ရန်ကုန်မြို့တွင် မြို့ပြရွှေ့ပြောင်း အခြေချနေထိုင်မှု များပြားလာမှုနှင့် တိုးပွားလာသည့် လူဦးရေအတွက် အိမ်ရာလိုအပ်ချက် မြင့်တက်လျက်ရှိရာ ရန်ကုန်မြို့တွင် ယခုနှစ်အတွင်းတန်းဖိုးနည်းနှင့် တန်ဖိုးသင့်အိမ်ရာ အခန်းပေါင်း ၁၇၀၀၀ ကျော် ဆောက်လုပ်သွားရန် မြို့ရွာနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ စီစဉ်ထားကြောင်း သိရသည်။
အဆိုပါ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကို ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ၂ ခု၊ ဒဂုံတောင်၊ သင်္ဃန်းကျွန်း၊ မင်္ဂလာဒုံမြို့နယ်တွင်၂ခု၊သန်လျင်နှင့်လှိုင်သာယာမြို့နယ်
တို့တွင်အကောင်အထည်ဖော်တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့သည် လူဦးရေ ထူထပ်များပြားလာသည့်အတွက် အိမ်ရာလိုအပ်ချက်လည်း မြင့်တက်လျက် ရှိနေကြောင်း၊ သို့သော် အခြားတဖက်တွင် မြေယာဈေးနှုန်းများ
မြင့်တက်နေမှုကြောင့် အိမ်ရာစီမံကိန်းများ အကောင်အထည်ဖော်ရန် အတားအဆီးများ ရှိနေကြောင်း၊ ဥပမာအားဖြင့် တန်ဖိုးနည်း အိမ်ရာသည်ပင်လျှင်
သိန်း ၂၀၀ ၀န်းကျင်ရှိနေသည့်အတွက် ရန်ကုန်မြို့တွင် အိုးပိုင်အိမ်ပိုင်ဖြစ်ရန် ခဲယဉ်းနေကြောင်း သိရသည်။
ယခုနောက်ပိုင်းတွင် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့် ချိတ်ဆက်ကာ ၀င်ငွေနည်း ပြည်သူများအိမ်ဝယ်ယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိသည်။
Credit: Daily Eleven