Properties Questions and Answers

ရွာမြေအမျိုးစားကိုဝယ်ယူသင့်မသင့်ဖြေကြားပေးပါ။ မေမြို့ဖက်တွင်ရောင်းချနေသောမြေကွက်များ ကိုအစိုးရကတရားဝင်အသိမှတ်ပြုထားခြင်းရှိမရှိသိချင်ပါသည်။

ေမးသူ - Ko Arkar

[Unicode] ရွာမြေ ဆိုတာ လူနေရပ်ကွက်အတွင်းမှာရှိနေတဲ့ မြေကွက်ကို ရွာမြေလို့ခေါ်ကြပါတယ်။ မြေကွက်ဝယ်မယ်ဆိုရင် မြေစာရင်းဦးစီးဌာနကို အရင်စုံစမ်းဖို့ လိုပါသည်။ တရားဝင်နေထိုင်ခွင့်ရနိုင်တဲ့မြေအဖြစ် သတ်မှတ်ထားခြင်း ရှိ၊မရှိ ဦးစွာ...

အိမ်ခြံမြေဝယ်ရာတွင်အဝယ်မမှားစေရန်နှင့်စိတ်ချသေချာမှုရှိစေရန်ရောင်းသူထံမှရှေ့နေနှင့်အတူမ ည်သည့်စာရွက်စာတမ်းများကိုတောင်းယူစစ်ဆေးသင့်ပါသလဲ။ သတင်းစာကြေငြာရာတွင် ၁၄ရက်( သို့) ၇ ရက်စောင့်ကြည့်ရပါသလား။ ဝယ်သူကိုယ်တိုင်ကကြေငြာတာနဲ့ဝယ်သူ၏ရှေ့နေကကြေငြာတာ ဘယ်ဟာကဘောင်ဝင်ပါသလဲ။ဂရန်နှင့်အမည်ပေါက်မှန်မမှန်စစ်ရန်အတွက်စည်ပင်သို့လျှောက်ထားရာတွင်မည်သည့်စာရွက်စာတမ်းများလိုအပ်ပါသလဲ။မည်မျှကြာမြင့်ပါသလဲ။စည်ပင်ကိုရောင်းသူလိုက်ဖို့လိုအပ်ပါသလား။ငွေဘယ်လောက်သွင်းရပါသလဲ။ဂရန်အမည်ပေါက်ရောင်းသူထံမှ SP ကိုမည်သည့်အဆင့်မှ စတင်ယူသင့်ပါသလဲ။ရာဖြတ်ရုံးမတင်မှီယူသင့်လား။စာချုပ်ရုံးမတင်မှီယူသင့်လား။SPအတွက်စာချုပ်ရုံးမှရယူရေးအတွက်မည်သည့်စာရွက်စာတမ်းလိုအပ်ပါသလဲ။ဘယ်လောက်ကြာပါသလဲ။ငွေဘယ်လောက်သွင်းရပါသလဲ။တိုက်အသစ်ပါသောခြံကိုဝယ်သောအခါရောင်းသူထံမှ Bcc, ရေ မီး အစရှိသည့် Permit များရယူဖို့လိုအပ်ပါသလား။

ေမးသူ - U Htay Kywel

[Unicode] ဂရန်မြေဝယ်ယူလိုပါက စရန်ငွေမပေးမီ ဂရန်မိတ္တူကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ/ အထွေထွေအုပ်ချုပ်ရေးမှူးရုံးဌာနများတွင် ဂရန်တွင်ပါသည့်မူလအမည်ပေါက် မှန်/မမှန်၊ ဂရန်ထုတ်ပေးထားခြင်းရှိ/မရှိဦးစွာ စစ်ဆေးပါ။ ကနဦးမူလပိုင်ရှင် အမည်ပေါက် (FIRST...

တိုက်ခန်းမြေညီထပ် ဝယ်ယူမည်ဆိုပါကမြေကြီးပါအပိုင်ရတာလား၊ အဆောက်အအုံတစ်တိုက်လုံး ပြိုကြ သွားပါက ထိုမြေကွက်ကိုမြေညီထပ်ကို ဝယ်ထားတဲ့လူပိုင်ဆိုင်ပါသလား၊ ဒါမှမဟုတ်ဘယ်လိုလဲပေါ့နော်၊ အဲ့ဒါနဲ့ ပတ်သတ်ပြီးသိခြင်လို့ပါ၊ ကျးဇူးပြု၍ဖြေကြားပေးပါ။

ေမးသူ - Zin Min Oo

[Unicode] တိုက်ခန်းဆိုသည်မှာ ယင်းတိုက်ခန်းအား တန်ဖိုးတစ်ရပ်ဖြင့်ပေးဝယ်၍ နေထိုင်ခွင့်နှင့် ထပ်ဆင့် လွှဲပြောင်း၊ ငှားရမ်းပိုင်ခွင့်ရှိသော အိမ်ငှားတစ်ဦးဖြစ်ပါသည်။ ၁၉၆၀ ခုနှစ်၊ မြို့ပြဆိုင်ရာငှားရမ်းခ ကြီးကြပ်ရေး အက်ဥပဒေနှင့်အကျုံးဝင်သဖြင့် ဝယ်ယူသူသည်...

နှစ်ရှည်ပင်စိုက်ပျိုးရန်အတွက် အစိုးရဆီကခြံမြေလျောက်ထားရန် ဘာတွေလိုပါသလဲရှင့်။ ပြီးတော့ အချိန်ဘယ်လောက်ကြာမြင့်နိုင်ပါသလဲရှင့်။ အစိုးရဆီမှာအာမခံကြေးကဘယ်လိုပေးသွင်းရတာပါလဲရှင့်။

မေးသူ - Khin Mon

[Zawgyi]   ပုဂ္ဂလိကစိုက်ခင်းကို နိုင်ငံသားတိုင်း လျှောက်ထားနိုင်ပါတယ်။ ကျွန်းစိုက်မယ်ဆိုရင်တော့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို ခွင့်ပြုချက်လျှောက်ထားရမှာဖြစ်ပါတယ်။ ပုဂ္ဂလိက သစ်မာနဲ့ အခြားစိုက်ခင်းဧက ၅၀ အထိ လျှောက်ထားမယ်ဆိုရင်...

မင်္ဂလာဒုံမြို့နယ် ပတ္တမြားမြို့သစ်မှာဘိုဘွားပိုင်မြေကို ပေ 15'x ပေ 50' ခွဲရောင်းပါတယ်။ အဲဒါဝယ်ချင်လို့ ဘာတွေ လိုအပ်ပါသလဲ။ ဆောင်ရန်ရှောင်ရန်လေးသိချင်ပါတယ်။ စာချုပ်ချုပ်ဆိုရာမှာ ဘာတွေလိုပြီး အသိသက်သေ ဘယ်နှစ်ယောက်လိုပါသလဲ။ ရယကတံဆိပ်တုံးနဲ့လက်မှတ်ရောလိုပါသလား။

မေးသူ - Min Zin Latt

ဘိုးဘွားပိုင်မြေဆိုတာ မြေအမျိုးအစားအားဖြင့် မြေပိုင်မြေများဖြစ်ပါတယ်။ ပိုင်ဆိုင်မှုတည်ရှိတဲ့ မြေအမျိုးအစား အဖြစ်ပါတယ်။ ဘိုးဘွားပိုင်မြေများသည် မှတ်ပုံတင် အရောင်းအဝယ်စာချုပ်ဖြင့် ဝယ်ယူနေထိုင်သူများ၊ အရပ်စာချုပ်အဆင့်ဆင့်ဖြင့်...

စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် ပေးဆောင်ရသော တံဆိပ်ခေါင်းခွန်နှင့် မှတ်ပုံတင်ခများကို သိပါရစေ။ ကာလတန်ဖိုးစီစစ်ရေးမှသတ်မှတ်သောမြေတန်ဖိုးမှာ သိန်း ၇၀၀ ဖြစ်၍ ပေ၂၀ x ပေ ၆၀ တစ်ထပ် RC တိုက်တစ်လုံး ပါဝင်ပါသည်။ မြေတန်ဖိုးအပြင် အဆောက်အဦအတွက်ပါ တံဆိပ်ခေါင်းခွန် မှတ်ပုံတင်ခပေးရပါသလား။ ကာလတန်ဖိုးသတ်မှတ်ပေးရေးအတွက် တိုင်းသို့တိုက်ရိုက်တင်ရပါသလား။ မြို့နယ်အခွန်ရုံးမှတဆင့် သွားရပါသလား။

မေးသူ - U Htay Kywe

[Unicode] မရွှေ့မပြောင်းနိုင်သောပစ္စည်းများဖြစ်သည့် အိမ်ခြံမြေကို ဝယ်ယူမည်ဆိုလျှင် အောက်ပါအတိုင်း တံဆိပ်ခေါင်းခွန်နှင့် မှတ်ပုံတင်ခ ပေးဆောင်ရမှာဖြစ်ပါတယ်။ ပစ္စည်းတန်ဖိုးအပေါ် တံဆိပ်ခေါင်းခွန် ၄ရာခိုင်နှုန်း၊ မှတ်ပုံတင်ခ ၀.၅ ရာခိုင်နှုန်း ဖြင့်...

တစ်ခုလောက်အကူအညီတောင်းချင်လို့ပါ။ 3B မြေကွက်ဝယ်မလို့ ဘာတွေစစ်ရမလဲမသိလို့ပါ။ စာရွက်စာတမ်း ကမှန်မမှန် ဘယ်လိုစစ်ရမလဲခင်ဗျ။ ပြီးတော့ ဘာတွေတောင်းယူထားရမလဲစာချုပ်ချုပ်ရင် နောက်ပြီး ဂရန်မြေ လျောက်လို့ရနိုင်မလားသိချင်လို့ပါ။

မေးသူ - Pyae Phyo Kyaw

၃(ခ)ဆိုတဲ့မြေကို ရှေးဦးစွာ ရှင်းပြပါမယ်။ ၁၉၅၃ ခုနှစ် ၊ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေ ပုဒ်မ ၃ (ခ)အရ အကျုံးမ၀င်သောမြေကိုဆိုလိုပြီး ၂၀၁၂ခုနှစ်၊ လယ်ယာမြေဥပဒေပြဌာန်းပြီး ၁၉၅၃ ခုနှစ် ၊ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေကို...

ဒဂုံဆိပ်ကမ်းမှာ စလစ်ပြားမူရင်းနဲ့ဆက်စပ်စာချုပ်တော့ရှိတယ် ၁၀ ပေတွေခွဲရောင်းထားတယ် ၃ကွက်ရှိမယ်။ အခု ၁၀ပေ ဝယ်ဖို့အိမ်ပါတယ်၊ မီတာပါတယ်၊ မြေခွန်စာရွက်ပါတယ် ဝယ်ရင်ခိုင်မာမှုရှိ/မရှိ သိလိုပါတယ်။

ေမးသူ - Yan Naing Soe

[Unicode] စလစ်မြေဆိုတာ အိမ်ဆောက်လုပ်နေထိုင်ခွင့်ရထားတဲ့ မြေအမျိုးအစားဖြစ်တယ်။ များသောအားဖြင့်တော့ လယ်ယာမြေဥယျာဉ်ခြံမြေတွေကို သက်ဆိုင်ရာဌာန ဒါမှမဟုတ် အစိုးရက မြေချပေးတဲ့‌ မြေအမျိုးအစားပါ။ သက်ဆိုင်ရာမြေစာရင်းဦးစီးဌာနကချပေးတဲ့...

(၂၀'×၆၀') နှစ် ၆၀ ဂရန်ရှိသော်လည်း မီးတားမြေပေါ်က အကွက်ဖြစ်သည့်အတွက် အဆောက်အဦဆောက်ရန် လမ်းအတွင်းရှိလူများက လက်မခံပါသဖြင့် ဝယ်ပြီး အဆောက်အဦဆောက်လုပ်ခွင့်ရရန် မည်သို့ ဆက်လုပ်ရမည့်အကြောင်း ၊ဝယ်သင့်မဝယ်သင့် ဖြေကြားပေးပါခင်ဗျာ။

မေးသူ - U Soe Naing

[Unicode] မီးတားမြေဆိုတာ အများပြည်သူပိုင်မြေအမျိုးအစားထဲက တစ်ခုဖြစ်ပါတယ်။ မီးတားမြေဆိုတာ မီးဘေး အန္တရာယ်ကြုံလာပါက ရပ်ကွက်တစ်ခုနှင့်တစ်ခု မီးမကူးစေရန်၊ မီးသတ်ကန်ထားရှိရန်၊ မီးသတ်ရာတွင် မီးသတ်ကားများဝင်ထွက်သွားလာနိုင်ရန်၊...

ပုံစံ ၇ ပါမြေကွက်ဝယ်ယူပြီးမွေးမြူရေးလုပ်ကိုင်လို့ရပါသလား။မွေးမြူရေးအတွက် အဆောက်အအုံဆောက်လုပ်လို့ရပါသလား။ မွေးမြရေးလုပ်ငန်းအတွက်ပြသနာရှိနိုင်သလားသိချင်ပါတယ်ခင်ဗျာ။

မေးသူ - Ko Htee

လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇)ရရှိထားသည့် လယ်ယာမြေကို မွေးမြူရေးလုပ်ကိုင်လိုလျှင် အခြားနည်းသုံးစွဲခွင့်လျှောက်ထားရမှာဖြစ်ပါတယ်။ အခြားနည်းအသုံးပြုခွင့် လ/ယ ၃၀ကို မြို့နယ်လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့်စာရင်းအင်းဦးစီးဌာနတွင်...