ဘတ်စ်ကားခပင် မတတ်နိုင်သောကြောင့် လမ်းလျှောက်နေရသူတို့နေထိုင်ရာ၊ ဆန္ဒမဲပေးလျှင်လည်း မိမိတို့ဘဝကို မည်သို့မှ ပြောင်းလဲပေးနိုင်မည်မဟုတ်ဟု ယုံကြည်ထားကာ မဲပေးသူအလွန်နည်းလှသော အင်္ဂလန်က မြို့ကလေး

ဘတ်စ်ကားခပင် မတတ်နိုင်သောကြောင့် လမ်းလျှောက်နေရသူတို့နေထိုင်ရာ၊ ဆန္ဒမဲပေးလျှင်လည်း မိမိတို့ဘဝကို မည်သို့မှ ပြောင်းလဲပေးနိုင်မည်မဟုတ်ဟု ယုံကြည်ထားကာ မဲပေးသူအလွန်နည်းလှသော အင်္ဂလန်က မြို့ကလေး - Property News in Myanmar from iMyanmarHouse.com
22 May 2024 1:44 pm တွင် တင်ခဲ့သည်
579 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်္ဂလန်နိုင်ငံ၊ တေးလ်ဘူရီမြို့ကလေးတွင် မြို့ကောင်စီမှာ ပေါင် ၁ ဒသမ ၃ ဘီလီယံ ကြွေးတင်နေပြီး ဝန်ဆောင်မှုများကို အနိမ့်ဆုံးအဆင့်အထိ လျှော့ချအားရမှုနှင့်အတူ ပြည်သူအများစုမှာလည်း ဆန္ဒမဲပေးရန် မလာကြချေ။

အက်ဆက်ခရိုင်ရှိ ဆိပ်ကမ်းမြို့ကလေးဖြစ်ပြီး ဈေးဆိုင်များမှာ ဘုတ်ပြားများဖြင့် ရိုက်ကာကာ ဆိုင်ပိတ်ထားပြီး အရက်ဆိုင်မရှိသည့်အပြင် အများသုံးအိမ်သာများလည်း မရှိ။

တေးလ်ဘူရီသည် အင်္ဂလန်တွင် ရွေးကောက်ပွဲများ၌ မဲပေးသူအနည်းဆုံး နေရာများတွင် တစ်ခုအပါအဝင် ဖြစ်သည်။

(အက်ဆက်ခရိုင် တေးလ်ဘူရီမြို့။ ဓာတ်ပုံ-Peter Jordan)

(ရာဇဝတ်မှု ထူပြောသောကြောင့် ဆိုင်များပိတ်ထားကြရာ အရက်ဆိုင်များလည်း မရှိချေ။ ဓာတ်ပုံ-Peter Jordan)

လန်ဒန်၏ အကြီးမားဆုံး သင်္ဘောဆိပ်တည်ရှိရာ နေရာဖြစ်ပြီး ပင်လယ်ကူးသင်္ဘောများ ရပ်နားကြကာ Amazon ၏ ကြီးမားသော ဖြန့်ချိရေးစင်တာကြီး တစ်ခုတည်ရှိသော်လည်း တေးလ်ဘူရီ၏ အလုပ်လက်မဲ့နှုန်းမှာ တစ်နိုင်ငံလုံး ပျမ်းမျှ အလုပ်လက်မဲ့နှုန်းထက် ၂ ဆ နီးပါးခန့် ရှိသည်။

သုတေသန တွေ့ရှိမှု အသစ်တစ်ခုအရ အဆင်းရဲဆုံး နေရာများသည် ချမ်းသာသော နေရာများထက် ဆန္ဒမဲပေးမှု နည်းပါးကြောင်း တွေ့ရှိခဲ့သည်။

တေးလ်ဘူရီတွင် ယခုအခြေအနေ ကြုံတွေ့နေရသည်မှာ ကာလကြာမြင့်ခဲပြီ ဖြစ်သည်။

၁၉၄၈ ခုနှစ်တွင် ကာရေဘီယံဒေသမှ ရွှေ့ပြောင်းအခြေချသူများ လှေကြီးတစ်စင်းဖြင့် ဤဒေသသို့ ရောက်လာခဲ့သည်။

ယခင်က ဒေသတွင်း ရွေးကောက်ပွဲများတွင် လူဦးရေ၏ ၂၀ ရာခိုင်နှုန်းခန့်သာ ဝင်ရောက်မဲပေးခဲ့ကြသည်။

ပြီးခဲ့သော ရက်သတ္တပတ်က တေးလ်ဘူရီမြို့ St Chads လမ်းတွင် နေထိုင်သူများ ဆန္ဒမဲပေးခဲ့ကြသည်။

ထိုဒေသသည် အင်္ဂလန်တွင် အဆင်းရဲဆုံးနေရာများ၌ တစ်ခုအပါအဝင် ဖြစ်သည်။

နိုင်ငံရေးသမားတို့၏ လျစ်လျူရှုခြင်းခံရသည်ဟု ဆင်းရဲသော ဒေသခံတို့ ခံစားကြရသည်။

သို့သော် မဲပေးသည့် ပမာဏမှာ ၁၈ ဒသမ ၇ ရာခိုင်နှုန်းသာ ရှိသည်။ ဒေသတွင်း အလုပ်လက်မဲ့တစ်ဦးဖြစ်သူ အသက် ၅၇ နှစ်အရွယ်ရှိ Martin Howlett က The Sun သတင်းစာ တစ်စောင်ကိုင်ထားရင်း ပြောသည်မှာ ပြီးခဲ့သော ဒီဇင်ဘာလကတည်းက Universal credit payment အထောက်အပံ့ မရတော့သောကြောင့် မိမိ၏ ကား၊ မော်တော်ဆိုင်ကယ်နှင့် caravan တို့ကို ရောင်းချခဲ့ရကြောင်း ပြောသည်။

(မှတ်ချက်။ Universal Credit Payment မှာ အင်္ဂလန်နှင့် စကော့တလန်တို့တွင် ဝင်ငွေနည်းပါးသူ၊ အလုပ်မရှိသူ၊ အလုပ်မလုပ်နိုင်သူတို့ကို လစဉ်ထောက်ပံ့သောငွေဖြစ်ပြီး ပေါင် ၃၀၀ မှ ပေါင် ၆၀၀ အထိ အမျိုးမျိုးရှိသည်။ သာဓကအားဖြင့် အိမ်ထောင်ဖက်ရှိပြီး ၂ ဦးလုံးမှာ အသက် ၂၅ နှစ်အထက်ဆိုပါက လစဉ် ၂ ဦးလုံးကို ၆၁၇ ဒသမ ၆၀ ပေါင် ထောက်ပံ့ပေးသည်)

Martin Howlett သည် လန်ဒန်လူနာတင်ယာဉ်ဝန်ဆောင်မှုတွင် technician အဖြစ် မကြာသေးမီက လုပ်ကိုင်ခဲ့ သည်။

“ ကျွန်တော် မဲမပေးပါဘူး။ အဲဒါက ဘာကိုမှ ပြောင်းလဲမပေးနိုင်ပါဘူး။ ကျွန်တော်တစ်သက်လုံး အလုပ်လုပ်ခဲ့ တယ်။ အခုချိန်မှာ အိမ်ခြံမြေချေးငွေ ပြန်လည်ပေးသွင်းဖို့ ရုန်းကန်နေရပါတယ်” ဟု Martin က ပြောသည်။

“ပြီးခဲ့တဲ့ ဒီဇင်ဘာကတည်းက universal credit payment မရပါဘူး။ ကျွန်တော့်ကား၊ caravan နဲ့ မော်တော်ဆိုင်ကယ်တွေ ရောင်းလိုက်ရပါတယ်”

“အဖေက ကင်ဆာနဲ့ သေအံ့မူးမူးဖြစ်နေပါတယ်။ ကျွန်တော် ဆေးရုံကို လမ်းလျှောက်သွားရတယ်။ ဘတ်စ်ကားခ မတတ်နိုင်လို့ပါ ”

(မိမိတွင် ပိုင်ဆိုင်သမျှ အားလုံးကို ရောင်းလိုက်ရကြောင်း Martin Howlett က The Sun သတင်းဌာနသို့ ပြောသည်။ ဓာတ်ပုံ-Peter Jordan)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Too poor to ride a bus & hounded by yobs who attack homeless… tragic life inside crumbling UK town ‘forgotten’ by world (thesun)

Photo Credit: Peter Jordan

[Zawgyi]

ဘတ္စ္ကားခပင္ မတတ္ႏိုင္ေသာေၾကာင့္ လမ္းေလွ်ာက္ေနရသူတို႔ေနထုိင္ရာ၊ ဆႏၵမဲေပးလွ်င္လည္း မိမိတို႔ဘဝကို မည္သို႔မွ ေျပာင္းလဲေပးႏိုင္မည္မဟုတ္ဟု ယံုၾကည္ထားကာ မဲေပးသူအလြန္နည္းလွေသာ အဂၤလန္က ျမိဳ႕ကေလး

အဂၤလန္ႏိုင္ငံ၊ ေတးလ္ဘူရီျမဳိ႕ကေလးတြင္ ျမဳိ႕ေကာင္စီမွာ ေပါင္ ၁ ဒသမ ၃ ဘီလီယံ ေၾကြးတင္ေနျပီး ဝန္ေဆာင္မႈမ်ားကို အနိမ့္ဆံုးအဆင့္အထိ ေလွ်ာ့ခ်အားရမႈႏွင့္အတူ ျပည္သူအမ်ားစုမွာလည္း ဆႏၵမဲေပးရန္ မလာၾကေခ်။

အက္ဆက္ခရိုင္ရွိ ဆိပ္ကမ္းျမဳိ႕ကေလးျဖစ္ျပီး ေစ်းဆိုင္မ်ားမွာ ဘုတ္ျပားမ်ားျဖင့္ ရိုက္ကာကာ ဆိုင္ပိတ္ထားျပီး အရက္ဆိုင္မရွိသည့္အျပင္ အမ်ားသံုးအိမ္သာမ်ားလည္း မရွိ။

ေတးလ္ဘူရီသည္ အဂၤလန္တြင္ ေရြးေကာက္ပြဲမ်ား၌ မဲေပးသူအနည္းဆံုး ေနရာမ်ားတြင္ တစ္ခုအပါအဝင္ ျဖစ္သည္။

(အက္ဆက္ခရိုင္ ေတးလ္ဘူရီျမဳိ႕။ ဓာတ္ပံု-Peter Jordan)

(ရာဇဝတ္မႈ ထူေျပာေသာေၾကာင့္ ဆိုင္မ်ားပိတ္ထားၾကရာ အရက္ဆုိင္မ်ားလည္း မရွိေခ်။ ဓာတ္ပံု-Peter Jordan)

လန္ဒန္၏ အၾကီးမားဆံုး သေဘၤာဆိပ္တည္ရွိရာ ေနရာျဖစ္ျပီး ပင္လယ္ကူးသေဘၤာမ်ား ရပ္နားၾကကာ Amazon ၏ ၾကီးမားေသာ ျဖန္႔ခ်ိေရးစင္တာၾကီး တစ္ခုတည္ရွိေသာ္လည္း ေတးလ္ဘူရီ၏ အလုပ္လက္မဲ့ႏႈန္းမွာ တစ္ႏိုင္ငံလံုး ပ်မ္းမွ် အလုပ္လက္မဲ့ႏႈန္းထက္ ၂ ဆ နီးပါးခန္႔ ရွိသည္။

သုေတသန ေတြ႔ရွိမႈ အသစ္တစ္ခုအရ အဆင္းရဲဆံုး ေနရာမ်ားသည္ ခ်မ္းသာေသာ ေနရာမ်ားထက္ ဆႏၵမဲေပးမႈ နည္းပါးေၾကာင္း ေတြ႔ရွိခဲ့သည္။

ေတးလ္ဘူရီတြင္ ယခုအေျခအေန ၾကံဳေတြ႔ေနရသည္မွာ ကာလၾကာျမင့္ခဲျပီ ျဖစ္သည္။

၁၉၄၈ ခုႏွစ္တြင္ ကာေရဘီယံေဒသမွ ေရႊ႕ေျပာင္းအေျခခ်သူမ်ား ေလွၾကီးတစ္စင္းျဖင့္ ဤေဒသသို႔ ေရာက္လာခဲ့သည္။

ယခင္က ေဒသတြင္း ေရြးေကာက္ပြဲမ်ားတြင္ လူဦးေရ၏ ၂၀ ရာခုိင္ႏႈန္းခန္႔သာ ဝင္ေရာက္မဲေပးခဲ့ၾကသည္။

ျပီးခဲ့ေသာ ရက္သတၱပတ္က ေတးလ္ဘူရီျမဳိ႕ St Chads လမ္းတြင္ ေနထုိင္သူမ်ား ဆႏၵမဲေပးခဲ့ၾကသည္။

ထိုေဒသသည္ အဂၤလန္တြင္ အဆင္းရဲဆံုးေနရာမ်ား၌ တစ္ခုအပါအဝင္ ျဖစ္သည္။

ႏိုင္ငံေရးသမားတို႔၏ လ်စ္လ်ဴရႈျခင္းခံရသည္ဟု ဆင္းရဲေသာ ေဒသခံတုိ႔ ခံစားၾကရသည္။

သို႔ေသာ္ မဲေပးသည့္ ပမာဏမွာ ၁၈ ဒသမ ၇ ရာခုိင္ႏႈန္းသာ ရွိသည္။ ေဒသတြင္း အလုပ္လက္မဲ့တစ္ဦးျဖစ္သူ အသက္ ၅၇ ႏွစ္အရြယ္ရွိ Martin Howlett က The Sun သတင္းစာ တစ္ေစာင္ကိုင္ထားရင္း ေျပာသည္မွာ ျပီးခဲ့ေသာ ဒီဇင္ဘာလကတည္းက Universal credit payment အေထာက္အပံ့ မရေတာ့ေသာေၾကာင့္ မိမိ၏ ကား၊ ေမာ္ေတာ္ဆိုင္ကယ္ႏွင့္ caravan တို႔ကို ေရာင္းခ်ခဲ့ရေၾကာင္း ေျပာသည္။

(မွတ္ခ်က္။ Universal Credit Payment မွာ အဂၤလန္ႏွင့္ စေကာ့တလန္တို႔တြင္ ဝင္ေငြနည္းပါးသူ၊ အလုပ္မရွိသူ၊ အလုပ္မလုပ္ႏိုင္သူတို႔ကို လစဥ္ေထာက္ပံ့ေသာေငြျဖစ္ျပီး ေပါင္ ၃၀၀ မွ ေပါင္ ၆၀၀ အထိ အမ်ဳိးမ်ဳိးရွိသည္။ သာဓကအားျဖင့္ အိမ္ေထာင္ဖက္ရွိျပီး ၂ ဦးလံုးမွာ အသက္ ၂၅ ႏွစ္အထက္ဆိုပါက လစဥ္ ၂ ဦးလံုးကို ၆၁၇ ဒသမ ၆၀ ေပါင္ ေထာက္ပံ့ေပးသည္)

Martin Howlett သည္ လန္ဒန္လူနာတင္ယာဥ္ဝန္ေဆာင္မႈတြင္ technician အျဖစ္ မၾကာေသးမီက လုပ္ကိုင္ခဲ့ သည္။

“ ကၽြန္ေတာ္ မဲမေပးပါဘူး။ အဲဒါက ဘာကိုမွ ေျပာင္းလဲမေပးႏိုင္ပါဘူး။ ကၽြန္ေတာ္တစ္သက္လံုး အလုပ္လုပ္ခဲ့ တယ္။ အခုခ်ိန္မွာ အိမ္ျခံေျမေခ်းေငြ ျပန္လည္ေပးသြင္းဖို႔ ရုန္းကန္ေနရပါတယ္” ဟု Martin က ေျပာသည္။

“ျပီးခဲ့တဲ့ ဒီဇင္ဘာကတည္းက universal credit payment မရပါဘူး။ ကၽြန္ေတာ့္ကား၊ caravan နဲ႔ ေမာ္ေတာ္ဆိုင္ကယ္ေတြ ေရာင္းလိုက္ရပါတယ္”

“အေဖက ကင္ဆာနဲ႔ ေသအံ့မူးမူးျဖစ္ေနပါတယ္။ ကၽြန္ေတာ္ ေဆးရံုကို လမ္းေလွ်ာက္သြားရတယ္။ ဘတ္စ္ကားခ မတတ္ႏိုင္လို႔ပါ ”

(မိမိတြင္ ပိုင္ဆိုင္သမွ် အားလံုးကို ေရာင္းလိုက္ရေၾကာင္း Martin Howlett က The Sun သတင္းဌာနသို႔ ေျပာသည္။ ဓာတ္ပံု-Peter Jordan)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Too poor to ride a bus & hounded by yobs who attack homeless… tragic life inside crumbling UK town ‘forgotten’ by world (thesun)

Photo Credit: Peter Jordan

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်လံစားသောက်နေပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်လံစားသောက်နေပုံ နာမည်ကြီးနေ...
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက်ရိုက်ပျံ့နှံ့နေ...
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက်ရိုက်ပျံ့နှံ့နေ...
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ အွန်လိုင်းမှ ရောင်းချရာ နာရီဝက်အတွင်း ဒေါ်လာ ၃ သန်းဖိုး ရောင်းရမှု ပြည်မကြီးတွင် နာမည်ကြီးနေ...

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒေါ်လာ ၂၈၃ သန်းဖြင့် ဝယ်ယူ...
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒေါ်လာ ၂၈၃ သန်းဖြင့် ဝယ်ယူ...
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူများအတွက် ကိုယ်စားတန်းစီပေးသည့် ကုမ္ပဏီတစ်ခု တည်ထောင်လာနိုင်ပုံ...
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူများအတွက် ကိုယ်စားတန်းစီပေးသည့် ကုမ္ပဏီတစ်ခု တည်ထောင်လာနိုင်ပုံ...
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြောင်ကလေးနှင့်အတူ ကမ္ဘာပတ်နေပုံ...
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြောင်ကလေးနှင့်အတူ ကမ္ဘာပတ်နေပုံ...
ထိုင်းနိုင်ငံရဲ့ ထိပ်တန်းလည်ပတ်ဖွယ်နေရာ အစည်းကားဆုံး အန်းဖဝ ရေပေါ်ဈေး
ထိုင်းနိုင်ငံရဲ့ ထိပ်တန်းလည်ပတ်ဖွယ်နေရာ အစည်းကားဆုံး အန်းဖဝ ရေပေါ်ဈေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
The Vista Luxury Residance
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service