32 ကြိမ် ကြည့်ရှု့ပြီး

ရောင်းသူအမည်ပေါက် ဂရန်မြေအား မိမိအမည်ပေါက် ဂရန်မြေဖောက်တဲ့အခါ ဘယ်လိုမျိုး လုပ်ဆောင်ရပါသလဲခင်ဗျာ မြေစာရင်းရုံးမှာအရောင်းအ၀ယ်စာချုပ်ချုပ် ရောင်း/၀ယ်ခွန်ဆောင်ပြီးတာနဲ့ အိမ်ဂရန်မိမိအမည်ပေါက်ရပါသလား ..ခင်ဗျာ။

မေးသူ - စွမ်းရဲထက်

 

 

[Unicode]


မြေပုံထွက်ရှိမှ ရာဖြတ်တင်ကာ အခွန်ဆောင်၍ မှတ်ပုံတင်စာချုပ်စာတမ်းရုံးတွင် မှတ်ပုံတင်စာချုပ်ချုပ်ဆိုရမှာ ဖြစ်ပါတယ်။


မြေဂရန် အမည်ပြောင်း ဆောင်ရွက်ရာတွင်လဲ...

- ဌာနမှ သတ်မှတ်ထားသော လျှောက်လွှာပုံစံအား ပြည့်စုံစွာဖြည့်ကာ

- မြေငှားစာချုပ်

- ပိုင်ဆိုင်မှု အထောက်အထား မှတ်ပုံတင်စာချုပ်စာတမ်းများ

- နိုင်ငံသား မှတ်ပုံတင်ကတ်ပြား

- ဂရန်မြေဖြစ်ပါက မြေငှားခကြွေးကျန် ကင်းရှင်းကြောင်း ထောက်ခံချက် (နောက်ဆုံး ထမ်းဆောင်ထားသည့် မြေခွန်ပြေစာ)

- မြေပုံ/ မြေရာဇဝင်တို့ဖြင့် ရန်ကုန်မြို့နယ်အတွင်းဆိုလျှင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြနှင့် မြေယာစီမံခန့်ခွဲမှုဌာန၊ နယ်မြို့နယ်များဆိုလျှင် မြေစာရင်းရုံးမှတဆင့် ဂရန်အမည်ပြောင်းရန် ဆောင်ရွက်ရပါမည်။


ဌာနမှ ဂရန်အမည်ပြောင်း မဆောင်ရွက်ခင်...

- နိုင်ငံပိုင်သတင်းစာတွင် ကြေငြာခြင်း

- မြေသက်တမ်းကုန်ဆုံးခြင်း ရှိမရှိစီစစ်ခြင်း

- မြေငှားခ ကြွေးကျန်ရှိမရှိ စစ်ဆေးခြင်းနှင့်

- မရွှေ့မပြောင်းနိုင်သောပစ္စည်းလွှဲပြောင်းခြင်းဥပဒေနှင့် ငြိစွန်းမှုရှိမရှိ စီစစ်ပြီးမှ မြေဂရန်အမည်ပြောင်း ဆောင်ရွက်ပေးကြောင်း ဖြေဆိုပေးလိုက်ပါသည်။

 

 

[Zawgyi]





- မြေငှားစာချုပ်











 

ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)