ရန်ကုန်မြို့ ၊ လှိုင်မြစ် တစ်ဖက်ကမ်း ဘုရင့်နောင်တံတား နဲ့ အောင်ဇေယျတံတားကြားက မြစ်ကမ်းနားကို မျက်နှာမူပြီး တည်ဆောက်ထားခြင်းကို ကြည့်ခြင်းအားဖြင့် တည်ဆောက်သူ Developer ရဲ့ ရည်ရွယ်ချက်ကို မြင်နိုင်ပါတယ်။ မြို့ပြရဲ့ မွန်းကျပ်နေမှုကို လျစ်လျူရှုနိုင်တဲ့အပြင် လှိုင်သာယာစက်မှုဇုန်များ ၊ ဘုရင့်နောင်ပွဲရုံ အစရှိတဲ့ စီးပွားရေးလုပ်ငန်းများအပြင် မြန်မာနိုင်ငံ ဧရာဝတီတိုင်းဒေသကြီးရဲ့ ကုန်စည်များစီးဆင်းရာ အဓိက ၀င်ပေါက် ထွက်ပေါက်နေရာမှာ တည်ရှိတာကြောင့် လမ်းပန်းဆက်သွယ်ရေးနဲ့ စီးပွားရေးအချက်အချာကျတဲ့ နေရာ တစ်ခုဖြစ်ပါတယ်ဆိုတာ တွေ့ရပါတယ်။
တံတားနှစ်စင်းရဲ့ အလယ်မှာတည်ရှိသောကြောင့် ရန်ကုန်မြို့ရဲ့ Down Town Area များသို့ မိနစ်(၂၀) အတွင်း သွားရောက်နိုင်မှာဖြစ်ပြီး ရန်ကုန် International Airport သို့ လည်း အလွယ်တကူ သွားရောက်နိုင်တဲ့ နေရာတစ်ခြုဖစ်ပါတယ်။
လုပ်ငန်းရှင်ပေါင်း (၆၉၀၀) ကျော်ရှိတဲ့ လက်ရှိလှိုင်သာယာမြို့နယ်အနီးမှာရှိတဲ့အပြင် စက်မှုဇုန်၊ ဘုရင့်နောင်ပွဲရုံ များမှ လုပ်ငန်းရှင်များသာမက ရာထူးကြီးဝန်ထမ်းများပါ နေထိုင်ရန် မျက်စိကျလာမယ့် Condominium တစ်ခုဖြစ်တာ ကြောင့် ရင်းနှီးမြှုပ်နှံလိုသူများအတွက်လည်း အခန်းငှားရမ်းခြင်း မှ တစ်နှစ်လျှင် အခန်းတန်ဖိုး၏ ၁၅ ရာခိုင်နှုန်း မှ ၂၀ ရာခိုင်နှုန်း ကြား ပြန်လည်ရရှိနိုင်မယ့် Project တစ်ခုဖြစ်ပါတယ်။
တည်ဆောက်ပုံနှင့် ဒီဇိုင်း
River Front Garden View Project ဟာ စုစုပေါင်းမြေ ဧက (၃၁) ဧကပေါ်မှာ တည်ဆောက်မှာဖြစ်ပြီး ပထမအဆင့် အနေနဲ့ မြေ (၁၀) ဧကပေါ်တွင် အခန်းပေါင်း (၁၈၀၀) ကျော် စတင်တည်ဆောက်သွားမှာ ဖြစ်ပါတယ်။
River Front Garden View Project ဟာ ခေတ်ဟောင်း နဲ့ ခေတ်သစ်ကို ပေါင်းစပ်ထားတဲ့ Artico Design Building များဖြစ်ပြီး၊ အဆင့်မြင့်ကြွေပြားများ ၊ နိုင်ငံခြားမှတင်သွင်းသော အိမ်သုတ်ဆေးများကိုသာ အသုံးပြုထားကာ လှပကျစ်လစ်သော European Layout Design များကို ထည့်သွင်းတည်ဆောက်သွားမယ့် Project ဖြစ်ပါတယ်။ လှပသောရှုခင်းကို အပြည့်အ၀ခံစားနိုင်မယ့် ကျယ်ပြန့်တဲ့ မှန်ပြတင်းပေါက်များ ခမ်းနားထည်ဝါ တဲ့ နေထိုင်မှုနဲ့အတူ လှိုင်မြစ်ရဲ့အလှအပကို သာမက ရန်ကုန် တစ်မြို့လုံးရဲ့ရှုခင်းကို လွှမ်းခြုံမြင်တွေ့နိုင်မယ့် ထူးခြားတဲ့ Condominium တစ်ခုဖြစ်ပါတယ်။
အခန်းအမျိုးအစားတွေအနေနဲ့ အကျယ်အ၀န်း (၅၅၈)စတုရန်းပေကနေ (၁၁၀၆) စတုရန်းပေ အထိ မိမိလိုအပ်ချက်ကို ချိန်ပြီးဝယ်ယူနိုင်မှာလည်း ဖြစ်ပါတယ်။ အသင့်နေထိုင်ရုံ အကောင်းဆုံး Facilities များနဲ့ အခန်းအပ်မှာဖြစ်တာကြောင့် ကိုယ်တိုင်နေထိုင်ရုံသာမက ပြန်လည်ရောင်း၊ ငှားရန်အတွက် လည်း အဆင်ပြေစေမှာဖြစ်ပါတယ်။ စိမ်းလန်းစိုပြေတဲ့ နိုင်ငံ တကာအဆင့်မီ ဂန်္ထ၀င်ပန်းဥယျာဉ်ကိုလည်း Australia နိုင်ငံ အခြေစိုက် Australia Wavelly Company မှ Project အတွင်း ၃၆ ရာခိုင်နှုန်း အထိထည့်သွင်း၍ လှပစွာဖန်တီး ပုံဖော်တည်ဆောက်သွားမှာ ဖြစ်ပါတယ်။
Project တွင်ပါဝင်သည့် Facilities များ
Project အတွင်းနေထိုင်သူများအတွက် ရေကူးကန်၊ အားကစားခန်းမ၊ ကလေးကစားကွင်း၊ လူကြီးများအတွက် နားရန်နေရာများ၊ Super Market များ၊ Coffee Shop ၊ KTV စတဲ့ Full Facilities များအပြင် လုံခြုံရေးအနေနဲ့လည်း ဗီဒီယို လုံခြုံရေးစနစ်၊ ကတ်တစ်ခုတည်းအသုံးပြုခြင်းဖြင့် အ၀င်အထွက် စီမံခန့်ခွဲခြင်းစနစ် ၊ ၂၄ နာရီ လုံခြုံရေး CCTV ကင်မရာများ ၊ Electronic စနစ်အထောက်အကူပြု ၂၄ နာရီ လုံခြုံရေးကင်းလှည့်ခြင်း စတဲ့ International System အဆင့်မြင့် လုံခြုံရေးစနစ်များ ပါဝင်ပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့ရဲ့အဓိက အလိုအပ်ဆုံးဖြစ်တဲ့ ကောင်းမွန်တဲ့ ကားပါကင်စနစ်ကိုပါ ထည့်သွင်းထားသောကြောင့် နေ့စဉ် လူနေမှုဘ၀ကို လွယ်ကူ ချောမွေ့စွာနဲ့ စိတ်အနှောင့်အယှက်ကင်းစွာ နေထိုင်နိုင်မှာဖြစ်ပါတယ်။
Project ၏ အနီးပတ်ဝန်းကျင်
River Front Garden Condominium ရဲ့အနီးအနား ပတ်ဝန်းကျင်တွင် FMI City ၊ Pun Hlaing Golf Estate ၊ City Mart ၊ န၀ဒေးအိမ်ရာ၊ အင်္ဂလန်နိုင်ငံကလာရောက် ဖွင့်လှစ်ထားတဲ့ Dulwich College Yangon တို့ တည်ရှိပြီး မျက်နှာချင်းဆိုင် တစ်ဖက်ကမ်းမှာ မြန်မာနိုင်ငံရဲ့ အကြီးဆုံး ကုန်စည်ဈေးကွက်ဖြစ်တဲ့ ဘုရင့်နောင်ပွဲရုံတန်းနဲ့ ဈေးအကြီးဆုံး စက်မှုပစ်္စည်းဈေး ကွက်ဖြစ်တဲ့ ဘုရင့်နောင်ဈေးတို့ တည်ရှိပါတယ်။
Project Overview
Land Area 125,000m2
Gross Area 563,000 m2
Part 1: Condominium 189614m2
Part 2: 193,879m2 Commercial (Planning)
Part 3: 60,000 m2 Residence (Planning)
အထက်ပါအချက်အလက်တွေကတော့ အခြေအနေ နဲ့ရော နောင်ဖြစ်လာမယ့် အခြေအနေတွေအတွက်ပါ ကြိုတင် မျှော်မှန်းတည်ဆောက်ထားတဲ့ River Front Garden ရဲ့လက်ရှိ ထူးခြားချက် ၊ အားသာချက်တွေပါ။
ဒီလို ထူးခြားမှု အားသာမှုတွေ အပြည့်ရှိတဲ့ River Front Garden Project ကို တည်ဆောက်တဲ့ Developer ကတော့ ရန်ကင်းမြို့နယ်က KANBAE TOWERS ကိုတည်ဆောက် ခဲ့တဲ့ Golden Thitsar Co.,Ltd မှ တည်ဆောက်ထားတာပဲ ဖြစ်ပါသည်။
Project Location
Seikkanthar Road, Hlaing thar Yar Tsp,Yangon
ဆက်သွယ်မေးမြန်းရန်
ဤ Project နှင့် ပတ်သတ်၍ စိတ်ဝင်စားပါက အောက်ပါဖောင်တွင် ဖြည့်စွက်၍ ဆက်သွယ် မေးမြန်းနိုင်ပါသည်။