မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ အဆင့်မြင့် မင်္ဂလာဈေးသစ်ရှိ သိန်း ၁၇၀၀ ကစတင်နိုင်မယ့် ဈေးဆိုင်ခန်း၊ ထပ်မံရောင်းဖွင့်ပေးလိုက်တဲ့ ဆေးဆိုင်ခန်းများကို Discount များဖြင့် ဝယ်ယူနိုင်မယ့် အရောင်းပြပွဲကို ဇူလိုင်လ (၅)ရက်နှင့် (၆)ရက်နေ့များတွင် မင်္ဂလာဈေးသစ်၊ ဗညားဒလလမ်းမကြီးနှင့် စက်ရုံလမ်းထောင့်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရန်ကုန်မြို့၌ အောင်မြင်စွာကျင်းပခဲ့သည်။
အရောင်းပြပွဲ(၂)ရက်အတွင်း
- Up to 25% Discount
- (၂၄) လအတိုးမဲ့အရစ်ကျစနစ်တို့ဖြင့် ရောင်းချပေးခဲ့ပါသည်။
အဆင့်မြင့်မင်္ဂလာဈေးသစ်ရှိဆိုင်ခန်းများသည်ဝယ်ယူသူများ စိတ်ချမ်းမြေ့စွာ သွားလာနိုင်ရန်အတွက်လေအေးပေးစက်များ တပ်ဆင်ပေးထားခြင်း၊ စက်လှေကားများ၊ ဓါတ်လှေကားများနှင့် အဆင့်မြင့် Toilet များကိုပါ လုံလောက်စွာ ထည့်သွင်းတည်ဆောက်ပေးသွားမည်ဖြစ်သည်။
မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန်အတွက် ဆိုင်ခန်းတစ်ခန်းနဲ့ တစ်ခန်း ၁၅ မီတာ အကွာတွင် မီးသတ်ဆေးဗူးများ ထားရှိပေးထားခြင်း၊ Auto Sprinkler System များ၊ မီးသတ်ပိုက်လိုင်းများ ထည့်သွင်းတည်ဆောက်ထားသည်။
ဆိုင်ခန်းရှင်များအတွက်ဂိုဒေါင်များ (Warehouse) ပါဝင်ပြီး
Cargo Lift များပါဝင်ခြင်း၊ ကုန်ပစ္စည်းအတင်အချအတွက် သီးသန့်ဧရိယာများထားရှိခြင်း၊ လက်တွန်းလှည်းများနှင့် ပစ္စည်းအထုပ်အပိုးများထားရန် နေရာများသီးသန့်စီစဥ်ပေးခြင်းတို့ပါဝင်ပါသည်။
လုံခြုံစိတ်ချရစေရန်အတွက်Generator များထားရှိပေးထားခြင်း၊ ၂၄ နာရီလုံခြုံရေး ကင်မရာများနှင့် လုံခြုံရေးဝန်ထမ်းများထားရှိပေးထားပါသည်။
ကားပါကင်အတွက်ကားအစီးရေ (၇၅၀) ခန့် ရပ်နားနိုင်သော ကားပါကင်နေရာများ၊ လွယ်ကူစွာပစ္စည်းအတင်အချ ပြုလုပ်နိုင်ရန်အတွက် Lorry Carparking များ၊ Basement နှစ်ထပ်အပြင် Level - 6, 7 , 8 တို့မှာပါ Car Parkingပါရှိပြီး Basement မှ တိုက်ရိုက်တက်လို့ရသည့် Car Parking နေရာများထားရှိပေးထားပါသည်။
"ဝယ်ယူသူများ Owner Book ရရှိပြီးပိုင်ဆိုင်မှုခိုင်မာတဲ့ ဆိုင်ခန်းများကို စီးပွားရေးလုပ်ငန်းစတင်ချင်သူများအတွက်ဖြစ်စေ၊ ရင်းနှီးမြှုပ်နှံချင်သူများဖြစ်စေ အကျိုးများစွာဖြစ်ထွန်းစေမယ့်အခွင့်အရေးကို လက်ရောက်ပိုင်ဆိုင်လိုက်ပါ"ဟု iMyanmarHouse နှင့် CarsDB တို့၏ Group CEO ဦးနေမင်းသူက ပြောကြားသွားသည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်