မြန်မာနိုင်ငံတွင် အလုပ်လုပ်ရန်လာရောက်သည့် ဗီယက်နမ်အမျိုးသား ဗီယက်နမ်သို့ ပြန်ရန် မိခင်ထံဆက်သွယ်ကာ လူမှောင်ခိုဂိုဏ်းအား ဗီယက်နမ်ငွေ သိန်း ၅၀၀ (မြန်မာငွေ ၂၈ သိန်းကျော်) ပေးခဲ့ရ၊ ငွေအပြည့်မပေးသောကြောင့် ထိုင်းနယ်စပ် တောအုပ်တွင် ချထား ခံရ

မြန်မာနိုင်ငံတွင် အလုပ်လုပ်ရန်လာရောက်သည့် ဗီယက်နမ်အမျိုးသား ဗီယက်နမ်သို့ ပြန်ရန် မိခင်ထံဆက်သွယ်ကာ လူမှောင်ခိုဂိုဏ်းအား ဗီယက်နမ်ငွေ သိန်း ၅၀၀ (မြန်မာငွေ ၂၈ သိန်းကျော်) ပေးခဲ့ရ၊ ငွေအပြည့်မပေးသောကြောင့် ထိုင်းနယ်စပ် တောအုပ်တွင် ချထား ခံရ - Property News in Myanmar from iMyanmarHouse.com
3 Jan 2021 11:10 am တွင် တင်ခဲ့သည်
1718 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မြန်မာနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် လာရောက်ခဲ့သည့် ဗီယက်နမ်အမျိုးသားတစ်ဦးသည် ဗီယက်နမ်သို့ တရားမဝင် ပြန်လည်ဝင်ရောက်ခဲ့ပြီးနောက် Covid-19 ရောဂါကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ဗီယက်နမ်နိုင်ငံ၊ ဗင့်လောင်း (Vinh Long) ပြည်နယ်တွင် နေထိုင်သော အဆိုပါအမျိုးသားသည် ဗီယက်နမ်သို့ ပြန်ရန်အတွက် လူမှောင်ခိုဂိုဏ်းအား ဗီယက်နမ်ဒေါင်ငွေ သိန်း ၅၀၀ (မြန်မာကျပ်ငွေ ၂၈ သိန်းကျော်) ပေးခဲ့ရသည်ဟု ဆိုသည်။

ကမ္ဘောဒီးယားနိုင်ငံမှမှတဆင့် ဒီဇင်ဘာ ၂၄ ရက်တွင် ဗီယက်နမ်သို့ တရားမဝင် ပြန်လည်ဝင်ရောက်ခဲ့သူ ၆ ဦးအနက် အသက် ၃၂ နှစ်အရွယ်ရှိ အဆိုပါအမျိုးသားလည်း ပါဝင်ပြီး ၂ ရက်အကြာတွင် ကိုရိုနာဗိုင်းရပ်စ် ပေါ့စတစ် စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ ဗီယက်နမ်သို့ မည်သို့ပြန်လာခဲ့ပုံကို ဒေသတွင်း အာဏာပိုင်များထံ ထုတ်ဖော်ပြောကြားပါက လူမှောင်ခိုဂိုဏ်းက မိသားစုအား အန္တရာယ်ပြုလာမည်ကို စိုးရိမ်နေကြောင်း သူ၏ မိခင် ကျန်သီဟန်း (Tran Thi Hang) က မန်သစ် (Mang Thit) ခရိုင်ရှိ ကွာရန်တင်းစင်တာမှတဆင့် ဖုန်းဖြင့် ပြောကြားခဲ့သည်။

အဆိုပါ ကြောက်ရွံ့ဖွယ်ရာများကို လစ်လျူရှှုခဲ့ပြီး မိခင်ဖြစ်သူ ဟန်က သားအားတိုက်တွန်းခဲ့သည်မှာ ဒေသတွင်းတွင် Covid-19 ရောဂါ ကူးစက်မှုများ နောက်နောင်တွင် ပေါ်ပေါက်လာမည့်အန္တရာယ်ကို ကာကွယ်ရေးအတွက် ဒေသတွင်း အာဏာပိုင်များထံ မိမိ၏ ပြည်တော်ပြန်လာခဲ့ပုံ အဖြစ်အပျက်များကို ထုတ်ဖော်ပြောကြားရန် တိုက်တွန်းခဲ့သည်။

ထိုအမျိုးသားသည် မြန်မာနိုင်ငံတွင် အလုပ်လုပ်ရန် တရားမဝင်သွားရောက်ခဲ့၏။ သို့သော် ကပ်ရောဂါဘေးကြီးကြောင့် သူအလုပ်လုပ်မည့် ကုမ္ပဏီမှာ လုပ်ငန်းများ ရပ်ဆိုင်းထားရရာ အလုပ်မရခဲ့ချေ။

သို့နှင့် ဗီယက်နမ်သို့ ပြန်ရန်အတွက် လူမှောင်ခိုဂိုဏ်းတစ်ခုနှင့် လူမှုကွန်ရက်မှတဆင့် ဆက်သွယ်ခဲ့ရာ ဗီယက်နမ်ငွေ သန်း ၅၀ ကို အွန်လိုင်းမှတဆင့်ပေးရန် သူ့အားပြောခဲ့သည်။

မိခင်ဖြစ်သူဟန်က ပြောရာတွင် သားဖြစ်သူက အိမ်အားဆက်သွယ်ကာ လူမှောင်ခိုဂိုဏ်း၏ ငွေစာရင်းသို့ ဗီယက်နမ်ငွေ သိန်း ၃၇၀ (မြန်မာကျပ်ငွေအားဖြင့် ၂၁ သိန်း) လွှဲပေးရန် ပြောခဲ့သည်ဟု ဆိုသည်။

သို့နှင့် ဒီဇင်ဘာ ၂၂ ရက်တွင် မိခင်ဖြစ်သူက ဟိုချီမင်းမြို့တော်သို့ သွားခဲ့ပြီး အမည်မသိရသော အမျိုးသမီးတစ်ဦး၏ ငွေစာရင်းသို့ ငွေလွှဲပေးခဲ့သည်။ သို့သော် ဗီယက်နမ်ငွေ သိန်း ၂၅၀ (မြန်မာကျပ်ငွေ ၁၄ သိန်းကျော်) သာ လွှဲပေးခဲ့သည်ဟု ဆိုသည်။

နောက်တစ်ရက်တွင် သားဖြစ်သူက ဖုန်းဖြင့်ဆက်သွယ်ပြောကြားလာသည်မှာ ငွေအပြည့်မပေးသောကြောင့် ၎င်းအား ထိုင်းနယ်စပ်ရှိ တောစပ်တစ်နေရာတွင် ချထားခဲ့ခြင်းခံရကြောင်း ပြောကြားလာသည်။

ထို့ကြောင့် သမီးဖြစ်သူက ကျန်ငွေ သိန်း ၁၂၀ (မြန်မာကျပ်ငွေအားဖြင့် ၆၉၀,၀၀၀) ကို လူမှောင်ခိုဂိုဏ်းထံ ချက်ချင်းငွေလွှဲပေးခဲ့သည်။

အဆိုပါ ဗီယက်နမ်အမျိုးသားနှင့် ကျန် ၅ ဦး (အားလုံးမှာ ဗီယက်နမ်နိုင်ငံသားများဖြစ်) သည် ဒီဇင်ဘာလ ၁၅ ရက်တွင် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ထရပ်ကားတစ်စီးဖြင့် ထွက်ခွာခဲ့ပြီး ထိုင်းတွင် ဒီဇင်ဘာ ၂၂ ရက်အထိ နေထိုင်ခဲ့ကာ ဒီဇင်ဘာ ၂၃ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံသို့ သွားခဲ့ကြ၏။

ကမ္ဘောဒီးယားမှတဆင့် ဒီဇင်ဘာလ ၂၄ ရက်တွင် ဘင့်ဇီးမြစ် (Binh Di) ကို လှေဖြင့် ဖြတ်ကူးကာ ဗီယက်နမ်သို့ တရားမဝင် ပြန်လည်ဝင်ရောက်ခဲ့ပြီး ဗီယက်နမ်ဘက်တွင် ကားတစ်စီးက လာရောက်စောင့်ကြိုနေခဲ့သည်။

သူက ဗင့်လောင်းပြည်နယ်ရှိ နေအိမ်သို့ ပြန်ခဲ့ပြီး အသက် ၃၂ နှစ်အရွယ်ရှိ အမျိုးသမီးမှာ ဇောင်ဟပ် (Dong Thap) ပြည်နယ်သို့ ပြန်ခဲ့ကာ ကျန်သူများမှာ ဟိုချီမင်းမြို့တော်သို့ ပြန်ခဲ့ကြသည်။

၎င်းတို့ ၆ ဦးအနက် ၄ ဦးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့၏။

“အိမ်ပြန်ရောက်လာချိန်မှာ သားနဲ့ အနီးကပ်ထိတွေ့မှု မိနစ် ၃၀ လောက်ရှိခဲ့တယ်။ သူ့မှာ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေ ကျွန်မတွေ့ရပါတယ်။ ဖြူဖတ်ဖြူရော်ဖြစ်နေပြီး တစုံတရာကို ထိတ်လန့်တုန်လှုပ်နေပုံ တွေ့ရပါတယ်” ဟု မိခင်ဖြစ်သူက ပြောသည်။

သားဖြစ်သူသည် နိုင်ငံ ၃ ခုဖြတ်ကျော်ကာ တရားမဝင်ခရီးသွားခဲ့ခြင်းဖြစ်သဖြင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရမည်ကို စိုးရိမ်က မိခင်က ဒေသတွင်းအာဏာပိုင်များထံ ချက်ချင်းပင် သွားရောက်အကြောင်းကြားခဲ့သည်။

ထို့နောက် ထိုအမျိုးသားကို မန်သစ်ခရိုင် ဆေးကုသရေးဌာနရှိ ကွာရန်တင်းစင်တာတစ်ခုသို့ ပို့ပေးခဲ့ပြီး Covid-19 ရောဂါစမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။ ဒီဇင်ဘာ ၂၆ ရက်တွင် သူ၏ ဆေးစစ်ချက်ရလဒ်များအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ပြီး ဗင့်လောင်း အဆုပ်ရောဂါဆေးရုံသို့ ပို့ဆောင်ကာ ကုသမှုခံယူစေခဲ့သည်။

ဗင့်လောင်းပြည်နယ်ကျန်းမာရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ဗန်ကောင်မင်း (Van Cong Minh) က ပြောရာတွင် လူနာအမှတ် ၁၄၄၀ သည် ကျန်းမာရေးကောင်းမွန်နေပြီး ချောင်းဆိုးခြင်းနှင့် ဖျားနာခြင်း ရောဂါလက္ခဏာများ ပြသမှု မရှိကြောင်း ပြောကြားသည်။

သူ၏ စိတ်အခြေအနေမှာလည်း တိုးတက်ကောင်းမွန်လာပြီဖြစ်ကား ယခင်ကကဲ့သို့ တုန်လှုပ်မှု၊ စိုးရိမ်သောကများမှုများ မရှိတော့ချေ။

၎င်းနှင့် အနီးကပ်ထိတွေ့ခဲ့သော မိခင်ဖြစ်သူနှင့် အခြား ၁၄ ဦးကို ကွာရန်တင်းထားရှိထားပြီး ၎င်းတို့တွင် ရောဂါလက္ခဏာများ ပြသခြင်း မရှိချေ။

ဗင့်လောင်းပြည်နယ်ရဲတပ်ဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ၊ ဗိုလ်မှူးကြီး ဟွင်ထိုင်မောင်း (Huynh Thanh Mong) က ပြောရာတွင် ယခုဖြစ်ရပ်တွင် ဒေသခံများစွာ ပါဝင်နေမှုကြောင့် တရားမဝင် နယ်စပ်ဖြတ်ကျော်သည့်အဖွဲ့ကို ဖော်ထုတ်ရန် ရဲတပ်ဖွဲ့က ကြိုးပမ်းနေကြောင်း ပြောကြားသည်။

၂၀၂၀ ပြည့်နှစ်အတွင်း ဗီယက်နမ်သို့ တရားမဝင် ဝင်ရောက်ခဲ့သူ ၁၄၀၀၀ ကျော်ရှိကြောင်း၊ ထိုသို့ တရားမဝင် ဝင်ရောက်မှုများ မြင့်တက်လာနေခြင်းသည် နိုင်ငံ၏ Covid-19 ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများအတွက် အဓိကခြိမ်းခြောက်မှုကြီးတစ်ရပ် ဖြစ်နေကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ပြောကြားသည်။

ဗီယက်နမ်သည် တရုတ်၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံများနှင့် ကုန်းမြေနယ်စပ်ထိတွေ့မှု ကီလိုမီတာ ၅၀၀၀ ကျော်ရှိပြီး နယ်စပ်ဂိတ်ပေါင်း ၁၁၇ ခုရှိသည်။ လက်ရှိအချိန်ထိ ဗီယက်နမ်တွင် Covid-19 ရောဂါကူးစက်ခံရသူ ၁၄၈၂ ဦးရှိပြီး သေဆုံးသူ ၃၅ ဦးရှိသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမာ္ဘတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Without job in Myanmar, Covid-19-infected man pays $2,155 to illegally return to Vietnam (Vnexpress)

 

 

[Zawgyi]

ျမန္မာႏိုင္ငံတြင္ အလုပ္လုပ္ရန္လာေရာက္သည့္ ဗီယက္နမ္အမ်ဳိးသား ဗီယက္နမ္သုိ႔ ျပန္ရန္ မိခင္ထံဆက္သြယ္ကာ လူေမွာင္ခိုဂိုဏ္းအား ဗီယက္နမ္ေငြ သိန္း ၅၀၀ (ျမန္မာေငြ ၂၈ သိန္းေက်ာ္) ေပးခဲ့ရ၊ ေငြအျပည့္မေပးေသာေၾကာင့္ ထိုင္းနယ္စပ္ ေတာအုပ္တြင္ ခ်ထား ခံရ

ျမန္မာႏိုင္ငံသု႔ိ အလုပ္လုပ္ကိုင္ရန္ လာေရာက္ခဲ့သည့္ ဗီယက္နမ္အမ်ဳိးသားတစ္ဦးသည္ ဗီယက္နမ္သုိ႔ တရားမဝင္ ျပန္လည္ဝင္ေရာက္ခဲ့ျပီးေနာက္ Covid-19 ေရာဂါကူးစက္ခံထားရေၾကာင္း စစ္ေဆးေတြ႔ရွိခဲ့သည္။

ဗီယက္နမ္ႏိုင္ငံ၊ ဗင့္ေလာင္း (Vinh Long) ျပည္နယ္တြင္ ေနထိုင္ေသာ အဆိုပါအမ်ဳိးသားသည္ ဗီယက္နမ္သို႔ ျပန္ရန္အတြက္ လူေမွာင္ခိုဂိုဏ္းအား ဗီယက္နမ္ေဒါင္ေငြ သိန္း ၅၀၀ (ျမန္မာက်ပ္ေငြ ၂၈ သိန္းေက်ာ္) ေပးခဲ့ရသည္ဟု ဆိုသည္။

ကေမၻာဒီးယားႏိုင္ငံမွမွတဆင့္ ဒီဇင္ဘာ ၂၄ ရက္တြင္ ဗီယက္နမ္သို႔ တရားမဝင္ ျပန္လည္ဝင္ေရာက္ခဲ့သူ ၆ ဦးအနက္ အသက္ ၃၂ ႏွစ္အရြယ္ရွိ အဆိုပါအမ်ဳိးသားလည္း ပါဝင္ျပီး ၂ ရက္အၾကာတြင္ ကိုရိုနာဗိုင္းရပ္စ္ ေပါ့စတစ္ စစ္ေဆးေတြ႔ရွိခဲ့ျခင္း ျဖစ္သည္။

၎တို႔ ဗီယက္နမ္သို႔ မည္သို႔ျပန္လာခဲ့ပံုကို ေဒသတြင္း အာဏာပိုင္မ်ားထံ ထုတ္ေဖာ္ေျပာၾကားပါက လူေမွာင္ခိုဂိုဏ္းက မိသားစုအား အႏၱရာယ္ျပဳလာမည္ကို စိုးရိမ္ေနေၾကာင္း သူ၏ မိခင္ က်န္သီဟန္း (Tran Thi Hang) က မန္သစ္ (Mang Thit) ခရိုင္ရွိ ကြာရန္တင္းစင္တာမွတဆင့္ ဖုန္းျဖင့္ ေျပာၾကားခဲ့သည္။

အဆိုပါ ေၾကာက္ရြံ႕ဖြယ္ရာမ်ားကို လစ္လ်ဴရွႈခဲ့ျပီး မိခင္ျဖစ္သူ ဟန္က သားအားတိုက္တြန္းခဲ့သည္မွာ ေဒသတြင္းတြင္ Covid-19 ေရာဂါ ကူးစက္မႈမ်ား ေနာက္ေနာင္တြင္ ေပၚေပါက္လာမည့္အႏၱရာယ္ကို ကာကြယ္ေရးအတြက္ ေဒသတြင္း အာဏာပိုင္မ်ားထံ မိမိ၏ ျပည္ေတာ္ျပန္လာခဲ့ပံု အျဖစ္အပ်က္မ်ားကို ထုတ္ေဖာ္ေျပာၾကားရန္ တိုက္တြန္းခဲ့သည္။

ထိုအမ်ဳိးသားသည္ ျမန္မာႏိုင္ငံတြင္ အလုပ္လုပ္ရန္ တရားမဝင္သြားေရာက္ခဲ့၏။ သို႔ေသာ္ ကပ္ေရာဂါေဘးၾကီးေၾကာင့္ သူအလုပ္လုပ္မည့္ ကုမၸဏီမွာ လုပ္ငန္းမ်ား ရပ္ဆိုင္းထားရရာ အလုပ္မရခဲ့ေခ်။

သို႔ႏွင့္ ဗီယက္နမ္သုိ႔ ျပန္ရန္အတြက္ လူေမွာင္ခိုဂိုဏ္းတစ္ခုႏွင့္ လူမႈကြန္ရက္မွတဆင့္ ဆက္သြယ္ခဲ့ရာ ဗီယက္နမ္ေငြ သန္း ၅၀ ကို အြန္လိုင္းမွတဆင့္ေပးရန္ သူ႔အားေျပာခဲ့သည္။

မိခင္ျဖစ္သူဟန္က ေျပာရာတြင္ သားျဖစ္သူက အိမ္အားဆက္သြယ္ကာ လူေမွာင္ခိုဂိုဏ္း၏ ေငြစာရင္းသို႔ ဗီယက္နမ္ေငြ သိန္း ၃၇၀ (ျမန္မာက်ပ္ေငြအားျဖင့္ ၂၁ သိန္း) လႊဲေပးရန္ ေျပာခဲ့သည္ဟု ဆိုသည္။

သို႔ႏွင့္ ဒီဇင္ဘာ ၂၂ ရက္တြင္ မိခင္ျဖစ္သူက ဟိုခ်ီမင္းျမိဳ႕ေတာ္သို႔ သြားခဲ့ျပီး အမည္မသိရေသာ အမ်ဳိးသမီးတစ္ဦး၏ ေငြစာရင္းသို႔ ေငြလႊဲေပးခဲ့သည္။ သို႔ေသာ္ ဗီယက္နမ္ေငြ သိန္း ၂၅၀ (ျမန္မာက်ပ္ေငြ ၁၄ သိန္းေက်ာ္) သာ လႊဲေပးခဲ့သည္ဟု ဆိုသည္။

ေနာက္တစ္ရက္တြင္ သားျဖစ္သူက ဖုန္းျဖင့္ဆက္သြယ္ေျပာၾကားလာသည္မွာ ေငြအျပည့္မေပးေသာေၾကာင့္ ၎အား ထိုင္းနယ္စပ္ရွိ ေတာစပ္တစ္ေနရာတြင္ ခ်ထားခဲ့ျခင္းခံရေၾကာင္း ေျပာၾကားလာသည္။

ထို႔ေၾကာင့္ သမီးျဖစ္သူက က်န္ေငြ သိန္း ၁၂၀ (ျမန္မာက်ပ္ေငြအားျဖင့္ ၆၉၀,၀၀၀) ကို လူေမွာင္ခိုဂိုဏ္းထံ ခ်က္ခ်င္းေငြလႊဲေပးခဲ့သည္။

အဆိုပါ ဗီယက္နမ္အမ်ဳိးသားႏွင့္ က်န္ ၅ ဦး (အားလံုးမွာ ဗီယက္နမ္ႏိုင္ငံသားမ်ားျဖစ္) သည္ ဒီဇင္ဘာလ ၁၅ ရက္တြင္ ျမန္မာႏိုင္ငံမွ ထိုင္းႏိုင္ငံသို႔ ထရပ္ကားတစ္စီးျဖင့္ ထြက္ခြာခဲ့ျပီး ထိုင္းတြင္ ဒီဇင္ဘာ ၂၂ ရက္အထိ ေနထိုင္ခဲ့ကာ ဒီဇင္ဘာ ၂၃ ရက္တြင္ ကေမၻာဒီးယားႏိုင္ငံသို႔ သြားခဲ့ၾက၏။

ကေမၻာဒီးယားမွတဆင့္ ဒီဇင္ဘာလ ၂၄ ရက္တြင္ ဘင့္ဇီးျမစ္ (Binh Di) ကို ေလွျဖင့္ ျဖတ္ကူးကာ ဗီယက္နမ္သို႔ တရားမဝင္ ျပန္လည္ဝင္ေရာက္ခဲ့ျပီး ဗီယက္နမ္ဘက္တြင္ ကားတစ္စီးက လာေရာက္ေစာင့္ၾကိဳေနခဲ့သည္။

သူက ဗင့္ေလာင္းျပည္နယ္ရွိ ေနအိမ္သို႔ ျပန္ခဲ့ျပီး အသက္ ၃၂ ႏွစ္အရြယ္ရွိ အမ်ဳိးသမီးမွာ ေဇာင္ဟပ္ (Dong Thap) ျပည္နယ္သို႔ ျပန္ခဲ့ကာ က်န္သူမ်ားမွာ ဟိုခ်ီမင္းျမိဳ႕ေတာ္သို႔ ျပန္ခဲ့ၾကသည္။

၎တို႔ ၆ ဦးအနက္ ၄ ဦးတြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရေၾကာင္း စစ္ေဆးေတြ႔ရွိခဲ့၏။

“အိမ္ျပန္ေရာက္လာခ်ိန္မွာ သားနဲ႔ အနီးကပ္ထိေတြ႔မႈ မိနစ္ ၃၀ ေလာက္ရွိခဲ့တယ္။ သူ႔မွာ ပံုမွန္မဟုတ္တဲ့ လကၡဏာေတြ ကၽြန္မေတြ႔ရပါတယ္။ ျဖဴဖတ္ျဖဴေရာ္ျဖစ္ေနျပီး တစံုတရာကို ထိတ္လန္႔တုန္လႈပ္ေနပံု ေတြ႔ရပါတယ္” ဟု မိခင္ျဖစ္သူက ေျပာသည္။

သားျဖစ္သူသည္ ႏိုင္ငံ ၃ ခုျဖတ္ေက်ာ္ကာ တရားမဝင္ခရီးသြားခဲ့ျခင္းျဖစ္သျဖင့္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံထားရမည္ကို စိုးရိမ္က မိခင္က ေဒသတြင္းအာဏာပိုင္မ်ားထံ ခ်က္ခ်င္းပင္ သြားေရာက္အေၾကာင္းၾကားခဲ့သည္။

ထို႔ေနာက္ ထိုအမ်ဳိးသားကို မန္သစ္ခရိုင္ ေဆးကုသေရးဌာနရွိ ကြာရန္တင္းစင္တာတစ္ခုသို႔ ပို႔ေပးခဲ့ျပီး Covid-19 ေရာဂါစမ္းသပ္မႈမ်ား ျပဳလုပ္ခဲ့သည္။ ဒီဇင္ဘာ ၂၆ ရက္တြင္ သူ၏ ေဆးစစ္ခ်က္ရလဒ္မ်ားအရ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရေၾကာင္း ေတြ႔ရွိခဲ့ျပီး ဗင့္ေလာင္း အဆုပ္ေရာဂါေဆးရံုသို႔ ပို႔ေဆာင္ကာ ကုသမႈခံယူေစခဲ့သည္။

ဗင့္ေလာင္းျပည္နယ္က်န္းမာေရးဌာန ညႊန္ၾကားေရးမွဴး ေဒါက္တာ ဗန္ေကာင္မင္း (Van Cong Minh) က ေျပာရာတြင္ လူနာအမွတ္ ၁၄၄၀ သည္ က်န္းမာေရးေကာင္းမြန္ေနျပီး ေခ်ာင္းဆိုးျခင္းႏွင့္ ဖ်ားနာျခင္း ေရာဂါလကၡဏာမ်ား ျပသမႈ မရွိေၾကာင္း ေျပာၾကားသည္။

သူ၏ စိတ္အေျခအေနမွာလည္း တိုးတက္ေကာင္းမြန္လာျပီျဖစ္ကား ယခင္ကကဲ့သို႔ တုန္လႈပ္မႈ၊ စိုးရိမ္ေသာကမ်ားမႈမ်ား မရွိေတာ့ေခ်။

၎ႏွင့္ အနီးကပ္ထိေတြ႔ခဲ့ေသာ မိခင္ျဖစ္သူႏွင့္ အျခား ၁၄ ဦးကို ကြာရန္တင္းထားရွိထားျပီး ၎တို႔တြင္ ေရာဂါလကၡဏာမ်ား ျပသျခင္း မရွိေခ်။

ဗင့္ေလာင္းျပည္နယ္ရဲတပ္ဖြဲ႔ လက္ေထာက္ညႊန္ၾကားေရးမွဴး ၊ ဗိုလ္မွဴးၾကီး ဟြင္ထိုင္ေမာင္း (Huynh Thanh Mong) က ေျပာရာတြင္ ယခုျဖစ္ရပ္တြင္ ေဒသခံမ်ားစြာ ပါဝင္ေနမႈေၾကာင့္ တရားမဝင္ နယ္စပ္ျဖတ္ေက်ာ္သည့္အဖြဲ႔ကို ေဖာ္ထုတ္ရန္ ရဲတပ္ဖြဲ႔က ၾကိဳးပမ္းေနေၾကာင္း ေျပာၾကားသည္။

၂၀၂၀ ျပည့္ႏွစ္အတြင္း ဗီယက္နမ္သုိ႔ တရားမဝင္ ဝင္ေရာက္ခဲ့သူ ၁၄၀၀၀ ေက်ာ္ရွိေၾကာင္း၊ ထိုသို႔ တရားမဝင္ ဝင္ေရာက္မႈမ်ား ျမင့္တက္လာေနျခင္းသည္ ႏိုင္ငံ၏ Covid-19 ေရာဂါတိုက္ဖ်က္ေရးလုပ္ငန္းမ်ားအတြက္ အဓိကျခိမ္းေျခာက္မႈၾကီးတစ္ရပ္ ျဖစ္ေနေၾကာင္း ျပည္သူ႔လံုျခံဳေရးဝန္ၾကီးဌာနက ေျပာၾကားသည္။

ဗီယက္နမ္သည္ တရုတ္၊ လာအို၊ ကေမၻာဒီးယားႏိုင္ငံမ်ားႏွင့္ ကုန္းေျမနယ္စပ္ထိေတြ႔မႈ ကီလိုမီတာ ၅၀၀၀ ေက်ာ္ရွိျပီး နယ္စပ္ဂိတ္ေပါင္း ၁၁၇ ခုရွိသည္။ လက္ရွိအခ်ိန္ထိ ဗီယက္နမ္တြင္ Covid-19 ေရာဂါကူးစက္ခံရသူ ၁၄၈၂ ဦးရွိျပီး ေသဆံုးသူ ၃၅ ဦးရွိသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Without job in Myanmar, Covid-19-infected man pays $2,155 to illegally return to Vietnam (Vnexpress)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service