အိမ်ခြံမြေ အမေးဖြေများ

အိမ်ခြံမြေအမေးအဖြေ ရှာရန်

၁။ ဥယျာဉ်ခြံမြေတွင်လူနေထိုင်ခွင့်ရှိမရှိ။ ၂။ လူနေထိုင်ခွင့်ရှိသောမြေအမျိုးအစားများနှင့် မရှိသောမြေအမျိုးအစားများ။ ၃။ သစ်တောပျိုးထောင်ရန် နိုင်ငံတော်မြေမှ မြေငှါး၍လျှောက်ထားပုံ။

မေးသူ - Thiha Naing

(၁)။ ဥယျာဉ်ခြံမြေမှာ လယ်ယာမြေဥပဒေပုဒ်မ- ၃(က)အရ ပုံစံ(၇)ထွက်ရှိသော လယ်ယာမြေ အမျိုးအစားထဲတွင် ပါဝင်ပါသည်။ ဥယျာဉ်ခြံမြေအမျိုးအစားမှာ စိုက်ပျိုးမြေအတွက် သတ်မှတ်မြေအမျိုးအစားဖြစ်သောကြောင့် လူနေထိုင် နိုင်သည့် အခွင့်အရေးမရှိပါ။ လူနေထိုင်ရန်အတွက်...

မှော်ဘီမြို့နယ်ဥယျာဉ်ခြံ (၁)ဧကဝယ်ထားကာ ( အမည်ပြောင်းကျပြီး )မျက်နှာစာ ၆၅ ပေအနက်မှ လမ်းပေါက် ပေ၂၀ ချန်ပေးပြီး ကျန်မျက်နှာစာကိုပိတ်ချပြီးရောင်းချထားရှိမှုအပေါ် [ရောင်းချစဥ်က လမ်းပေးမည်ပြောပြီး] တိုင်းတာစဥ်ချိန်ကလဲလမ်းအနေအထားပါရှင် မျက်နှာစာရပိုင်ခွင့် ပိုင်ဆိုင်ခွင့်ရှိ/မရှိ သိချင်ပါတယ်ရှင့်။ကျေးဇူးပြုပြီးဖြေကြားပေးပါရန် လေးစားစွာဖြင့် တောင်းဆိုပါရစေ။

မေးသူ - Honey

မြေကွက်အား အမည်ပြောင်းဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာဌာနသို့ လျှောက်ထားသည့်အခါ ကွင်းဆင်းစစ်ဆေးမှုပြုမည် ဖြစ်ပါသည်။ မြေကွက်တိုင်းတာမှု ဆောင်ရွက်မည့်မြေကွက်မှာ အများသူငှာ ဝင်ထွက်သွားလာရန် လမ်းမရှိပါက သက်ဆိုင်ရာမြေစာရင်းနှင့် မြေယာစီမံခန့်ခွဲမှု...

စလစ်မိတ္တူပဲရှိတာ ဘယ်လိုပြန်လျှောက်ရပါသလဲ ခင်ဗျာ။ အိမ်အရောင်းအဝယ်စာချုပ်မူရင်းနဲ့ ပျောက်ဆုံးကြောင်း တရားရုံးကျမ်းကျိန်ချက်တော့ ရှိပါတယ်။ ဂရန်အထိ ဆက်လျှောက်လို့ရော ရပါသလား။

မေးသူ - ကိုနေ

စလစ်ပျောက်ရင် ပျောက်ဆုံးခြင်းအတွက် ရပ်ကွက်ထောက်ခံစာနှင့် ရဲစခန်းတွင် အမှုဖွင့်လှစ်ပြီး ပျောက်ဆုံးကြောင်း သက်သေအခိုင်အမာ ဆောင်ရွက်ရပါသည်။ ထို့နောက် မြေယာစီမံခန့်ခွဲမှုဌာနသို့ အကြောင်းကြားကာ ပါမစ်၊ဂရန် လျှောက်ထားမှုအတွက် ခွင့်ပြုချက်ရယူရပါမည်။...

အထပ်မြင့်အဆောက်အအုံ ဆောက်လုပ်ရာတွင် ကန်ထရိုက်တာမှ ဆောက်လုပ်ရန်ကြန့်ကြာနေခြင်း အကြောင်းအရာ..ကန်ထရိုက်တာ ‌ဆောက်လုပ်ပေးမည်ဆိုကာ လျှောက်လွှာများ တင်နေသည်မှာ ၁၃လ တိတိရှိသော်လည်း မည်သည့်မှ ဆောက်လုပ်ခြင်း ၊ တိုင်းတာခြင်းများ လာရောက် ဘုတ်ဆောင်ခြင်းမရှိဘဲ အချိန်ဆွဲနေသည်ကို စာချုပ် ဖျက်သိမ်းမည်ပြောသော်လည်း ၎င်းတို့ဘက်မှ လျော်ကြေးငွေပေးရမည်ဟု ပြောဆိုနေပါသဖြင့် မည်သို့ဆောင်ရွက်ရမည်ကို အကြံညဏ်တောင်းလိုပါသည်။

မေးသူ - Hein Min Htut

မူလကန်ထရိုက် စာချုပ်အား ရှေ့နေနို့တစ်အကြောင်းကြားစာပို့ကာ စာချုပ်ပါသဘောတူညီချက် များဖျက်သိမ်းခြင်း တရားဝင်ဆောင်ရွက်မှုပြုရမည်ဖြစ်ပါသည်။ ဆောက်လုပ်ခွင့်ပါမစ်မှာ (၆)လအတွင်း ခွင့်ပြုချက် ရရှိနိုင်ပါသည်။ စာချုပ်အား တရားဝင်ပယ်ဖျက်ပြီးမှ...

၂၀၁၇ မှာအမေကဆုံးသွားပါပြီ အဖေက (၂)နှစ်ကြာမှာနောက်အိမ်ထောင်ထပ်ပြုပါတယ် ပထမအိမ်ထောင်နဲ့မွေးချင်း ညီအကိုနှစ်ယောက်မှာကျွန်တော်ကအငယ်ပါအဖေနောက်အိမ်ထောင်မပြုခင်ညီအကိုနှစ်ယောက်လုံးအိမ်ထောင်ကိုယ်စီနဲ့ကလေးတစ်ယောက်စီမွေးဖွားခဲ့ပါတယ်။ အဖေကနောက်အိမ်ထောင်နဲ့ 2022 မှာသားတစ်ယောက် ထပ်ရပါတယ်။ အခု ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက်ကပထမအိမ်ထောင်နဲ့နေခဲ့စဉ်ကရှိခဲ့တဲ့နှစ်ထပ်အိမ်မှာညီအစ်ကိုနှစ်ယောက်အပေါ်အောက်နေပါတယ် အဖေကတော့နောက်အိမ်ထောင်နဲ့သွားနေပါတယ်၊ အခုကခွဲဖို့ခြမ်းဖို့တိုင်ပင်တော့အဆင်မပြေကျဘူးပေါ့ဗျာ... အတိုချုပ်ပြောရရင် အခုအဖေကပြေလည်အောင်လုပ်မပေးဘဲ ပထမအိမ်ထောင်နဲ့ရခဲ့တဲ့ပိုင်ဆိုင်မူတွေကိုယူပြီး ကျွန်တော်တို့ကိုအိမ်ပေါ်ကတစ်ပါတ်အတွင်းဆင်းဖို့ပြောပါတယ်၊ ဖြစ်သင့်မဖြစ်သင့်နဲ့ဘယ်လိုခွဲဝေသင့်လဲ နောက်အိမ်ထောင်နဲ့အဖေတစ်ယောက်အနေနဲ့လုပ်ပိုင်ခွင့်ရှိမရှိ အမြန်သိချင်ပါတယ်။

မေးသူ - ထာဝရဌေး

အမွေပုံစီမံခန့်ခွဲမှုအရ မြန်မာဗုဒ္ဓဘာသာကိုးကွယ်သူများဆိုပါက မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါသည်။ အမွေပုံမှာ လက်ထပ်ပွှားပစ္စည်း၊ ပါရင်းပစ္စည်း၊ ခန်းဝင်ပစ္စည်း၊ အထက်ပါပစ္စည်း၊ နှစ်ပါးစုံပစ္စည်း၊ မင်းပေးပစ္စည်း ဟူ၍...