အိမ်မှာ ကြွေပြားတွေ မှန်တစ်ချပ်လို ပြောင်လက်နေစေဖို့

အိမ်မှာ ကြွေပြားတွေ မှန်တစ်ချပ်လို ပြောင်လက်နေစေဖို့ - Property Knowledge in Myanmar from iMyanmarHouse.com
14 Jul 2022 12:05 pm တွင် တင်ခဲ့သည်
2889 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

 

ကြွေပြား တစ်ချပ်နဲ့ တစ်ချပ်ကြားမှာ ကြေးတွေနဲ့ ညစ်ပတ်ပြီး ကြွေပြားအရောင်တွေကလည်း မွဲခြောက်နေပြီဆိုရင်တော့ အဲဒီကြွေပြားကြမ်းခင်းကို သန့်ရှင်းဖို့ အချိန်ရောက်လာပါပြီ။ အိမ်ရဲ့ ဘယ်နားမှာ ခင်းထားတဲ့ ကြွေပြားဖြစ်ဖြစ် ပြောင်လက်နေမှ ကြွေပြားတွေက ကြည့်လို့ ကောင်းနေမှာပါ။ ကြွေပြားတွေ သန့်နေတယ်ဆိုမှ ကိုယ်အိမ်က သန့်ရှင်းတယ်လို့ ပြောရမှာပါနော်။ အခု ကြွေပြားသန့်ရှင်းရေး အကြောင်းလေး မျှဝေပေးချင်ပါတယ်။

ကြွေပြားသန့်ရှင်းတဲ့အခါ အသုံးပြုရတဲ့ ကြေးချွတ်ဆေးတွေက အင်မတန်မှ အစွမ်းထက်တဲ့အတွက် အချိန်တိုအတွင်း ပြောင်လက်သွားအောင် သန့်ရှင်းနိုင်ပါတယ်။ ကျွန်မ ပြောပြမယ့် ဒီ (၆) ချက်ကိုပါ သိထားမယ်ဆိုရင်တော့ ကြွေပြားသန့်ရှင်းတာက ပိုထိရောက်ပြီး တကယ့်ကို အချိန်တိုတိုနဲ့ ပြောင်လက်နေအောင် သန့်ရှင်းနိုင်မှာ ဖြစ်ပါတယ်။ (၆) ချက်က ဘာတွေများ ဖြစ်မလဲ။

 

(၁) ကြွေပြားကြမ်းခင်းကို အရင်လှဲကျင်းပါ။

ကြွေပြားတွေကို သန့်ရှင်းရေးမလုပ်ခင်မှာ ကြွေပြားတွေ ပေါ်မှာ ရှိနေတဲ့ ဖုန်နဲ့ အမှိုက်သရိုက်တွေ ရှင်းလင်းသွားအောင် တံမြက်စည်းနဲ့ဖြစ်ဖြစ် ဖုန်စုပ်စက်နဲ့ ဖြစ်ဖြစ် အရင်လှဲကျင်းပေးရမှာပါ။ ဖုန်နဲ့ အမှိုက်တွေ မရှိရင် သန့်ရှင်းရ ပိုမြန်ဆန်ပါတယ်။

 

(၂) အရည်အသွေးပြည့်တဲ့ ကြေးချွတ်ဆေးကို အသုံးပြုပါ။

ကြေးချွတ်ဆေးတွေက အများကြီး ရှိတဲ့အတွက် စိတ်ချရတဲ့ အမှတ်တံဆိပ်ကို ရွေးချယ်တတ်ဖို့ အရေးကြီးပါတယ်။

 

(၃) စတင် သန့်ရှင်းပါပြီ။

ကြမ်းတိုက်ဝတ်ကို ကြေးချွတ်ဆေးရည်နဲ့ အတူ အသုံးပြုပြီး ကြွေပြားတွေကို စတင် တိုက်ချွတ်ပါ။ တိုက်ချွတ်ပြီးသွားရင် ကြမ်းပြင်ကို ရေဆေးနိုင်ဖို့အတွက် ရေတစ်ပုံးကိုလည်း အဆင်သင့် ထားထားပါ။

 

(၄) တိုက်ချွတ်ပြီးတဲ့အခါ ရေဆေးပါ။

ကိုယ်တိုက်ချွတ်ပြီးတဲ့ နေရာတွေမှန်သမျှကို ရေနဲ့ သေသေချာချာ ဆေးကြောပေးပါ။

 

(၅) ကြွေပြား နှစ်ချပ်ကြားက မြောင်းတွေကိုလည်း ဆေးကြောပေးပါ။

မုန့်ဖုတ်ဆိုဒါကို ရေနဲ့ ရောပြီး ကြွေပြားတွေကြားက မြောင်းတွေထဲမှာ ရှိနေတဲ့ အညစ်အကြေး အသေးအမွှားတွေကို ဘရက်ရှ်နဲ့ တိုက်ချွတ်ပေးမယ်ဆိုရင် အလွယ်တကူ သန့်ရှင်းသွားမှာ ဖြစ်ပါတယ်။

 

(၆) ပုံမှန် သန့်ရှင်းပေးပါ။

ကြေးချွတ်ဆေးရယ်နဲ့ မဟုတ်ရင်တောင်၊ ကြမ်းသုတ်ပုဝါကို ရေဆွတ်ပြီး ပုံမှန် တိုက်ချွတ်ပေးမယ်ဆိုရင် အမြဲတမ်း သန့်ရှင်းနေတဲ့ ကြွေပြား ကြမ်းခင်း ဖြစ်နေမှာပါ။

 

ဒီနည်းလေးအတိုင်း သန့်ရှင်းပေးမယ်ဆိုရင်တော့ အိမ်က ကြွေပြားတွေက အမြဲတမ်း ပြောင်လက်နေမှာပါ။ ကိုယ့်အိမ်မှာတော့၊ ကျွန်မကိုယ်တိုင် အဲဒီနည်းနဲ့ ပုံမှန်လေး ကြမ်းတိုက်ပေးလို့ ကြွေပြားတွေက ငုံ့ကြည့်ရင်တောင် မှန်ကြည့်သလို ကိုယ့်ကိုယ်ကိုယ်တောင် ပြန်မြင်နေရတယ်လေ။ မေမေတို့လည်း မီးဖိုချောင်ထဲမှာ ထမင်း၊ ဟင်းချက်ရင်းတောင် မှန်ကြည့်နေလို့ ရတာပေါ့။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: mahaythi

 

 

[Zawgyi]


 



 



 



 

(၃) စတင် သန့်ရှင်းပါပြီ။


 



 



 



 




Credit: mahaythi

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service