Amazon သူဌေးကြီး ဂျက်ဘေးဇော့စ် မိဘများကို ဒေါ်လာ ၇၈ သန်းဖိုး စံအိမ် ၂ လုံးဝယ်ပေး

Amazon သူဌေးကြီး ဂျက်ဘေးဇော့စ် မိဘများကို ဒေါ်လာ ၇၈ သန်းဖိုး စံအိမ် ၂ လုံးဝယ်ပေး - Property News in Myanmar from iMyanmarHouse.com
11 Aug 2022 1:56 pm တွင် တင်ခဲ့သည်
747 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

Amazon တည်ထောင်သူ ကမ္ဘာကျော်သူဌေးကြီး ဂျက်ဘေးဇော့စ် (Jeff Bezos) သည် မိမိအားပြုစုပျိုးထောင်ပေးခဲ့သူများကို ကြီးကြီးမားမား ပြန်လည်ကျေးဇူးဆပ်မှုများ ပြုလုပ်လျက်ရှိသည်။

အမေရိကန်ပြည်ထောင်စု၊ တောင်ဖလော်ရီဒါရှိ ဘေးချင်းကပ်စံအိမ် ၂ လုံးကို မိဘများအတွက် စုစုပေါင်း ဈေးနှုန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် ဝယ်ယူပေးခဲ့ကြောင်း သတင်းရင်းမြစ်တစ်ခုက New York Post သတင်းဌာနသို့ ပြောသည်။

ပထမနေအိမ်တစ်လုံးမှာ အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၇ ခန်းပါသည့် ကမ်းခြေစံအိမ်ဖြစ်ပြီး ဘေးဇော့စ်မိသားစု ဖောင်ဒေးရှင်း (Bezos Family Foundation) နှင့် ပတ်သက်သည့်ကုမ္ပဏီတစ်ခုက ဇူလိုင်လ ၂၂ ရက်တွင် ကန်ဒေါ်လာ ၃၄ သန်းဖြင့် ဝယ်ယူခဲ့ကြောင်း The Real Deal သတင်းဌာနက ပထမဆုံးဖော်ပြခဲ့သည်။

စံအိမ်တည်နေရာမှာ မိုင်အမ်မီအနီး Coral Gables တွင် တည်ရှိသည်။

Jackie နှင့် Mike Bezos (ဂျက်ဘေးဇော့စ်၏ မိခင်နှင့် ပထွေး) တို့အား စံအိမ်ဝယ်ယူပေးခဲ့သည်မှာ Delaware မှ ကုမ္ပဏီတစ်ခုဖြစ်သော Forgotten Fountain LLC ဖြစ်ပြီး စတုရန်းပေ ၁၂၈၀၀ ရှိသည့်စံအိမ်ကို ဝယ်ယူပေးခဲ့ခြင်းဖြစ်သည်။

စံအိမ်ဝယ်ယူရာတွင် Bank of America က ဒေါ်လာ ၅ သန်း ချေးငွေချပေးခဲ့သည်။ ထိုအိမ်ကို ရောင်းချသော ပိုင်ရှင်များမှာ Raul Calvoz နှင့် Raquel Cordon တို့ ဖြစ်ကြသည်။ မူလပိုင်ရှင်များက ၂၀၁၈ ခုနှစ်အတွင်း ကန်ဒေါ်လာ ၈ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

(Amazon တည်ထောင်သူ ဂျက်ဘေးဇော့စ်ကို စမစ်ဆွန်နီယမ် မဂ္ဂဇင်းကြီး၏ ၂၀၁၆ ခုနှစ်၊ အမေရိက တီထွင်သူများဆုချီးမြှင့်ပွဲ အခမ်းအနားတွင် မိဘများဖြစ်သော Mike, Jackie တို့နှင့်အတူ ကော်ဇောနီပေါ်တွင် တွေ့ရပုံ။ ထိုနှစ်က ဂျက်ဘေးဇော့စ်သည် သူ၏ လေကြောင်းနှင့် အာကာသစူးစမ်းမှုများတွင် အောင်မြင်မှုများ ရရှိခဲ့ခြင်းကြောင့် နည်းပညာဆိုင်ရာ ဆုရရှိခဲ့ခြင်း ဖြစ်သည်။ )

(စံအိမ်အကျယ်အဝန်းမှာ ၁၂၈၂၉ စတုရန်းပေ ရှိသည်။

(ခမ်းနားသော အဝင်ခန်းမ)

(မကြာသေးမီကမှ ပြုပြင်မွမ်းမံမှုများ ပြုလုပ်ထားသော စံအိမ်တွင် ရေပြင်၏ ရှုမျှော်ခင်း ပေ ၂၀၀ ခန့် ပိုင်ဆိုင်ထားသည်)

(စားဖိုမှူးအဆင့်အသုံးပြုနိုင်သော မီးဖိုဆောင်)

(အခန်းဖွင့် ဖွဲ့စည်းခင်းကျင်းထားပုံ)

ခြံဝန်းအကျယ် ၂ ဧကနီးပါးရှိပြီး ပင်လယ်၏ ရှုမျှော်ခင်းများကို ပေ ၂၀၀ ခန့် တိုက်ရိုက်ခံစားနိုင်သည့်မြင်ကွင်း ပိုင်ဆိုင်ထားသည်။

စံအိမ်အတွင်း စားဖိုမှူးအဆင့်အသုံးပြုနိုင်သော မီးဖိုဆောင်တွင် ဓာတ်ငွေ့မီးဖို၊ ချက်ပြုတ်ခုံ၊ အစာနွှေးစက်၊ အကင်စက်များ၊ ရေကူးကန်နှင့် ပင်လယ်ရေပြင်တို့ကို တွေ့မြင်နိုင်သည့် ပြတင်းတို့ ပါဝင်သည်။

(မိသားစုနားနေခန်း)

(ဒုတိယထပ်၏ စင်္ကြံလမ်း)

(အိပ်ခန်းတစ်ခု)

(ရေကူးကန်နှင့် ရေပူစမ်း)

အဆိုပါအိမ်ကို ၂၀၂၀ ပြည့်နှစ်အတွင်း ဈေးခေါ်ခဲ့သည်မှာ ကန်ဒေါ်လာ ၂၅ ဒသမ ၈ သန်းဖြစ်သော်လည်း ယခုရောင်းချမှုတွင် ဈေးပိုမိုရရှိခဲ့သည်။

((ကပ်လျက်တွင် တည်ရှိသော အခြားစံအိမ်))

ကပ်လျက်တွင် တည်ရှိသော အခြားစံအိမ်တစ်လုံးမှာ ၂၀၁၉ ခုနှစ်အတွင်း နောက်ဆုံး လက်လွှဲလက်ပြောင်း ဖြစ်ခဲ့ဖူးပြီး ထိုစဉ်က ကန်ဒေါ်လာ ၁၄ သန်းဖြင့် ရောင်းဝယ်ခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါအိမ်ကို ကန်ဒေါ်လာ ၄၄ သန်းဖြင့် မကြာမီတွင် အရောင်းအဝယ်အပြီးသတ်ပြုလုပ်နိုင်ဖွယ်ရှိသည်။

ယင်းစံအိမ်မှာ စတုရန်းပေ ၈၇၀၀ ကျယ်ဝန်းပြီး အိပ်ခန်း ၅ ခန်းနှင့် ရေချိုးခန်း ၅ ခန်းတို့ဖြင့် ဖွဲ့စည်းထားသည်။

ယင်းစံအိမ်ကိုမူ ဧည့်ဂေဟာအိမ်အဖြစ် အသုံးပြုသွားဖွယ်ရာရှိသည်။

(ဧည့်ဂေဟာအိမ်၏ အရက်ဘား)

(ဧည့်ခန်း)

(မီးဖိုဆောင်)

(ညစာစားခန်း)

(အိပ်ခန်း)

(ပင်မရေချိုးခန်း)

ရောင်းချသည့် ပိုင်ရှင်မှာ Real Housewives of Miami တွင် ပါဝင်သရုပ်ဆောင်ခဲ့သူ ဒေါက်တာ နစ်ကိုး မာတင်ဖြစ်ပြီး ၎င်းက ၂၀၁၉ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်းဖြစ်ကာ ကန်ဒေါ်လာ ၅ သန်းသုံးစွဲကာ ပြန်လည်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Jeff Bezos helps buy parents adjacent $78M South Florida estates (nypost)

[Zawgyi]

Amazon သူေဌးၾကီး ဂ်က္ေဘးေဇာ့စ္ မိဘမ်ားကို ေဒၚလာ ၇၈ သန္းဖိုး စံအိမ္ ၂ လံုးဝယ္ေပး

Amazon တည္ေထာင္သူ ကမၻာေက်ာ္သူေဌးၾကီး ဂ်က္ေဘးေဇာ့စ္ (Jeff Bezos) သည္ မိမိအားျပဳစုပ်ဳိးေထာင္ေပးခဲ့သူမ်ားကို ၾကီးၾကီးမားမား ျပန္လည္ေက်းဇူးဆပ္မႈမ်ား ျပဳလုပ္လ်က္ရွိသည္။

အေမရိကန္ျပည္ေထာင္စု၊ ေတာင္ဖေလာ္ရီဒါရွိ ေဘးခ်င္းကပ္စံအိမ္ ၂ လံုးကို မိဘမ်ားအတြက္ စုစုေပါင္း ေစ်းႏႈန္း ကန္ေဒၚလာ ၇၈ သန္းျဖင့္ ဝယ္ယူေပးခဲ့ေၾကာင္း သတင္းရင္းျမစ္တစ္ခုက New York Post သတင္းဌာနသို႔ ေျပာသည္။

ပထမေနအိမ္တစ္လံုးမွာ အိပ္ခန္း ၆ ခန္း၊ ေရခ်ဳိးခန္း ၇ ခန္းပါသည့္ ကမ္းေျခစံအိမ္ျဖစ္ျပီး ေဘးေဇာ့စ္မိသားစု ေဖာင္ေဒးရွင္း (Bezos Family Foundation) ႏွင့္ ပတ္သက္သည့္ကုမၸဏီတစ္ခုက ဇူလိုင္လ ၂၂ ရက္တြင္ ကန္ေဒၚလာ ၃၄ သန္းျဖင့္ ဝယ္ယူခဲ့ေၾကာင္း The Real Deal သတင္းဌာနက ပထမဆံုးေဖာ္ျပခဲ့သည္။

စံအိမ္တည္ေနရာမွာ မိုင္အမ္မီအနီး Coral Gables တြင္ တည္ရွိသည္။

Jackie ႏွင့္ Mike Bezos (ဂ်က္ေဘးေဇာ့စ္၏ မိခင္ႏွင့္ ပေထြး) တို႔အား စံအိမ္ဝယ္ယူေပးခဲ့သည္မွာ Delaware မွ ကုမၸဏီတစ္ခုျဖစ္ေသာ Forgotten Fountain LLC ျဖစ္ျပီး စတုရန္းေပ ၁၂၈၀၀ ရွိသည့္စံအိမ္ကို ဝယ္ယူေပးခဲ့ျခင္းျဖစ္သည္။

စံအိမ္ဝယ္ယူရာတြင္ Bank of America က ေဒၚလာ ၅ သန္း ေခ်းေငြခ်ေပးခဲ့သည္။

ထိုအိမ္ကို ေရာင္းခ်ေသာ ပိုင္ရွင္မ်ားမွာ Raul Calvoz ႏွင့္ Raquel Cordon တို႔ ျဖစ္ၾကသည္။

မူလပိုင္ရွင္မ်ားက ၂၀၁၈ ခုႏွစ္အတြင္း ကန္ေဒၚလာ ၈ ဒသမ ၅ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

(Amazon တည္ေထာင္သူ ဂ်က္ေဘးေဇာ့စ္ကို စမစ္ဆြန္နီယမ္ မဂၢဇင္းၾကီး၏ ၂၀၁၆ ခုႏွစ္၊ အေမရိက တီထြင္သူမ်ားဆုခ်ီးျမွင့္ပြဲ အခမ္းအနားတြင္ မိဘမ်ားျဖစ္ေသာ Mike, Jackie တို႔ႏွင့္အတူ ေကာ္ေဇာနီေပၚတြင္ ေတြ႔ရပံု။ ထိုႏွစ္က ဂ်က္ေဘးေဇာ့စ္သည္ သူ၏ ေလေၾကာင္းႏွင့္ အာကာသစူးစမ္းမႈမ်ားတြင္ ေအာင္ျမင္မႈမ်ား ရရွိခဲ့ျခင္းေၾကာင့္ နည္းပညာဆိုင္ရာ ဆုရရွိခဲ့ျခင္း ျဖစ္သည္။ Photo Credit-AFP)

(စံအိမ္အက်ယ္အဝန္းမွာ ၁၂၈၂၉ စတုရန္းေပ ရွိသည္။ Photo Credit- Douglas Elliman)

(ခမ္းနားေသာ အဝင္ခန္းမ)

(မၾကာေသးမီကမွ ျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ထားေသာ စံအိမ္တြင္ ေရျပင္၏ ရႈေမွ်ာ္ခင္း ေပ ၂၀၀ ခန္႔ ပိုင္ဆိုင္ထားသည္)

(စားဖိုမွဴးအဆင့္အသံုးျပဳႏိုင္ေသာ မီးဖိုေဆာင္)

(အခန္းဖြင့္ ဖြဲ႔စည္းခင္းက်င္းထားပံု)

ျခံဝန္းအက်ယ္ ၂ ဧကနီးပါးရွိျပီး ပင္လယ္၏ ရႈေမွ်ာ္ခင္းမ်ားကို ေပ ၂၀၀ ခန္႔ တိုက္ရိုက္ခံစားႏိုင္သည့္ျမင္ကြင္း ပိုင္ဆိုင္ထားသည္။

စံအိမ္အတြင္း စားဖိုမွဴးအဆင့္အသံုးျပဳႏိုင္ေသာ မီးဖိုေဆာင္တြင္ ဓာတ္ေငြ႔မီးဖို၊ ခ်က္ျပဳတ္ခံု၊ အစာေႏႊးစက္၊ အကင္စက္မ်ား၊ ေရကူးကန္ႏွင့္ ပင္လယ္ေရျပင္တို႔ကို ေတြ႔ျမင္ႏိုင္သည့္ ျပတင္းတို႔ ပါဝင္သည္။

(မိသားစုနားေနခန္း)

(ဒုတိယထပ္၏ စၾကၤ ံလမ္း)

(အိပ္ခန္းတစ္ခု)

(ေရကူးကန္ႏွင့္ ေရပူစမ္း)

အဆိုပါအိမ္ကို ၂၀၂၀ ျပည့္ႏွစ္အတြင္း ေစ်းေခၚခဲ့သည္မွာ ကန္ေဒၚလာ ၂၅ ဒသမ ၈ သန္းျဖစ္ေသာ္လည္း ယခုေရာင္းခ်မႈတြင္ ေစ်းပိုမိုရရွိခဲ့သည္။

((ကပ္လ်က္တြင္ တည္ရွိေသာ အျခားစံအိမ္))

ကပ္လ်က္တြင္ တည္ရွိေသာ အျခားစံအိမ္တစ္လံုးမွာ ၂၀၁၉ ခုႏွစ္အတြင္း ေနာက္ဆံုး လက္လႊဲလက္ေျပာင္း ျဖစ္ခဲ့ဖူးျပီး ထိုစဥ္က ကန္ေဒၚလာ ၁၄ သန္းျဖင့္ ေရာင္းဝယ္ခဲ့ၾကျခင္း ျဖစ္သည္။ အဆိုပါအိမ္ကို ကန္ေဒၚလာ ၄၄ သန္းျဖင့္ မၾကာမီတြင္ အေရာင္းအဝယ္အျပီးသတ္ျပဳလုပ္ႏိုင္ဖြယ္ရွိသည္။

ယင္းစံအိမ္မွာ စတုရန္းေပ ၈၇၀၀ က်ယ္ဝန္းျပီး အိပ္ခန္း ၅ ခန္းႏွင့္ ေရခ်ဳိးခန္း ၅ ခန္းတို႔ျဖင့္ ဖြဲ႔စည္းထားသည္။

ယင္းစံအိမ္ကိုမူ ဧည့္ေဂဟာအိမ္အျဖစ္ အသံုးျပဳသြားဖြယ္ရာရွိသည္။

(ဧည့္ေဂဟာအိမ္၏ အရက္ဘား)

(ဧည့္ခန္း)

(မီးဖိုေဆာင္)

(ညစာစားခန္း)

(အိပ္ခန္း)

(ပင္မေရခ်ဳိးခန္း)

ေရာင္းခ်သည့္ ပိုင္ရွင္မွာ Real Housewives of Miami တြင္ ပါဝင္သရုပ္ေဆာင္ခဲ့သူ ေဒါက္တာ နစ္ကိုး မာတင္ျဖစ္ျပီး ၎က ၂၀၁၉ ခုႏွစ္တြင္ ဝယ္ယူခဲ့ျခင္းျဖစ္ကာ ကန္ေဒၚလာ ၅ သန္းသံုးစြဲကာ ျပန္လည္မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့သည္။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Jeff Bezos helps buy parents adjacent $78M South Florida estates (nypost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service