810

မကြာမီဖွင့်လှစ်တော့မည့် သိန်း ၁၇၀၀ မှစတင်နိုင်မယ့် အဆင်မြင့်မင်္ဂလာဈေးသစ်ရှိဆိုင်ခန်းများအရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့


မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ ရန်ကုန်မြို့ရဲ့ စီးပွားရေးဗဟိုချက်ဖြစ်တဲ့ အဆင်မြင့် မင်္ဂလာဈေးသစ်ကြီးမှာ အသစ်အရောင်းဖွင့်ပေးလိုက်တဲ့ Electronic ဆိုင်ခန်းများ အရောင်းပြပွဲကို ဇူလိုင်လ (၁၉)ရက်နှင့် (၂၀)ရက်နေ့များတွင် မင်္ဂလာဈေးသစ်၊ ဗညားဒလလမ်းမကြီးနှင့် စက်ရုံလမ်းထောင့်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရန်ကုန်မြို့၌ အောင်မြင်စွာကျင်းပခဲ့သည်။

အရောင်းပြပွဲ(၂)ရက်အတွင်းပထမဦးဆုံးဝယ်ယူသူ(၅)ဦးအတွက်

- Up to 25% Discount
- (၂၄) လအတိုးမဲ့အရစ်ကျစနစ်တို့ဖြင့် ရောင်းချပေးခဲ့ပါသည်။

သိန်း ၁၇၀၀ မှစတင်ဝယ်ယူနိုင်မယ့် ဈေးဆိုင်ခန်းများ၊ အရောင်းဖွင့်ပေးလိုက်တဲ့ Electronic ဆိုင်ခန်းများ၊ ဆေးဆိုင်ခန်းများ၊ ရုံးခန်းများကို ရွေးချယ်ဝယ်ယူနိုင်သည်။

မကြာမီဖွင့်လှစ်တော့မည့် သိန်း ၁၇၀၀ မှစတင်နိုင်မယ့် အဆင်မြင့်မင်္ဂလာဈေးသစ်ရှိဆိုင်ခန်းများအရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့

ဆိုင်ခန်းပေါင်း (၆၀၀၀) ကျော်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး (၁၀) ပေ ပတ်လည် ဆိုင်ခန်းများကို ဝယ်ယူနိုင်ပြီးဝယ်ယူသူဆိုင်ခန်းပိုင်ရှင်များကို Owner Book ပေးအပ်မည်ဖြစ်၍ ပိုင်ဆိုင်မှုခိုင်မာသည်။

ဝယ်ယူသူများ စိတ်ချမ်းမြေ့စွာ သွားလာနိုင်ရန်အတွက် လေအေးပေးစက်များ တပ်ဆင်ပေးထားခြင်း၊ စက်လှေကားများ၊ ဓါတ်လှေကားများနှင့် အဆင့်မြင့် Toilet များကိုပါ လုံလောက်စွာ ထည့်သွင်းတည်ဆောက်ပေးသွားမည်ဖြစ်ခြင်းတို့ပါဝင်ပါသည်။

မကြာမီဖွင့်လှစ်တော့မည့် သိန်း ၁၇၀၀ မှစတင်နိုင်မယ့် အဆင်မြင့်မင်္ဂလာဈေးသစ်ရှိဆိုင်ခန်းများအရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့

မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန်အတွက် ဆိုင်ခန်းတစ်ခန်းနဲ့ တစ်ခန်း ၁၅ မီတာ အကွာတွင် မီးသတ်ဆေးဗူးများ ထားရှိပေးထားခြင်း၊ Auto Sprinkler System များ၊ မီးသတ်ပိုက်လိုင်းများ ထည့်သွင်းတည်ဆောက်ထားခြင်းတို့ပါဝင်ပါသည်။

ဆိုင်ခန်းရှင်များအတွက် ဂိုဒေါင်များ (Warehouse) ပါဝင်ပြီး
Cargo Lift များပါဝင်ခြင်း၊ ကုန်ပစ္စည်းအတင်အချအတွက် သီးသန့်ဧရိယာများထားရှိခြင်း၊ လက်တွန်းလှည်းများနှင့် ပစ္စည်းအထုပ်အပိုးများထားရန် နေရာများသီးသန့်စီစဥ်ပေးခြင်းတို့ပါဝင်ပါသည်။

မကြာမီဖွင့်လှစ်တော့မည့် သိန်း ၁၇၀၀ မှစတင်နိုင်မယ့် အဆင်မြင့်မင်္ဂလာဈေးသစ်ရှိဆိုင်ခန်းများအရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့

လုံခြုံစိတ်ချရစေဖို့ Generator များထားရှိပေးထားခြင်း၊ ၂၄ နာရီလုံခြုံရေး ကင်မရာများနှင့် လုံခြုံရေးဝန်ထမ်းများထားရှိပေးထားခြင်းတို့ပါဝင်ပါသည်။ကားပါကင်အတွက် ကားအစီးရေ (၇၅၀) ခန့် ရပ်နားနိုင်သော ကားပါကင်နေရာများ၊ လွယ်ကူစွာပစ္စည်းအတင်အချ ပြုလုပ်နိုင်ရန်အတွက် Lorry Carparking များ၊ Basement နှစ်ထပ်အပြင် Level - 6, 7 , 8 တို့မှာပါ Car Parkingပါရှိပြီး Basement မှ တိုက်ရိုက်တက်လို့ရသည့် Car Parking နေရာများထားရှိပေးထားခြင်းတို့ပါဝင်ပါသည်။

မကြာမီဖွင့်လှစ်တော့မည့် သိန်း ၁၇၀၀ မှစတင်နိုင်မယ့် အဆင်မြင့်မင်္ဂလာဈေးသစ်ရှိဆိုင်ခန်းများအရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့

"မကြာမီမင်္ဂလာဈေးသစ်ကြီး စည်ကားသိုက်မြိုက်စွာဖွင့်လှစ်တော့မှာဖြစ်လို့ ပရိုမိုးရှင်တန်တန်နှင့် အခန်းကောင်းတွေ All Sold Out မဖြစ်ခင် စီးပွားရေးဗဟိုချက်ဖြစ်တဲ့လက်ကားဈေးကြီးမှာ ဆိုင်ခန်းကောင်းများပိုင်ဆိုင်ထားသင့်ပါတယ်"ဟု iMyanmarHouse နှင့် CarsDB တို့၏ Group CEO ဦးနေမင်းသူက ပြောကြားသွားသည်။

မကြာမီဖွင့်လှစ်တော့မည့် သိန်း ၁၇၀၀ မှစတင်နိုင်မယ့် အဆင်မြင့်မင်္ဂလာဈေးသစ်ရှိဆိုင်ခန်းများအရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့

 

မကြာမီဖွင့်လှစ်တော့မည့် သိန်း ၁၇၀၀ မှစတင်နိုင်မယ့် အဆင်မြင့်မင်္ဂလာဈေးသစ်ရှိဆိုင်ခန်းများအရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့

iMyanmarHouse.com

အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်

မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်

 

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App