Properties Questions and Answers

ဘိုးဘွားပိုင်မြေကွက်ကို ဝယ်ယူလို့ပါက မည့်သည့်စာရွက်စာတမ်းများ တောင်းယူရန်လိုအပ်ပါသလဲ ?

ေမးသူ - Aung Aung Oo

[Unicode] ဘိုးဘွားပိုင်မြေကွက်ဝယ်ယူလိုပါက ဘိုးဘွားဘီဘင်လက်ထက်ကတည်းက ပိုင်ဆိုင်နေထိုင်လာခဲ့သည့် အမည်ပေါက်ထံမှ တိုက်ရိုက်ဝယ်ယူနိုင်ပါက ပို၍ခိုင်မာမှုရှိပါသည်။ ယခုနောက်ပိုင်းရောင်းချသော ဘိုးဘွားပိုင်မြေကွက်များသည် မြေအမည်ပေါက်ထံမှ...

လယ်ကောက်မြေအမျိုးစာအကြောင်ဖြေးပေးပါ။

မေးသူ - ကိုဆန်း

[Unicode] မြေ အမျိုးအစားတွေ အကြောင်း ဗဟုသုတ အနေနဲ့ သိထားသင့်ပါတယ်၊ သိချင်ကြ ပါတယ်။ မြေအမျိုးအစားအလိုက် သတ်မှတ်ထားမှုတွေ ရေတွက်ရရင် အများကြီးပါ။ ဒါပေမဲ့ မြေစာရင်း လက်စွဲ ဥပဒေမှာတော့ စိုက်ပျိုးမြေနှင့် စိုက်ပျိုးခြင်း မပြုသော အခြားမြေများလို့ အဓိက (၂)...

အိမ်ရောင်းချင်ပါတယ်၊ ကျွန်မတစ်ဦးတည်း အမည်ပေါက်ပါရှင်၊ ကျွန်မလုပ်အားနင့်ဝယ်ထားတဲ့အိမ်ပါ၊ ယောက်ကျားအမည်မပါဘူး၊ ရောင်းရင် ယောက်ကျား ကန့်ကွက်လို့ရရဲ့လား၊ သိချင်လို့ပါရှင်။

ေမးသူ - Ma Nyo Nyo Khaing

[Unicode] အိမ်အရောင်းအဝယ် ပြုလုပ်ဆောင်ရွက်စဉ်ကာလ အိမ်ထောင်ပြုထားခြင်း ရှိ/မရှိဆိုသည့် အချိန်ကာလနှင့်လည်း စပ်ဆိုင်မှု ရှိပါသည်။ အိမ်ထောင်မပြုခင် အချိန်ကာလက မိမိလုပ်အားခနှင့် ဝယ်ယူထားသည့် သက်သေပြနိုင်ပါက လက်ထက်ပွားပစ္စည်းဝယ်ယူထားခြင်း မဟုတ်ကြောင်း...

ဘိုးဘွားပိုင် ဉယဉ်ခြံ မြေဆိုပီး အရောင်း တင်ထားပါတယ်၊ လေးထောင့်ကန် ဖက်မှာပါ၊ တရားဝင် ဝယ်ယူ ပိုင်ဆိုင်နိုင်ပါသလားခင်ဗျ၊ ၄၀x၆၀ ပေ အကွက်ပါ။ တရားဝင်ဝယ်ယူ ပိုင်ဆိုင် အိမ်ဆောက်လုပ်နေထိုင် နိုင်ရန် ဝန်ဆောင်မှု ပေးပါသလားခင်ဗျာ၊ ဘယ်လောက်ယူပါသလဲဆိုတာ လဲသိခြင်ပါတယ်။

ေမးသူ - U Htun Lwin

[Unicode] ဥယျာဉ်ခြံမြေတွေက လယ်ယာမြေထဲမှာပါဝင်တယ်။ မြေစာရင်းဌာနမှာ ဥယျာဉ်ခြံမြေလို့ အမည်ပေါက်နေပေမယ့် လူနေရပ်ကွက်အတွင်း ရောက်နေတဲ့မြေကွက်တွေလည်း ရှိပါတယ်။ မြေစာရင်းဦးစီးဌာနမှာ ဥယျာဉ်ခြံမြေဖြစ်နေပေမယ့် မြေကွက်က မြို့နယ်စည်ပင်သာယာ...

ကျွန်တော်အမေသည် 2008 ခုနှစ်ကမြေကွက်တစ်ကွက်ဝယ်ခဲ့ပါသည်။ထိုမြေ၏တန်ဖိုးမှာ 120 ဖြစ်ပြီးစလစ်ဖြင့်အရပ်ခေါ်စာချုပ်ချုပ်ရျ်ဝယ်ခဲ့ပါသည်။ ထိုမြေကိုယခုအခါ အမည်ဖောက် ဂရံဖောက်မည်ဆိုပါကမည်မျှကုန်ကျနိုင်ပါသနည်းထိုမြေ၏ယခုအခါတန်ဖိုးမှာသိန်း 2600 ဖြစ်သည့်အတွက် မည်မျှကျသင်နိုင်ပါသနည်း

မေးသူ - ဘုန်းမြတ်နိုင်

[Unicode] စလစ်မြေကို ဂရန်မြေအဖြစ်ပြောင်းချင်ရင် မူလစလစ်ချထားပေးတဲ့လူက လက်မှတ်ထိုးပေးရမယ်။ ပိုင်ရှင် ဘယ်နှစ်ယောက်ပဲ ပြောင်းသွားပါစေ နောက်ဆုံး ဝယ်တဲ့သူက အရောင်းအဝယ်စာချုပ် အဆင့်ဆင့်ကို တောင်းထားရမယ်။ မူလ စလစ် ပိုင်ရှင်တွေကလည်း သူတို့ရောင်း လိုက်တုန်းက...

ကျနော် တို့ ယခုလက် ရှိနေထိုင်သောမြေနေရာသည် ဘိုးဘွားလက် ထက် ကတဲ့ က နေထိုင် ခဲ့ သော မြေဖြစ် ပါ တယ်။ အထောက်အထားစာရွက် စာတမ်းအနေကတော့ အဘိုးအဘွားအမည်ပါ၊ မြေပုံထုတ်ထားစာတရွက် ပဲရှိ ပါ တယ်။ ကျန် တာတော့ မ ရှိတော့ ပါ ဘူး။ တိုင်းထားတဲ့ နှစ် က 29/12/1949..ဖြစ် ပါ တယ်။ မြေအမျိုးအစား R2 ,R3 လို့ ရေး ပါ ထားတယ်။ကျနော် သိချင် တာ က ။၂၀၁၈ YCDC ဥပဒေ ။ မြေတိုင်းအခန်းမှာမြေပိုင် မြေ (R1,R2,R3) ရေးထား ၍ကျနော့် မြေသည် မြေပိုင် မြေအမျိုးအစားဟုတ် ပါ သလား။ လက် ရှိ တရား၀င် Update ဖြစ် အောင်မည်သို့ ဆောင် ရွက် ရ မည် ကိုသိလို ပါ တယ် ခင် ဗျား။

ေမးသူ - Myint Oo

[Unicode] မြေစာရင်းပုံစံ ၁၀၅ တွင် ရေးသားထားသော မြေအမျိုးအတန်းအစား နေရာမှာရှိတဲ့ = R2 ဆိုတာ ဒု အတန်းစား မိုးကောင်းလယ်မြေ ကိုဆိုလိုတာဖြစ်ပြီးR-3 ဆိုတာ ၊ တတိယတန်းစားပိုကောင်းတဲ့မြေ (အထွက်နူန်း စပါးတင်း ၃၀ လောက် )ထွက်သောမြေမျိုးကို ဆိုလိုတာပါ ။ R-3...

ကျွန်တော်တို့အဘိုးပိုင်တဲ့ယာမြေကိုအစိုးရကသိမ်းသွားပါတယ်အမေစုလက်ထပ်ကြပြန်ပေးပါတယ်။ ဒါပေမဲ့အဲဒီမြေကွက်ကိုကျွန်တော်တို့ပြန်မရပါဘူး ရွာဘုံမြေဆိုပြီးရွာလူကြီးကသိမ်းထားပါတယ်ပြန်ရချင်ပါတယ်။ ဘာတွေများလိုအပ်မလဲသိချင်ပါတယ်ခင်ဗျာ။

ေမးသူ - Zaw Min Htay

[Unicode] ယခင်ဘိုးဘွားလက်ထက်ကတည်းက နှစ်ပေါင်းများစွာ စိုက်ပျိုးလုပ်ကိုင်လာခဲ့ကြောင်းခိုင်လုံသော အထောက်အထားများနှင့်တကွ ယခုအစိုးရမှပြန်ချပေးထားသည့် မြေအမည်ပေါက်မည်သည့်နာမည်ဖြင့် ပြန်လည်ချမှတ်ပေးထားလဲဆိုတာ မြေတည်ရှိရာမြေစာရင်းဌာနများတွင်...

အိမ်ကိုအရပ်စာချုပ် ဖြင့်ဝယ်ယူပြီးနောက် မူရင်းပိုင်ရှင်ကတောင်းဆိုသည့်အတွက် အိမ်ငှားစာချုပ်ဖြင့်မူရင်းပိုင်ရှင်အားပြန်လည်အငှါးထားလျှင်ရပါသလား။ပြဿနာတစ်စုံတစ်ရာရှိလာနိင်ပါသလား။

ေမးသူ - Aung Myo

[Unicode] အိမ်ကိုအရပ်စာချုပ်ဖြင့် ဝယ်ယူပြီးနောက် မူရင်းပိုင်ရှင်ကတောင်းဆိုသည့်အတွက် အိမ်ငှားစာချုပ်ဖြင့် မူရင်းပိုင်ရှင်အား ပြန်လည်အငှားချထားလျှင် အိမ်ရှင်ထံမှ အိမ်ပိုင်ဆိုင်မှုစာချုပ်စာတမ်း အထောက်အထားများသာ ဝယ်သူက ရရှိပြီး အိမ်နှင့်ေြ့မကို...

မင်္ဂလာပါဆရာ ကျွန်တော်ပိုင်ဆိုင်သောမြေမှာ(20×60) ပေ ဂရန်မြေအမျိုးအစားဖြစ်ပါတယ်။ ဒါပေမယ့်တိုင်းကြည့်တော့ (2)ပေကျော်လျော့နေပါတယ်အခု့ကပ်လျက်မြေကွက်ကအိမ်ပြန်ဆောက်ဖို့permit တင်နေပါတယ်ကပ်လျက်မြေကွက်အဆောက်အဦးအခိုင်အမာဆောက်ပြီးမှကိုယ်ပိုင်သောမြေထဲမှာသူ့ရဲ့အဆောက်အဦးပါနေရင်ဖယ်ခိုင်ဖို့ခက်တယ်လို့သိရပါတယ် ကျွန်တော့်ရဲ့မြေပိုင်ဆိုင်မှုမနစ်နာအောင်ဘယ်လိုဆောင်ရွက်ရမလဲဆရာဖြေကြားပေးပါ။

ေမးသူ - U Aung Hein

[Unicode] မေးမြန်းသူ၏မြေ (သို့)ဘေးကပ်လျှက် ခြံကမြေလားဆိုတာ မိမိပိုင်ဆိုင်သည့်မြေကို မြေငှားဂရန် စာချုပ်ထုတ်ပေးထားသည့် မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန ရန်ကုန်မြို့တော်စည်ပင်သာယာရေးးကော်မတီ၊ မြေယာဌာနတွင်ဖြစ်စေ၊...

ကျွန်တော် ယခုနေထိုင်တဲ့ နေရာက မိဘဘိုးစဉ်ဘောင်ဆက်ကတဲ့က ရွာမြေနေရာပါ။၁၉၈၈ ခုနှစ် နောက်ပိုင်းရွာကိုမြို့ ကွက်ရိုက်ခဲ့ပါတယ်။ ကျနော်တို့ ခြံမြေတဝက်ကျော် မြို့ကွက်ရိုက်တဲ့ အထဲပါသွားပြီးကျန်မြေမှာဆက်နေထိုင်ခဲ့ပါတယ်။ ဤကျန် မြေကိုတရားဝင်ဖြစ်ဖို့ ဘာလုပ်သင့်ပါသလဲ။ ဘိုးဘွားပိုင် မြေအဖြစ် လျောက်ထားလို့ ရပါသလား။ ကျေးဇူးပြု၍ ဖြေကြားပေးပါ ခင်ဗျာ။

ေမးသူ - Myint Oo

[Unicode] ရွာမြေက ဘယ်လိုရွာမြေလဲ စိစစ်ရပါမယ်။ (၁) ရွာမြေသည်မြေပုံပေါ်မှာ စကားဝါရောင်ဆေးနဲ့ အနားသတ်ထားတဲ့မူလကပင်တည်ရှိနေသည့် ရွာမြေလား၊ မူလက လယ်ယာမြေဖြစ်ပြီး လန(၃၉) (သို့မဟုတ်) လယ(၃၀)ခွင့်ပြုမိန့် ကျထားတဲ့ ရွာမြေလား၊ (၃)တစ်မြို့မှာ တစ်ရွာကို...