အိမ်ခြံမြေ အမေးဖြေများ

အိမ်ခြံမြေအမေးအဖြေ ရှာရန်

အသိတစ်ယောက်က သူအိမ်ဝယ်ထားတာ အနှစ် - (၂၀) ကျော်လောက်ရှိပါပြီ။ ဂရန်မြေပါ သူဝယ်တုန်း က ဂရန်အမည်ပေါက်နဲ့ အရောင်းအဝယ်မှာ လက်မှတ်ထိုးဝယ်ခဲ့တာပါ။ ဂရန်မှာ သူ့အမည်ပေါက် မလုပ်ခဲ့မိပါဘူး။ အခုသူပြန်ရောင်းမယ်ဆိုရင် ဘာတွေလုပ်ဆောင်ရမလဲ သိချင်ပါတယ်။ ဂရန်အမည်ပေါက်နဲ့လည်း အဆက်အသွယ်မရှိတော့၍ ဖြစ်ပါသည်။

မေးသူ - Nwe Thazin

အနှစ် - ( ၂၀ )ကျော် နေထိုင်ပြီး ဂရန်အမည်ပေါက် ပြောင်းလဲခြင်း မဆောင်ရွက်ခဲ့ဘူးဆိုတော့ အရပ်ကတိအရောင်းအဝယ် စာချုပ်ချုပ်ဆိုပြီး နောက်ပိုင်းမှာ မှတ်ပုံတင် အရောင်းအဝယ်စာချုပ်ရော ချုပ်ဆိုခဲ့ပါသေးလား မှတ်ပုံတင်အရောင်းအဝယ်စာချုပ် ချုပ်ဆိုပြီးဆိုလျှင်တော့...

မိဘများကွယ်လွန်ပြီးနောက်သားသမီးများအမည်ပေါက်ပိုင်ဆိုင်မှု ပြောင်းလဲ လျှောက်ထားပြီးချိန်တွင် ဆက်ခံသူ သားသမီးများမှ ၎င်းအိမ်/မြေအတွက် အခွန်ပေးဆောင်ရသေးပါလား။ ဆောင်ရလျှင် မည်သည့်နှုန်းထားဖြင့် ဆောင်ရပါသလဲ အား ဖြေကြားပေးပါခင်ဗျာ။ကျေးဇူးတင်ပါတယ်။

မေးသူ - U Aye Moe Myint

အမည်ပေါက်ကွယ်လွန်ပါက အမွေဆက်ခံပိုင်ဆိုင်ခွင့်ရှိသူ သားသမီးများမှ ပိုင်ဆိုင် မှု ခိုင်မာစေရန် ဥပဒေအတိုင်း အမည်ပြောင်းလျှောက်ထားမှု ဆောင်ရွက်ရန် လိုပါသည်။ အမည်ပြောင်း လျှောက်ထားသည့်အခါ အမွေဆက်ခံသူများမှ မြေပုံ / မြေရာဇဝင် ကူးယူရမည်ဖြစ်ပါသည်။...

မေးခွန်းလေး မေးခွင့်ပြုပါခင်ဗျ။ ကျွန်တော်သိချင်တာလေးက ကျွန်တော့်အမေက နောက်အိမ်ထောင်ပြုလိုက်တယ် ၊ နောက်အိမ်ထောင်နဲ့ရတော့လဲ အမေက ဦးစီးလုပ်ကိုင်လာရင်းနဲ့ လယ်ယာမြေလေးတွေ ရလာပါတယ်။ ရလာတဲ့ လယ်ယာမြေရဲ့ပုံစံ(၇)ကလဲ အမေ့ရဲ့အမည်ပေါက်ပါ။ အခုအမေက ကျွန်တော့်ကို ‌‌အမွေပေးခဲ့ချင်တာပါ အဲ့ဒါ အမေ့တစ်‌‌ဦးတည်းသဘောဖြင့် ပုံစံ(၇)လွှဲပေးလို့ ရ /မရ သိချင်တာပါခင်ဗျာ။

မေးသူ - အေးမင်းဟိန်း

ပုံစံ - ၇ ဆိုသည်မှာ လယ်ယာမြေလုပ်ပိုင်ခွင့် အသိအမှတ်ပြု လက်မှတ်ဖြစ်ပါသည်။ အမှန်တကယ် လယ်ယာမြေအား လုပ်ကိုင်သော အိမ်ထောင်စု မိသားစုကိုသာ လယ်ယာ မြေလုပ်ပိုင်ခွင့် ပုံစံ - ၇ ထုတ်ပေးပါသည်။ နည်းဥပဒေပုဒ်မ- ၈(၄)အရ အမှန်တကယ် လယ်ယာမြေအား လုပ်ပိုင်ခွင့်ရရှိသူ...

(ပေ 30 x ပေ 60) မြေကွက်ကို ပုံစံ ၇ အမည်ပြောင်းလျှောက်ရန် အခွန် ဆောင်လျှင် ဘယ်လောက်ကုန်ကျမည်နည်း။

မေးသူ - Thazin

စိုက်ပျိုးမြေအဖြစ် သတ်မှတ်ထားသော မြေအမျိုးအစားသာ ပုံစံ-(၇) ထွက်ရှိပါသည်။ စိုက်ပျိုး မြေအမျိုးအစားမှာ လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ၊ တောင်ယာမြေ၊ နှစ်ရှည်ပင်စိုက်ပျိုးသောမြေ၊ ဓနိမြေ၊ ဥယျာဉ်မြေ၊ ဟင်းသီးဟင်းရွက် ပန်းမန် စိုက်ပျိုးသောမြေ ၊...

ကျွန်‌‌တော်တို့ မြေကွက်သည် ဂုတ်ကွက်အဖြစ် တည်ရှိ‌ပြီး ၎င်းတို့အတွက် ထွက်ပေါက်သည် ကိုယ်ပိုင်လမ်း(၁)ခုသာ အဖိုးလက်ထက်ကတည်းက အသုံးပြုကြသည့်တိုင် လမ်းထိပ်မျက်နှာစာရှိ မြေကွက်မှာလဲ တစ်ဝမ်းကွဲ ညီအကိုများ ပိုင်ဆိုင်ကြရာ ထိုကိုယ်ပိုင်လမ်းအား နားလည်မှုဖြင့် အသုံးပြုခွင့်‌‌ပေးထားသော်လည်း ထိုတစ်ဝမ်းကွဲညီအကိုများဧ။် မြေကွက်ရှေ့တွင် အများပိုင်လမ်းရှိလျက်နှင့် အသုံးမပြုကြပါ။ယခုအခါ ၎င်းတို့မြေကွက် ခွဲခြမ်းစိတ်ဖြာရောင်းချကြတော့မည်ဆိုပါက ၎င်းတို့သည် အများပိုင်လမ်းတွင် ဂိတ်ပေါက်အသစ်ဖောက်၍ လမ်းဖော်ရမည်ကို ငြင်းဆိုနေပြီး ကျွန်တော်တို့တရားဝင်ပိုင်ဆိုင်သော ထိုကိုယ်ပိုင်လမ်းကိုသာအသုံးပြုရန် အတင်းအကျပ် တောင်းဆိုနေပါသည်။ထို့ကြောင့်....မြေကွက်ခွဲခြမ်းခြင်းရာလမ်းအသုံးပြုခြင်းနှင့်ဆက်လျှင်း၍ ရန်ကုန်မြို့တော်စည်ပင် သာယာရေးဥပဒေတွင် ပြဌာန်းထားသည့် ဥပဒေရည်ညွှန်းချက်များရှိခဲ့လျှင် လင်းပေးစေချင်ပါသည်။

မေးသူ - ကိုရဲ

မြေကွက်ခွဲစိတ်ခြင်းများ လျှောက်ထားသည့်အခါ မြေကွက်စုစုပေါင်းအကျယ်အဝန်း စုစုပေါင်း ပေအကျယ်-(၁၂၀၀) စတုရန်းပေ ၊ မျက်နှာစာအနည်းဆုံး-(၂၀)ပေ ကျန်မြေကွက်မှာလဲ မျက်နှာစာ အနည်းဆုံး-၂၀ပေ ရှိရန်လိုပါသည်။ အခြားမြေအမျိုးအစားများ ဖြစ်ပါက (၁၂၀၀)စတုရန်းပေ မပြည့်လဲ...