1655 ကြိမ် ကြည့်ရှု့ ပြီး

Sule Shangri-La Hotel တွင်ကျင်းပခဲ့သည့် City Loft အိမ်ရာ အရောင်းပြပွဲ

### Zawgyi Version ###


Sule Shangri-La Hotel တွင်ကျင်းပခဲ့သည့် City Loft အိမ်ရာ အရောင်းပြပွဲ


Sule Shangri-La Hotel တွင်ကျင်းပခဲ့သည့် City Loft အိမ်ရာ အရောင်းပြပွဲ


Sule Shangri-La Hotel တွင်ကျင်းပခဲ့သည့် City Loft အိမ်ရာ အရောင်းပြပွဲ


Sule Shangri-La Hotel တွင်ကျင်းပခဲ့သည့် City Loft အိမ်ရာ အရောင်းပြပွဲ


iMyanmarHouse.com

 

Sule Shangri-La Hotel တွင်ကျင်းပခဲ့သည့် City Loft အိမ်ရာ အရောင်းပြပွဲ

 

 

 Sule Shangri-La Hotel တွင်ကျင်းပခဲ့သည့် City Loft အိမ်ရာ အရောင်းပြပွဲ

### Unicode Version ###

၂၀၁၉ ခုနှစ် ၊ အောက်တိုဘာလ ( ၅ ၊ ၆ ) စနေ ၊ တနင်္ဂနွေ နေ့များတွင် မြန်မာနိုင်င်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com ( အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း ) နှင့် Yoma Land တို့ ပူးပေါင်း၍ City Loft အိမ်ရာ အရောင်းပြပွဲကို Sule Shangri-La Hotel တွင် အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

ပြပွဲ (၂) ရက်အတွင်းတွင် လူကြိုက်များသည့် 2 bedroom အခန်းများကို အထူးနှုန်းများ ၊ အတိုးမဲ့အရစ်ကျ ပေးချေမှုများ အပြင် ဗလာမပါ ကံစမ်းမဲများဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။

City Loft အိမ်ရာစီမံကိန်းသည် သန်လျင်အမှတ် (၁) တံတားဆင်းဆင်းချင်း Star City အိမ်ရာဝန်းအတွင်းတွင် ကမ္ဘာ့အဆင့်မီ တည်ဆောက်လျှက်ရှိသည်။ အိမ်ရာစီမံကိန်းတွင် Tower (၁၁) လုံး တည်ဆောက်လျှက်ရှိပြီး အခန်းပေါင်း (၁၃၅၁) ခန်း ပါဝင်သည်ဖြစ်ကြောင်း သိရသည်။ Studio ၊ 1 Bedroom ၊ 2 Bedroom ၊ 3 Bedroom စသဖြင့် အမျိုးအစားစုံလင်စွာ အခန်းအကျယ်အဝန်း 312 sqft မှ 958 sqft အထိ ရွေးချယ်နိုင်သည်ဖြစ်သည်။ အခန်းအမျိုးအစားပေါ်မူတည်၍ လစဉ်အနည်းဆုံး (၅) သိန်းဝန်းကျင် ပေးသွင်းရုံဖြင့် ပိုင်ဆိုင်နိုင်သည်ဖြစ်သည်။

City Loft အိမ်ရာဝန်းအတွင်းတွင် Facilities များအနေဖြင့် ဂေါက်ကွင်း ၊ ရေကူးကန်များ ၊ ကလေးကစားကွင်းများ ၊ အားကစားခန်းမ ၊ ပန်းခြံစသဖြင့် ပါဝင်သည့်အပြင် နေထိုင်သူများ သာယာအဆင်ပြေစေရန်အတွက် ပန်းလှိုင်ဆေးခန်း၊ သွားဘက်ဆိုင်ရာဆေးခန်း ၊ Spa and Body Massage ၊ အလှပြင်ဆိုင် ၊ ကော်ဖီဆိုင် နှင့် အခြားစားသောက်ဆိုင်များ ၊ Wet Market ၊ စူပါမားကတ် ၊ ၂၄ နာရီ စတိုးဆိုင် ၊ ဘဏ် နှင့် ATM များ ၊ Dulwich International School နှင့် ဘတ်(စ်)ကားဂိတ်တို့ ပါရှိကြောင်း သိရသည်။

“ ဒီကနေ့ ကျင်းပပြုလုပ်နေတဲ့ အရောင်းပွဲကတော့ သန်လျင်အမှတ် (၁) တံတားဆင်းဆင်းချင်း Star City အိမ်ရာဝန်းအတွင်းမှာ တည်ရှိတဲ့ City Loft အိမ်ရာအရောင်းပြပွဲပါ။ City Loft အိမ်ရာစီမံကိန်းကို Yoma Land မှ တာဝန်ယူတည်ဆောက်လျှက်ရှိပါတယ်။ တနိုင်တပိုင်ငွေပေးချေမှု အစီအစဉ်များနဲ့ ရောင်းချနေတာဖြစ်လို့ ဝယ်သူတွေအတွက် အဆင်ပြေမယ်လို့ ယုံကြည်ပါတယ်။ ပေးလိုက်ရတဲ့ တန်ဖိုးထက် အဆများစွာပိုတဲ့ Facilities များလည်း ခံစားရမှာပါ။ ” ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူဦးနေမင်းသူမှ ပြောကြားသွားခဲ့သည်။

iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်

 

 

အခြား အိမ်ခြံမြေ ပွဲစဉ်များ

မကြာမီဖွင့်လှစ်တော့မည့် သိန်း ၁၇၀၀ မှစတင်နိုင်မယ့် အဆင်မြင့်မင်္ဂလာဈေးသစ်ရှိဆိုင်ခန်းများအရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
အထူးဈေးနှုန်းဖြင့် ရောင်းချပေးသည့် Royal Theikdi Condo အသင့်နေ အခန်းများ Flash Sale Promotionအရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
သိန်း ၂၆၀၀ ဝန်းကျင်ကိုမှ 30% Down Payment နဲ့ဝယ်ယူနိုင်မယ့် ရန်ကုန်မြို့လယ်က Magical World အသစ်စက်စက်ကွန်ဒိုရှိ အခန်းများအရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
အရှေ့မြင်းပြိုင်ကွင်း လမ်းမကြီးပေါ်ရှိ အသင့်နေ ERC Luxury Condo အခန်းများ အရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
အထူးပရိုမိုးရှင်းများစွာဖြင့်ဝယ်ယူနိုင်မယ့် ရန်ကင်းမြို့နယ်ရှိ Golden City Luxury Condo အရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
Discount ပရိုမိုးရှင်းများနဲ့ အဆင့်မြင့် မင်္ဂလာဈေးသစ်ရှိ ထပ်မံအရောင်းဖွင့်ပေးလိုက်တဲ့ ဆေးဆိုင်ခန်းများအရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
အလုံလမ်းမကြီးပေါ်ရှိ မြေအချိုးကျပိုင်ဆိုင်နိုင်မည့် ပန်းစွယ်တော်ကွန်ဒို မိုးရာသီပရိုမိုးရှင်းပွဲကြီး ကျင်းပပြုလုပ်ခဲ့
ရန်ကုန်မြို့အလယ်မှာ သိန်း ၂၅၀၀ ဝန်းကျင်ကစတင်ပြီး Fully Decoration ဖြင့် Magical World Condominium အခန်းများအရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
မိုးရာသီအထူးပရိုမိုးရှင်းများစွာနဲ့ ကြီးကျယ်ခန်းနားလှပသော ရန်ကင်းမြို့နယ်ရှိ Golden City Luxury Condo အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
ဝယ်ပြီးအခန်းများ အပ်နှံပေးလျှက်ရှိပြီး မကြာမီပြီးစီးတော့မယ့် အဆင့်မြင်မင်္ဂလာဈေးသစ်ရှိဆိုင်ခန်းများ မိုးရာသီအထူးပရိုမိုးရှင်း အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App