မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍
အရှေ့မြင်းပြိုင်ကွင်း လမ်းမကြီးပေါ်ရှိ အသင့်နေ ERC Luxury Condo အခန်းများကို အထူးပရိုမိုးရှင်းများဖြင့် ဇူလိုင်လ ၁၂ ရက်နှင့် ၁၃ ရက်နေ့များတွင် ERC Condo အရှေ့မြင်းပြိုင်ကွင်းလမ်း၊ တာမွေမြို့နယ်တွင် အောင်မြင်စွာကျင်းပပြုလုပ်ခဲ့သည်။
အရောင်းပြပွဲအတွင်း ပထမဆုံး (၃) ခန်းအတွက်
အထူး Discount များ၊ အတိုးမဲ့အရစ်ကျစနစ်၊ ဘဏ်နှင့်ချိတ်ဆက်၍ ၁၅နှစ်အရစ်ကျစနစ်တို့ဖြင့် ရောင်းချပေးခဲ့ပါသည်။
ERC Condo သည် ရန်ကင်းနဲ့ တာမွေမြို့နယ်ကြား အရှေ့မြင်းပြိုင်ကွင်းလမ်းမကြီးပေါ် ၊ ရန်ကုန်မြို့၏ အချက်အချာအကျဆုံးတည်နေရာတွင် တည်ရှိပြီး လူကြိုက်အများဆုံး ကွန်ဒိုထဲများထဲမှ တစ်ခုဖြစ်သည်။
BCC ကျပြီးဖြစ်သည့်အပြင် ၁၀၀ % ယုံကြည်စိတ်ချရသည်။
အသစ်ထပ်မံဖွင့်လှစ်လိုက်သော 655 sqft မှ 1565 sqft အကျယ်ရှိသော အခန်းများကို ဦးဦးဖျားဖျား စိတ်ကြိုက်ဝယ်ယူနိုင်သည်။ လေဝင်လေထွက်ကောင်းသော ထောင့်ခန်းများပါဝင်ပြီး Floor to Floor high များလည်း မြင့်၍ သဘာဝအလင်းရောင် ကောင်းမွန်စွာရရှိသည်။
၆ လွှာတစ်လွှာလုံးကို Relax Area တစ်ခု အဖြစ် ဖန်တီးပေးထားပြီး အဆင့်မြင့် Gym, View အရမ်းလှတဲ့ Swimming Pool, Sauna စသည့် Facilities များလည်း ထည့်သွင်းပေးထားသည်။Basement ၃ ထပ်ပါရှိ၍ ကားပါကင် အဖြစ်ထားရှိပေးထားပြီး Mechanized Car Parking System ဖြစ်၍ လုံခြုံစိတ်ချရသည့် Parking စနစ်မျိုး ဖြစ်သည်။
Facilities များအနေဖြင့်လည်း Gym, ရေကူးကန်, Car Parking, Playground, Garden, ဓါတ်လှေကား, ရုံးခန်းများ, ဆိုင်ခန်းများ, စားသောက်ဆိုင်ကြီးများ, Laundry service, Property Management Services အပြင် Yoga , Dance များအတွက် သီးသန့် Classroom များ ပြည့်စုံစွာ ထည့်သွင်း တည်ဆောက်ထားသည်။
အနီးအနားတွင် Super One Shopping Center,Myanmar Plaza, Yankin Center,Sedona Hotel,Melia Hotel,Inya Lake, ILBC International School,SSC ဆေးရုံ, ရန်ကင်းကလေးဆေးရုံ အစရှိပြီး ရန်ကင်း၊ ဘောက်ထော်၊တာမွေအနီးရှိ ကျောင်းများ၊ ဆေးရုံများ၊ ဈေးများ၊ ဟိုတယ်များနှင့် Shopping Centerများ အနီးတွင်ရှိခြင်းကြောင့် တစ်နေ့တာလိုအပ်ချက်များအတွက် ပြီးပြည့်စုံသည့် နေရာတစ်ခုဖြစ်သည်။
" ERC Condo သည် Downtown Area နှင့် မနီးမဝေး အချက်အချာ Location မှာ မိသားစုနဲ့အတူ ကျယ်ကျယ်ဝန်းဝန်း အေးချမ်းဆိပ်ငြိမ်စွာနေထိုင်နိုင်တဲ့အပြင် Condo Facilities အပြည့်အစုံပါဝင်တဲ့ကွန်ဒိုကောင်းကောင်း ရှာနေသူတွေအတွက် ရှားရှားပါးပါး လက်လွတ်မခံသင့်တဲ့ အခွင့်အရေးလို မိမိရရဝယ်ယူသင့်တယ် " ဟု iMyanmarHouse နှင့် CarsDB တို့၏ Group CEO ဦးနေမင်းသူက ပြောကြားသွားသည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်