အိမ်ရှင်နှင်ထုတ်ခံရသော မိသားစု နှစ်ထပ်ကားဟောင်းတစ်စင်းဝယ်ယူကာ နေအိမ်အဖြစ်ပြောင်းလဲ
အိမ်ရှင်နှင်ထုတ်ခံရသော မိသားစု နှစ်ထပ်ကားဟောင်းတစ်စင်းဝယ်ယူကာ နေအိမ်အဖြစ်ပြောင်းလဲ - Property News in Myanmar from iMyanmarHouse.com
5 Jul 2022 10:26 am တွင် တင်ခဲ့သည်
4452 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
“ကျွန်တော်တို့ အိမ်ရာမဲ့ ဖြစ်ရမယ့် ဘဝမျိုး (ဒါမှမဟုတ်) မြို့ကောင်စီကို ကျွန်တော်တို့အတွက် နေစရာ ရှာပေးရတဲ့ ဝန်ထုပ်ဝန်ပိုး ပိစေမယ့်အဖြစ်မျိုးရောက်မယ့်အစား ကိုယ့်ဟာကိုယ်ပဲ ဖြေရှင်းဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု ဆိုင်မွန် လူးဝစ်က ပြောသည်။
အိမ်ရှင်က သူ၏နေအိမ်မှ ထွက်ခွာပေးရန် ပြောကြားလာပြီးနောက် အိမ်ရာမဲ့ဘဝရောက်မည့်အခြေအနေနှင့် ဆိုင်မွန်တို့ မိသားစု ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။
အိမ်ရှင်ဖြစ်သူက နေအိမ်ကို ရောင်းချရန် ဆုံးဖြတ်လိုက်ပြီးနောက် ဆိုင်မွန်နှင့် ဇနီးဖြစ်သူ ဆိုဖီ အန်ဒါဝုဒ်၊ ၎င်းတို့၏ ကလေး ၃ ဦးကို သြဂုတ်လ ၉ ရက် နောက်ဆုံးထားကာ အိမ်ပြောင်းပေးရန် ပြောကြားလာခြင်း ဖြစ်သည်။
အင်္ဂလန်နိုင်ငံ၊ ဆပ်ဖို့ခ် ခရိုင်၊ Felixstowe ပင်လယ်ကမ်းခြေမြို့ကလေးတွင် ငှားရန်နေအိမ်များ မရှိသည့်အပြင် ဝယ်ရန်အတွက်လည်း ဆိုင်မွန်တို့ မိသားစုတွင် ငွေအလုံအလောက်မရှိချေ။
ထို့ကြောင့် eBay မှ ရှာဖွေတွေ့ရှိသော ၂ ထပ် ဘတ်စ်ကားတစ်စီးကို ပေါင် ၆၀၀၀ ဖြင့် ဝယ်ယူကာ ရွှေ့ပြောင်းနေထိုင်ရန် ဆိုင်မွန်က ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ဆိုင်မွန်နှင့် ဆိုဖီတို့ ဇနီးမောင်နှံက အဆိုပါ ၂ ထပ်ဘတ်စ်ကားကို အိပ်ခန်း ၄ ခန်းပါ လူနေအိမ်အဖြစ် ပြောင်းလဲရန်အတွက် ပေါင် ၂၀၀၀၀ ထပ်မံသုံးစွဲသွားရန် စီစဉ်ထားသည်။ ဆိုင်မွန်တို့အတွက် ထိုမြို့မှ ထွက်လျှင်ထွက် ၊ သို့မဟုတ် အိမ်ရာမဲ့ဘဝရောက်ရမည့် အခြေအနေမျိုး ကြုံခဲ့ရသည်။
ဆိုင်မွန်က Vape အရောင်းဆိုင် ပိုင်ရှင်တစ်ဦး ဖြစ်သည်။
Covid-19 ကပ်ဘေးကာလသည် ၎င်းတို့မိသားစုအတွက် ရပ်တည်ရန် ခက်ခဲခဲ့ကြောင်း ဆိုင်မွန်က ပြောသည်။
(ဆိုင်မွန်တို့မိသားစုက ဘတ်စ်ကားကို ပေါင် ၂၀၀၀၀ သုံးစွဲကာ နေအိမ်အဖြစ်ပြောင်းလဲရန် စီစဉ်ထားသည်)
(အဆိုးထဲမှအကောင်း ရှာဖွေခဲ့သည့်မိသားစု)
ပေါင် ၂၀၀၀၀ သုံးစွဲကာ အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၁ ခန်း၊ နားနေရန် နေရာ၊ အပေါ်ထပ်တွင် အိမ်သာနှင့် မီးဖိုဆောင်၊ ညစာစားခန်းတို့ ထည့်သွင်းဖွဲ့စည်းသွားရန် စီစဉ်ထားသည်။
ဘတ်စ်ကားပေါ်တွင် နေထိုင်ခြင်းအားဖြင့် ၎င်းတို့မိသားစုအတွက် နှစ်စဉ် ပေါင် ထောင်နှင့်ချီကာ သက်သာသွားနိုင်မည့်အပြင် ဗြိတိန်နိုင်ငံတစ်ဝန်း လှည့်လည်သွားလာရန်လည်း မျှော်မှန်းထားသည်။
“ဗြိတိန်နိုင်ငံတစ်ဝန်းကို လှည့်လည်ခရီးထွက်ဖို့ ကျွန်တော်တို့မှာ အိပ်မက်တစ်ခုရှိခဲ့ပါတယ်။ အခုရွေးချယ်မှုက ဗြိတိန်တစ်နိုင်ငံလုံးကို သွားလာလည်ပတ်နိုင်မယ့် အခွင့်အရေး ရလာစေပါတယ်”
(ဤ ကျောင်းကားဟောင်းမှာ ပေါင် ၆၀၀၀ သာ ပေးခဲ့ရသည်)
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Family of four moves into double-decker bus after shock eviction notice leaves them homeless (metro)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
Emerald Bay Condo
ERC Luxury Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service