အစားအစာအတွက် ပလတ်စတစ်ဘူးများအား အန္တရာယ်နည်းစွာ အသုံးပြုနည်း
အစားအစာအတွက် ပလတ်စတစ်ဘူးများအား အန္တရာယ်နည်းစွာ အသုံးပြုနည်း - Property Knowledge in Myanmar from iMyanmarHouse.com
6 Nov 2020 12:51 pm တွင် တင်ခဲ့သည်
1356 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by နှင်းအိခင်
[Unicode]
ယနေ့ခေတ်မှာ စားကြွင်းစားကျန်တွေ၊ စားစရာသောက်စရာတွေ သိုလှောင်သိမ်းဆည်းဖို့အတွက် အိမ်တိုင်းအိမ်တိုင်းရဲ့ မီးဖိုချောင်က ကြောင်အိမ်တွေ ဗီရိုတွေထဲမှာ ပလတ်စတစ်ဘူးတွေ အလျှံအပယ်ရှိကြပါတယ်။
ပလတ်စတစ်ကြောင့် ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် ကျရောက်လာနိုင်တဲ့ ဘေးရန်တွေနဲ့ပတ်သက်ပြီး သိရှိလာကြမှုမြင့်မားလာတာကြောင့်အဲဒီလို ပလတ်စတစ်ဘူးတွေနဲ့ သိုလှောင်သိမ်းဆည်းတာကို စွန့်ပယ်ဖို့အချိန် ရောက်ပြီလာလို့ အချို့သုံးစွဲသူတွေက တွေးမိကောင်းတွေးမိနိုင်ပါတယ်။
ဖန်တီးလိုက်တဲ့ ပလတ်စတစ်စွန့်ပစ်ပစ္စည်းအားလုံးရဲ့ ၉ ရာခိုင်နှုန်းကိုပဲ recycle ပြုလုပ် (သုံးပြီးပစ္စည်းများမှ ပြန်လည်ရယူထားသော ဒြပ်ဝတ္ထုဖြင့် ပစ္စည်းအသစ်တစ်ဖန်ပြုလုပ်) ထားပါတယ်။
၎င်းတို့တွေကြောင့် ကမ္ဘာကြီးပူး‌နွေးလာမှုနဲ့ လေထုညစ်ညမ်းခြင်း၊ ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်၊ အစားအစာကွင်းဆက်နဲ့ သဘာဝပတ်ဝန်းကျင်ကို ဝင်ရောက်လာတဲ့ မိုက်ခရိုပလတ်စတစ်တွေနဲ့ ဓာတုပစ္စည်းတွေအထိ ၎င်းဈေးပေါ‌တဲ့ ပစ္စည်းတွေရဲ့ စစ်မှန်တဲ့ ကုန်ကျစရိတ်ဟာ ပိုပြီးတော့ သိသာလာပါတယ်။
အစာကွင်းဆက်ခေါ် ဆင့်ကဲစားစဉ်တစ်လျှောက် ပလတ်စတစ်ပစ္စည်းတွေမှာ ဒြပ်ပေါင်းထောင်ချီ တွေ့ရှိရပါတယ်။ ၎င်းတို့အနက် အများစုအကြောင်း အတော်လေးအနည်းအကျဉ်းကိုသာ လူသိများပါတယ်။ ဒါပေမဲ့လည်း ကျွန်ုပ်တို့ သေချာပေါက်သိတာကတော့ ပလတ်စတစ်မှာ ပါဝင်တဲ့ ဓာတုပစ္စည်းအချို့ဟာ စိုးရိမ်စရာကောင်းတယ်ဆိုတာပါပဲ။
နေ့စဉ်ဖြစ်ရိုးဖြစ်စဉ် ပလတ်စတစ်ပစ္စည်းတွေကို ဘယ်ဓာတုပစ္စည်းတွေနဲ့ ပြုလုပ်တယ်ဆိုတာကို ပိုမိုပွင့်လင်းမြင်သာမှုမရှိဘဲ ဘယ်ပလတ်စတစ်ဘူးတွေက ဘေးကင်းမှုရှိကြောင်း ဖြေဆိုဖို့ရန်မှာ ခက်ခဲကြောင်း သုတေသီများက ဆိုထားပါတယ်။
၂၀၁၉ ခုနှစ်တုန်းက အစားအစာထုပ်ပိုးမှုနောက်ကွယ်ရှိ သိပ္ပံပညာကို အထူးပြုတဲ့၊ အကျိုးအမြတ်မယူတဲ့ ဆွစ်ဇာလန်နိုင်ငံအခြေစိုက်အဖွဲ့အစည်း Food Packaging Forum (FPF) ဟာ ကမ္ဘာတစ်ဝန်းရှိ “အစားအစာများအား ပလတ်စတစ်ဖြင့် ထုပ်ပိုးထုတ်လုပ်မှု” မှာ အဓိကအသုံးပြုနိုင်ခြေရှိတဲ့ ဓာတုပစ္စည်း ၉၀၀ ကျော်နှင့် နောက်ထပ်အသုံးပြုနိုင်ဖွယ်ရှိတဲ့ဓာတုပစ္စည်း ၃,၄၀၀ တို့ရဲ့ အချက်အလက်တွေကို စုစည်းခဲ့ပါတယ်။ ၎င်း ၄,၃၀၀ အနက် ၆၀ ရာခိုင်နှုန်းမှာပဲ ဘေးအန္တရာယ်ဆိုင်ရာ အချက်အလက် မရှိခဲ့ (ဘေးကင်း) တာကို သုတေသီတွေ တွေ့ရှိခဲ့ကြပါတယ်။
ဒါကြောင့် လက်တွေ့မှာ ကျွန်ုပ်တို့ထင်ထားတာထက် အန္တရာယ်ဟာ ပိုကြီးနိုင်တာမို့ စားသောက်ဖွယ်ရာတွေကို ပလတ်စတစ်ဘူးထဲ ထည့်တာကို အတတ်နိုင်ဆုံးရှောင်ကြဉ်ကြတာ အကောင်းဆုံးဖြစ်ပါတယ်။ ဖြစ်နိုင်ရင် ဖန်ဘူး ဒါမှမဟုတ် သတ္တုဘူးကို ပြောင်းသုံးပါ။
အခြေအနေအရ သုံးရတဲ့အခါမှာလည်း အန္တရာယ်နည်းစွာ အသုံးပြုနိုင်ဖို့ နည်းလမ်းတစ်ချို့ကိုလည်း အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
* မဖြစ်မနေ အသုံးပြုရတဲ့အခါမှာ မိုက်ခရိုဝေ့ဗ်မီးဖိုနဲ့ ပန်းကန်ဆေးစက်တွေမှာ ထည့်သုံးတာလိုမျိုး အပူကို ရှောင်ပါ။ အထူးသဖြင့် ထပ်မံအသုံးပြုနိုင်တဲ့ ပလတ်စတစ်ဘူးမဟုတ်ဘဲ တစ်ခါသုံးပလတ်စတစ်ဘူးတွေကို သုံးရတဲ့အခါမှာပဲ ဖြစ်ပါတယ်။
* သူ့မှာ ဓာတုပစ္စည်းပါဝင်တာ နည်းတယ်ဆိုရင်တောင်မှ ပလတ်စတစ်ဆိုတာ တစ်သက်လုံး မခံပါဘူး။ ဒါကြောင့် ခြစ်ရာပွန်းရာတွေ ရှိလာတဲ့၊ အရောင်ပြောင်းသွားတဲ့ ပလတ်စတစ်ဘူးတွေကို ရှောင်ကြဉ်ပါ။ ဓာတုပစ္စည်းတွေ စားသောက်ဖွယ်ရာတွေထဲ ပျော်ဝင်သွားကုန်မှာမို့ပါ။
* အချို့ပလတ်စတစ်ကုန်ပစ္စည်းတွေမှာ သက်တမ်းကုန်ဆုံးချိန်ရက်စွဲ ရှိတာကြောင့် ၎င်းရက်စွဲကို သတိပြုပါ။
* အစားအစာတွေကို ထုပ်ပိုးတဲ့အခါ ပလတ်စတစ်ထုပ်ပိုးပစ္စည်းအစား ပျားဖယောင်းထုပ်ပိုးပစ္စည်းလိုမျိုး ပြန်လည်အသုံးပြုနိုင်တဲ့ထုပ်ပိုးပစ္စည်းမျိုးနဲ့ အစားထိုးပါ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
Central Shop House
42 Mini Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service