အိမ်ခြံမြေ အမေးဖြေများ

အိမ်ခြံမြေအမေးအဖြေ ရှာရန်

အကယ်၍ယခုနေတဲ့တိုက်ခန်းက အိုဟောင်းသွားလို့ ရှိရင် တိုက်ကိုဖျက်ရမယ်ဆိုပြီသိထားပါတယ်။ တိုက်ကိုဖျက်ပြီး အသစ်ဆောက်ရင်ကော ‌‌ကျွန်တော်တို့တိုက်ခန်းက ပြန်ရနိုင်လာ ဘယ်လိုမျိုးဆို ပြန်ရနိုင်လဲ ။ အလကာသက်သက်ဆုံးရှုံးရမှာလာ။ အဲ့တာလေးရှင်းပြစေလို့ပါတယ်။ ကျေးဇူးတင်ပါတယ်။

မေးသူ - VanTi

[Unicode] မေးမြန်းသူအား တိုက်ခန်းဝယ်ယူစဉ် မည့်သည့်အချက်များ အဓိက လုပ်ဆောင်ခဲ့လဲ မေးမြန်းရာ ၎င်းမှ မြေရှင်အသိအမှတ်ပြုမှု အသေအချာရယူခဲ့ကြောင်း ဖြေဆိုပါသည်။ ထို့ကြောင့် တိုက်ခန်းပြိုပျက်သည့်အခါ စိုးရိမ်ရန် မရှိကြောင်း၊ အချိုးကျထည့်ဝင်ပြီး...

၁။ တိုက်ခန်းရောင်းဝယ်ရာတွင် မြေရှင်အား ၁% ၂% ပေးနေရခြင်းမှာ ဥပဒေရှိပါသလား ? ရှိလျှင်မည်သည့်ဥပဒေနှင့်အကြုံးဝင်ပါသလဲ ?

မေးသူ - Win Myint

[Unicode] တိုက်ခန်းဝယ်ယူရာတွင် မြေရှင်ကို ပေးရခြင်းမှာ ဥပဒေတစ်စုံတစ်ရာကြောင့် ပေးနေရခြင်းမဟုတ်ပါ။ တိုက်ခန်း ဥပဒေ ထွက်ရှိမထားခြင်းကြောင့် ဂရန်အမည်ပေါက်ဖြစ်သည့်မြေရှင်၏ မြေပေါ်ဆောက်လုပ်ထားသော တိုက်ခန်းအား နေထိုင်ခြင်းဖြစ်သည့်အတွက်...

ကန်ထရိုက်တိုက်ဆောက်လုပ်ရန် မြေအမည်ပေါက်မိခင်နှင့် ကန်ထရိုက်တို့စာချုပ်ချုပ်၊ သက်သေတွင် သားသမီးများ လက်မှတ်ထိုးထား၊ ကန်ထရိုက်မှ စည်ပင်လုပ်ငန်းစဉ်များဆက်လုပ်နေ၊ ယခု မိခင်သေဆုံးသွားပြီ။ စာချုပ် ပျက်ပြယ်ပါသလား။ သားသမီးအချို့မှ ကန့်ကွက်၍ရနိုင်ပါသလား။

မေးသူ - Tony

[Unicode] ဆောက်လုပ်ခွင့်ပါမစ်မကျသေးပါက အမွေဆက်ခံခွင့်ဖြင့် သားသမီးများက အမည်ပြောင်းဆောင်ရွက်ရမည်ဖြစ်ပါသည်။ သားသမီးအားလုံး၏ သဘောတူညီချက်ဖြင့် အမွေခွဲဝေခြင်းအား မှတ်ပုံတင်စာချုပ်ချုပ်ဆိုရပါမည်။ ပြီးမှသာ ဂရန်အမည် ပေါက်ချိန်းလို့ ရပါမယ်။...

နှစ်(၉၀)ဂရန်က သက်တမ်းကုန်သွားခဲ့ရင် ဘယ်လိုဆက်လုပ်ရတာလဲရှင့်။ အစိုးရပိုင်မြေအဖြစ်ဘဲ ပြန်သိမ်းသွား မှာလား။

မေးသူ - Ei Eaindra

[Unicode] ပိုင်ဆိုင်မှုမြေအမည်ပေါက် ဟုတ်မှန်ပါက လည်းကောင်း (သို့မဟုတ်) အမည်ပေါက်ဆီမှ အဆင့်ဆင့် ဝယ်ယူထားပါက လည်းကောင်း၊ လက်ရောက်ရရှိဝယ်ယူပိုင်ဆိုင်ထားသည့်အထောက်အထားဖြစ်သည့် အရောင်းအဝယ်စာချုပ်တွင် ပါရှိသော ဝယ်ယူထားသူကသာလျှင် မြေနှင့်ပက်သက်သည့်...

မင်္ဂလာပါရှင်။ ညီမ တိုက်ခန်းဝယ်ယူလိုက်ပါတယ်။ စာရွက်စာတမ်းလည်း အစုံအလင်ရထားပါတယ်ရှင်။ မြေရှင်လက်မှတ်လည်း ထိုးထားပြီး ရပ်ကွက်ရုံးကိုလည်း အကြောင်းကြားထားပြီး စာချုပ်မှာလည်း ရပ်ကွက်ရုံးက အသိအမှတ်ပြု တံဆိပ်တုံး ထုထားပေးပါတယ်ရှင်။ ဝယ်ယူလိုက်တဲ့ အခန်းမှာတော့ မူလ ပိုင်ရှင်က လချုပ်နဲ့ငှားထားတဲ့ အငှားရှိပါတယ်ရှင်။ စာချုပ် လပြည့်ဖို့တော့ သုံးလ လိုပါသေးတယ်။ ညီမလည်း စာချုပ်ပြည့်မှ အိမ်ငှားကို ပြောင်းပေးဖို့ သဘောတူလိုက်ပါတယ်။ ရောင်းတဲ့သူကလည်း ညီမကို ငှားထားတဲ့သုံးလစာ ပြန်အမ်းပေးပြီး အိမ်ငှားနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ပေးလိုက်ပါတယ်။ ခုက အိမ်ငှားနဲ့ ညီမတို့နဲ့စာချုပ်ပြန်ချုပ်ဖို့ကို အိမ်ငှားက ခရီးသွားနေလို့ ပြန်လာရင် ချုပ်ပေးမယ်လို့ ပြောပါတယ်ရှင်။ အဲ့တာလေးနဲ့ပတ်သက်ပြီး ဘာပြဿနာရှိနိုင်လဲ သိချင်လို့ပါရှင့်။

မေးသူ - Moe Thuzar

[Unicode] အိမ်ခြံမြေများ၊ တိုက်ခန်းများ ဝယ်ယူရာတွင် ရောင်းချသည့် အချိန်တွင် အငှားချထားသည့် တိုက်ခန်း သို့မဟုတ် အိမ်ခြံမြေအား ဝယ်ယူမိပါက ကြိုတင် ပြင်ဆင်ထားရမည့် အချက်များ ရှိပါသည်။ ဝယ်ယူသည့် အချိန်တွင် အငှားချထားလျက်ရှိသော တိုက်ခန်း သို့မဟုတ်...