ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်းသည် ကာကွယ်ဆေးထိုးသကဲ့သို့ ရောဂါပြီးမှုများ ရရှိသွားကြကြောင်း ဗြိတိန်သိပ္ပံပညာရှင်များ၏ လေ့လာချက်တွင် တွေ့ရှိ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်းသည် ကာကွယ်ဆေးထိုးသကဲ့သို့ ရောဂါပြီးမှုများ ရရှိသွားကြကြောင်း ဗြိတိန်သိပ္ပံပညာရှင်များ၏ လေ့လာချက်တွင် တွေ့ရှိ - Property News in Myanmar from iMyanmarHouse.com
15 Jan 2021 12:20 pm တွင် တင်ခဲ့သည်
11645 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူများသည် Covid-19 ကာကွယ်ဆေးထိုးခံထားသူများကဲ့သို့ ရောဂါပြန်လည်ကူးစက်ခံရခြင်းမှ ကာကွယ်မှု ရရှိသွားကြကြောင်း နောက်ဆုံးလေ့လာချက်တစ်ရပ်အရ တွေ့ရသည်။

အင်္ဂလန်ပြည်သူ့ကျန်းမာရေးဌာန (PHE) မှ သိပ္ပံပညာရှင်များ၏ ပဏာမတွေ့ရှိချက်များအရ ရောဂါကူးစက်ခံရပြီးနောက် Covid-19 ပဋိပစ္စည်းများရှိနေသူတို့တွင် ရောဂါပြန်လည်ကူးစက်ခံရခြင်းမျိုး ရှားပါးကြောင်း၊ ယခုလေ့လာချက်အရ ရောဂါကူးစက်ခံခဲ့ဖူးသူ ၆၆၁၄ ဦးတွင် ၄၄ ဦးသာ ပြန်လည်ကူးစက်ခံရမှုကို တွေ့ရသည်ဟု ဆိုသည်။

သို့သော် ကျွမ်းကျင်ပညာရှင်များက သတိပေးသည်မှာ ယခုတွေ့ရှိချက်အရ ဆိုလိုသည်မှာ ၂၀၂၀ ပြည့်နှစ်အစောပိုင်း ကပ်ရောဂါ ပထမလှိုင်းတွင် ရောဂါကူးစက်ခံခဲ့ဖူးသူတို့သည် ယခုအချိန်တွင် ပြန်လည်ကူးစက်နိုင်ချေရှိနေကြောင်း ဆိုလိုသည်ဟု သတိပေးသည်။

ရောဂါကူးစက်ခံရမှုမှတဆင့် “သဘာဝရောဂါပြီးမှု” ကို ရရှိထားသူတို့သည် ၎င်းတို့၏ နှာခေါင်းနှင့် လည်ချောင်းများထဲတွင် SARS-CoV-2 ကိုရိုနာဗိုင်းရပ်စ် ရှိနေနိုင်ဆဲဖြစ်ရာ မတော်တဆ အခြားသူများထံ ကူးစက်သွားနိုင်ကြောင်းလည်း သတိပေးထားသည်။

“အခုသိထားတာက ဗိုင်းရပ်စ်ကူးစက်ခံရဖူးပြီး ပဋိပစ္စည်းထုတ်လုပ်ထားသူ အများစုဟာ ရောဂါပြန်လည်ကူးစက်ခံရမှုကနေ အကာအကွယ်ရသွားကြတယ်။

ဒါပေမယ့် ဒါက အပြည့်အဝတော့မဟုတ်ဘူး။ ဒီအကာအကွယ်ရမှုက ဘယ်လောက်ကြာကြာခံလဲဆိုတာ တော့ မသိသေးပါဘူး” ဟု PHE မှ ဆေးဘက်အကြံပေးပုဂ္ဂိုလ် ဆူဇန် ဟော့ပ်ကင်းစ်က ပြောသည်။

ဆူဇန်သည် ယခုလေ့လာချက်ကို ပူးတွဲဦးဆောင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။ “ဆိုလိုတာက ရောဂါကူးစက်ခံရဖူးပြီးသူတွေဟာ ပြင်းထန်တဲ့ ရောဂါကူးစက်ခံရမှု ဖြစ်နိုင်ချေ မရှိသလောက်ဖြစ်တယ်လို့ စိတ်ချနေနိုင်ပါတယ်။ ဒါပေမယ့် ခင်ဗျားဟာ ရောဂါကူးစက်ခံရနိုင်မှုနဲ့ တခြားသူတွေဆီ ကူးစက်သွားနိုင်မှု အန္တရာယ် ရှိနေပါသေးတယ်။”

အဆိုပါလေ့လာချက်နှင့် ပတ်သက်သည့် ထုတ်ပြန်ချက်တစ်ရပ် ဖော်ပြခဲ့ရာတွင် ယခုတွေ့ရှိချက်များသည် လက်ရှိ ထိုးနှံပေးလျက် ရှိနေကြသော Covid-19 ကာကွယ်ဆေးများအပေါ် ကိုယ်ခံအားစနစ်၏ တုံ့ပြန်ချက် (သို့မဟုတ်) ကာကွယ်ဆေးများသည် မည်မျှ ထိရောက်သည် ဆိုခြင်းကို ရည်ညွှန်းခြင်းမဟုတ်ကြောင်း၊ ကာကွယ်ဆေး၏ တုံ့ပြန်မှုဆိုင်ရာ အချက်အလက်များကို ယခုနှစ်ကုန်ပိုင်း မှသာ သုံးသပ်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

SIREN study ဟု အမည်ပေးထားသော ယခုသုတေသနတွင် ဗြိတိန်နိုင်ငံတဝန်းမှ ကျန်းမာရေးဝန်ထမ်း ထောင်ပေါင်းများစွာ ပါဝင်ခဲ့သည်။ ၎င်းတို့ကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လကတည်းက Covid-19 ကူးစက်ခံရမှုများ ပုံမှန်စစ်ဆေးသည့်အပြင် ပဋိပစ္စည်းရှိနေမှုကိုလည်း အမြဲစစ်ဆေးနေခဲ့သည်။

သိပ္ပံပညာရှင်များသည် ဇွန်လ ၁၈ ရက်မှ နိုဝင်ဘာလ ၂၄ ရက်အထိ လူပေါင်း ၆၆၁၄ ဦးကို လေ့လာခဲ့သည့်အနက် ရောဂါပြန်လည် ကူးစက်ခံရခြင်းဖြစ်ဖွယ်ရှိသူ ၄၄ ဦးသာ တွေ့ရှိခဲ့ရာ ရောဂါပြန်လည်ကူးစက်ခံရခြင်းမှ ၈၃ ရာခိုင်နှုန်း အကာအကွယ်ပေးနိုင်မှုကို ပြသနေသည်။

ယခုလေ့လာခဲ့သည့်ကာလမှ ၅ လတာကာလအတွက်ဖြစ်ရာ ယခုလေ့လာထားသူများကို ရောဂါကာကွယ်မှု ၅ လထက်ပိုမိုကာ အချိန်မည်မျှ ကာကွယ်မှု ရနိုင်မည်ကို ဆက်လက်လေ့လာသွားကြဦးမည် ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမာ္ဘတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Coronavirus infection provides as much immunity as vaccines: Study (reuters, wionews)

 

[Zawgyi]

ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရျခင္းသည္ ကာကြယ္ေဆးထိုးသကဲ့သို႔ ေရာဂါျပီးမႈမ်ား ရရွိသြားၾကေၾကာင္း ျဗိတိန္သိပၸံပညာရွင္မ်ား၏ ေလ့လာခ်က္တြင္ ေတြ႔ရွိ

ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူမ်ားသည္ Covid-19 ကာကြယ္ေဆးထုိးခံထားသူမ်ားကဲ့သို႔ ေရာဂါျပန္လည္ကူးစက္ခံရျခင္းမွ ကာကြယ္မႈ ရရွိသြားၾကေၾကာင္း ေနာက္ဆံုးေလ့လာခ်က္တစ္ရပ္အရ ေတြ႔ရသည္။

အဂၤလန္ျပည္သူ႔က်န္းမာေရးဌာန (PHE) မွ သိပၸံပညာရွင္မ်ား၏ ပဏာမေတြ႔ရွိခ်က္မ်ားအရ ေရာဂါကူးစက္ခံရျပီးေနာက္ Covid-19 ပဋိပစၥည္းမ်ားရွိေနသူတို႔တြင္ ေရာဂါျပန္လည္ကူးစက္ခံရျခင္းမ်ဳိး ရွားပါးေၾကာင္း၊ ယခုေလ့လာခ်က္အရ ေရာဂါကူးစက္ခံခဲ့ဖူးသူ ၆၆၁၄ ဦးတြင္ ၄၄ ဦးသာ ျပန္လည္ကူးစက္ခံရမႈကို ေတြ႔ရသည္ဟု ဆိုသည္။

သို႔ေသာ္ ကၽြမ္းက်င္ပညာရွင္မ်ားက သတိေပးသည္မွာ ယခုေတြ႔ရွိခ်က္အရ ဆိုလိုသည္မွာ ၂၀၂၀ ျပည့္ႏွစ္အေစာပိုင္း ကပ္ေရာဂါ ပထမလႈိင္းတြင္ ေရာဂါကူးစက္ခံခဲ့ဖူးသူတို႔သည္ ယခုအခ်ိန္တြင္ ျပန္လည္ကူးစက္ႏိုင္ေခ်ရွိေနေၾကာင္း ဆိုလိုသည္ဟု သတိေပးသည္။

ေရာဂါကူးစက္ခံရမႈမွတဆင့္ “သဘာဝေရာဂါျပီးမႈ” ကို ရရွိထားသူတို႔သည္ ၎တို႔၏ ႏွာေခါင္းႏွင့္ လည္ေခ်ာင္းမ်ားထဲတြင္ SARS-CoV-2 ကိုရိုနာဗိုင္းရပ္စ္ ရွိေနႏိုင္ဆဲျဖစ္ရာ မေတာ္တဆ အျခားသူမ်ားထံ ကူးစက္သြားႏိုင္ေၾကာင္းလည္း သတိေပးထားသည္။

“အခုသိထားတာက ဗိုင္းရပ္စ္ကူးစက္ခံရဖူးျပီး ပဋိပစၥည္းထုတ္လုပ္ထားသူ အမ်ားစုဟာ ေရာဂါျပန္လည္ကူးစက္ခံရမႈကေန အကာအကြယ္ရသြားၾကတယ္။

ဒါေပမယ့္ ဒါက အျပည့္အဝေတာ့မဟုတ္ဘူး။ ဒီအကာအကြယ္ရမႈက ဘယ္ေလာက္ၾကာၾကာခံလဲဆိုတာ ေတာ့ မသိေသးပါဘူး” ဟု PHE မွ ေဆးဘက္အၾကံေပးပုဂၢိဳလ္ ဆူဇန္ ေဟာ့ပ္ကင္းစ္က ေျပာသည္။

ဆူဇန္သည္ ယခုေလ့လာခ်က္ကို ပူးတြဲဦးေဆာင္ခဲ့သူတစ္ဦးလည္း ျဖစ္သည္။ “ဆိုလိုတာက ေရာဂါကူးစက္ခံရဖူးျပီးသူေတြဟာ ျပင္းထန္တဲ့ ေရာဂါကူးစက္ခံရမႈ ျဖစ္ႏိုင္ေခ် မရွိသေလာက္ျဖစ္တယ္လို႔ စိတ္ခ်ေနႏိုင္ပါတယ္။ ဒါေပမယ့္ ခင္ဗ်ားဟာ ေရာဂါကူးစက္ခံရႏိုင္မႈနဲ႔ တျခားသူေတြဆီ ကူးစက္သြားႏိုင္မႈ အႏၱရာယ္ ရွိေနပါေသးတယ္။”

အဆိုပါေလ့လာခ်က္ႏွင့္ ပတ္သက္သည့္ ထုတ္ျပန္ခ်က္တစ္ရပ္ ေဖာ္ျပခဲ့ရာတြင္ ယခုေတြ႔ရွိခ်က္မ်ားသည္ လက္ရွိ ထိုးႏွံေပးလ်က္ ရွိေနၾကေသာ Covid-19 ကာကြယ္ေဆးမ်ားအေပၚ ကိုယ္ခံအားစနစ္၏ တံု႔ျပန္ခ်က္ (သို႔မဟုတ္) ကာကြယ္ေဆးမ်ားသည္ မည္မွ် ထိေရာက္သည္ ဆိုျခင္းကို ရည္ညႊန္းျခင္းမဟုတ္ေၾကာင္း၊ ကာကြယ္ေဆး၏ တံု႔ျပန္မႈဆိုင္ရာ အခ်က္အလက္မ်ားကို ယခုႏွစ္ကုန္ပိုင္း မွသာ သံုးသပ္ရမည္ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။

SIREN study ဟု အမည္ေပးထားေသာ ယခုသုေတသနတြင္ ျဗိတိန္ႏိုင္ငံတဝန္းမွ က်န္းမာေရးဝန္ထမ္း ေထာင္ေပါင္းမ်ားစြာ ပါဝင္ခဲ့သည္။ ၎တို႔ကို ၂၀၂၀ ျပည့္ႏွစ္၊ ဇြန္လကတည္းက Covid-19 ကူးစက္ခံရမႈမ်ား ပံုမွန္စစ္ေဆးသည့္အျပင္ ပဋိပစၥည္းရွိေနမႈကိုလည္း အျမဲစစ္ေဆးေနခဲ့သည္။

သိပၸံပညာရွင္မ်ားသည္ ဇြန္လ ၁၈ ရက္မွ ႏိုဝင္ဘာလ ၂၄ ရက္အထိ လူေပါင္း ၆၆၁၄ ဦးကို ေလ့လာခဲ့သည့္အနက္ ေရာဂါျပန္လည္ ကူးစက္ခံရျခင္းျဖစ္ဖြယ္ရွိသူ ၄၄ ဦးသာ ေတြ႔ရွိခဲ့ရာ ေရာဂါျပန္လည္ကူးစက္ခံရျခင္းမွ ၈၃ ရာခိုင္ႏႈန္း အကာအကြယ္ေပးႏိုင္မႈကို ျပသေနသည္။

ယခုေလ့လာခ့ဲသည့္ကာလမွ ၅ လတာကာလအတြက္ျဖစ္ရာ ယခုေလ့လာထားသူမ်ားကို ေရာဂါကာကြယ္မႈ ၅ လထက္ပိုမိုကာ အခ်ိန္မည္မွ် ကာကြယ္မႈ ရႏိုင္မည္ကို ဆက္လက္ေလ့လာသြားၾကဦးမည္ ျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Coronavirus infection provides as much immunity as vaccines: Study (reuters, wionews)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service