စင်္ကာပူမှ မိန်းကလေးများသည် အရပ်ရှည်ကာ ၎င်းတို့ထက်ဝင်ငွေကောင်းသော ယောက်ျားများနှင့်သာ တွဲလိုကြောင်း စစ်တမ်းတစ်ရပ်အရ တွေ့ရှိ

စင်္ကာပူမှ မိန်းကလေးများသည် အရပ်ရှည်ကာ ၎င်းတို့ထက်ဝင်ငွေကောင်းသော ယောက်ျားများနှင့်သာ တွဲလိုကြောင်း စစ်တမ်းတစ်ရပ်အရ တွေ့ရှိ - Property News in Myanmar from iMyanmarHouse.com
7 Nov 2020 11:51 am တွင် တင်ခဲ့သည်
1268 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အကယ်၍ သင်သည် ချစ်သူအိမ်ထောင်ဖက်မရှိသည့် ယောက်ျားတစ်ဦးဖြစ်ပြီး စင်္ကာပူမှ မိန်းကလေးတစ်ဦးနှင့် တွဲရန် ရည်ရွယ်နေသူဆိုပါက သင်သည်အရပ်ရှည်ပြီး ဝင်ငွေကောင်းသူဖြစ်မည်ဆိုလျှင် သင့်အတွက်ချစ်သူရရန် အခွင့်အလမ်းများမည် ဖြစ်သည်။

ဖူးစာဘက်ရှာသည့် အေဂျင်စီဖြစ်သော Lunch Actually က အာရှရှိ နိုင်ငံနှင့် နယ်မြေဒေသ ၅ ခုရှိ ချစ်သူအိမ်ထောင်ဖက်မရှိသူများကို လေ့လာခဲ့သည့် စစ်တမ်းတစ်ရပ်အရ စင်္ကာပူမှ မိန်းကလေးများမှာ ၎င်းတို့အောက် အရပ်ပုပြီး ဝင်ငွေမကောင်းသူများနှင့် တွဲလိုသူ နည်းပါးကြောင်း တွေ့ရှိခဲ့သည်။

အချစ်ရေးတွင် မည်သူက စသင့်သည်ဆိုသည့်အချက်နှင့် စပ်လျဉ်း၍လည်း စင်္ကာပူမှ ယောက်ျားလေး၊ မိန်းကလေးများအကြား သဘောထားမတူညီကြသည်ကိုလည်း တွေ့ခဲ့ရပြီး အဆိုပါတွေ့ရှိချက်များကို Lunch Actually က နိုဝင်ဘာ ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

စင်္ကာပူမှ မိန်းကလေးများ၏ ၆၁ ရာခိုင်နှုန်းက အချစ်ရေးတွင် ယောက်ျားလေးက စသင့်သည်ဟု သဘောထားရှိကြပြီး ယောက်ျားလေးများဘက်တွင်မူ ၂၀ ရာခိုင်နှုန်းကသာ ယောက်ျားလေးဘက်က စသင့်သည်ဟု လက်ခံထားသည်။

ယခုလေ့လာချက်ကို ဟောင်ကောင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူနှင့် ထိုင်းနိုင်ငံတို့တွင် ပြီးခဲ့သော အောက်တိုဘာလအတွင်း ရက်သတ္တ ၂ ပတ်ကြာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ယခုစစ်တမ်းကို ဝင်ရောက်ဖြေကြားခဲ့သူ ၃၅၀၀ ကျော်ရှိပြီး ၆၉၀ ဦးမှာ စင်္ကာပူမှ ဖြစ်သည်။

စစ်တမ်းအတွင်း မိမိလောက်ဝင်ငွေမကောင်းသည့် ယောက်ျားနှင့် တွဲလိုသည့် သဘောထားဖြေကြားသော စင်္ကာပူ မိန်းကလေးမှာ ၃၉ ရာခိုင်နှုန်းသာ ရှိသည်။

အဆိုပါ ပမာဏမှာ မလေးရှား၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့အောက် အနည်းငယ်နည်းပါးနေပြီး အဆိုပါနိုင်ငံများတွင်မူ မိမိလောက် ဝင်ငွေမကောင်းသည့် ယောက်ျားလေးနှင့်တွဲလိုသည့် မိန်းကလေးမှာ ၄၀ မှ ၄၁ ရာခိုင်နှုန်းကြားရှိသည်။

ဟောင်ကောင်တွင်မူ မိမိလောက် ဝင်ငွေမကောင်းသည့် ယောက်ျားလေးနှင့် တွဲလိုသောမိန်းကလေး ပမာဏ များပြားပြီး ၅၇ ရာခိုင်နှုန်းအထိ ရှိသည်။

စင်္ကာပူမှ ယောက်ျားလေးဘက်ကို ကြည့်မည်ဆိုလျှင် ယောက်ျားလေး ၈၇ ရာခိုင်နှုန်းက မိမိထက်ဝင်ငွေကောင်းသည့် မိန်းကလေးနှင့် တွဲနိုင်ကြောင်း ဖြေကြားကြသည်။

အခြားသော နိုင်ငံများတွင်လည်း မိမိထက်ဝင်ငွေကောင်းသည့် မိန်းကလေးနှင့် တွဲနိုင်ကြောင်း ဖြေကြားသူ ၈၀ ရာခိုင်နှုန်းကျော် ရှိသည်။

အိမ်ထောင်ကျဖူးခြင်းအကြောင်းနှင့် ပတ်သက်၍မူ အိမ်ထောင်ကျဖူးသူနှင့်တွဲလိုသည့် ယောက်ျားလေး ၆၁ ရာခိုင်နှုန်းသာရှိပြီး မိန်းကလေးများတွင်မူ ၆၇ ရာခိုင်နှုန်းအထိ ရှိသည်။

အရပ်အမြင့်နှင့် ပတ်သက်လျှင် မိမိအောက် အရပ်ပုသူနှင့် တွဲလိုသည့်သဘောထားရှိသော စင်္ကာပူမိန်းကလေးမှာ ၂၀ ရာခိုင်နှုန်းသာ ရှိသည်။

အခြားနိုင်ငံများတွင်လည်း မိမိအောက် အရပ်ပုသူနှင့်တွဲလိုသည့် သဘောထားရှိသော မိန်းကလေးမှာ ၂၁ မှ ၃၁ ရာခိုင်နှုန်းကြားသာ ရှိသည်။

ယောက်ျားလေးဘက်ကို ကြည့်မည်ဆိုလျှင် မိမိထက်အရပ်မြင့်သည့် မိန်းကလေးနှင့်တွဲလိုသည့် သဘောထားရှိသော ယောက်ျားလေးမှာ စင်္ကာပူတွင် ၆၆ ရာခိုင်နှုန်းအထိရှိသည်။

စင်္ကာပူတွင် မိမိအောက် အသက်ငယ်သည့် ယောက်ျားလေးနှင့်တွဲလိုသည့် မိန်းကလေးပမာဏမှာ ၂၀၁၃ ခုနှစ်က ၄၇ ရာခိုင်နှုန်းသာရှိခဲ့ရာမှ ယခုနှစ်တွင် ၆၉ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း အဆိုပါစစ်တမ်းတွင် တွေ့ရှိခဲ့သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Singaporean women prefer taller and richer men, believe men should make first move: Survey (todayonline)

 

[Zawgyi]

စကၤာပူမွ မိန္းကေလးမ်ားသည္ အရပ္ရွည္ကာ ၎တို႔ထက္ဝင္ေငြေကာင္းေသာ ေယာက်္ားမ်ားႏွင့္သာ တြဲလိုေၾကာင္း စစ္တမ္းတစ္ရပ္အရ ေတြ႔ရွိ

အကယ္၍ သင္သည္ ခ်စ္သူအိမ္ေထာင္ဖက္မရွိသည့္ ေယာက်္ားတစ္ဦးျဖစ္ျပီး စကၤာပူမွ မိန္းကေလးတစ္ဦးႏွင့္ တြဲရန္ ရည္ရြယ္ေနသူဆိုပါက သင္သည္အရပ္ရွည္ျပီး ဝင္ေငြေကာင္းသူျဖစ္မည္ဆိုလွ်င္ သင့္အတြက္ခ်စ္သူရရန္ အခြင့္အလမ္းမ်ားမည္ ျဖစ္သည္။

ဖူးစာဘက္ရွာသည့္ ေအဂ်င္စီျဖစ္ေသာ Lunch Actually က အာရွရွိ ႏိုင္ငံႏွင့္ နယ္ေျမေဒသ ၅ ခုရွိ ခ်စ္သူအိမ္ေထာင္ဖက္မရွိသူမ်ားကို ေလ့လာခဲ့သည့္ စစ္တမ္းတစ္ရပ္အရ စကၤာပူမွ မိန္းကေလးမ်ားမွာ ၎တို႔ေအာက္ အရပ္ပုျပီး ဝင္ေငြမေကာင္းသူမ်ားႏွင့္ တြဲလိုသူ နည္းပါးေၾကာင္း ေတြ႔ရွိခဲ့သည္။

အခ်စ္ေရးတြင္ မည္သူက စသင့္သည္ဆိုသည့္အခ်က္ႏွင့္ စပ္လ်ဥ္း၍လည္း စကၤာပူမွ ေယာက်္ားေလး၊ မိန္းကေလးမ်ားအၾကား သေဘာထားမတူညီၾကသည္ကိုလည္း ေတြ႔ခဲ့ရျပီး အဆိုပါေတြ႔ရွိခ်က္မ်ားကို Lunch Actually က ႏိုဝင္ဘာ ၅ ရက္တြင္ ထုတ္ျပန္ခဲ့သည္။

စကၤာပူမွ မိန္းကေလးမ်ား၏ ၆၁ ရာခိုင္ႏႈန္းက အခ်စ္ေရးတြင္ ေယာက်္ားေလးက စသင့္သည္ဟု သေဘာထားရွိၾကျပီး ေယာက်္ားေလးမ်ားဘက္တြင္မူ ၂၀ ရာခိုင္ႏႈန္းကသာ ေယာက္်ားေလးဘက္က စသင့္သည္ဟု လက္ခံထားသည္။

ယခုေလ့လာခ်က္ကို ေဟာင္ေကာင္၊ အင္ဒိုနီးရွား၊ မေလးရွား၊ စကၤာပူႏွင့္ ထိုင္းႏိုင္ငံတို႔တြင္ ျပီးခဲ့ေသာ ေအာက္တိုဘာလအတြင္း ရက္သတၱ ၂ ပတ္ၾကာ ျပဳလုပ္ခဲ့ျခင္း ျဖစ္သည္။

ယခုစစ္တမ္းကို ဝင္ေရာက္ေျဖၾကားခဲ့သူ ၃၅၀၀ ေက်ာ္ရွိျပီး ၆၉၀ ဦးမွာ စကၤာပူမွ ျဖစ္သည္။

စစ္တမ္းအတြင္း မိမိေလာက္ဝင္ေငြမေကာင္းသည့္ ေယာက်္ားႏွင့္ တြဲလိုသည့္ သေဘာထားေျဖၾကားေသာ စကၤာပူ မိန္းကေလးမွာ ၃၉ ရာခိုင္ႏႈန္းသာ ရွိသည္။

အဆိုပါ ပမာဏမွာ မေလးရွား၊ အင္ဒိုနီးရွားႏွင့္ ထိုင္းႏိုင္ငံတို႔ေအာက္ အနည္းငယ္နည္းပါးေနျပီး အဆိုပါႏိုင္ငံမ်ားတြင္မူ မိမိေလာက္ ဝင္ေငြမေကာင္းသည့္ ေယာက်္ားေလးႏွင့္တြဲလိုသည့္ မိန္းကေလးမွာ ၄၀ မွ ၄၁ ရာခိုင္ႏႈန္းၾကားရွိသည္။

ေဟာင္ေကာင္တြင္မူ မိမိေလာက္ ဝင္ေငြမေကာင္းသည့္ ေယာက်္ားေလးႏွင့္ တြဲလုိေသာမိန္းကေလး ပမာဏ မ်ားျပားျပီး ၅၇ ရာခိုင္ႏႈန္းအထိ ရွိသည္။

စကၤာပူမွ ေယာက်္ားေလးဘက္ကို ၾကည့္မည္ဆိုလွ်င္ ေယာက်္ားေလး ၈၇ ရာခိုင္ႏႈန္းက မိမိထက္ဝင္ေငြေကာင္းသည့္ မိန္းကေလးႏွင့္ တြဲႏိုင္ေၾကာင္း ေျဖၾကားၾကသည္။

အျခားေသာ ႏိုင္ငံမ်ားတြင္လည္း မိမိထက္ဝင္ေငြေကာင္းသည့္ မိန္းကေလးႏွင့္ တြဲႏိုင္ေၾကာင္း ေျဖၾကားသူ ၈၀ ရာခိုင္ႏႈန္းေက်ာ္ ရွိသည္။

အိမ္ေထာင္က်ဖူးျခင္းအေၾကာင္းႏွင့္ ပတ္သက္၍မူ အိမ္ေထာင္က်ဖူးသူႏွင့္တြဲလိုသည့္ ေယာက်္ားေလး ၆၁ ရာခိုင္ႏႈန္းသာရွိျပီး မိန္းကေလးမ်ားတြင္မူ ၆၇ ရာခိုင္ႏႈန္းအထိ ရွိသည္။

အရပ္အျမင့္ႏွင့္ ပတ္သက္လွ်င္ မိမိေအာက္ အရပ္ပုသူႏွင့္ တြဲလိုသည့္သေဘာထားရွိေသာ စကၤာပူမိန္းကေလးမွာ ၂၀ ရာခိုင္ႏႈန္းသာ ရွိသည္။

အျခားႏိုင္ငံမ်ားတြင္လည္း မိမိေအာက္ အရပ္ပုသူႏွင့္တြဲလိုသည့္ သေဘာထားရွိေသာ မိန္းကေလးမွာ ၂၁ မွ ၃၁ ရာခိုင္ႏႈန္းၾကားသာ ရွိသည္။

ေယာက်္ားေလးဘက္ကို ၾကည့္မည္ဆိုလွ်င္ မိမိထက္အရပ္ျမင့္သည့္ မိန္းကေလးႏွင့္တြဲလိုသည့္ သေဘာထားရွိေသာ ေယာက်ာ္းေလးမွာ စကၤာပူတြင္ ၆၆ ရာခိုင္ႏႈန္းအထိရွိသည္။

စကၤာပူတြင္ မိမိေအာက္ အသက္ငယ္သည့္ ေယာက်္ားေလးႏွင့္တြဲလိုသည့္ မိန္းကေလးပမာဏမွာ ၂၀၁၃ ခုႏွစ္က ၄၇ ရာခုိင္ႏႈန္းသာရွိခဲ့ရာမွ ယခုႏွစ္တြင္ ၆၉ ရာခိုင္ႏႈန္းအထိ ျမင့္တက္လာေၾကာင္း အဆိုပါစစ္တမ္းတြင္ ေတြ႔ရွိခဲ့သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Singaporean women prefer taller and richer men, believe men should make first move: Survey (todayonline)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service