အမြင့်ဆုံး ကွန်ဒိုမီနီယံမှ ရှုမြင်ကွင်းများ။
ရန်ကုန်မြို့၏ အမြင့်ဆုံးပေ(၃၆၀)ရှိသော အဆောက်အဦးမှ အင်းယားကန် နှင့် ရွှေတိဂုံစေတီတော်တို့ကို လှမ်းမျှော်ကြည့်ရှုနိုင်ခြင်း။
GOLDEN CITY သည် ရန်ကုန်မြို့ စီးပွားရေး အချက်အချာနေရာသစ်ဖြစ်သော ရန်ကင်းမြို့နယ်တွင် တည်ရှိပြီး ပတ်ဝန်းကျင် အားသာချက်များစွာရှိ၍ စီမံကိန်း အသစ်များလည်း ဤနေရာတွင် စုဝေးလျက် ရှိပါသည်။ Myanmar Plaza, Yankin Center နှင့် နီးကပ်နေ၍ ခြေလျင်လမ်းလျှောက်သွားနိုင်ပါသည်။ (၁) မိုင်ပတ်လည်အတွင်း International School, Children Hospital, Melia Hotel, Sedona Hotel တို့တည်ရှိပါသည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် (၇)မိုင် သာကွာဝေး၍ ရန်ကုန်မြို့၏ အမြင့်ဆုံး သောပေ(၃၆၀) ရှိ အဆောက်အဦးမှ အင်းယားကန် နှင့် ရွှေတိဂုံစေတီတော်တို့ကိုလည်း ထင်ရှားစွာ လှမ်းမျှော်ကြည့်ရှုနိုင်ပြီး စိတ်နှလုံးကို ကြည်လင်အေးချမ်းစေပါသည်။
အကျယ်ဆုံး ကြီးမားခမ်းနားလှပသော ဂေဟပန်းဥယျာဉ်
ရန်ကုန်မြို့၏ ပထမဦးဆုံး (၂.၅) ဧကရှိသော ပြင်သစ်ဂန္တဝင်ပုံစံပန်းဥယျာဉ်
GOLDEN CITY သည် ခမ်းနားထည်ဝါလှပ၍ စည်ကားသောမြို့လယ်ခေါင်တွင်တည်ရှိပြီး ရန်ကုန်မြို့၏ ပထမဦးဆုံးဖြစ်သော (၂.၅) ဧကရှိ ပြင်သစ်ဂန္တဝင်ပုံစံပန်းဥယျာဉ်ကို ဖန်တီးပေးထားပါသည်။ နည်းပညာပိုင်းတွင် အထူးဂရုစိုက်၍ နေ့စဉ်ပေါင်းတင်ပြုစုပေးခြင်းတို့ကြောင့် စိမ်းလန်းစိုပြေလှပသော ပန်းဥယျာဉ်၊ ဆန်းသစ်သော အမေရိကန်ကျူဘားပင်များကို အဝင်လမ်းတလျှောက်တွင် စိုက်ပျိုးထားသည်ကိုလည်း တွေ့ရပါသည်။ ထို့ပြင် ဒဇိုင်းခေတ်မီသော ရေကူးကန်၊ ရေပန်းများဖြင့် မြန်မာပြည်၏အလှပဆုံးဥယျာဉ်ရှုခင်းများကို ဖန်တီးပေးထားပါသည်။
အဆင့်မြင့် အိမ်ရာနှင့် စီးပွားရေးဘက်စုံသုံး အထွေထွေ နေရပ်ဝန်းကြီး
နေ့စဉ်ဘဝ၏ လုပ်ငန်းနေရာနှင့် နေထိုင်မှုပတ်ဝန်းကျင် တစ်နေရာတည်းတွင် တည်ရှိခြင်း။
GOLDEN CITY သည် ရန်ကုန်မြို့၏ အဆင့်မြင့်လူနေအိမ်ရာနှင့် စီးပွားရေးဘက်စုံသုံး အထွေထွေစီမံကိန်းကြီးတစ်ခုဖြစ်သည်။ အဆင့်မြင့်အိမ်ရာ Residential, Grade-A Business Center, Service Apartment, International Hotel များနှင့် Shopping Center များ တစ်နေရာတည်းတွင် တည်ရှိသောကြောင့် နေ့စဉ်ဘဝ၏ လုပ်ငန်းဆိုင်ရာနှင့် နေထိုင်မှုဆိုင်ရာလိုအပ်ချက်များကို အလွယ်တကူဖြည့်ဆည်းပေးနိုင်ပါသည်။
ကွန်ဒိုမီနီယံဆိုင်ရာ အထောက်အကူပစ္စည်းများ အပြည့်အစုံ ရှိခြင်း။
အပြင်ပိုင်းအဆောက်အဦး နှင့် အတွင်းပိုင်းဝန်ဆောင်မှုနှစ်မျိုးလုံး စုံလင်သောကြောင့် လူနေမှုဘဝ လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးနိုင်ခြင်း။
GOLDEN CITY သည် အပြင်ပိုင်းအဆောက်အဦး နှင့် အတွင်းပိုင်းဝန်ဆောင်မှု ရှုထောင့်နှစ်ဖက်မှ နေထိုင်သူများ ၏ လိုအပ်ချက်များကို ထည့်သွင်းစဉ်းစား၍ ကွန်ဒိုမီနီယံဆိုင်ရာ အထောက်အကူပစ္စည်းများကို စုံလင်စွာစီစဉ်ပေးထားပါသည်။ ပန်းဥယျာဉ်၊ ရေကူးကန်၊ အားကစားလေ့ကျင့်ခန်း၊ Clubhouse များ၊ ကလေးကစားစရာနေရာများ၊ အများသုံးမီးဖိုဆောင်များ စသည်တို့ကို ထည့်သွင်းပေးထားပါသည်။ ထို့အတူ ကမ္ဘာ့ထိပ်တန်းနာမည်ကြီး Property Management Company ဖြစ်သော Colliers International သည်လည်း ကမ္ဘာ့အဆင့်မီသီးသန့် နေထိုင်ရေးစီမံခန့်ခွဲမှုဆိုင်ရာ ဝန်ဆောင်မှုများနှင့်နေထိုင်သူများ၏လိုအပ်ချက်များအားလုံးကိုဖြည့်ဆည်းပေးနိုင်ပါသည်။
အကောင်းဆုံး အိမ်ခန်းပုံစံ ဒီဇိုင်းဖန်တီးထားခြင်း။
517 sq.ft. မှ 1,980 sq.ft. ရှိသော အိမ်ခန်းများကို နေထိုင်ရန်နှင့်ရင်းနှီးမြှုပ်နှံရန် အတွက် သင့်လျော်သောပုံစံဖြင့်ဖန်တီးဖွဲ့စည်းပေးထားခြင်း။
GOLDEN CITY တွင် 517 sq.ft. (1 Bedroom) ၊ 760-1,238 sq.ft. (2 Bedrooms) ၊ 1,291-1,732 sq.ft. (3 Bedrooms)၊ 1,980 sq.ft. (4 Bedrooms) များအပြင် ခေတ်နှင့်အညီ ထူးခြား ဆန်းသစ်သော Dual Key System (အိမ်ခန်းနှစ်ခန်းပေါင်း) နှင့် အထပ်မြင့်ဇိမ်ခံ Penthouse များကို ဖန်တီးပေးထားပါသည်။ အခန်းဒီဇိုင်းပုံစံ ကောင်းမွန် ခြင်း၊ ဧရိယာမျက်နှာစာမျှတခြင်း၊ လေဝင်လေထွက် နှင့် အလင်းရောင် ကောင်းမွန်ခြင်း တို့ကြောင့် မြို့ပြ ဂုဏ်သရေရှိ နေအိမ်အင်္ဂါရပ်နှင့် ကိုက်ညီပြီး နေထိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံရန် နှစ်မျိုးလုံးအတွက် အကောင်းဆုံးရွေးချယ်မှု ဖြစ်ပါသည်။
Location Map
CMA Old Building, Yankin Road, Yankin Township, Yangon, Myanmar
ဆက်သွယ်မေးမြန်းရန်
ဤ Project နှင့် ပတ်သတ်၍ စိတ်ဝင်စားပါက အောက်ပါဖောင်တွင် ဖြည့်စွက်၍ ဆက်သွယ် မေးမြန်းနိုင်ပါသည်။