ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှ စတင်ကာရန်ကုန်မြို့အိမ်ခြံမြေဈေးကွက်အတွင်း
ဈေးနှုန်းများမြင့်တက်သွားခြင်းကြောင့် အိမ်ခြံမြေပူဖောင်းပေါက်နိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။ လက်ရှိမှာတော့ ရန်ကုန်အိမ်ခြံမြေ ဈေးကွက်အတွင်းမှာ ဈေးနှုန်းတွေက တန်းနေပြီး ရန်ကုန်မြို့ တစ်ဖက်ကမ်း မြို့နယ်ဖြစ်တဲ့ ဒလမြို့နယ်နှင့် ကြည့်မြင်တိုင်တစ်ဖက်ကမ်းတွင် ရန်ကုန်မြို့သစ်စီမံကိန်းတွေကို စတင်မယ်လို့ လွှတ်တော်က အတည်ပြုပြီးနောက်ပိုင်း မှာ အိမ်ခြံမြေဈေးနှုန်းများ ပြန်လည်လှုပ်လာသည်။
ယင်းနှင့်ပတ်သက်ပြီး ပြည်သူတွေသိရှိနိုင်ဖို့အတွက် မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှု အသင်း အထွေထွေအတွင်းရေးမှူး ဒေါ်မို့မို့အောင်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို တင်ပြလိုက်ပါသည်။
''ပြည်သူအတွက်အစိုးရပဲ လုပ်ပေးနိုင်တယ်။ အစိုးရက လုပ်ပေးမယ်ဆိုရင် အိမ်၊ ခြံ၊မြေဈေးနှုန်းတွေကျသွားနိုင်တယ်''
သင်းအိအိပိုင်တွေ့ဆုံမေးမြန်းသည်။
မေး - လက်ရှိရန်ကုန်မြို့ရဲ့အိမ်၊ ခြံ၊ မြေဈေးကွက်အနေ အထားကို သိချင်ပါတယ်။
ဖြေ - အိမ်၊ ခြံ၊ မြေ ဈေးနှုန်းတွေက ၂ဝ၁၄ တုန်း က တက်တာတော့ မှန်တယ်။ အခု ၂ဝ၁၅ မှာ အိမ်၊ ခြံ၊ မြေဈေးနှုန်းက အေးနေတဲ့ကာလဖြစ်နေ တယ်။ အငှား ဈေးကွက်တွေက သွက်သွက်လက်လက် အငှားဖြစ်နေ တယ်။ အခုသုံးလမှာတော့ အငှားဈေးကွက်တွေလဲ အေးသွားတယ်။ လက်ရှိအိမ်၊ ခြံ၊ မြေ ဈေးနှုန်းတွေက လဲအေးနေဆဲပါ။
မေး - အိမ်၊ ခြံ၊ မြေဈေးနှုန်းတွေက ဘယ်လိုအချိန်မျိုး မှာ ဈေးနှုန်း အတက်အကျ ပြောင်းလဲလာနိုင်လဲ။
ဖြေ - ၂ဝ၁၅ မှာ ရွေးကောက်ပွဲရှိတဲ့အခါ အပြောင်း အလဲတွေရှိတယ်။ အပြောင်းအလဲတွေရှိတဲ့အပေါ်မူ တည်ပြီး အိမ်၊ ခြံ၊ မြေဈေးနှုန်းတွေလဲ ပြောင်းလဲ သွားမယ်ထင်တယ်။ လူတွေရဲ့ ငွေပိုငွေလျှံရှိလို့ အိမ်၊ ခြံ၊ မြေဝယ်ထားတယ်။ စုဆောင်းထားတာပေါ့။ နိုင်ငံတကာ ကနေစောင့်ကြည့် နေ တဲ့အပေါ် ဘယ်သူတွေကရင်းနှီး မြှုပ်နှံမလဲ။ ရင်းနှီးမြှုပ်နှံတဲ့အပေါ်မူ တည်ပြီး အိမ်၊ ခြံ၊ မြေ အတက်အကျပြောင်းလဲသွားနိုင်တယ်။ ၂ဝ၁၅ ပြီး တော့မှ သေသေချာချာပိုပြီးတော့ ကွဲကွဲပြားပြားသိနိုင် မယ်။
မေး - အခုဒလတို့ကြည့်မြင်တိုင်တို့မှာ တံတားထိုး တာ၊ မြို့သစ်စီမံကိန်းတွေ ကြောင့် အိမ်၊ ခြံ၊ မြေအနေ အထားတွေက ဘယ်လိုဖြစ်လာနိုင်မလဲ။
ဖြေ - ၂ဝ၁၄တုန်းက အိမ်၊ ခြံ၊ မြေ ဈေးနှုန်းတွေ ဒလ၊ တွံတေး၊ ကော့မှူးတို့ ဘက်မှာ ဈေးတွေတက်တာက မြို့ သစ်စီမံကိန်းကြောင့်ပေါ့။ အခုကတံတား ထိုး မယ် ဆိုတဲ့ အစီအစဉ်ကြောင့် ဈေးတွေတက်တာပါ။ ဈေးတက်တာ မှာ ဒလရဲ့ဈေးနှုန်းက ကြီးမြင့်လွန်းတယ်။ လူတွေရဲ့စီး ပွားရေးလုပ်ငန်းတွေမှာ တခြားစီးပွားရေးလုပ်ငန်းတွေ ကမကောင်းဘူး။ တခြားစီးပွားရေးလုပ်ငန်းတွေက မကောင်း တဲ့အခါ ဒီအိမ်၊ ခြံ၊ မြေ ဈေးကွက်ထဲမှာ လာမြှုပ်နှံ တယ်။ အခုအိမ်၊ ခြံ၊ မြေဈေးကွက်က လဲအေးတယ်။ ဒလမှာ တံတားထိုးမယ်ဆိုတဲ့အခါ လူတွေကနည်းနည်း တော့ အရောင်းအဝယ်ကောင်းလာမလားဆိုပြီး ရင်းနှီး မြှုပ်နှံမှုပေါ့။ ရင်းနှီးမြှုပ်နှံတဲ့ အခါမှာ သေချာစဉ်းစား ဖို့လိုတယ်။ Develop ဖြစ်တဲ့နေရာနဲ့ Develop မဖြစ် တဲ့နေရာဘယ်မှာ ရင်းနှီးမြှုပ်နှံမလဲပေါ့။ develop ဖြစ်တဲ့နေရာမှာ သိန်း ၅ဝဝ၊ develop မဖြစ်တဲ့နေရာ မှာသိန်း ၁ဝဝဝ ဆိုရင် ရင်းနှီးမြှုပ်နှံမှု သင့်လား၊ မသင့် လားဘူးဆိုတာ ကိုယ့်ဘာသာပဲစဉ်းစားဖို့လိုတယ်။
မေး - နိုင်ငံတော်စီမံကိန်းတွေက အိမ်ခြံမြေဈေးကွက်အ တွက် ဘယ် အကျိုးသက်ရောက်လဲ။
ဖြေ - ဒီနေရာမှာစီမံကိန်းရှိတယ်။ ဒီနေရာမှာ project ရှိတယ်ဆိုရင် ဈေးနှုန်းတွေလိုက်တက်နေတာပေါ့။ဥပမာ ဒလတံတားကြီးထိုးမယ်။ ဒလတံတားကြီးဘယ်တော့ ထိုးမှာလဲ။ ဘယ်လောက်နဲ့အပြီးထိုးမှာလဲ။ ဒီမြေကွက် တစ်ကွက်ကို ဘယ်နှနှစ်ရင်းနှီးမြှုပ်နှံထားရမလဲ။ ပေ ၄ဝx ပေ ၆ဝ အကွက်ကို ဘယ်လောက်ရင်းနှီးမြှုပ်နှံထားရ မလဲ။တစ်ဧကကိုဘယ်လောက်ရင်းနှီးမြှုပ်နှံထားမလဲ။နောက်သုံးနှစ်ကြာမှ ဒီတံတားကြီးပြီးလို့ စည်ကားသွား ရင် ဒီမြေဈေးကဘယ်လောက်ဖြစ်လာမလဲဆိုတဲ့ ဒီလိုမျိုး တွေတွက်ချက်တတ်ဖို့လိုမယ်။
မေး-အိမ်၊ ခြံ၊ မြေဈေးနှုန်းတွေပြန်ကျဖို့ ဘာတွေလုပ်ဖို့ လိုအပ်ပါလဲ။
ဖြေ - ကြီးမြင့်နေတဲ့ဈေးတွေ ပြန်ကျနိုင်မလားဆိုတော့ပြန် မကျနိုင်ဘူး။ ကာလတစ်ခုကို ရောက်တဲ့အခါ ဈေးတန်း တစ်ခုကတန်းနေတဲ့ သဘောဖြစ်နေတယ်။ ပြန်မကျလာ ဘူး။ ဒါပေမဲ့ အိမ်ရာတွေအများကြီး ဖော်ဆောင်မယ် ဆိုရင် ပြန်ကျလာနိုင်တယ်။ ဆိုတဲ့သဘောက အငှားဈေး ကွက်အတွက် အငှားတိုက်ခန်းတွေ၊ အငှားအိမ်ရာတွေ ဆောက်လုပ်မယ် ဆိုရင် ဈေးတစ်မျိုးကျသွားနိုင်တယ်။ဒီလိုပဲ အိမ်ရာတွေဖော်ဆောင်တယ်။ မြို့သစ်တွေဖော် ဆောင်တယ်။ မြို့သစ်တွေဖော်ဆောင်တဲ့အခါမှာလမ်း တွေမီးတွေတံတားတွေ၊ တယ်လီဖုန်းစနစ်တွေ၊ ကောင်း ဖို့လဲလိုတယ်။ အဲဒီစနစ်တွေကောင်းမှသာလျှင်ပြည် သူကသွားနေလို့ရမှာပေါ့။ စနစ်မကောင်းရင် နေလို့မရ ဘူး။ အဲဒါမျိုးတွေလုပ်ပေးမှသာ အိမ်ရာဈေးနှုန်း တွေ ကျသွားမှာပေါ့။ ပြည်သူတွေနေလို့ရအောင် လုပ်ပေးရင် ပြည်သူတွေ သွားနေ မယ်ပေါ့။ မြို့ထဲမှာပဲစုပြုံပြီးမနေ တော့ဘဲ ဈေးကွက်ပြန့်သွားတာ ပေါ့။ ဒါတွေကိုတကယ်တမ်းလုပ်ပေးနိုင်တာက ပြည်သူအတွက်အစိုးရပဲ လုပ် ပေးနိုင်တယ်။ အစိုးရကလုပ်ပေးမယ်ဆိုရင် အိမ်၊ ခြံ၊ မြေဈေးနှုန်းတွေ ကျသွားနိုင်တယ်။
မေး - အိမ်၊ ခြံ၊ မြေဈေးနှုန်းတွေကို ထိန်းချုပ်ဖို့တစ် ပေပတ်လည် ဈေးနှုန်း တွေသတ်မှတ်
မယ်ပြောတယ်။အရင်ကလဲသတ်မှတ်ဖူးပေမယ့် ပြင်ပပေါက်ဈေးနဲ့မတူညီဘူး။အခုသတ်မှတ်မှာကရောတကယ်
ထိရောက် မှာလား။
ဖြေ - တကယ်တမ်းက အခွန်နှုန်းထားတွေကသတ် မှတ်တယ်။ ဂရန်မြေတွေ ကို နာမည်ပြောင်းမယ်။ ဘိုး ဘွားမြေတွေကို နာမည်ပြောင်းမယ်။ အခွန်နှုန်းသတ် မှတ်တဲ့အခါမှာ သူတို့ကအခွန်အရင်ဆောင်ရတာ။ အခွန် ဆောင်ပြီးမှ တံဆိပ်ခေါင်းကပ်ရတာ။ တံဆိပ်ခေါင်းကပ် ပြီးမှ စာချုပ်ကြီး ချုပ်ရတာ။ တစ်ဆင့်ပြီးတစ်ဆင့် အခွန် ကရနေပြီးသားပေါ့။ နာမည်ပြောင်း မယ် ဆိုရင်ပေါ့လေ။နာမည်မပြောင်းရင်တော့မရဘူး။ ဒီတစ်ပေဈေးနှုန်းတွေ သတ်မှတ်တာကလဲ သူတို့သတ်မှတ်တဲ့ ဈေးနှုန်းတွေ ၁ဝဝ နဲ့ ဝယ်တယ်ပြော ပေမယ့်လဲ သူတို့ ၁၅ဝ ဆိုရင် ၁၅ဝ နဲ့ ဆောင်ရမှာပဲ။ အန်တီတို့က ၁ဝဝ လို့ဝယ်ပေ မယ့် ၈ဝ ဆိုလဲဆောင်ရမှာပဲ။ အဲဒါကအခွန်ရဖို့ အစိုးရအတွက် အများကြီးထိရောက်တာပေါ့။ နာမည် ပြောင်းတဲ့လူတွေက အခွန်ဆောင်ပြီးမှပြောင်းရမှာလေ။
မေး - အိမ်၊ ခြံ၊ မြေရောင်းဝယ်တဲ့အခါ အခွန်နှုန်းတွေ လျှော့ချလိုက်တာက အိမ်၊ ခြံ၊ မြေအပေါ်အကျိုးသက် ရောက်မှုရှိလား။ အဲဒီအပေါ် ဘယ်လိုမြင်ပါလဲ။
ဖြေ - အခုဝယ်ထားတဲ့သူတွေက အများကြီးရှိတယ်။ Special Power, General Power တွေနဲ့နေကြတယ်။ အရပ်စာချုပ်တွေနဲ့နေကြတယ်။ ဒီလူတွေ အနေနဲ့ နိုင်ငံ တော်ကအခွန်တွေဈေးချပေးတဲ့အချိန်မှာမိမိနာမည် ပေါက်ဖြစ်ရေးအတွက် အခွန်ဆောင်ပြီးနာမည်ပြောင်း လိုက်တာက အကောင်းဆုံးပါပဲ။ အန္တရာယ်ကင်းတာ ပေါ့။ အရှုပ်အရှင်းတွေကင်းတယ်။ ဝယ်ထားတဲ့သူဆီက Special Power, General Power ယူထားအဲဒီလူက သေသွားတဲ့ အခါကျတော့ သူရဲ့အမွေဆက်ခံခွင့်တွေက ရှုပ်ထွေးလာနိုင် တယ်။ ဒီလိုနာမည်ပြောင်းပြီးနာမည် ပေါက်နေတဲ့အခါ ရှုပ်ထွေးမှုတွေကနည်းသွားနိုင်တယ်ပေါ့။ စောင့်ကြည့်တဲ့ကာလဖြစ်တဲ့အတွက် လူတွေက အများ ကြီးရင်းနှီးမမြှုပ်နှံကြဘူး။
မေး - အခြားဘာများပြောချင်ပါလဲ။
ဖြေ - တကယ်နေမယ့်သူတွေက ဒီအချိန်မှာဝယ်သင့် တယ်။ ဈေးက အတက်အကျ လဲမကြမ်းဘူး။ မိမိစိတ် ကြိုက်ရွေးပြီး ဝယ်သင့်တယ်။ ဝယ်တဲ့အခါမှာ တိုက်ခန်း ဝယ်သူပဲဖြစ်ဖြစ် မြေဝယ်သူပဲဖြစ်ဖြစ် မိမိနာမည်ပေါက် ဖြစ်အောင်လုပ်သင့်ပါတယ်။ ဒါကနောင်တစ်ချိန်မှာ ပြဿနာဖြစ်စေတာ လျော့ကျလာမယ်။ ဒဂုံမြို့သစ်တို့ လို ဒဂုံဆိပ်ကမ်းတို့လို မြေကွက်ဝယ်ရင် သေချာစည်ပင် မှာစစ်ပါ။ အိုးအိမ်ဆိုလဲ အိုးအိမ်မှာသေချာစစ်ပါ။ အပြင်မှာ အတုတွေအများကြီးထွက်နေတာရှိတယ်။ အတု ကိုဝယ်မိတဲ့အခါမှာ ရှေ့ဆက်ပြဿနာတွေတက်ပြီး တ ရားရုံး ရင်ဆိုင်တာတွေဖြစ်လာမယ်။ ဒါကြောင့် အခွန်မ ကြောက်ဘဲ အခွန်ဆောင်ပြီး မိမိနာမည်ပေါက်ဖြစ်အောင် လုပ်ပါ။
အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်
Credit: Democracy Today