အိမ်ခြံမြေ အမေးဖြေများ

အိမ်ခြံမြေအမေးအဖြေ ရှာရန်

အိမ်ရှင်နှင့် အိမ်ဌား ကိစ္စအတွက် မေးခွင့်ပြုပါခင်ဗျာ။ ၁။ အိမ်ရှင်အနေဖြင့် အိမ်ဌားတဦးအား ၃လ၊ ၆လ၊ ၁နှစ် အဌါးစာချုပ်ဖြင့် ၇ နှစ်ဆက်တိုက်ဌားရမ်းထားမိပါက ဥပဒေအရ ဖယ်ခိုင်း၍မရတော့ခြင်း ဆင်းခိုင်း၍မရတော့ခြင်းစသည့် ဥပဒေအရ တနည်းနည်းဖြင့် အကြပ်ကိုင် ခံရနိင်ပါသလား? ၂။ သိုမဟုတ် ဘယ်နှနှစ်ဆက်တိုက် အိမ်ဌားတဦးတည်းအား အဌားစာချုပ်ဖြင့် ဌားရမ်းထားမိပါက အထက်ပါ ပြဿနာမျိုး ဥပဒေအရ အကြပ်ကိုင်ခံရနိုင်ပါသလဲ? ၃။ ထိုသို့ပြသနာများမဖြစ်ပေါ်စေရန် အိမ်ရှင်အနေဖြင့် မည်သို့သောအကာအကွယ်ကို ဥပဒေကြောင်းအရ ပြုထားသင့်ပါသလဲ? ကျေးဇူးပြု၍ ဖြေကြားပေးစေချင်ပါတယ်ခင်ဗျာ။

မေးသူ - U Thar Htet

[Unicode] အရပ်စကားအရ...အိမ်ငှားထားရင် ကိုယ့်အိမ်မှာ နှစ်ရှည်အငှားမထားနဲ့ နှင်လို့မရဖြစ်သွားမှာ စိုးရိမ်တယ်။ တချို့ကနှစ်ကြာသွားရင် အိမ်ပိုင်သွားတယ်.. အဲလိုတွေ စိတ်ပူတတ်ကြပါတယ်။ အိမ်ပိုင်ရှင်ရဲ့ ခွင့်ပြုချက်နဲ့ထားတဲ့သူက ဘယ်နှနှစ်ပဲကြာကြာ...

ကျန်ရစ်သူဇနီးက သေဆုံးသူခင်ပွန်းရဲ့ ရပ်ကွက်ထောက်ခံစာနဲ့ သေသူနာမည်သုံး၍ မြေဂရန် ၁၀၅ လျှောက်လို့ ရပါသလား။

မေးသူ - Ying

[Unicode] ခင်ပွန်းရဲ့အမည်ပေါက်အဖြစ် မြေမှတ်သားတည်ရှိနေပါက ခင်ပွန်းသေဆုံးလျှင် ၎င်း၏ဇနီးဖြစ်သူမှ ဦးစွာအမွေ ဆက်ခံပိုင်ဆိုင်ကြောင်း မြေပုံမြေရာဇဝင် ထုတ်ယူရမှာဖြစ်ပါတယ်။ မြေပုံမြေရာဇဝင်ထုတ်ယူနိုင်ရန်အတွက် ....  ကွယ်လွန်သူ ဂရန်အမည်ပေါက်ပိုင်ရှင်၏...

မင်္ဂလာပါ နိုင်ငံခြားသားက ရန်ကုန်မှာရှိနေတဲ့ Condominium ကို ဝယ်ယူနိုင်မလား?

မေးသူ - TAN K JIN

[Unicode] ကွန်ဒိုတိုက်ခန်းကို နိုင်ငံခြားသားအားတည်ဆဲဥပဒေနှင့်အညီ ငှားရမ်းခွင့်၊ ပေါင်နှံခွင့်နှင့်၊ ခွင့်ပြုချက်ဖြင့် ထားပိုင်ခွင့်များရှိသည်။ စုပေါင်းပိုင် အဆောက်အအုံ၏ ၄၀ ရာခိုင်နှုန်းထက်မပိုသော အိမ်ခန်းများကို နိုင်ငံခြားသား များအား ဥပဒေနှင့်အညီ...

လယ်စိုက်နေသောမြေအား မြို့ကွက်ချဲ့မည်ဟု ဆိုကာ ဦးပိုင်ပုံစံဖြင့် ရောင်းထားသောမြေကွက်အား ပိုင်ဆိုင်မှုခိုင်မာစေရန် မည်သို့လုပ်ဆောင်သင့်ပါသလဲ။

မေးသူ - နွယ်ဒါလီ

[Unicode] လယ်ယာစိုက်ပျိုးသောမြေဆိုသည်မှာ - လယ်ယာမြေကို တရားဝင် လုပ်ပိုင်ခွင့် လျောက်ထားရယူခြင်း မရှိပဲ မြေခွန်ပြေစာနှင့် မြေစာရင်းပုံစံ ၁၀၅ များပြပြီး ရောင်းချနေသည်များ တွေ့ရပါသည်။ ထိုကဲ့သို့ လယ်ယာမြေကို ရောင်းဝယ်၍ မရပါ။ တရားမဝင်ပါ။ ၂၀၁၂ လယ်ယာမြေ...

လားရှိုးမှာ ခြံဝယ်ပြီး အိမ်ဆောက်ထားတာ လမ်းနဲ့မလွတ်ဘူး ပြောနေလို့ပါ ဘယ်လိုပြန်လုပ်ပေးရမလဲရှင်။

မေးသူ - Ma May Pyae Phyo

[Unicode] ပထမဦးစွာ မိမိပိုင်ဆိုင်သည့် မြေအမျိုးအစားကို သိရှိရန် လိုအပ်ပါတယ်။ အိမ်ဆောက်လုပ်ထားတာသည် တရားဝင် ဆောက်လုပ်ခြင်းဖြစ်ပါသလား။ တရားဝင်ဆောက်လုပ်ခြင်းဖြစ်ပါက ဆောက်လုပ်ရမည့်ဧရိယာ သတ်မှတ်ချက်ကို မြေစီမံခန့်ခွဲရာ မြေစာရင်းတွင် ပြန်လည်စစ်ဆေးပြီး...