စာချုပ်ချုပ်မည်ဆိုလျှင် . . . စရန်ငွေ အဆုံး ဆိုသည့်ကိစ္စအကြောင်း သိကောင်းစရာ

စာချုပ်ချုပ်မည်ဆိုလျှင် . . . စရန်ငွေ အဆုံး ဆိုသည့်ကိစ္စအကြောင်း သိကောင်းစရာ - Property Knowledge in Myanmar from iMyanmarHouse.com
22 May 2021 3:03 pm တွင် တင်ခဲ့သည်
2420 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

စရန်ပေး အရောင်းအဝယ်စာချုပ် ပြုလိုက်တိုင်း စာချုပ်တွင် ထည့်သွင်းရေးသားချုပ်ဆိုလေ့ရှိသော အကြောင်းအရာတစ်ရပ်ကို တင်ပြပါမည်။

စရန်ပေး စာချုပ်ချုပ်ဆိုထားပြီး အရောင်းအဝယ်ကို ရောင်းသူ ( သို့မဟုတ် ) ဝယ်သူ တစ်ဖက်ဖက်က အကြောင်းအမျိုးမျိုးကြောင့် ဖျက်တတ်၊ ပျက်ကွက်တတ်ကြသည်ဖြစ်ရာ အခြားတစ်ဖက်တွင် နစ်နာမှုမဖြစ်ရလေအောင် အောက်ပါအတိုင်း ထည့်သွင်း ချုပ်ဆိုကြလေ့ရှိပါသည်။

`` ရောင်းဝယ်မှုကို အပိုင်ရောင်းသူက ပျက်ကွက်ပါက စရန်၏ နှစ်ဆကို ပေးလျော်ရန်သော်လည်းကောင်း၊ အပိုင်ဝယ်သူဘက်က ပျက်ကွက်ပါက စရန်ငွေ အဆုံး ဖြစ်သည်ဆိုသော အချက်ကိုသော်လည်းကောင်း နှစ်ဦးနှစ်ဘက် လက်ခံ သဘောတူကြပါသည်။ ´´ဟူသော အချက်ဖြစ်ပါသည်။

ယခု တင်ပြလိုသည်မှာ- `` အပိုင်ဝယ်သူဘက်က ပျက်ကွက်ပါက စရန်ငွေ အဆုံး ´´ဟူသော အချက်နှင့်စပ်လျဉ်း၍ အငြင်းပွား ပေါ်ပေါက်တတ်သော သတိပြုစရာ အချက်တစ်ရပ်ကို တင်ပြပါမည်။

အရောင်းအဝယ်ပြုရာတွင် တစ်ကြိမ်တည်းနှင့် အရောင်းအဝယ်စာချုပ် ပြုလုပ်သည်မှာ နည်းပါးပြီး အရောင်းအဝယ်စာချုပ်ကြီး မပြုလုပ်မီ ငွေပေးငွေယူ အကြိမ်ကြိမ်ပြုလုပ်ရသည်က များပါသည်။ ပထမဆုံးအကြိမ် စရန်ပေး၍ သဘောတူစာချုပ် ချုပ်ဆိုပြီးနောက်တွင် ဒုတိယအရစ် ငွေပေးစာချုပ်၊ တတိယအရစ် ငွေပေးစာချုပ် စသည်ဖြင့် ပြုလုပ်လေ့ရှိပါသည်။

ပထမအကြိမ် ငွေငါးသောင်းကျပ်ပေး၍ သဘောတူစာချုပ် ချုပ်ပါသည်။ တစ်ပတ်ခန့်အကြာတွင် ဒုတိယအရစ် ငွေငါးသောင်းကျပ် ထပ်ပေးသည့် ငွေပေးစာချုပ် လုပ်ပါသည်။ နောက်ထပ် တစ်ပတ်အကြာတွင် တတိယအရစ် ငွေငါးသောင်းကျပ် ထပ်ပေးသည့် ငွေပေးစာချုပ် လုပ်ပါသည်။ ထို့နောက် သတ်မှတ်ထားသည့် နောက်တစ်ပတ်အကြာတွင် ကျန်ငွေများကို အပိုင်ဝယ်သူဘက်က မပေးနိုင်ဘဲရှိပါသည်။

ထိုအခါ စာချုပ်ပါ စည်းကမ်းချက်ကို အပိုင်ဝယ်သူဘက်က ဆောင်ရွက်နိုင်ခြင်း မရှိ၊ ပျက်ကွက်သည့်အတွက် အရောင်းအဝယ် သဘောတူစာချုပ်ကို ဖျက်သိမ်း၍ ရယူထားပြီးဖြစ်သော ငွေကျပ်တစ်သိန်းငါးသောင်းကို စရန်ဆုံးငွေအဖြစ် ရောင်းသူဘက်က သတ်မှတ်လိုက်ပါသည်။

ဤတွင် စရန်ငွေအဆုံး ဆိုသည့်ကိစ္စ အငြင်းပွားစရာ ပေါ်ပေါက်တတ်ပါသည်။

ဝယ်သူဘက်က တင်ပြသည်မှာ ပထမဆုံး ချုပ်ဆိုသည့် သဘောတူစာချုပ်တွင် ပေးသော ငွေကျပ်ငါးသောင်းမှာ စရန်ငွေဖြစ်ကြောင်း၊ ဒုတိယအရစ် ငွေငါးသောင်းကျပ် ပေးခြင်းသည် စရန်မဟုတ်တော့ကြောင်း၊ ကြိုတင်ပေးငွေသာဖြစ်ကြောင်း၊ တတိယအရစ်ပေးခြင်းမှာလည်း အလားတူပင်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ စရန်ဆိုသည်မှာ ပထမဆုံးပေးသည့် ငွေကျပ်ငါးသောင်းသာဖြစ်ကြောင်း၊ ယင်းငွေအတွက်သာ စရန်အဆုံး သတ်မှတ်ရမည်ဖြစ်ကြောင်း၊ ဒုတိယအရစ်၊ တတိယအရစ် ပေးငွေမှာ ကြိုတင်ပေးငွေဖြစ်၍ စရန်ဆုံးငွေတွင် ထည့်သွင်း၍ မရကြောင်း စောဒကတက်ပါသည်။

ဒုတိယနှင့် တတိယ ချုပ်ဆိုသော စာချုပ်များတွင် ဒုတိယအရစ်ပေးငွေ၊ တတိယအရစ်ပေးငွေဟု ဖော်ပြချုပ်ဆိုထားကြပါသည်။ သို့ဖြစ်ရာ ယင်းပေးငွေများသည် စရန်ငွေလော၊ ကြိုတင်ပေးငွေလော၊ အငြင်းပွားစရာ ဖြစ်ပါသည်။ ယင်းအချက်ကို နောင်အငြင်းမပွားနိုင်အောင် အောက်ပါအတိုင်း ရေးသားချုပ်ဆိုက သင့်မည်ဟု အကြံပြုအပ်ပါသည်။

* အပိုင်ဝယ်သူဘက်က ပျက်ကွက်ပါက စရန်ငွေ အပါအဝင် ကြိုတင် ပေးငွေအားလုံး အဆုံး ဖြစ်သည်ဟူသော အချက်ကို သဘောတူပါသည် * ဟူသတည်း။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit : U Kyaw Zaya (Law)

 
 
 

 

[Zawgyi]

စာခ်ဳပ္ခ်ဳပ္မည္ဆိုလွ်င္ . . . စရန္ေငြ အဆံုး ဆိုသည့္ကိစၥအေၾကာင္း သိေကာင္းစရာ

စရန္ေပး အေရာင္းအဝယ္စာခ်ဳပ္ ျပဳလိုက္တိုင္း စာခ်ဳပ္တြင္ ထည့္သြင္းေရးသားခ်ဳပ္ဆိုေလ့ရွိေသာ အေၾကာင္းအရာတစ္ရပ္ကို တင္ျပပါမည္။

စရန္ေပး စာခ်ဳပ္ခ်ဳပ္ဆိုထားၿပီး အေရာင္းအဝယ္ကို ေရာင္းသူ ( သို႔မဟုတ္ ) ဝယ္သူ တစ္ဖက္ဖက္က အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဖ်က္တတ္၊ ပ်က္ကြက္တတ္ၾကသည္ျဖစ္ရာ အျခားတစ္ဖက္တြင္ နစ္နာမႈမျဖစ္ရေလေအာင္ ေအာက္ပါအတိုင္း ထည့္သြင္း ခ်ဳပ္ဆိုၾကေလ့ရွိပါသည္။

`` ေရာင္းဝယ္မႈကို အပိုင္ေရာင္းသူက ပ်က္ကြက္ပါက စရန္၏ ႏွစ္ဆကို ေပးေလ်ာ္ရန္ေသာ္လည္းေကာင္း၊ အပိုင္ဝယ္သူဘက္က ပ်က္ကြက္ပါက စရန္ေငြ အဆံုး ျဖစ္သည္ဆိုေသာ အခ်က္ကိုေသာ္လည္းေကာင္း ႏွစ္ဦးႏွစ္ဘက္ လက္ခံ သေဘာတူၾကပါသည္။ ´´ဟူေသာ အခ်က္ျဖစ္ပါသည္။

ယခု တင္ျပလိုသည္မွာ- `` အပိုင္ဝယ္သူဘက္က ပ်က္ကြက္ပါက စရန္ေငြ အဆံုး ´´ဟူေသာ အခ်က္ႏွင့္စပ္လ်ဥ္း၍ အျငင္းပြား ေပၚေပါက္တတ္ေသာ သတိျပဳစရာ အခ်က္တစ္ရပ္ကို တင္ျပပါမည္။

အေရာင္းအဝယ္ျပဳရာတြင္ တစ္ႀကိမ္တည္းႏွင့္ အေရာင္းအဝယ္စာခ်ဳပ္ ျပဳလုပ္သည္မွာ နည္းပါးၿပီး အေရာင္းအဝယ္စာခ်ဳပ္ႀကီး မျပဳလုပ္မီ ေငြေပးေငြယူ အႀကိမ္ႀကိမ္ျပဳလုပ္ရသည္က မ်ားပါသည္။ ပထမဆံုးအႀကိမ္ စရန္ေပး၍ သေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုၿပီးေနာက္တြင္ ဒုတိယအရစ္ ေငြေပးစာခ်ဳပ္၊ တတိယအရစ္ ေငြေပးစာခ်ဳပ္ စသည္ျဖင့္ ျပဳလုပ္ေလ့ရွိပါသည္။

ပထမအႀကိမ္ ေငြငါးေသာင္းက်ပ္ေပး၍ သေဘာတူစာခ်ဳပ္ ခ်ဳပ္ပါသည္။ တစ္ပတ္ခန္႔အၾကာတြင္ ဒုတိယအရစ္ ေငြငါးေသာင္းက်ပ္ ထပ္ေပးသည့္ ေငြေပးစာခ်ဳပ္ လုပ္ပါသည္။ ေနာက္ထပ္ တစ္ပတ္အၾကာတြင္ တတိယအရစ္ ေငြငါးေသာင္းက်ပ္ ထပ္ေပးသည့္ ေငြေပးစာခ်ဳပ္ လုပ္ပါသည္။ ထို႔ေနာက္ သတ္မွတ္ထားသည့္ ေနာက္တစ္ပတ္အၾကာတြင္ က်န္ေငြမ်ားကို အပိုင္ဝယ္သူဘက္က မေပးႏိုင္ဘဲရွိပါသည္။

ထိုအခါ စာခ်ဳပ္ပါ စည္းကမ္းခ်က္ကို အပိုင္ဝယ္သူဘက္က ေဆာင္႐ြက္ႏိုင္ျခင္း မရွိ၊ ပ်က္ကြက္သည့္အတြက္ အေရာင္းအဝယ္ သေဘာတူစာခ်ဳပ္ကို ဖ်က္သိမ္း၍ ရယူထားၿပီးျဖစ္ေသာ ေငြက်ပ္တစ္သိန္းငါးေသာင္းကို စရန္ဆံုးေငြအျဖစ္ ေရာင္းသူဘက္က သတ္မွတ္လိုက္ပါသည္။

ဤတြင္ စရန္ေငြအဆံုး ဆိုသည့္ကိစၥ အျငင္းပြားစရာ ေပၚေပါက္တတ္ပါသည္။

ဝယ္သူဘက္က တင္ျပသည္မွာ ပထမဆံုး ခ်ဳပ္ဆိုသည့္ သေဘာတူစာခ်ဳပ္တြင္ ေပးေသာ ေငြက်ပ္ငါးေသာင္းမွာ စရန္ေငြျဖစ္ေၾကာင္း၊ ဒုတိယအရစ္ ေငြငါးေသာင္းက်ပ္ ေပးျခင္းသည္ စရန္မဟုတ္ေတာ့ေၾကာင္း၊ ႀကိဳတင္ေပးေငြသာျဖစ္ေၾကာင္း၊ တတိယအရစ္ေပးျခင္းမွာလည္း အလားတူပင္ျဖစ္ေၾကာင္း၊ သို႔ျဖစ္ရာ စရန္ဆိုသည္မွာ ပထမဆံုးေပးသည့္ ေငြက်ပ္ငါးေသာင္းသာျဖစ္ေၾကာင္း၊ ယင္းေငြအတြက္သာ စရန္အဆံုး သတ္မွတ္ရမည္ျဖစ္ေၾကာင္း၊ ဒုတိယအရစ္၊ တတိယအရစ္ ေပးေငြမွာ ႀကိဳတင္ေပးေငြျဖစ္၍ စရန္ဆံုးေငြတြင္ ထည့္သြင္း၍ မရေၾကာင္း ေစာဒကတက္ပါသည္။

ဒုတိယႏွင့္ တတိယ ခ်ဳပ္ဆိုေသာ စာခ်ဳပ္မ်ားတြင္္ ဒုတိယအရစ္ေပးေငြ၊ တတိယအရစ္ေပးေငြဟု ေဖာ္ျပခ်ဳပ္ဆိုထားၾကပါသည္။ သို႔ျဖစ္ရာ ယင္းေပးေငြမ်ားသည္ စရန္ေငြေလာ၊ ႀကိဳတင္ေပးေငြေလာ၊ အျငင္းပြားစရာ ျဖစ္ပါသည္။ ယင္းအခ်က္ကို ေနာင္အျငင္းမပြားႏိုင္ေအာင္ ေအာက္ပါအတိုင္း ေရးသားခ်ဳပ္ဆိုက သင့္မည္ဟု အႀကံျပဳအပ္ပါသည္။

* အပိုင္ဝယ္သူဘက္က ပ်က္ကြက္ပါက စရန္ေငြ အပါအဝင္ ႀကိဳတင္ ေပးေငြအားလံုး အဆံုး ျဖစ္သည္ဟူေသာ အခ်က္ကို သေဘာတူပါသည္ * ဟူသတည္း။

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit : U Kyaw Zaya (Law)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
မြေလွတ်၊မြေလပ်၊မြေရိုင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေလွတ်၊မြေလပ်၊မြေရိုင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အကြောင်းအရာများ...
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အကြောင်းအရာများ...
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service