မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ စာချုပ်စာတမ်းမပြုလုပ်ဘဲ နှစ်ဦးသဘောတူကွာရှင်းခြင်းသည် တရားဝင်သလား။

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ စာချုပ်စာတမ်းမပြုလုပ်ဘဲ နှစ်ဦးသဘောတူကွာရှင်းခြင်းသည် တရားဝင်သလား။ - Property Knowledge in Myanmar from iMyanmarHouse.com
5 Feb 2022 1:36 pm တွင် တင်ခဲ့သည်
2723 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ လက်ထပ်ထိမ်းမြားခြင်းသည် မည်သည့်အခမ်းအနားမှ အလိုအပ်ပါဘူး။ နှစ်ဦးသဘောတူ လူသိရှင်ကြားပေါင်းသင်းနေထိုင်ခြင်းဖြစ်လျှင် ပုဆိုးတန်းတင် အကြင်လင်မယား အရာမြောက်ပါသည်။ ဥပဒေအရလည်း တရားဝင်လင်မယားဖြစ်ပါသည်။ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ ကွာရှင်းခြင်းဆောင်ရွက်လိုလျှင်လည်း စာချုပ်စာတမ်းချုပ်ဖို့မလိုအပ်ပါဘူး။ အဓိက နှစ်ဦးသဘောတူဖြစ်ရန် အရေးကြီးပါသည်။ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရဆိုလျှင် အသိသက်သေ ခိုင်ခိုင်မာမာရှိရန်တော့ လိုအပ်ပါသည်။

သို့သော် တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေ ပေါ်ပေါက်လာသောကြောင့် နှစ်ဦးသဘောတူကွာရှင်းထားပြီး စာချုပ်စာတမ်းပြုလုပ်မထားလျှင် နောက်ထပ်အိမ်ထောင်သစ်ထူထောင်သည့်အခါ အိမ်ထောင်ဖက်ဟောင်းမှ တစ်လင်တစ်မယားဥပဒေဖြင့် ရဲစခန်းတွင် အမှုဖွင့်လှစ်အရေးယူခြင်းကို ဆောင်ရွက်ကြပါသည်။ လင်မယားအဖြစ် ကွာရှင်းပြီးကြောင်း သက်သေအထောက်အထား စာချုပ်စာတမ်းမရှိသည့် အတွက်ကြောင့် ဖမ်းဆီးခံရပြီး တရားရုံးရောက်မှ ဆက်လက်ဖြေရှင်းကြရပါသည်။ ဘယ်လိုဖြေရှင်းမလဲ ကွာရှင်းပြီးကြောင်း သက်သေထင်းရှားပြသပြီး ခိုင်လုံပါက ဆက်လက်အရေးယူခြင်းမခံရဘဲ အမှုမှ လွတ်မှာ ဖြစ်ပါသည်။

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေသည် မူလဥပဒေဖြစ်ပြီး တစ်လင်တစ်မယားဥပဒေသည် အထူးဥပဒေ ဖြစ်ပါသည်။ အထူးဥပဒေသည် မူလဥပဒေကို လွှမ်းမိုးသည့်အတွက် စာချုပ်စာတမ်းဖြင့် တရားဝင်ကွာရှင်း စာချုပ်ဖြင့် လက်မှတ်ထိုးထားမှသာ တစ်လင်တစ်မယားဥပဒေဖြင့် အရေးယူခံရခြင်းမှ လွတ်ကင်းနိုင်မှာ ဖြစ်ပါသည်။ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ မယားအများအပြားယူခွင့်ရှိသော်လည်း တစ်လင်တစ်မယားဥပဒေ ပေါ်ပေါက်ပြီးနောက်ပိုင်းတွင် မယားအများအပြားယူခြင်းကို တားမြစ်ထားပါသည်။ နောက်မိန်းမထပ်ယူလျှင် ထောင်ဒဏ်ချမှတ်ခံရနိုင်ပါသည်။

ထို့ကြောင့် ကွာရှင်းမည်ဆိုလျှင် တရားရုံးတွင် နှစ်ဦးသဘောတူကွာရှင်းမှသာ အကောင်းဆုံးသတ်သေ အထောက်အထားဖြစ်မှာပါ။ ထို့နည်းတူဘဲ လက်ထပ်စာချုပ်လက်မှတ်ထိုးရာတွင် တရားရုံးတွင် တရားသူကြီး ရှေ့မှောက်တွင် ကတိသစ္စာဆိုပြီး လက်မှတ်ရေးထိုးခြင်းသည် အကောင်းဆုံးသော သက်သေအထောက် အထားဖြစ်ပါကြောင်း ဥပဒေဗဟုသုတရရှိစေရန် ရေးသားဖော်ပြအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]











နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
မြေလွတ်၊မြေလပ်၊မြေရိုင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေလွတ်၊မြေလပ်၊မြေရိုင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အကြောင်းအရာများ...
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အကြောင်းအရာများ...
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service