မှတ်ပုံမတင်အရောင်းစာချုပ်သည် အရောင်းစာချုပ်(Sale Deed)မဟုတ် ရောင်းချရန်ပဋိညာဉ်(Contract for sale)သာဖြစ်သည်။

မှတ်ပုံမတင်အရောင်းစာချုပ်သည် အရောင်းစာချုပ်(Sale Deed)မဟုတ် ရောင်းချရန်ပဋိညာဉ်(Contract for sale)သာဖြစ်သည်။ - Property Knowledge in Myanmar from iMyanmarHouse.com
15 Nov 2020 11:24 am တွင် တင်ခဲ့သည်
941 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

ပစ္စည်းလွှဲပြောင်းရေးအက်ဥပ‌ဒေပုဒ်မ-၅၄ပြဌာန်းချက်အရကျပ်တစ်သိန်းနှင့်အထက်တန်ဖိုးရှိသောမရွှေ့မပြောင်းနိုင်သောပစ္စည်းကို‌ရောင်းချရာတွင်မှတ်ပုံတင်စာချုပ်ဖြင့်ပြုလုပ်ရမည်ဖြစ်ပါသည်။

မောင်ရိပ်အမှု၈၊ဘီအယ်လ်တီ ၇၀တွင်တန်ဖိုးကျပ်တစ်ရာနှင့်အထက်(ပြင်ဆင်ချက်အရကျပ်တစ်သိန်းနှင့်အထက်)မ‌ရွှေ့မပြောင်းနိုင်သောပစ္စည်းကို တန်ဖိုးငွေချေပြီး၍လက်ရောက်ပေးအပ်ခဲ့ခြင်းဖြစ်စေကာမူမှတ်ပုံတင်စာချုပ်ဖြင့်ရောင်းချခြင်းမဟုတ်ပါကပစ္စည်းလွှဲပြောင်းရေးအက်ဥပဒေပုဒ်မ-၅၄အရရောင်းချခြင်းအထမမြောက်သဖြင့်ဝယ်သူ၌ပိုင်ဆိုင်ခွင့်မရှိပေဟုလမ်းညွှန်ထားပါသည်။

မရွှေအုန်းအမှု၉၊ဘီအယ်လ်တီ၄၅တွင်မှတ်ပုံတင်မထားသောအရောင်းအဝယ်စာချုပ်သည်ပစ္စည်းလွှဲပြောင်းရေးအက်ဥပဒေပုဒ်မ-၅၄အရရောင်းချရန်ပဋိညာဉ်အဆင့်သာဖြစ်ကြောင်းလမ်းညွှန်ထားပါသည်။

ထို့ကြောင့်တန်ဖိုးငွေကျပ်တစ်သိန်းနှင့်အထက်မရွေ့မပြောင်းနိုင်သောပစ္စည်းရောင်းချရာတွင်‌ငွေအပြေအကြေပေးချေပြီးခြင်း‌၊ရောင်းချသည့်ပစ္စည်းနှင့်တကွ‌ရောင်းချသည့်ပစ္စည်းပိုင်ဆိုင်မှုစာရွက်စာတမ်းများကိုလက်ရောက်ရယူခဲ့ပြီးဖြစ်စေကာမူထိုစာချုပ် မှတ်ပုံမတင်သေးသမျှအရောင်းစာချုပ်(Sale Deed)အဆင့်သို့မရောက်ရှိသေးဘဲရောင်းချရန်ပဋိညာဉ်(Contract for sale)အဆင့်သာဖြစ်ပါသည်။

ရောင်းချရန်ပဋိညာဉ်အတိုင်းအရောင်းအဝယ်ပြီးမြောက်လိုပါကမှတ်ပုံတင်စာချုပ်ချုပ်ဆိုရန်နှင့်အကယ်၍‌‌ရောင်းသူဘက်ကမဆောင်ရွက်ပျက်ကွက်ပါကသီးခြားသက်သာခွင့်အက်ဥပ‌ဒေပု‌‌ဒ်မ-၁‌၂အရ ပဋိညာဉ်အတိုင်းဆောင်ရွက်ပေးစေရန်တရားမမှုတရားစွဲဆိုပြီးသက်သာခွင့်ဝောင်းဆိုရမည်သာဖြစ်ပါသည်။

ထိုသို့ပဋိညာဉ်အတိုင်းဆောင်ရွက်ပေးစေလိုမှုစွဲဆိုသည့်အခါလုပ်ငန်းစဉ်နှင့်အချိန်ကြာမြင့်မှုများကြောင့်ဝယ်ယူသူများအနေဖြင့်မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းအိမ်ခြံမြေဝယ်ယူပါကရောင်းသူထံမှကိုယ်စားလှယ်လွှဲစာရယူထားသည်ဆိုယုံဖြင့်အေးအေးဆေးဆေးမနေသင့်ဘဲစောလျှင်စွာသတ်မှတ်အခွန်ပေးဆောင်၍မှတ်ပုံတင်စာချုပ်ချုပ်ဆိုသင့်ပါသည်။

ကိုယ်စားလှယ်လွှဲစာသည်ပေးသူ၊ယူသူသက်ရှိထင်ရှားရှိနေစဉ်ကာလအတွင်းသာအကျုံးဝင်အသုံးပြုနိုင်သောကြောင့်ဖြစ်ပါသည်။ကိုယ်စားလှယ်လွှဲစာပေးသူ၊ယူသူတစ်ဦးဦးသေဆုံးပါကလည်းအထက်ကအတိုင်းတရားမမှုစွဲဆိုရမည်ဖြစ်ကြောင်းဥပဒေဗဟုသုတရရှိစေရန်ရေးသားဖော်ပြအပ်ပါသည်။

 အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]






ရောင်းချရန်ပဋိညာဉ်အတိုင်းအရောင်းအဝယ်ပြီးမြောက်လိုပါကမှတ်ပုံတင်စာချုပ်ချုပ်ဆိုရန်နှင့်အကယ်၍‌‌ရောင်းသူဘက်ကမဆောင်ရွက်ပျက်ကွက်ပါကသီးခြားသက်သာခွင့်အက်ဥပ‌ဒေပု‌‌ဒ်မ-၁‌၂အရ ပဋိညာဉ်အတိုင်းဆောင်ရွက်ပေးစေရန်တရားမမှုတရားစွဲဆိုပြီးသက်သာခွင့်ဝောာင်းဆိုရမည်သာဖြစ်ပါသည်။








နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service