမီးရီတာကို တွေ့ရပုံ။ ကမ္ဘာကျော် အီတလီပန်းချီကျော် ကာရာ ဘက်ဂီယို၏ တစ်ခုတည်းသော မျက်နှာကြက်ဆေးရေးပန်းချီတည်ရှိရာ စံအိမ်တော်လည်းဖြစ်သည်။ ယခုအခါတွင် အမွေဆက်ခံရေးအငြင်းပွားမှုကြောင့် အိမ်တော်ကို လေလံတင်ကာ ရောင်းချခံရလျက်ရှိသည်။ သို့သော် ဝယ်လက်မပေါ်သေးချေ။ အိမ်တော်မှ ထွက်ခွာပေးရန် နှင်ထုတ်သည့် တရားသူကြီး၏ အမိန့်ကို ဥပဒေကြောင်းဖြင့် ရင်ဆိုင်သွားမည်ဖြစ်ကြောင်း မင်းသမီးက ပြောသည်။ ဓာတ်ပုံ- Vincenzo Pinto/AFP via Getty Images.)

အမွေဆက်ခံရေးတိုက်ပွဲတွင် အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်ဖွား မင်းသမီးမှာ အိမ်တော်မှ မောင်းထုတ်ခံရမည့်အရေး မြင်ရဖွယ်ရှိသော်လည်း မင်းသမီးရီတာက မိုးသောက်ပန်းအိမ်တော်မှ ပြောင်းရွှေ့ပေးရန် အမိန့်ကို ဆက်လက်တိုက်ပွဲဝင်ရန် ဆုံးဖြတ်ထားသည်။

အဆိုပါအိမ်တော်သည် အီတလီပန်းချီဆရာ ကာရာဘက်ဂီယို၏ ရှားပါးမျက်နှာကြက်ပန်းချီကားဖြင့် လူသိများသည့်အိမ်တော်လည်းဖြစ်ပြီး ဘာရုတ်ခ်ခေတ် (၁၇ ရာစုမှ ၁၈ ရာစုကြား) ပန်းချီဆရာ ဘက်ဂီယို၏ တစ်ခုတည်းသော မျက်နှာကြက်ပန်းချီလည်း ဖြစ်သည်။

အိမ်တော်ကို လေလံတင်ရောင်းချရခြင်း၏ ရည်ရွယ်ချက်မှာ မင်းသမီး ရီတာနှင့် လင်ပါသား ၃ ဦးအကြား အမွေဆက်ခံရေး အငြင်းပွားမှုကို ဖြေရှင်းပေးရန် ဖြစ်သည်။

သို့သော် တရားရုံးက အဆိုပါ အိမ်တော်ကို ၅ ကြိမ်တိုင် လေလံတင်ရောင်းချခဲ့သော်လည်း ဝယ်လက်ရှာမတွေ့ခဲ့။

ခေါ်ဈေး - ယူရို ၄၇၁ သန်း (ကန်ဒေါ်လာ ၅၄၆ သန်း)မှ ယူရို ၁၄၅ သန်း (ကန်ဒေါ်လာ ၁၅၇ ဒသမ ၅ သန်း) အထိလျှော့ချပေးခဲ့သည်တိုင် ဝယ်လက်ရှာမတွေ့ခဲ့ခြင်း ဖြစ်သည်။ ယခုနောက်ဆုံး ဆောင်ရွက်ချက်အနေဖြင့် ရက် ၆၀ အတွင်း နေအိမ်ဥပစာမှ နှင်ထုတ်သည့်အမိန့် တရားရုံးက ချမှတ်လိုက်ရာ မင်းသမီးကြီးရီတာအနေဖြင့် အိမ်တော်မှ ထွက်ခွာပေးရဖွယ်ရှိသည်။

မင်းသမီးကြီး ရီတာသည် တရားရုံး၏ ဆုံးဖြတ်ချက်အပေါ် အံ့အားသင့်ခဲ့ပြီး သူမအနေဖြင့် အယူခံတင်ရန် စီစဉ်ထားကြောင်း ရိုက်တာသတင်းဌာနသို့ ပြောသည်။

 

(မင်းသမီးကြီး ရီတာကို ရောမမြို့ရှိ မိုးသောက်ပန်းအိမ်တော်ရှေ့တွင် တွေ့ရပုံ။ ဓာတ်ပုံ- Alvise Armellini/Anadolu Agency via Getty Images.)

Casino di Villa Boncompagni Ludovisi အမည်ရှိ မိုးသောက်ပန်းအိမ်တော်သည် မင်းသမီးကြီးရီတာ၏ ကွယ်လွန်သွားပြီဖြစ်သော ခင်ပွန်းဖြစ်သူ တော်ဝင်မင်းသား နီကိုလို ဘိုကွန် ပါညိ လူဒိုဗီစီ (Nicolò Boncompagni Ludovisi) ၏ ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်ခဲ့သော အိမ်တော်ဖြစ်သည်။

မင်းသား နီကိုလိုသည် ၂၀၁၈ ခုနှစ်အတွင်းက နတ်ရွာစံကံတော်ကုန်ခဲ့ပြီး ထိုကာလက အိမ်တော်၏ ခန့်မှန်းတန်ကြေးမှာ ယူရိုသန်း ၆၇၀ (သို့မဟုတ်) ကန်ဒေါ်လာ ၈၄၄ သန်းခန့်ရှိခဲ့သည်။

တော်ဝင်မင်းသား နီကိုလိုက သူ၏ သေတမ်းစာအတွင်း ရေးသားခဲ့သည်မှာ မင်းသမီးကြီး ရီတာကို သူမ ကွယ်လွန်ချိန်အထိ မိုးသောက်ပန်းအိမ်တော်တွင် နေခွင့်ပေးရန် ရေးသားထားသည်။

အကယ်၍ အိမ်တော်ကို ရောင်းချပါက ရရှိလာသည့်ငွေကို မင်းသား၏ ပထမအိမ်ထောင်မှရခဲ့သော သားသမီးများနှင့် ခွဲဝေရယူရလိမ့်မည် ဖြစ်သည်။

မင်းသား နီကိုလို၏ သား ၃ ဦးဖြစ်သော ဖရန်ဆက်စ်ကို ၊ အိညဇီရိုနှင့် ဘန်တေတို့က အဆိုပါ သေတမ်းစာမှာ မဟုတ်မှန်ကြောင်း ငြင်းဆိုကြရာမှ ဥပဒေကြောင်းအရ ရင်ဆိုင်မှုများ ပေါ်ပေါက်လာရခြင်း ဖြစ်သည်။

စတုရန်းပေ ၉၀၀၀ ကျယ်ဝန်းသော အိမ်တော်ကို လာမည့် ဧပြီလ ၆ ရက်တွင် ယူရို ၁၀၈ ဒသမ ၅ သန်း (ကန်ဒေါ်လာ ၁၁၈ သန်း)ဖြင့် တဖန်လေလံတင်လိမ့်ဦးမည် ဖြစ်သည်။ ယင်းအိမ်တော်ကို ၁၅၇၀ ပြည့်နှစ်က အမဲလိုက်စခန်းချအိမ်အဖြစ် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး မူလက Villa Ludovisi အမည်ရှိ အိမ်တော်ကြီးတစ်ခု၏ အစိတ်ပိုင်းတစ်ရပ်အဖြစ် ပါဝင်ခဲ့သည်။

ထိုအိမ်တော်ကို ၁၆၂၁ ခုနှစ်မှ စကာ တော်ဝင်မင်းသား နီကိုလိုတို့၏ ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။

စံအိမ်အတွင်း သမိုင်းဝင်အနုပညာလက်ရာ များစွာရှိရာ Domenichino, Tassi, Valesio, and Guercino, တို့၏ လက်ရာများအပါအဝင်ဖြစ်သည်။

ပန်းချီကားများတွင် ရောမနတ်ဘုရားများဖြစ်သော ဂျူပီတာ ၊ နက်ပကျွန်းနှင့် ပလူတိုတို့၏ ပုံများဖော်ညွှန်း ရေးဆွဲထားသည်။

 

(မိုးသောက်ပန်းအိမ်တော်မှ စုဆောင်းထားသော ပန်းချီကားများ )

၁၆ ရာစုက ဆောက်ခဲ့သော အိမ်တော်ကို မင်းသမီး ရီတာနှင့် မင်းသားနီကိုလိုတို့က ထိန်းသိမ်းရန် လုပ်ဆောင်ခဲ့မှုများအား နယူးယောက်တိုင်းမ် သတင်းစာက ၂၀၁၀ ပြည့်နှစ်တွင် ချီးမွမ်းခဲ့သည်။

 

 

(မိုးသောက်ပန်းအိမ်တော်တွင် ပန်းချီကျော် ကာရာ ဘက်ဂီယိုရေးဆွဲခဲ့သည့်တစ်ခုတည်းသော မျက်နှာကြက်ပန်းချီကို တော်ဝင်မင်းသမီ ရီတာ ကြည့်ရှုနေပုံ။ ဓာတ်ပုံ-Vincenzo Pinto/AFP via Getty Images.)

 

ထိုအိမ်တော်မှာ ယခင်က ယိုယွင်းပျက်စီးနေခဲ့ပြီး ပေါင်းခြုံများမှာ ရင်ဘတ်အမြင့်ခန့်ရှိကြောင်း ၊ ထိုအခြေအနေ မျိုးတွင် မင်းသမီးရီတာနှင့် မင်းသားနီကိုလိုတို့က ထိန်းသိမ်းမွမ်းမံခဲ့ခြင်းဖြစ်ကြောင်း Rutgers University မှ သမိုင်းပညာရှင် T. Corey Brennan က Town and Country သတင်းဌာနသို့ ပြောသည်။

သို့သော် မင်းသမီးရီတာကို နှင်ထုတ်သည့် တရားရုံးအမိန့်တွင်မူ မင်းသမီးသည် သမိုင်းဝင်အဆောက်အအုံကို လစ်လျူရှုထားကြောင်း ဖော်ပြထားသည်။

အိမ်တော်၏ အပြင်ဘက်နံရံတစ်ခုမှာ မကြာသေးမီကပင် ပြိုကျသွားခဲ့သောကြောင့် အများပြည်သူသွားလာ နေသည့် လမ်းတစ်ခုပိတ်သွားခဲ့ကြောင်း La Repubblica သတင်းဌာနက ဖော်ပြသည်။

မင်းသမီးသည် အိမ်တော်သို့ ဝင်ခွင့်အဖြစ် ခွင့်ပြုချက်မရှိဘဲ အခကြေးငွေယူကာ ကမ္ဘာလှည့်ခရီးသည်များ ဝင်ရောက်ခွင့်ပြုခဲ့ကြောင်း တရားရုံးအမိန့်တွင် ဖော်ပြသည်။

 

(အမွေဆက်ခံမှု အငြင်းပွားမှုများအကြား ယခုအထိ ဝယ်လက်မပေါ်သေးသော မိုးသောက်ပန်းအိမ်တော်။ ဓာတ်ပုံ-Vincenzo Pinto/AFP via Getty Images.)

 

မင်းသမီးရီတာက ပြောသည်မှာမူ နေအိမ်ထိန်းသိမ်းမှုအတွက် ငွေရရန် ဝင်ကြေးကောက်ခံကာ အများပြည်သူဝင်ရောက်ကြည့်ရှုခွင့်ပေးရခြင်းဖြစ်ကြောင်း ပြောသည်။

မင်းသမီး ရီတာသည် မိုးသောက်ပန်းအိမ်တော်၏ သမိုင်းပညာရှင်တစ်ဦးတဖွယ် ဖြစ်နေပြီး အိမ်တော်တွင် တွေ့ရှိရသော သမိုင်းဝင် စာရွက်စာတမ်းပေါင်း ၁၅၀၀၀၀ ကို ဒီဂျစ်တယ်အသွင်ပြောင်းလဲပေးခဲ့ရာ မေရီ အန်တွိုင်းနက်နှင့် လူးဝစ် ၁၆ တို့၏ ပေးစာများလည်း ပါဝင်သည်။

မင်းသမီး ရီတာသည် ၂၀၀၉ ခုနှစ်တွင် အီတလီတော်ဝင်မင်းသားနှင့် လက်ထပ်ခဲ့ပြီးနောက် တော်ဝင်မင်းသမီးတစ်ပါး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

တော်ဝင်မင်းသမီး မဖြစ်မီက ရီတာသည် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးဖြစ်ပြီး အထင်ကရ အိမ်ခြံမြေအရောင်းအဝယ်များတွင် ပါဝင်အကျိုးဆောင်ပေးခဲ့ရာ နယူးယောက်မှ General Motors အဆောက်အအုံကြီးကို ဒေါ်နယ်ထရမ့်ထံ ၁၉၉၈ ခုနှစ်တွင် ရောင်းချခဲ့သည့် အရောင်းအဝယ်လည်း ပါဝင်သည်။

ရီတာသည် ခင်ပွန်းဖြစ်လာမည့် အီတလီတော်ဝင်မင်းသားနှင့် ၂၀၀၃ ခုနှစ်တွင် စတင်ဆုံစည်းခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်က ရီတာ၏ Client တစ်ဦးက မင်းသားပိုင်သော အိမ်ခြံမြေတစ်ခုတွင် ဟိုတယ်ဆောက်ရန် စီစဉ်ရာမှတဆင့် မင်းသားနှင့် ဆုံစည်းခဲ့ခြင်း ဖြစ်သည်။

 

(မင်းသားနီကိုလိုနှင့် မင်းသမီးရီတာတို့ မိုးသောက်ပန်းအိမ်တော်တွင် စုဆောင်းထားရှိမှု မြင်ကွင်း။ ဓာတ်ပုံ-DeAgostini/Getty Images.)

ယခုအခါ အသက် ၇၃ နှစ်ရှိပြီဖြစ်သော မင်းသမီးကြီး၏ အနာဂတ်မှာ မရေရာတော့ချေ။

“ကျွန်မခင်ပွန်းကို ကျွန်မ အရမ်းချစ်ပါတယ်။ သူကလည်း ကျွန်မကို ချစ်တယ်။ ကျွန်မဒီမှာနေတာ နှစ်ပေါင်း ၂၀ ရှိခဲ့ပါပြီ။ ကျွန်မဘဝရဲ့အချိန်တွေ ၊ ရင်းမြစ်တွေအားလုံး ဒီအိမ်တော်အတွက် မြှပ်နှံထားခဲ့တာ ဖြစ်ပါတယ်။”ဟု မင်းသမီး ရီတာက the Guardian သတင်းဌာနသို့ ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: An Evicted Princess Is Refusing to Vacate a Roman Villa That’s Home to Caravaggio’s Only Ceiling Mural (news.artnet)

 

 

 

[Zawgyi]

အိမ္ျခံေျမအက်ဳိးေဆာင္ဘဝမွ အီတလီေတာ္ဝင္မင္းသမီးျဖစ္ခဲ့သူ ေရာမျမိဳ႕အိမ္ေတာ္မွ ႏွင္ထုတ္ခံရ

 

အိမ္ျခံေျမအက်ဳိးေဆာင္ဘဝမွ အီတလီေတာ္ဝင္မင္းသမီးျဖစ္လာခဲ့သူ မင္းသမီး ရီတာ ဂ်န္းနရတီ ဘိုကြန္ပါညိ လုဒိုဗီစီ (Rita Jenrette Boncompagni Ludovisi) သည္ ေရာမျမိဳ႕အိမ္ေတာ္မွ ရက္ေပါင္း ၆၀ အတြင္း ေျပာင္းေရႊ႕ထြက္ခြာေပးရန္ တရားရံုးက အမိန္႔ခ်မွတ္ျခင္း ခံလိုက္ရသည္။

မင္းသမီးရီတာက အယူခံတင္ရန္ စီစဥ္ထားသည္ဟု ဆိုသည္။

[ေရာမျမိဳ႕ရွိ မိုးေသာက္ပန္းအိမ္ေတာ္ (Villa Aurora) သို႔မဟုတ္ Casino di Villa Boncompagni Ludovisi အိမ္ေတာ္ရွိ ပုပ္ရဟန္းမင္းၾကီး ဂရီဂိုရီယို ၁၅ ပန္းခ်ီကားေရွ႕တြင္ မင္းသမီးရီတာကို ေတြ႔ရပံု။ ကမၻာေက်ာ္ အီတလီပန္းခ်ီေက်ာ္ ကာရာ ဘက္ဂီယို၏ တစ္ခုတည္းေသာ မ်က္ႏွာၾကက္ေဆးေရးပန္းခ်ီတည္ရွိရာ စံအိမ္ေတာ္လည္းျဖစ္သည္။ ယခုအခါတြင္ အေမြဆက္ခံေရးအျငင္းပြားမႈေၾကာင့္ အိမ္ေတာ္ကို ေလလံတင္ကာ ေရာင္းခ်ခံရလ်က္ရွိသည္။ သို႔ေသာ္ ဝယ္လက္မေပၚေသးေခ်။ အိမ္ေတာ္မွ ထြက္ခြာေပးရန္ ႏွင္ထုတ္သည့္ တရားသူၾကီး၏ အမိန္႔ကို ဥပေဒေၾကာင္းျဖင့္ ရင္ဆုိင္သြားမည္ျဖစ္ေၾကာင္း မင္းသမီးက ေျပာသည္။ ဓာတ္ပံု- Vincenzo Pinto/AFP via Getty Images.)

အေမြဆက္ခံေရးတိုက္ပြဲတြင္ အေမရိကန္ျပည္ေထာင္စု၊ တကၠဆပ္ျပည္နယ္ဖြား မင္းသမီးမွာ အိမ္ေတာ္မွ ေမာင္းထုတ္ခံရမည့္အေရး ျမင္ရဖြယ္ရွိေသာ္လည္း မင္းသမီးရီတာက မိုးေသာက္ပန္းအိမ္ေတာ္မွ ေျပာင္းေရႊ႕ေပးရန္ အမိန္႔ကို ဆက္လက္တိုက္ပြဲဝင္ရန္ ဆံုးျဖတ္ထားသည္။

အဆိုပါအိမ္ေတာ္သည္ အီတလီပန္းခ်ီဆရာ ကာရာဘက္ဂီယို၏ ရွားပါးမ်က္ႏွာၾကက္ပန္းခ်ီကားျဖင့္ လူသိမ်ားသည့္အိမ္ေတာ္လည္းျဖစ္ျပီး ဘာရုတ္ခ္ေခတ္ (၁၇ ရာစုမွ ၁၈ ရာစုၾကား) ပန္းခ်ီဆရာ ဘက္ဂီယို၏ တစ္ခုတည္းေသာ မ်က္ႏွာၾကက္ပန္းခ်ီလည္း ျဖစ္သည္။

အိမ္ေတာ္ကို ေလလံတင္ေရာင္းခ်ရျခင္း၏ ရည္ရြယ္ခ်က္မွာ မင္းသမီး ရီတာႏွင့္ လင္ပါသား ၃ ဦးအၾကား အေမြဆက္ခံေရး အျငင္းပြားမႈကို ေျဖရွင္းေပးရန္ ျဖစ္သည္။

သို႔ေသာ္ တရားရံုးက အဆိုပါ အိမ္ေတာ္ကို ၅ ၾကိမ္တိုင္ ေလလံတင္ေရာင္းခ်ခဲ့ေသာ္လည္း ဝယ္လက္ရွာမေတြ႔ခဲ့။

ေခၚေစ်း - ယူရို ၄၇၁ သန္း (ကန္ေဒၚလာ ၅၄၆ သန္း)မွ ယူရုိ ၁၄၅ သန္း (ကန္ေဒၚလာ ၁၅၇ ဒသမ ၅ သန္း) အထိေလွ်ာ့ခ်ေပးခဲ့သည္တိုင္ ဝယ္လက္ရွာမေတြ႔ခဲ့ျခင္း ျဖစ္သည္။ ယခုေနာက္ဆံုး ေဆာင္ရြက္ခ်က္အေနျဖင့္ ရက္ ၆၀ အတြင္း ေနအိမ္ဥပစာမွ ႏွင္ထုတ္သည့္အမိန္႔ တရားရံုးက ခ်မွတ္လုိက္ရာ မင္းသမီးၾကီးရီတာအေနျဖင့္ အိမ္ေတာ္မွ ထြက္ခြာေပးရဖြယ္ရွိသည္။

မင္းသမီးၾကီး ရီတာသည္ တရားရံုး၏ ဆံုးျဖတ္ခ်က္အေပၚ အံ့အားသင့္ခဲ့ျပီး သူမအေနျဖင့္ အယူခံတင္ရန္ စီစဥ္ထားေၾကာင္း ရိုက္တာသတင္းဌာနသို႔ ေျပာသည္။

(မင္းသမီးၾကီး ရီတာကို ေရာမျမိဳ႕ရွိ မိုးေသာက္ပန္းအိမ္ေတာ္ေရွ႕တြင္ ေတြ႔ရပံု။ ဓာတ္ပံု- Alvise Armellini/Anadolu Agency via Getty Images.)

Casino di Villa Boncompagni Ludovisi အမည္ရွိ မိုးေသာက္ပန္းအိမ္ေတာ္သည္ မင္းသမီးၾကီးရီတာ၏ ကြယ္လြန္သြားျပီျဖစ္ေသာ ခင္ပြန္းျဖစ္သူ ေတာ္ဝင္မင္းသား နီကိုလို ဘိုကြန္ ပါညိ လူဒိုဗီစီ (Nicolò Boncompagni Ludovisi) ၏ ဘုိးဘြားစဥ္ဆက္ ပိုင္ဆိုင္ခဲ့ေသာ အိမ္ေတာ္ျဖစ္သည္။

မင္းသား နီကုိလိုသည္ ၂၀၁၈ ခုႏွစ္အတြင္းက နတ္ရြာစံကံေတာ္ကုန္ခဲ့ျပီး ထိုကာလက အိမ္ေတာ္၏ ခန္႔မွန္းတန္ေၾကးမွာ ယူရိုသန္း ၆၇၀ (သို႔မဟုတ္) ကန္ေဒၚလာ ၈၄၄ သန္းခန္႔ရွိခဲ့သည္။

ေတာ္ဝင္မင္းသား နီကိုလိုက သူ၏ ေသတမ္းစာအတြင္း ေရးသားခ့ဲသည္မွာ မင္းသမီးၾကီး ရီတာကို သူမ ကြယ္လြန္ခ်ိန္အထိ မိုးေသာက္ပန္းအိမ္ေတာ္တြင္ ေနခြင့္ေပးရန္ ေရးသားထားသည္။

အကယ္၍ အိမ္ေတာ္ကို ေရာင္းခ်ပါက ရရွိလာသည့္ေငြကို မင္းသား၏ ပထမအိမ္ေထာင္မွရခဲ့ေသာ သားသမီးမ်ားႏွင့္ ခြဲေဝရယူရလိမ့္မည္ ျဖစ္သည္။

မင္းသား နီကိုလို၏ သား ၃ ဦးျဖစ္ေသာ ဖရန္ဆက္စ္ကို ၊ အိညဇီရိုႏွင့္ ဘန္ေတတို႔က အဆိုပါ ေသတမ္းစာမွာ မဟုတ္မွန္ေၾကာင္း ျငင္းဆိုၾကရာမွ ဥပေဒေၾကာင္းအရ ရင္ဆုိင္မႈမ်ား ေပၚေပါက္လာရျခင္း ျဖစ္သည္။

စတုရန္းေပ ၉၀၀၀ က်ယ္ဝန္းေသာ အိမ္ေတာ္ကုိ လာမည့္ ဧျပီလ ၆ ရက္တြင္ ယူရုိ ၁၀၈ ဒသမ ၅ သန္း (ကန္ေဒၚလာ ၁၁၈ သန္း)ျဖင့္ တဖန္ေလလံတင္လိမ့္ဦးမည္ ျဖစ္သည္။

ယင္းအိမ္ေတာ္ကို ၁၅၇၀ ျပည့္ႏွစ္က အမဲလိုက္စခန္းခ်အိမ္အျဖစ္ ေဆာက္လုပ္ခဲ့ျခင္းျဖစ္ျပီး မူလက Villa Ludovisi အမည္ရွိ အိမ္ေတာ္ၾကီးတစ္ခု၏ အစိတ္ပုိင္းတစ္ရပ္အျဖစ္ ပါဝင္ခဲ့သည္။

ထိုအိမ္ေတာ္ကုိ ၁၆၂၁ ခုႏွစ္မွ စကာ ေတာ္ဝင္မင္းသား နီကိုလိုတို႔၏ ဘိုးဘြားစဥ္ဆက္ ပိုင္ဆိုင္ခဲ့ျခင္း ျဖစ္သည္။

စံအိမ္အတြင္း သမုိင္းဝင္အႏုပညာလက္ရာ မ်ားစြာရွိရာ Domenichino, Tassi, Valesio, and Guercino, တို႔၏ လက္ရာမ်ားအပါအဝင္ျဖစ္သည္။

ပန္းခ်ီကားမ်ားတြင္ ေရာမနတ္ဘုရားမ်ားျဖစ္ေသာ ဂ်ဴပီတာ ၊ နက္ပကၽြန္းႏွင့္ ပလူတိုတို႔၏ ပံုမ်ားေဖာ္ညႊန္း ေရးဆြဲထားသည္။

(မိုးေသာက္ပန္းအိမ္ေတာ္မွ စုေဆာင္းထားေသာ ပန္းခ်ီကားမ်ား )

၁၆ ရာစုက ေဆာက္ခဲ့ေသာ အိမ္ေတာ္ကို မင္းသမီး ရီတာႏွင့္ မင္းသားနီကိုလိုတို႔က ထိန္းသိမ္းရန္ လုပ္ေဆာင္ခဲ့မႈမ်ားအား နယူးေယာက္တုိင္းမ္ သတင္းစာက ၂၀၁၀ ျပည့္ႏွစ္တြင္ ခ်ီးမြမ္းခဲ့သည္။

(မိုးေသာက္ပန္းအိမ္ေတာ္တြင္ ပန္းခ်ီေက်ာ္ ကာရာ ဘက္ဂီယိုေရးဆြဲခဲ့သည့္တစ္ခုတည္းေသာ မ်က္ႏွာၾကက္ပန္းခ်ီကို ေတာ္ဝင္မင္းသမီ ရီတာ ၾကည့္ရႈေနပံု။ ဓာတ္ပံု-Vincenzo Pinto/AFP via Getty Images.)

ထိုအိမ္ေတာ္မွာ ယခင္က ယိုယြင္းပ်က္စီးေနခဲ့ျပီး ေပါင္းျခံဳမ်ားမွာ ရင္ဘတ္အျမင့္ခန္႔ရွိေၾကာင္း ၊ ထိုအေျခအေန မ်ဳိးတြင္ မင္းသမီးရီတာႏွင့္ မင္းသားနီကိုလိုတို႔က ထိန္းသိမ္းမြမ္းမံခဲ့ျခင္းျဖစ္ေၾကာင္း Rutgers University မွ သမိုင္းပညာရွင္ T. Corey Brennan က Town and Country သတင္းဌာနသို႔ ေျပာသည္။

သို႔ေသာ္ မင္းသမီးရီတာကို ႏွင္ထုတ္သည့္ တရားရံုးအမိန္႔တြင္မူ မင္းသမီးသည္ သမိုင္းဝင္အေဆာက္အအံုကို လစ္လ်ဴရႈထားေၾကာင္း ေဖာ္ျပထားသည္။

အိမ္ေတာ္၏ အျပင္ဘက္နံရံတစ္ခုမွာ မၾကာေသးမီကပင္ ျပိဳက်သြားခဲ့ေသာေၾကာင့္ အမ်ားျပည္သူသြားလာ ေနသည့္ လမ္းတစ္ခုပိတ္သြားခဲ့ေၾကာင္း La Repubblica သတင္းဌာနက ေဖာ္ျပသည္။

မင္းသမီးသည္ အိမ္ေတာ္သို႔ ဝင္ခြင့္အျဖစ္ ခြင့္ျပဳခ်က္မရွိဘဲ အခေၾကးေငြယူကာ ကမၻာလွည့္ခရီးသည္မ်ား ဝင္ေရာက္ခြင့္ျပဳခဲ့ေၾကာင္း တရားရံုးအမိန္႔တြင္ ေဖာ္ျပသည္။

(အေမြဆက္ခံမႈ အျငင္းပြားမႈမ်ားအၾကား ယခုအထိ ဝယ္လက္မေပၚေသးေသာ မိုးေသာက္ပန္းအိမ္ေတာ္။ ဓာတ္ပံု-Vincenzo Pinto/AFP via Getty Images.)

မင္းသမီးရီတာက ေျပာသည္မွာမူ ေနအိမ္ထိန္းသိမ္းမႈအတြက္ ေငြရရန္ ဝင္ေၾကးေကာက္ခံကာ အမ်ားျပည္သူဝင္ေရာက္ၾကည့္ရႈခြင့္ေပးရျခင္းျဖစ္ေၾကာင္း ေျပာသည္။

မင္းသမီး ရီတာသည္ မိုးေသာက္ပန္းအိမ္ေတာ္၏ သမိုင္းပညာရွင္တစ္ဦးတဖြယ္ ျဖစ္ေနျပီး အိမ္ေတာ္တြင္ ေတြ႔ရွိရေသာ သမိုင္းဝင္ စာရြက္စာတမ္းေပါင္း ၁၅၀၀၀၀ ကို ဒီဂ်စ္တယ္အသြင္ေျပာင္းလဲေပးခဲ့ရာ ေမရီ အန္တြိဳင္းနက္ႏွင့္ လူးဝစ္ ၁၆ တို႔၏ ေပးစာမ်ားလည္း ပါဝင္သည္။

မင္းသမီး ရီတာသည္ ၂၀၀၉ ခုႏွစ္တြင္ အီတလီေတာ္ဝင္မင္းသားႏွင့္ လက္ထပ္ခဲ့ျပီးေနာက္ ေတာ္ဝင္မင္းသမီးတစ္ပါး ျဖစ္လာခဲ့ျခင္း ျဖစ္သည္။

ေတာ္ဝင္မင္းသမီး မျဖစ္မီက ရီတာသည္ အိမ္ျခံေျမအက်ဳိးေဆာင္တစ္ဦးျဖစ္ျပီး အထင္ကရ အိမ္ျခံေျမအေရာင္းအဝယ္မ်ားတြင္ ပါဝင္အက်ိဳးေဆာင္ေပးခဲ့ရာ နယူးေယာက္မွ General Motors အေဆာက္အအံုၾကီးကို ေဒၚနယ္ထရမ့္ထံ ၁၉၉၈ ခုႏွစ္တြင္ ေရာင္းခ်ခဲ့သည့္ အေရာင္းအဝယ္လည္း ပါဝင္သည္။

ရီတာသည္ ခင္ပြန္းျဖစ္လာမည့္ အီတလီေတာ္ဝင္မင္းသားႏွင့္ ၂၀၀၃ ခုႏွစ္တြင္ စတင္ဆံုစည္းခဲ့ျခင္း ျဖစ္သည္။

ထိုအခ်ိန္က ရီတာ၏ Client တစ္ဦးက မင္းသားပိုင္ေသာ အိမ္ျခံေျမတစ္ခုတြင္ ဟိုတယ္ေဆာက္ရန္ စီစဥ္ရာမွတဆင့္ မင္းသားႏွင့္ ဆံုစည္းခဲ့ျခင္း ျဖစ္သည္။

(မင္းသားနီကိုလိုႏွင့္ မင္းသမီးရီတာတို႔ မိုးေသာက္ပန္းအိမ္ေတာ္တြင္ စုေဆာင္းထားရွိမႈ ျမင္ကြင္း။ ဓာတ္ပံု-DeAgostini/Getty Images.)

ယခုအခါ အသက္ ၇၃ ႏွစ္ရွိျပီျဖစ္ေသာ မင္းသမီးၾကီး၏ အနာဂတ္မွာ မေရရာေတာ့ေခ်။

“ကၽြန္မခင္ပြန္းကို ကၽြန္မ အရမ္းခ်စ္ပါတယ္။ သူကလည္း ကၽြန္မကို ခ်စ္တယ္။ ကၽြန္မဒီမွာေနတာ ႏွစ္ေပါင္း ၂၀ ရွိခဲ့ပါျပီ။ ကၽြန္မဘဝရဲ႕အခ်ိန္ေတြ ၊ ရင္းျမစ္ေတြအားလံုး ဒီအိမ္ေတာ္အတြက္ ျမွပ္ႏွံထားခဲ့တာ ျဖစ္ပါတယ္။”ဟု မင္းသမီး ရီတာက the Guardian သတင္းဌာနသို႔ ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: An Evicted Princess Is Refusing to Vacate a Roman Villa That’s Home to Caravaggio’s Only Ceiling Mural (news.artnet)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
kalaw-garden-valley
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service