5216 ကြိမ် ကြည့်ရှု့ ပြီး

ကျပ်ငွေ (၁၅) ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၀ သန်း) ကျော်ဖိုး ရောင်းချပေးနိုင်ခဲ့သည့် iMyanmarHouse.com ၏ ( ၁၁ ) ကြိမ်မြောက် အိမ်ခြံမြေအရောင်းပြပွဲကြီး

 မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ ၂၀၁၉ ခုနှစ် ၊ မေလ ( ၁၀ ၊ ၁၁ ၊ ၁၂ ) ရက်များတွင် ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် “မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီး” ( ၁၁ ကြိမ်မြောက် ) ကို အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါဖွင့်ပွဲတွင် iMyanmarHouse.com ၏ Managing Director ဦးနေမင်းသူ ၊ Main Sponsor အဖြစ် ပါဝင်ပြသပါသော Golden City မှ Sales Director ဦးကျော်စည်သူ ၊ Official Banking Partner အဖြစ် ပါဝင်ပြသသော KBZ Bank ၏ Deputy General Manager ဒေါ်စကားဝါမြင့် ၊ Official Banking Partner အဖြစ် ပါဝင်ပြသပါသော Yoma Bank ၏ Head ဒေါ်စုသက်ထွန်း ၊ Diamond Sponsor အဖြစ် ပါဝင်ပြသသော Kabae Tower Project & Riverfront Garden Project ၏ Project Manager ဒေါ်ဝတ်ရည်ခင် ၊ Gold Sponsor အဖြစ် ပါဝင်ပြသသော SaePaing Development Ltd ၏ Sale & Marketing Director ဒေါ်ဆုပိုက်ရတနာ တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး iMyanmarHouse.com ၏ Managing Director ဦးနေမင်းသူ မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ကျပ်ငွေ (၁၅) ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၀ သန်း) ကျော်ဖိုး ရောင်းချပေးနိုင်ခဲ့သည့် iMyanmarHouse.com ၏ ( ၁၁ ) ကြိမ်မြောက် အိမ်ခြံမြေအရောင်းပြပွဲကြီး

ပြပွဲ (၃) ရက်အတွင်းတွင် ဆောက်လုပ်ရေး ကုမ္ပဏီ (၅ဝ) ကျော် ၊ တိုက်ခန်းနှင့်ကွန်ဒိုပေါင်း (၁၀,၀၀၀) ကျော် ၊ သိန်း (၂၀၀) ကျော်မှစသော ဆောက်လုပ်ဆဲ ၊ ဆောက်လုပ်ပြီး တိုက်ခန်း ၊ ကွန်ဒိုနှင့် လုံးချင်းနှင့် မြေကွက်များကို အထူးလျှော့ဈေးနှုန်းများ ၊ အရစ်ကျစနစ်များ ၊ ဘဏ်ချေးငွေများဖြင့် ရောင်းချခဲ့ရာ ပွဲသို့လာရောက်လေ့လာသူ လွန်စွာများပြားခဲ့ပြီး ကျပ်ငွေ (၁၅) ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်) တန်ဖိုးရှိသော အိမ်ခြံမြေများကို ရောင်းချပေးနိုင်ခဲ့ကြောင်း သိရှိရပါသည်။

ကျပ်ငွေ (၁၅) ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၀ သန်း) ကျော်ဖိုး ရောင်းချပေးနိုင်ခဲ့သည့် iMyanmarHouse.com ၏ ( ၁၁ ) ကြိမ်မြောက် အိမ်ခြံမြေအရောင်းပြပွဲကြီး

အဆိုပါအိမ်ခြံမြေအရောင်းပြပွဲကြီးတွင် Official Banking Partner အဖြစ် KBZ Bank ၊ YOMA Bank တို့မှ ပါဝင်ပြသခဲ့ပြီး Main Sponsor အဖြစ် Golden City မှလည်းကောင်း ၊ Diamond Sponsor အဖြစ် Sun Myat Tun Construction ၊ Yone Min Development ၊ Kabae Towers & River Front Garden ၊ Peugeot Myanmar ကုမ္ပဏီတို့မှလည်းကောင်း နှင့် Gold Sponsor အဖြစ် The Leaf Residence ၊ Sae Paing Development Ltd ၊ YENADI Motor ၊ Sustain Company ၊ Kantharyar Residence တို့မှလည်းကောင်း အဓိကပါဝင်ပြသပြီး အခြားအိမ်ခြံမြေနှင့် ဆောက်လုပ်ရေးကုမ္ပဏီပေါင်း (၅ဝ) ကျော်မှ ပါဝင်ပြသခဲ့ပါသည်။

ကျပ်ငွေ (၁၅) ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၀ သန်း) ကျော်ဖိုး ရောင်းချပေးနိုင်ခဲ့သည့် iMyanmarHouse.com ၏ ( ၁၁ ) ကြိမ်မြောက် အိမ်ခြံမြေအရောင်းပြပွဲကြီး

“ အခုပြပွဲက iMyanmarHouse.com မှကြီးမှူးပြီး ရန်ကုန်မှာကျင်းပပြုလုပ်တဲ့ (၁၁) ကြိမ်မြောက် အိမ်ခြံမြေအရောင်းပြပွဲကြီးပါ။ ပြပွဲအတွင်းမှာ ကျပ်သိန်း (၂ဝဝ) ကျော်မှစတဲ့ တိုက်ခန်းတွေ ၊ ကျပ်သိန်း (၅ဝဝ) မှ ကျပ်သိန်း (၅ဝဝဝ) ကျော် ကွန်ဒိုပေါင်းများစွာနှင့် မြေကွက်တွေကို တစ်နေရာတည်း စုံလင်စွာပြသရောင်းချခဲ့တဲ့အပြင် အိမ်ရာချေးငွေအတွက် KBZ Bank ၊ YOMA Bank များမှလည်း ပြပွဲတက်ရောက်သူများအတွက် လိုအပ်တဲ့ အိမ်ရာချေးငွေဆိုင်ရာ ဝန်ဆောင်မှုတွေကို ပြုလုပ်ပေးခဲ့ပါတယ်။ရနျကုနျ ၊ မန်တလေး၊ ငှဆေောငျ၊ ခြောငျးသာ၊ တောငျကွီး၊ ကလော၊ ပွငျဦးလှငျ၊ စဈတှေ အစရှိသော မွနျမာတဈနိုငျငံလုံးတှငျရှိသည့ျ အိမျခွံမွစေီမံကိနျးမြားကို ရောငျးခပြေးနပေါသညျ။ အမျိုးအစားစုံလင်ပြီး အထူး Discount များ ၊ ဘဏ်ချေးငွေချေစနစ်များ ၊ ခိုင်မာမှုရှိတဲ့ စာချုပ်စာတမ်းများဖြင့် ရောင်းချပေးခဲ့တာကြောင့် အိမ်ဝယ်ယူသူများအတွက် အလွန်တရာ အဆင်ပြေခဲ့ပြီး ပွဲအတွင်းမှာ အခုလိုမျိုး ရောင်းအားကောင်းခဲ့တာပါ ” ဟု iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ မန်းနေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားခဲ့ပါသည်။

ကျပ်ငွေ (၁၅) ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၀ သန်း) ကျော်ဖိုး ရောင်းချပေးနိုင်ခဲ့သည့် iMyanmarHouse.com ၏ ( ၁၁ ) ကြိမ်မြောက် အိမ်ခြံမြေအရောင်းပြပွဲကြီး

“ မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမယ်ဆိုတဲ့ ဦးတည်ချက်နဲ့ ကျွန်တော်တို့ iMyanmarHouse.com ဟာ လုပ်ငန်းဆောင်တာများကို အရှိန်အဟုန်အပြည့်နဲ့ လုပ်ဆောင်နေပါတယ်။ တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ တန်ဖိုးလတ်ကနေ အဆင့်မြင့်ကွန်ဒိုတွေအထိ ပြည်သူတွေ အများအပြားပိုင်ဆိုင်နိုင်အောင်လို့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ရော၊ အစိုးရနဲ့ပါ ပူးပေါင်းပြီး ဝန်ဆောင်မှုတွေပေးသွားနိုင်အောင် ကြိုးစားနေပါတယ်” ဟု ဦးနေမင်းသူမှ ဖြည့်စွက်ပြောကြားခဲ့ပါသည်။

ကျပ်ငွေ (၁၅) ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၀ သန်း) ကျော်ဖိုး ရောင်းချပေးနိုင်ခဲ့သည့် iMyanmarHouse.com ၏ ( ၁၁ ) ကြိမ်မြောက် အိမ်ခြံမြေအရောင်းပြပွဲကြီး

ပြပွဲသုံးရက်အတွင်း အသိပညာရှင် အတတ်ပညာရှင် (၁၄) ဦးတို့မှ အိမ်ခြံမြေ နှင့် ပတ်သက်၍ အသိပညာ ဗဟုသုတများကို ဆွေးနွေး ဟောပြောပေးသွားခဲ့ကြောင်း သိရပါသည်။

ကျပ်ငွေ (၁၅) ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၀ သန်း) ကျော်ဖိုး ရောင်းချပေးနိုင်ခဲ့သည့် iMyanmarHouse.com ၏ ( ၁၁ ) ကြိမ်မြောက် အိမ်ခြံမြေအရောင်းပြပွဲကြီး

ပြပွဲသို့လာရောက်လေ့လာဝယ်ယူသူ ဧည့်သည်တော်များအတွက် Panasonic 32” TV ၊ Samsung Tablet ၊ ဖုန်းများနှင့် အခြားကျပ်သိန်း (၅ဝ) တန်ဖိုးရှိ လျှပ်စစ်ပစ္စည်းများအား ပျော်ရွှင်စွာ ကံစမ်းမဲဖောက်ပေးသွားကြောင်း သိရှိရပါသည်။

ကျပ်ငွေ (၁၅) ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၀ သန်း) ကျော်ဖိုး ရောင်းချပေးနိုင်ခဲ့သည့် iMyanmarHouse.com ၏ ( ၁၁ ) ကြိမ်မြောက် အိမ်ခြံမြေအရောင်းပြပွဲကြီး

ကျပ်ငွေ (၁၅) ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၀ သန်း) ကျော်ဖိုး ရောင်းချပေးနိုင်ခဲ့သည့် iMyanmarHouse.com ၏ ( ၁၁ ) ကြိမ်မြောက် အိမ်ခြံမြေအရောင်းပြပွဲကြီး


iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်။

 

အခြား အိမ်ခြံမြေ ပွဲစဉ်များ

မကြာမီဖွင့်လှစ်တော့မည့် သိန်း ၁၇၀၀ မှစတင်နိုင်မယ့် အဆင်မြင့်မင်္ဂလာဈေးသစ်ရှိဆိုင်ခန်းများအရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
အထူးဈေးနှုန်းဖြင့် ရောင်းချပေးသည့် Royal Theikdi Condo အသင့်နေ အခန်းများ Flash Sale Promotionအရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
သိန်း ၂၆၀၀ ဝန်းကျင်ကိုမှ 30% Down Payment နဲ့ဝယ်ယူနိုင်မယ့် ရန်ကုန်မြို့လယ်က Magical World အသစ်စက်စက်ကွန်ဒိုရှိ အခန်းများအရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
အရှေ့မြင်းပြိုင်ကွင်း လမ်းမကြီးပေါ်ရှိ အသင့်နေ ERC Luxury Condo အခန်းများ အရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
အထူးပရိုမိုးရှင်းများစွာဖြင့်ဝယ်ယူနိုင်မယ့် ရန်ကင်းမြို့နယ်ရှိ Golden City Luxury Condo အရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
Discount ပရိုမိုးရှင်းများနဲ့ အဆင့်မြင့် မင်္ဂလာဈေးသစ်ရှိ ထပ်မံအရောင်းဖွင့်ပေးလိုက်တဲ့ ဆေးဆိုင်ခန်းများအရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
အလုံလမ်းမကြီးပေါ်ရှိ မြေအချိုးကျပိုင်ဆိုင်နိုင်မည့် ပန်းစွယ်တော်ကွန်ဒို မိုးရာသီပရိုမိုးရှင်းပွဲကြီး ကျင်းပပြုလုပ်ခဲ့
ရန်ကုန်မြို့အလယ်မှာ သိန်း ၂၅၀၀ ဝန်းကျင်ကစတင်ပြီး Fully Decoration ဖြင့် Magical World Condominium အခန်းများအရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
မိုးရာသီအထူးပရိုမိုးရှင်းများစွာနဲ့ ကြီးကျယ်ခန်းနားလှပသော ရန်ကင်းမြို့နယ်ရှိ Golden City Luxury Condo အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
ဝယ်ပြီးအခန်းများ အပ်နှံပေးလျှက်ရှိပြီး မကြာမီပြီးစီးတော့မယ့် အဆင့်မြင်မင်္ဂလာဈေးသစ်ရှိဆိုင်ခန်းများ မိုးရာသီအထူးပရိုမိုးရှင်း အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App