ရုရှား၏ Covid-19 ကာကွယ်ဆေးကို ဗီယက်နမ်ဝယ်ယူရန် စာရင်းပေးသွင်း

ရုရှား၏ Covid-19 ကာကွယ်ဆေးကို ဗီယက်နမ်ဝယ်ယူရန် စာရင်းပေးသွင်း - Property News in Myanmar from iMyanmarHouse.com
15 Aug 2020 11:39 am တွင် တင်ခဲ့သည်
705 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဗီယက်နမ်နိုင်ငံသည် ရုရှားက ထုတ်လုပ်သည့် ကမ္ဘာ့ပထမဆုံး Covid-19 ကာကွယ်ဆေးကို ဝယ်ယူရန် စာရင်းပေးသွင်းလိုက်ပြီ ဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြားက သတင်းထုတ်လွှင့်လိုက်သည်။

ဗီယက်နမ်သည် ပြည်တွင်းကူးစက်မှုမရှိဘဲ လပေါင်းများစွာ ရပ်တည်ဖြတ်သန်းခဲ့ပြီး မကြာသေးမီက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ ပြန်လည်ပေါ်ပေါက်လာပြီးနောက် ယခုကဲ့သို့ စီစဉ်လိုက်ခြင်းလည်း ဖြစ်သည်။

ပြီးခဲ့သော ဗုဒ္ဓဟူးနေ့တွင် ရုရှားက ထုတ်ပြန်ကြေညာခဲ့သည်မှာ ကမ္ဘာ့ပထမဆုံး Covid-19 ကာကွယ်ဆေးကို ရက်သတ္တ ၂ ပတ်အတွင်း ထုတ်လုပ်သွားမည်ဟု ကြေညာခဲ့သည်။

ကမ္ဘာ့ဆေးဘက်ကျွမ်းကျင်ပညာရှင်များက ရုရှား၏ ကာကွယ်ဆေးသည် အဆင့် ၃ စမ်းသပ်မှုဖြစ်သော လူထောင်ပေါင်းများစွာဖြင့် စမ်းသပ်မှုများ မပြုလုပ်ရသေးမီ ဆေးမထုတ်လုပ်သင့်သေးကြောင့် ဝေဖန်ကြသော်လည်း ရုရှားက ပယ်ချခဲ့သည်။

ရုရှားထံမှ ကာကွယ်ဆေးဝယ်ယူသည့်နည်းတူ တချိန်တည်းမှာပင် ဗီယက်နမ်က စမ်းသပ်နေသော Covid-19 ကာကွယ်ဆေးကိုလည်း ဆက်လက်စမ်းသပ်ကာ ထုတ်လုပ်နိုင်ရန် ကြိုးပမ်းနေမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ကြေညာချက်ကို ဗီယက်နမ်နိုင်ငံပိုင် ရုပ်မြင်သံကြားဌာန (VTV) က ကြေညာခဲ့သည်။

ဗီယက်နမ်သတင်းစာ Tuoi Tre က ဖော်ပြရာတွင် ကာကွယ်ဆေး သန်း ၅၀ မှ ၁၅၀ ဝယ်ယူရန် စာရင်းပေးသွင်းခဲ့ကြောင်း၊ အချို့ကို ရုရှားက လှူဒါန်းခြင်းဖြစ်ပြီး ကျန်ပမာဏကိုမူ ဝယ်ယူသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ကာကွယ်ဆေး မည်သည့်အချိန်တွင် ရရှိမည်၊ ဝယ်ယူမှုအတွက် မည်မျှကုန်ကျမည်ကိုမူ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခြင်း မရှိချေ။

ပြီးခဲ့သောလအတွင်း ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားရာတွင် ပြည်တွင်းတွင်ထုတ်လုပ်နေသည့် ကာကွယ်ဆေးမှာ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ရရှိနိုင်မည်ဖြစ်ကြောင်း ကြေညာထားသည်။

ဗီယက်နမ်သည် ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှု အစောပိုင်းကာလများကတည်းက ဖိဖိစီးစီး စမ်းသပ်မှု၊ ထိတွေ့မှုခြေရာခံခြင်းနှင့် quarantine ဝင်စေခြင်းများကို ကြပ်မတ်ခဲ့ရာ ရောဂါထိန်းချုပ်နိုင်ခဲ့ခြင်းအပေါ် ကမ္ဘာ့နိုင်ငံများ၏ ချီးမွမ်းခြင်းခံခဲ့ရသည်။

သို့သော် မကြာသေးမီကာလများကမူ နာမည်ကျော် ကမ္ဘာလှည့်ခရီးသည်ဝင်ရောက်ရာနေရာဖြစ်သည့် Danang မြို့ကြီးမှစတင်ပြီး နေရာအနှံ့အပြားတွင် ရောဂါကူးစက်မှုများ ပေါ်ပေါက်ခဲ့ရာ ထိန်းချုပ်နိုင်ရန် ပြန်လည်ရုန်းကန်နေရသည်။

ဗီယက်နမ်တွင် စုစုပေါင်း Covid-19 ကူးစက်ခံရသူ ၉၁၁ ဦးရှိခဲ့ပြီး ၂၁ ဦးသေဆုံးခဲ့သည်။

ဗီယက်နမ်ဝန်ကြီးချုပ် Nguyen Xuan Phue က ပြောကြားရာတွင် ပိုမိုကျယ်ပြန့်သည့် ကူးစက်မှုများ ဖြစ်နိုင်ချေ အလွန်မြင့်မားနေပြီး လာမည့်ရက်အနည်းငယ်သည် အလွန်အရေးကြီးကြောင်း ပြောကြားသည်။

ဗီယက်နမ် ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေးအဖွဲ့ ခေါင်းဆောင် Vu Due Dam က ပြောကြားရာတွင် ကိုရိုနာဗိုင်းရပ်စ်နှင့်အတူ ဘေးကင်းအောင် အတူတကွနေထိုင်ရေးမှလွဲပြီး ဗီယက်နမ်တွင် လက်ရှိအချိန်၌ ရွေးချယ်စရာမရှိကြောင်း ပြောကြားသည်။

“ကျွန်တော်တို့ဟာ ဆင်းရဲတဲ့နိုင်ငံသာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအစီအမံတွေကို အကောင်အထည်ဖော်နေရတာ ဖြစ်ပါတယ်။ ဒါကြောင့် လူတိုင်းဟာ သတိနဲ့ နေဖို့လိုပါတယ်။ ဗိုင်းရပ်စ်မကူးစက်အောင် ဘယ်လိုကာကွယ်ရမယ်ဆိုတာ သိရပါမယ်” ဟု Vu Due Dam က ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Vietnam to buy Russian COVID-19 vaccine (Reuters)

[Zawgyi]

႐ုရွား၏ Covid-19 ကာကြယ္ေဆးကို ဗီယက္နမ္ဝယ္ယူရန္ စာရင္းေပးသြင္း

ဗီယက္နမ္ႏိုင္ငံသည္ ႐ုရွားက ထုတ္လုပ္သည့္ ကမာၻ႔ပထမဆုံး Covid-19 ကာကြယ္ေဆးကို ဝယ္ယူရန္ စာရင္းေပးသြင္းလိုက္ၿပီ ျဖစ္ေၾကာင္း ႏိုင္ငံပိုင္႐ုပ္ျမင္သံၾကားက သတင္းထုတ္လႊင့္လိုက္သည္။

ဗီယက္နမ္သည္ ျပည္တြင္းကူးစက္မႈမရွိဘဲ လေပါင္းမ်ားစြာ ရပ္တည္ျဖတ္သန္းခဲ့ၿပီး မၾကာေသးမီက ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈမ်ား ျပန္လည္ေပၚေပါက္လာၿပီးေနာက္ ယခုကဲ့သို႔ စီစဥ္လိုက္ျခင္းလည္း ျဖစ္သည္။

ၿပီးခဲ့ေသာ ဗုဒၶဟူးေန႔တြင္ ႐ုရွားက ထုတ္ျပန္ေၾကညာခဲ့သည္မွာ ကမာၻ႔ပထမဆုံး Covid-19 ကာကြယ္ေဆးကို ရက္သတၱ ၂ ပတ္အတြင္း ထုတ္လုပ္သြားမည္ဟု ေၾကညာခဲ့သည္။

ကမာၻ႔ေဆးဘက္ကြၽမ္းက်င္ပညာရွင္မ်ားက ႐ုရွား၏ ကာကြယ္ေဆးသည္ အဆင့္ ၃ စမ္းသပ္မႈျဖစ္ေသာ လူေထာင္ေပါင္းမ်ားစြာျဖင့္ စမ္းသပ္မႈမ်ား မျပဳလုပ္ရေသးမီ ေဆးမထုတ္လုပ္သင့္ေသးေၾကာင့္ ေဝဖန္ၾကေသာ္လည္း ႐ုရွားက ပယ္ခ်ခဲ့သည္။

႐ုရွားထံမွ ကာကြယ္ေဆးဝယ္ယူသည့္နည္းတူ တခ်ိန္တည္းမွာပင္ ဗီယက္နမ္က စမ္းသပ္ေနေသာ Covid-19 ကာကြယ္ေဆးကိုလည္း ဆက္လက္စမ္းသပ္ကာ ထုတ္လုပ္ႏိုင္ရန္ ႀကိဳးပမ္းေနမည္ျဖစ္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန၏ ေၾကညာခ်က္ကို ဗီယက္နမ္ႏိုင္ငံပိုင္ ႐ုပ္ျမင္သံၾကားဌာန (VTV) က ေၾကညာခဲ့သည္။

ဗီယက္နမ္သတင္းစာ Tuoi Tre က ေဖာ္ျပရာတြင္ ကာကြယ္ေဆး သန္း ၅၀ မွ ၁၅၀ ဝယ္ယူရန္ စာရင္းေပးသြင္းခဲ့ေၾကာင္း၊ အခ်ိဳ႕ကို ႐ုရွားက လႉဒါန္းျခင္းျဖစ္ၿပီး က်န္ပမာဏကိုမူ ဝယ္ယူသြားမည္ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။

ကာကြယ္ေဆး မည္သည့္အခ်ိန္တြင္ ရရွိမည္၊ ဝယ္ယူမႈအတြက္ မည္မွ်ကုန္က်မည္ကိုမူ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ျခင္း မရွိေခ်။

ၿပီးခဲ့ေသာလအတြင္း က်န္းမာေရးဝန္ႀကီးဌာနက ေၾကညာထားရာတြင္ ျပည္တြင္းတြင္ထုတ္လုပ္ေနသည့္ ကာကြယ္ေဆးမွာ ၂၀၂၁ ခုႏွစ္ ႏွစ္ကုန္ပိုင္းတြင္ ရရွိႏိုင္မည္ျဖစ္ေၾကာင္း ေၾကညာထားသည္။

ဗီယက္နမ္သည္ ကို႐ိုနာဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔မႈ အေစာပိုင္းကာလမ်ားကတည္းက ဖိဖိစီးစီး စမ္းသပ္မႈ၊ ထိေတြ႕မႈေျခရာခံျခင္းႏွင့္ quarantine ဝင္ေစျခင္းမ်ားကို ၾကပ္မတ္ခဲ့ရာ ေရာဂါထိန္းခ်ဳပ္ႏိုင္ခဲ့ျခင္းအေပၚ ကမာၻ႔ႏိုင္ငံမ်ား၏ ခ်ီးမြမ္းျခင္းခံခဲ့ရသည္။

သို႔ေသာ္ မၾကာေသးမီကာလမ်ားကမူ နာမည္ေက်ာ္ ကမာၻလွည့္ခရီးသည္ဝင္ေရာက္ရာေနရာျဖစ္သည့္ Danang ၿမိဳ႕ႀကီးမွစတင္ၿပီး ေနရာအႏွံ႔အျပားတြင္ ေရာဂါကူးစက္မႈမ်ား ေပၚေပါက္ခဲ့ရာ ထိန္းခ်ဳပ္ႏိုင္ရန္ ျပန္လည္႐ုန္းကန္ေနရသည္။

ဗီယက္နမ္တြင္ စုစုေပါင္း Covid-19 ကူးစက္ခံရသူ ၉၁၁ ဦးရွိခဲ့ၿပီး ၂၁ ဦးေသဆုံးခဲ့သည္။

ဗီယက္နမ္ဝန္ႀကီးခ်ဳပ္ Nguyen Xuan Phue က ေျပာၾကားရာတြင္ ပိုမိုက်ယ္ျပန႔္သည့္ ကူးစက္မႈမ်ား ျဖစ္ႏိုင္ေခ် အလြန္ျမင့္မားေနၿပီး လာမည့္ရက္အနည္းငယ္သည္ အလြန္အေရးႀကီးေၾကာင္း ေျပာၾကားသည္။

ဗီယက္နမ္ ကို႐ိုနာဗိုင္းရပ္စ္ထိန္းခ်ဳပ္ေရးအဖြဲ႕ ေခါင္းေဆာင္ Vu Due Dam က ေျပာၾကားရာတြင္ ကို႐ိုနာဗိုင္းရပ္စ္ႏွင့္အတူ ေဘးကင္းေအာင္ အတူတကြေနထိုင္ေရးမွလြဲၿပီး ဗီယက္နမ္တြင္ လက္ရွိအခ်ိန္၌ ေ႐ြးခ်ယ္စရာမရွိေၾကာင္း ေျပာၾကားသည္။

“ကြၽန္ေတာ္တို႔ဟာ ဆင္းရဲတဲ့ႏိုင္ငံသာျဖစ္ၿပီး ကို႐ိုနာဗိုင္းရပ္စ္ တိုက္ဖ်က္ေရးအစီအမံေတြကို အေကာင္အထည္ေဖာ္ေနရတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ လူတိုင္းဟာ သတိနဲ႔ ေနဖို႔လိုပါတယ္။ ဗိုင္းရပ္စ္မကူးစက္ေအာင္ ဘယ္လိုကာကြယ္ရမယ္ဆိုတာ သိရပါမယ္” ဟု Vu Due Dam က ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Vietnam to buy Russian COVID-19 vaccine (Reuters)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……………...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးနေ...
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးနေ...
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျောင်းတက်ခဲ့ကာ အသက် ၂၅ နှစ်တွင် ဆေးတက္ကသိုလ်ကျောင်းသား ဖြစ်လာသော လူငယ်တစ်ဦးအကြောင်း...

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ အိမ်ရာချေးငွေစနစ်ဖြင့် ဝယ်ယူရန်လျှောက်ထားန...
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ အိမ်ရာချေးငွေစနစ်ဖြင့် ဝယ်ယူရန်လျှောက်ထားန...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service