လိင်ဆွဲအားအကောင်းဆုံးရုပ်ရှင်မင်းသား ဘရက်ပစ်၏ ဒေါ်လာ သန်း ၁၀၀ တန် စံအိမ်

လိင်ဆွဲအားအကောင်းဆုံးရုပ်ရှင်မင်းသား ဘရက်ပစ်၏ ဒေါ်လာ သန်း ၁၀၀ တန် စံအိမ် - Property News in Myanmar from iMyanmarHouse.com
29 Mar 2022 10:54 am တွင် တင်ခဲ့သည်
2565 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဟောလိဝုဒ် ရုပ်ရှင်ကြယ်ပွင့် ဘရက်ပစ်သည် မိန်းကလေးတို့၏ အသည်းစွဲအဖြစ် သည်းသည်းလှုပ် ချစ်ခင်ခံရကာ People မဂ္ဂဇင်းကြီးက လိင်ဆွဲအား အပြင်းဆုံးအမျိုးသားအဖြစ် သတ်မှတ်ခံခဲ့ရသူ ဟောလိဝုဒ်၏ အကျော်ဒေယျဖြစ်လာစေမည့် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာတွင် သရုပ်ဆောင်ခဲ့ကာ အော်စကာဆုများ၊ ရွှေကမ္ဘာလုံးဆုများအပြင် ဆုပေါင်းများစွာရရှိထားသူလည်း ဖြစ်သည်။

တစ်ကမ္ဘာလုံးသည် ဘရက်ပစ်၏ ဆွဲဆောင်ဖမ်းစားမှုကို ခံခဲ့ရသည်ဟု ယူဆဖွယ်ရာရှိသည်။ ယခုဆောင်းပါးတွင်မူ သူ၏တန်ဖိုးကြီး အိမ်ခြံမြေများအကြောင်းကို အဓိကဖော်ပြလိုပါသည်။

ဘရက်ပစ်သည် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လူဝီစီယားနားပြည်နယ်များမှ စံအိမ်များအပြင် ပြင်သစ်နိုင်ငံတွင်လည်း ရဲတိုက်ကြီးတစ်ခု ပိုင်ဆိုင်ထားသေးသည်။

မစ်ဇူရီပြည်နယ်တွင်လည်း ဂျနီဖာ အန်နစ္စတန်နှင့်အတူ နေထိုင်ခဲ့ဖူးသော စံအိမ်တစ်လုံးရှိသေးပြီး ဘရက်ပစ်ပိုင်ဆိုင်သည်ဟု သိရသည်။

(ဘရက်ပစ် ဘယ်မှာနေလဲ)

ဘရက်ပစ်သည် ကမ္ဘာတစ်ဝန်းလုံးတွင် အိမ်ခြံမြေများစွာ ပိုင်ဆိုင်ထားသည်။သူ၏ ပင်မစံအိမ်မှာ လော့စ်အိန်ဂျလိမြို့၊လော့စ် ဖီလစ်အရပ်တွင် တည်ရှိသည်။

နယူးအော်လင်း၊ ဟောလိဝုဒ်ဟေးစ်နှင့်ပြင်သစ်နိုင်ငံတို့တွင်လည်း စံအိမ်များ ပိုင်ဆိုင်ထားသည်။

(ဘရက်ပစ်၏ လော့စ်အိန်ဂျလိပင်မစံအိမ်)

ဘရက်ပစ်တွင် နေအိမ်များစွာ ပိုင်ဆိုင်ထားသော်လည်း သူအဓိကနေထိုင်သည်မှာ လော့စ်အိန်ဂျလိတွင်သာ ဖြစ်သည်။ သူ၏ပင်မစံအိမ်မှာ လော့စ်ဖီလစ်ဇ်တွင်တည်ရှိပြီး ၁၉၉၄ ခုနှစ်က ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ရုပ်ရှင်မင်းသမီး ကာဆန်ဒရာ ပီတာဆန် ထံမှ ကန်ဒေါ်လာ ၁ ဒသမ ၇ သန်း ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

စတုရန်းပေ ၅၃၃၈ ကျယ်ဝန်းသော ခြံဝန်းအတွင်း ပင်မစံအိမ်ကြီးအပြင် ဘရက်ပစ်ပိုင်ဆိုင်ထားသော နှစ်ပေါင်းများစွာကာလအတွင်း အဆောက်အအုံငယ် ၄ ခု ထပ်မံဆောက်လုပ်ခဲ့သည်။

ဘရက်ပစ်၏ ပင်မစံအိမ်တွင် အိပ်ခန်း ၆ ခန်းနှင့် ရေချိုးခန်း ၇ ခန်းပါဝင်သည်။

ခြံဝန်းအတွင်း ကြီးမားသည့် ရေကူးကန်တစ်ခုနှင့် တင်းနစ်ကွင်းတစ်ခုလည်း ပါဝင်သည်။

ဘရက်ပစ်သည် တချိန်က အဆိုပါစံအိမ်တွင် အင်ဂျလီနာ ဂျိုလီ၊ ကလေး ၆ ဥိးနှင့်အတူ နေထိုင်ခဲ့သည်။

နောက်ပိုင်းတွင် မိသားစုကြီးမားလာသောကြောင့် ဘရက်ပစ်က ကပ်လျက်မြေနေရာကို ထပ်မံဝယ်ယူခဲ့သည်။

အင်ဂျလီနာဂျိုလီကလည်း ဘရက်ပစ်၏ ယခုစံအိမ်မှ ၅ မိနစ်ခရီးသာ ဝေးကွာသောနေရာတွင် စံအိမ်တစ်လုံး ဝယ်ယူထားသေးသည်။

ဘရက်ပစ်၏ ခြံဝန်းအတွင်း အိမ်တစ်လုံးကို ကလေးထိန်းများနေထိုင်ရန် အသုံးပြုထားပြီး၊ အိပ်ခန်း ၂ ခန်းပါ တစ်ထပ်အိမ်အပြင် အခြားဧည့်ဂေဟာအိမ်တစ်လုံး၊ ကလေးများအတွက် စကိတ်ကွင်းတစ်ခုလည်း ပါဝင်သည်။

အုန်းမျိုးနွှယ်အပင်များ အများအပြားရှိသည့် ခြံဝန်းတစ်ခုလုံး စိမ်းလန်းနေသည်။

(ဘရက်ပစ်၏ ဟောလိဝုဒ်ဟေးစ် စံအိမ်)

ဘရက်ပစ်သည် လော့စ်အိန်ဂျလိမြို့၊ ဟောလိဝုဒ်ဟေးစ်အရပ်တွင်လည်း ခေတ်ပြိုင်ဗိသုကာဟန် စံအိမ်တစ်လုံး ပိုင်ဆိုင်ထားသည်။

အဆိုပါစံအိမ်သည် Minimalism ၏ သြဇာလွှမ်းမှုများတွေ့ရပြီး ရှင်းလင်းသော မျဉ်းများ၊ အခန်းဖွင့်နေရာများ၊ Zen အငွေ့အသက် ဝန်းကျင်များ ရှိသည်။

နံရံနှင့် ကြမ်းခင်းနေရာများကို အဖြိုက်ကျောက်ဖြင့် ဆောက်လုပ်ထားပြီး အိမ်တွင်း၊ အိမ်ပြင် ကြမ်းခင်းများအတွက် ထင်းရှူးသားကို အသုံးပြုထားသည်။

(ဘရက်ပစ်၏ ပြင်သစ်နိုင်ငံမှ ရဲတိုက်ကြီး)

ပြင်သစ်နိုင်ငံတွင် Chateau Miraval အမည်ရှိ ရဲတိုက်ကြီးတစ်လုံး ဘရက်ပစ်က ပိုင်ဆိုင်ထားပြီး ကာလတန်ကြေး ကန်ဒေါ်လာ ၆၇ သန်းခန့်ရှိသည်။ ဘရက်ပစ်နှင့် ဇနီး(ဟောင်း) အင်ဂျလီနာဂျိုလီတို့က ၂၀၀၈ ခုနှစ်အတွင်းတွင် ငှားရမ်းခဲ့ကြခြင်းဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင်မူ ဝယ်ယူလိုက်ကြသည်။

ရဲတိုက်ကြီးအတွင်းတွင် ပါဝင်သော ဘုရားကျောင်း၌ ၂၀၁၄ ခုနှစ်အတွင်း ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြခြင်း ဖြစ်သည်။

ကွာရှင်းပြတ်စဲပြီးနောက် အဆိုပါရဲတိုက်ကြီးကို မည်သူက ပိုင်ဆိုင်ထိန်းသိမ်းမည်ဆိုသည်နှင့် ပတ်သက်ပြီး အငြင်းပွားကြသေးသည်။ နောက်ဆုံးတွင်မူ ပူးတွဲပိုင်ဆိုင်ထိန်းသိမ်းရန် သဘောတူညီမှုဖြင့် အဆုံးသတ်သွားသည်။

ရဲတိုက်ကြီးတွင် အခန်းပေါင်း ၄၀ ပါဝင်ရာ အားကစားလေ့ကျင်းခန်းမအသစ်တစ်ခု၊ Spa ၊ ကျယ်ဝန်းသော ဝိုင်သိုလှောင်ခန်း၊ Pink Floyd ကဲ့သို့ ကမ္ဘာကျော်ရော့ခ်အဖွဲ့များ အသုံးပြုခဲ့ဖူးသော အသံဖမ်းစတူဒီယိုတစ်ခုလည်း ပါဝင်သည်။

အဆောက်အအုံအတွင်းအပြင် ရေကူးကန်များ၊ ရုပ်ရှင်ရုံ၊ ဂိမ်းကစားခန်းတို့ ပါဝင်ရာ ဘရက်ပစ်နှင့် အင်ဂျလီနာဂျိုလီတို့၏ ကလေးများ များစွာနှစ်သက်ခဲ့မည့်နေရာတစ်ခု ဖြစ်သည်။

ရဲတိုက်ကြီးတည်ရှိရာ မြေအကျယ်အဝန်းမှာ ဧကပေါင်း ၁၂၀၀ အထိရှိပြီး ထင်းရှူးတော၊ သံလွင်တောအုပ်၊ သီးသန့်ရေကန်၊ များပြားလှသော ရေတံခွန်များနှင့် ကျုံးတစ်ခုတို့လည်း ပါဝင်သည်။

(ဘရက်ပစ် ဘာလဲ)

ဘရက်ပစ်၏ အမည်ရင်းမှာ ဝီလျံ ဘရက်ဒ်လေ ပစ် ဖြစ်ပြီး ၁၉၆၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်တွင် မွေးဖွားကာ အမေရိကန်ရုပ်ရှင်သရုပ်ဆောင်၊ ရုပ်ရှင်ထုတ်လုပ်သူ ဖြစ်သည်။

သူသည် အော်စကာဆု၊ ဗြိတ်ိသျှအကယ်ဒမီရုပ်ရှင်ဆု၊ ရွှေကမ္ဘာလုံးဆုများအပြင် ဆုပေါင်းများစွာ ရရှိထားသူ ဖြစ်သည်။

သူ၏ အအောင်မြင်ဆုံး ဇာတ်ကားများ Ocean's Eleven (၂၀၀၁), Troy (၂၀၀၄), Mr. & Mrs. Smith (၂၀၀၅), World War Z (၂၀၁၃) နှင့် Once Upon a Time in Hollywood (၂၀၁၉) တို့ ဖြစ်သည်။

The Curious Case of Benjamin Button (၂၀၀၈) နှင့် Moneyball (၂၀၁၁) ဇာတ်ကားများမှာ အော်စကာဆု အမည်စာရင်းဝင်ခဲ့သည်။

ရုပ်ရှင်ထုတ်လုပ်သူအဖြစ် The Departed (၂၀၀၆) နှင့် 12 Years a Slave (၂၀၁၃) ဇာတ်ကားများ ထုတ်လုပ်ခဲ့ရာ အဆိုပါ ၂ ကားလုံးမှာ အကောင်းဆုံးရုပ်ရှင်များအဖြစ် အော်စကာဆု ရရှိခဲ့သည်။

ရုပ်ရှင်မင်းသမီး ဂျနီဖာ အန်နစ္စတန်၊ အင်ဂျလီနာ ဂျိုလီတို့နှင့် လက်ထပ်ခဲ့ပြီး အင်ဂျလီနာဂျိုလီနှင့် သားသမီး ၆ ဦးရှိသည်။ အဆိုပါ ၆ ဦးအနက် ၃ ဦးမှာ ကမ္ဘာတစ်ဝန်းမှ ခေါ်ယူမွေးစားခဲ့ခြင်း ဖြစ်သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Brad Pitt House: Inside his $100M+ Portfolio, from Los Angeles to France (velvetropes)

[Zawgyi]

လိင္ဆြဲအားအေကာင္းဆံုးရုပ္ရွင္မင္းသား ဘရက္ပစ္၏ ေဒၚလာ သန္း ၁၀၀ တန္ စံအိမ္

ေဟာလိဝုဒ္ ရုပ္ရွင္ၾကယ္ပြင့္ ဘရက္ပစ္သည္ မိန္းကေလးတို႔၏ အသည္းစြဲအျဖစ္ သည္းသည္းလႈပ္ ခ်စ္ခင္ခံရကာ People မဂၢဇင္းၾကီးက လိင္ဆြဲအား အျပင္းဆံုးအမ်ဳိးသားအျဖစ္ သတ္မွတ္ခံခဲ့ရသူ ေဟာလိဝုဒ္၏ အေက်ာ္ေဒယ်ျဖစ္လာေစမည့္ ရုပ္ရွင္ဇာတ္ကားေပါင္းမ်ားစြာတြင္ သရုပ္ေဆာင္ခဲ့ကာ ေအာ္စကာဆုမ်ား၊ ေရႊကမၻာလံုးဆုမ်ားအျပင္ ဆုေပါင္းမ်ားစြာရရွိထားသူလည္း ျဖစ္သည္။

တစ္ကမၻာလံုးသည္ ဘရက္ပစ္၏ ဆြဲေဆာင္ဖမ္းစားမႈကို ခံခဲ့ရသည္ဟု ယူဆဖြယ္ရာရွိသည္။ ယခုေဆာင္းပါးတြင္မူ သူ၏တန္ဖိုးၾကီး အိမ္ျခံေျမမ်ားအေၾကာင္းကို အဓိကေဖာ္ျပလိုပါသည္။

ဘရက္ပစ္သည္ အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖိုးနီးယားျပည္နယ္၊ လူဝီစီယားနားျပည္နယ္မ်ားမွ စံအိမ္မ်ားအျပင္ ျပင္သစ္ႏိုင္ငံတြင္လည္း ရဲတိုက္ၾကီးတစ္ခု ပိုင္ဆိုင္ထားေသးသည္။

မစ္ဇူရီျပည္နယ္တြင္လည္း ဂ်နီဖာ အန္နစၥတန္ႏွင့္အတူ ေနထိုင္ခဲ့ဖူးေသာ စံအိမ္တစ္လံုးရွိေသးျပီး ဘရက္ပစ္ပိုင္ဆိုင္သည္ဟု သိရသည္။

(ဘရက္ပစ္ ဘယ္မွာေနလဲ)

ဘရက္ပစ္သည္ ကမၻာတစ္ဝန္းလံုးတြင္ အိမ္ျခံေျမမ်ားစြာ ပိုင္ဆိုင္ထားသည္။သူ၏ ပင္မစံအိမ္မွာ ေလာ့စ္အိန္ဂ်လိျမိဳ ့၊ေလာ့စ္ ဖီလစ္အရပ္တြင္ တည္ရွိသည္။

နယူးေအာ္လင္း၊ ေဟာလိဝုဒ္ေဟးစ္ႏွင့္ျပင္သစ္ႏိုင္ငံတို ့တြင္လည္း စံအိမ္မ်ား ပုိင္ဆိုင္ထားသည္။

(ဘရက္ပစ္၏ ေလာ့စ္အိန္ဂ်လိပင္မစံအိမ္)

ဘရက္ပစ္တြင္ ေနအိမ္မ်ားစြာ ပိုင္ဆိုင္ထားေသာ္လည္း သူအဓိကေနထိုင္သည္မွာ ေလာ့စ္အိန္ဂ်လိတြင္သာ ျဖစ္သည္။ သူ၏ပင္မစံအိမ္မွာ ေလာ့စ္ဖီလစ္ဇ္တြင္တည္ရွိျပီး ၁၉၉၄ ခုႏွစ္က ဝယ္ယူခဲ့ျခင္းျဖစ္သည္။

ရုပ္ရွင္မင္းသမီး ကာဆန္ဒရာ ပီတာဆန္ ထံမွ ကန္ေဒၚလာ ၁ ဒသမ ၇ သန္း ျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

စတုရန္းေပ ၅၃၃၈ က်ယ္ဝန္းေသာ ျခံဝန္းအတြင္း ပင္မစံအိမ္ၾကီးအျပင္ ဘရက္ပစ္ပိုင္ဆိုင္ထားေသာ ႏွစ္ေပါင္းမ်ားစြာကာလအတြင္း အေဆာက္အအံုငယ္ ၄ ခု ထပ္မံေဆာက္လုပ္ခဲ့သည္။

ဘရက္ပစ္၏ ပင္မစံအိမ္တြင္ အိပ္ခန္း ၆ ခန္းႏွင့္ ေရခ်ဳိးခန္း ၇ ခန္းပါဝင္သည္။

ျခံဝန္းအတြင္း ၾကီးမားသည့္ ေရကူးကန္တစ္ခုႏွင့္ တင္းနစ္ကြင္းတစ္ခုလည္း ပါဝင္သည္။

ဘရက္ပစ္သည္ တခ်ိန္က အဆိုပါစံအိမ္တြင္ အင္ဂ်လီနာ ဂ်ဳိလီ၊ ကေလး ၆ ဥိးႏွင့္အတူ ေနထုိင္ခဲ့သည္။

ေနာက္ပိုင္းတြင္ မိသားစုၾကီးမားလာေသာေၾကာင့္ ဘရက္ပစ္က ကပ္လ်က္ေျမေနရာကို ထပ္မံဝယ္ယူခဲ့သည္။

အင္ဂ်လီနာဂ်ဳိလီကလည္း ဘရက္ပစ္၏ ယခုစံအိမ္မွ ၅ မိနစ္ခရီးသာ ေဝးကြာေသာေနရာတြင္ စံအိမ္တစ္လံုး ဝယ္ယူထားေသးသည္။

ဘရက္ပစ္၏ ျခံဝန္းအတြင္း အိမ္တစ္လံုးကို ကေလးထိန္းမ်ားေနထိုင္ရန္ အသံုးျပဳထားျပီး၊ အိပ္ခန္း ၂ ခန္းပါ တစ္ထပ္အိမ္အျပင္ အျခားဧည့္ေဂဟာအိမ္တစ္လံုး၊ ကေလးမ်ားအတြက္ စကိတ္ကြင္းတစ္ခုလည္း ပါဝင္သည္။

အုန္းမ်ဳိးႏႊယ္အပင္မ်ား အမ်ားအျပားရွိသည့္ ျခံဝန္းတစ္ခုလံုး စိမ္းလန္းေနသည္။

(ဘရက္ပစ္၏ ေဟာလိဝုဒ္ေဟးစ္ စံအိမ္)

ဘရက္ပစ္သည္ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ ေဟာလိဝုဒ္ေဟးစ္အရပ္တြင္လည္း ေခတ္ျပိဳင္ဗိသုကာဟန္ စံအိမ္တစ္လံုး ပိုင္ဆိုင္ထားသည္။

အဆိုပါစံအိမ္သည္ Minimalism ၏ ၾသဇာလႊမ္းမႈမ်ားေတြ႔ရျပီး ရွင္းလင္းေသာ မ်ဥ္းမ်ား၊ အခန္းဖြင့္ေနရာမ်ား၊ Zen အေငြ႔အသက္ ဝန္းက်င္မ်ား ရွိသည္။

နံရံႏွင့္ ၾကမ္းခင္းေနရာမ်ားကို အျဖဳိက္ေက်ာက္ျဖင့္ ေဆာက္လုပ္ထားျပီး အိမ္တြင္း၊ အိမ္ျပင္ ၾကမ္းခင္းမ်ားအတြက္ ထင္းရွဴးသားကို အသံုးျပဳထားသည္။

(ဘရက္ပစ္၏ ျပင္သစ္ႏိုင္ငံမွ ရဲတိုက္ၾကီး)

ျပင္သစ္ႏိုင္ငံတြင္ Chateau Miraval အမည္ရွိ ရဲတိုက္ၾကီးတစ္လံုး ဘရက္ပစ္က ပိုင္ဆိုင္ထားျပီး ကာလတန္ေၾကး ကန္ေဒၚလာ ၆၇ သန္းခန္႔ရွိသည္။ ဘရက္ပစ္ႏွင့္ ဇနီး(ေဟာင္း) အင္ဂ်လီနာဂ်ဳိလီတို႔က ၂၀၀၈ ခုႏွစ္အတြင္းတြင္ ငွားရမ္းခဲ့ၾကျခင္းျဖစ္ျပီး ၂၀၁၁ ခုႏွစ္တြင္မူ ဝယ္ယူလိုက္ၾကသည္။

ရဲတိုက္ၾကီးအတြင္းတြင္ ပါဝင္ေသာ ဘုရားေက်ာင္း၌ ၂၀၁၄ ခုႏွစ္အတြင္း ၎တို႔ႏွစ္ဦး လက္ထပ္ခဲ့ၾကျခင္း ျဖစ္သည္။

ကြာရွင္းျပတ္စဲျပီးေနာက္ အဆိုပါရဲတိုက္ၾကီးကို မည္သူက ပိုင္ဆိုင္ထိန္းသိမ္းမည္ဆိုသည္ႏွင့္ ပတ္သက္ျပီး အျငင္းပြားၾကေသးသည္။ ေနာက္ဆံုးတြင္မူ ပူးတြဲပိုင္ဆိုင္ထိန္းသိမ္းရန္ သေဘာတူညီမႈျဖင့္ အဆံုးသတ္သြားသည္။

ရဲတိုက္ၾကီးတြင္ အခန္းေပါင္း ၄၀ ပါဝင္ရာ အားကစားေလ့က်င္းခန္းမအသစ္တစ္ခု၊ Spa ၊ က်ယ္ဝန္းေသာ ဝုိင္သိုေလွာင္ခန္း၊ Pink Floyd ကဲ့သို႔ ကမၻာေက်ာ္ေရာ့ခ္အဖြဲ႔မ်ား အသံုးျပဳခဲ့ဖူးေသာ အသံဖမ္းစတူဒီယိုတစ္ခုလည္း ပါဝင္သည္။

အေဆာက္အအံုအတြင္းအျပင္ ေရကူးကန္မ်ား၊ ရုပ္ရွင္ရံု၊ ဂိမ္းကစားခန္းတို႔ ပါဝင္ရာ ဘရက္ပစ္ႏွင့္ အင္ဂ်လီနာဂ်ဳိလီတို႔၏ ကေလးမ်ား မ်ားစြာႏွစ္သက္ခဲ့မည့္ေနရာတစ္ခု ျဖစ္သည္။

ရဲတိုက္ၾကီးတည္ရွိရာ ေျမအက်ယ္အဝန္းမွာ ဧကေပါင္း ၁၂၀၀ အထိရွိျပီး ထင္းရွဴးေတာ၊ သံလြင္ေတာအုပ္၊ သီးသန္႔ေရကန္၊ မ်ားျပားလွေသာ ေရတံခြန္မ်ားႏွင့္ က်ံဳးတစ္ခုတို႔လည္း ပါဝင္သည္။

(ဘရက္ပစ္ ဘာလဲ)

ဘရက္ပစ္၏ အမည္ရင္းမွာ ဝီလ်ံ ဘရက္ဒ္ေလ ပစ္ ျဖစ္ျပီး ၁၉၆၃ ခုႏွစ္၊ ဒီဇင္ဘာလ ၁၈ ရက္တြင္ ေမြးဖြားကာ အေမရိကန္ရုပ္ရွင္သရုပ္ေဆာင္၊ ရုပ္ရွင္ထုတ္လုပ္သူ ျဖစ္သည္။

သူသည္ ေအာ္စကာဆု၊ ျဗိတိ္သွ်အကယ္ဒမီရုပ္ရွင္ဆု၊ ေရႊကမၻာလံုးဆုမ်ားအျပင္ ဆုေပါင္းမ်ားစြာ ရရွိထားသူ ျဖစ္သည္။

သူ၏ အေအာင္ျမင္ဆံုး ဇာတ္ကားမ်ား Ocean's Eleven (၂၀၀၁), Troy (၂၀၀၄), Mr. & Mrs. Smith (၂၀၀၅), World War Z (၂၀၁၃) ႏွင့္ Once Upon a Time in Hollywood (၂၀၁၉) တို႔ ျဖစ္သည္။

The Curious Case of Benjamin Button (၂၀၀၈) ႏွင့္ Moneyball (၂၀၁၁) ဇာတ္ကားမ်ားမွာ ေအာ္စကာဆု အမည္စာရင္းဝင္ခဲ့သည္။

ရုပ္ရွင္ထုတ္လုပ္သူအျဖစ္ The Departed (၂၀၀၆) ႏွင့္ 12 Years a Slave (၂၀၁၃) ဇာတ္ကားမ်ား ထုတ္လုပ္ခဲ့ရာ အဆိုပါ ၂ ကားလံုးမွာ အေကာင္းဆံုးရုပ္ရွင္မ်ားအျဖစ္ ေအာ္စကာဆု ရရွိခဲ့သည္။

ရုပ္ရွင္မင္းသမီး ဂ်နီဖာ အန္နစၥတန္၊ အင္ဂ်လီနာ ဂ်ဳိလီတို႔ႏွင့္ လက္ထပ္ခဲ့ျပီး အင္ဂ်လီနာဂ်ဳိလီႏွင့္ သားသမီး ၆ ဦးရွိသည္။ အဆုိပါ ၆ ဦးအနက္ ၃ ဦးမွာ ကမၻာတစ္ဝန္းမွ ေခၚယူေမြးစားခဲ့ျခင္း ျဖစ္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Brad Pitt House: Inside his $100M+ Portfolio, from Los Angeles to France (velvetropes)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service