150 ကြိမ် ကြည့်ရှု့ပြီး

မင်္ဂလာပါရှင် စည်ပင်သို့ အိမ်ဆောက်ခွင့်တင်ရမည့်ကုန်ကျစရိတ်နှင့် ကြိုဆောက်ထားမိပါက ပေးဆောင်ရမည့်ဒဏ်ကြေးသည် မည်သူကပေးဆောင်ရမည်ဆိုတာသိချင်ပါတယ်ရှင်။ Contractor နှင့်ဆောက်ထားပါက မြေရှင်ကပေးရမည်လား Contractor ကပေးရမည်လား သိချင်တာပါရှင်။

မေးသူ - Khin Phyu Kyaw

[Unicode]

စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံဆိုင်ရာ နည်းဥပဒေ-၃အရ ကော်မတီမှ ဆောက်လုပ်ခွင့်ပြုမိန့်တင်သည့်အခါ အဆောက်အဦး အမျိုးအစားလိုက် သတ်မှတ်စည်းကမ်းချက်များ၊ ပူးတွဲပါ စာရွက်စာတမ်းများ ပြည့်စုံမှန်ကန်မှုရှိမရှိ စီစစ်ပြီးမှသာ လျှောက်လွှာအား လက်ခံဆောင်ရွက် ပေးမည် ဖြစ်ပါသည်။

နည်းဥပဒေ-၃၉အရ ကန်ထရိုက်တာဆိုသည်မှာလဲ သတ်မှတ်ထားသော အရည်အချင်းဖြင့် ပြည့်စုံသော အဆောက်အအုံဆောက်လုပ်ခြင်း လုပ်ငန်းအတွက် မှတ်ပုံတင်လိုင်စင် ထုတ်ပေးထားသူကို ဆိုလိုပါသည်။

(၄)ထပ်မှ (၈)ထပ်အထိ အဆောက်အအုံများ ဆောက်လုပ်မည်ဆိုပါက အဆိုပြုပုံစံ (Proposal)ဆောက်လုပ်ခွင့် လျှောက်လွှာပုံစံနှင့်အတူ မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာမှ ကြီးကြပ်ဆောက်လုပ် မည်ဖြစ်ကြောင်း တင်ပြပေးရမှာဖြစ်ပါတယ်။

ဆောက်လုပ်ခွင့်ပါမစ်တင်ရာတွင် မြေရှင်၏ ဝန်ခံကတိပြုချက်အားလဲ ပူးတွဲတင်ပြရန် လိုပါ သည်။ မြေရှင်၏ GP/SP တင်ပြမည်ဆိုပါကလဲ မြေရှင်သက်ရှိထင်ရှားရှိကြောင်း ကိုယ်စားလှယ် လွှဲအပ် ထားသည်မှာ မှန်ကန်ကြောင်း မြေရှင်မှ တင်ပြပေးရပါမည်။

လိုင်စင်ရ လျှောက်ထားသူ၊ ကန်ထရိုက်တာ(LC)နှင့် မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာတို့မှ စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း ခံဝန်တင်ပြချက်လဲ ပူးတွဲတင်ပြရပြီး သတ်မှတ်ကာလအတွင်း အဆောက်အအုံ ဆောက်လုပ်ပြီးစီးမှုမရှိခြင်း၊ စည်းကမ်းချက်များနှင့် ကိုက်ညီ မှုမရှိပါက အဆောက်အအုံအား ဆောက်လုပ်သူ၊ ဆောက်လုပ်ခွင့်ပါမစ်တင်သူတွင် တာဝန်ရှိပြီး အဆောက်အအုံ အမျိုးအစားလိုက် သတ်မှတ်ဒဏ်ကြေးများအားလဲ ပေးဆောင်ရမည်ဖြစ်ကြောင်း ဖြေ ဆို ရေးသားပေးလိုက်ပါသည်။

 

 

 

[Zawgyi]

မဂၤလာပါ႐ွင္ စည္ပင္သို႔ အိမ္ေဆာက္ခြင့္တင္ရမည့္ကုန္က်စရိတ္ႏွင့္ ႀကိဳေဆာက္ထားမိပါက ေပးေဆာင္ရမည့္ဒဏ္ေၾကးသည္ မည္သူကေပးေဆာင္ရမည္ဆိုတာသိခ်င္ပါတယ္႐ွင္။ Contractor ႏွင့္ေဆာက္ထားပါက ေျမ႐ွင္ကေပးရမည္လား Contractor ကေပးရမည္လား သိခ်င္တာပါ႐ွင္။


စည္ပင္သာယာေရးေကာ္မတီ၊ အေဆာက္အအုံဆိုင္ရာ နည္းဥပေဒ-၃အရ ေကာ္မတီမွ ေဆာက္လုပ္ခြင့္ျပဳမိန္႔တင္သည့္အခါ အေဆာက္အဦး အမ်ိဳးအစားလိုက္ သတ္မွတ္စည္းကမ္းခ်က္မ်ား၊ ပူးတြဲပါ စာ႐ြက္စာတမ္းမ်ား ျပည့္စုံမွန္ကန္မႈ႐ွိမ႐ွိ စီစစ္ၿပီးမွသာ ေလွ်ာက္လႊာအား လက္ခံေဆာင္႐ြက္ ေပးမည္ ျဖစ္ပါသည္။

နည္းဥပေဒ-၃၉အရ ကန္ထ႐ိုက္တာဆိုသည္မွာလဲ သတ္မွတ္ထားေသာ အရည္အခ်င္းျဖင့္ ျပည့္စုံေသာ အေဆာက္အအုံေဆာက္လုပ္ျခင္း လုပ္ငန္းအတြက္ မွတ္ပုံတင္လိုင္စင္ ထုတ္ေပးထားသူကို ဆိုလိုပါသည္။

(၄)ထပ္မွ (၈)ထပ္အထိ အေဆာက္အအုံမ်ား ေဆာက္လုပ္မည္ဆိုပါက အဆိုျပဳပုံစံ (Proposal)
ေဆာက္လုပ္ခြင့္ ေလွ်ာက္လႊာပုံစံႏွင့္အတူ မွတ္ပုံတင္လက္မွတ္ရ အင္ဂ်င္နီယာမွ ႀကီးၾကပ္ေဆာက္လုပ္ မည္ျဖစ္ေၾကာင္း တင္ျပေပးရမွာျဖစ္ပါတယ္။

ေဆာက္လုပ္ခြင့္ပါမစ္တင္ရာတြင္ ေျမ႐ွင္၏ ဝန္ခံကတိျပဳခ်က္အားလဲ ပူးတြဲတင္ျပရန္ လိုပါ သည္။ ေျမ႐ွင္၏ GP/SP တင္ျပမည္ဆိုပါကလဲ ေျမ႐ွင္သက္႐ွိထင္႐ွား႐ွိေၾကာင္း ကိုယ္စားလွယ္ လႊဲအပ္ ထားသည္မွာ မွန္ကန္ေၾကာင္း ေျမ႐ွင္မွ တင္ျပေပးရပါမည္။

လိုင္စင္ရ ေလွ်ာက္ထားသူ၊ ကန္ထ႐ိုက္တာ(LC)ႏွင့္ မွတ္ပုံတင္လက္မွတ္ရ အင္ဂ်င္နီယာတို႔မွ စည္းကမ္းခ်က္မ်ားအား လိုက္နာေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ခံဝန္တင္ျပခ်က္လဲ ပူးတြဲတင္ျပရၿပီး သတ္မွတ္ကာလအတြင္း အေဆာက္အအုံ ေဆာက္လုပ္ၿပီးစီးမႈမ႐ွိျခင္း၊ စည္းကမ္းခ်က္မ်ားႏွင့္ ကိုက္ညီ မႈမ႐ွိပါက အေဆာက္အအုံအား ေဆာက္လုပ္သူ၊ ေဆာက္လုပ္ခြင့္ပါမစ္တင္သူတြင္ တာဝန္႐ွိၿပီး အေဆာက္အအုံ အမ်ိဳးအစားလိုက္ သတ္မွတ္ဒဏ္ေၾကးမ်ားအားလဲ ေပးေဆာင္ရမည္ျဖစ္ေၾကာင္း ေျဖ ဆို ေရးသားေပးလိုက္ပါသည္။

 

ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အျခား အိမ္ၿခံေျမ အေမးအေျဖမ်ား

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)