မြေချပါမစ်များပျောက်ဆုံးနေပါက ဘယ်လိုဆောင်ရွက်ရမလဲ။

မြေချပါမစ်များပျောက်ဆုံးနေပါက ဘယ်လိုဆောင်ရွက်ရမလဲ။ - Property Knowledge in Myanmar from iMyanmarHouse.com
29 Sep 2020 3:45 pm တွင် တင်ခဲ့သည်
1169 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

မြေချပါမစ်များပျောက်ဆုံးနေပါက ပျောက်ဆုံးသည့်နေရာနှင့် အချိန်တို့ကိုဖော်ပြကာ မည်သို့မည်ပုံ ပျောက်ဆုံးကြောင်းလျှောက်ထားပြီး မှန်ကန်ကြောင်းသက်ဆိုင်ရာ ရယကရုံးနှင့် သက်ဆိုင်ရာမြို့နယ် ရဲစခန်းထောက်ခံစာတို့ကို တင်ပြလျှောက်ထားရယုရပါမည်။

သို့မှသာရုံးလုပ်ထုံးလုပ်နည်းများနှင့်အညီ မြေတိုင်းဆင်း၍ ရုံးလက်ခံမှတ်တမ်းများနှင့် စိစစ်ပြီး မှန်ကန်မှုရှိပါက ဌာနမှ ဆက်လက်ဆောင်ရွက်ပြီး ကန့်ကွက်မှုမရှိပါက မြေငှားဂရန်စာချုပ်ထုတ်ပေးပါတယ်။

ထို့အတူ ဂရန်သစ်လျှောက်ထားခြင်း၊ ဂရန်မိတ္တူလျှောက်ထားခြင်း၊ ဂရန်သက်တမ်းတိုးလျှောက်ထားခြင်း၊ မြေအမည်ပြောင်းလျှောက်ထားခြင်း စသည့်ကိစ္စရပ်များတွင် အမှုတွဲဖွင့်လှစ်သည့်နေ့၌(ကန့်ကွက်ရန်ရှိ (မရှိ)ကြေညာခြင်း)၊ ၎င်း(Objection)စာရွက်(၃)စောင်ကို အမှုတွဲဖွင့်ပေးသည့် ဌာနစုတွင်ထုတ်ပြီး၊ သက်ဆိုင်ရာ ရ.ယ.ကတွင် (၁)စောင်၊ မ.ယ.ကမှ လက်ခံရရှိကြောင်း လက်မှတ်ရေးထိုး၍ မြို့တော်ခန်းမရှိ ရုံးအဖွဲ့သို့ (၁)ရက်အတွင်း ပြန်လည်အပ်နှံရပါမည်။ ခွင့်ပြုမိန့်ရက်ပေါင်း(၃၀)ကြာလျှင် သွားရောက်ထုတ်ယူလို့ ရပါသည်။

အထက်တွင် ဖော်ပြထားသော မြေစီမံခန့်ခွဲမှုလုပ်ငန်းများကို သတ်မှတ်ရက်အတွင်း ကာယကံရှင်များသို့ ခွင့်ပြုမိန့်ထုတ်ပေးရန် ဖြစ်သော်လည်း လျှောက်ထားသည့်မြေကွက်နှင့်ပက်သက်ပြီး ကန့်ကွက်ထားခြင်း၊ တားဝရမ်းကပ်ထားခြင်း၊ စာချုပ်စာတမ်း အဆက်အစပ် မတင်ပြနိုင်ခြင်း၊ ဘဏ်ချေးငွေမှ မှတ်ချက်ရှိခြင်း၊ စသည့်ကန့်ကွက်ချက်၊ တားမြစ်ချက်များရှိနေပါက သတ်မှတ်ရက်တွင် ထုတ်ပေးနိုင်မည်မဟုတ်ကြောင်းနှင့် သတ်မှတ်ရက်ကျော်လွန်ပြီးဖြစ်ပါက ယင်းတားမြစ်ချက်၊ ကန့်ကွက်ချက်များကို ဖြေရှင်းပြီးမှ ထုတ်ပေးမည် ဖြစ်ပါသည်။

ထို့ကြောင့် အိမ်ခြံမြေပါမစ်ပျောက်ဆုံးသွားပါက ပျောက်ဆုံးကြောင်း သိရှိသည့်အချိန်မှစ၍ သက်ဆိုင်ရာ ရယကထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ ပျောက်ဆုံးခြင်းမှာ မှန်ကန်ကြောင်းတရားရုံးကျမ်းကျိန်လွှာ စသည်ခိုင်မာသည့်အထောက်အထားများကို လျှောက်ထားဆောင်ရွက်မှုပြုထားသင့်ပါသည်။

ပျောက်ဆုံးသွားသောပါမစ်လက်ခံရရှိသူအနေဖြင့် ပိုင်ဆိုင်မှုအပေါ် မိမိပိုင်ဆိုင်သယောင် သက်ဆိုင်ရာဌာနတွင် မိတ္တူမှန်လျှောက်ထားသည့်အခါ မမှန်မကန် ကန့်ကွက်မှုများတင်ပြပြီး အငြင်းပွားလာနိုင်ကြောင်း သာဓကများစွာ တွေ့ရှိဖူးသဖြင့် ဖော်ပြလိုက်ရပါသည်။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ၏ အိမ်ခြံမြေရောင်းဝယ်ငှား သိထားရမည့်အချက်များစာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ေျမခ်ပါမစ္မ်ားေပ်ာက္ဆုံးေနပါက ဘယ္လိုေဆာင္ရြက္ရမလဲ။

ေျမခ်ပါမစ္မ်ားေပ်ာက္ဆုံးေနပါက ေပ်ာက္ဆုံးသည့္ေနရာႏွင့္ အခ်ိန္တို႔ကိုေဖာ္ျပကာ မည္သို႔မည္ပုံ ေပ်ာက္ဆုံးေၾကာင္းေလွ်ာက္ထားၿပီး မွန္ကန္ေၾကာင္းသက္ဆိုင္ရာ ရယကရုံးႏွင့္ သက္ဆုိင္ရာၿမိဳ႕နယ္ ရဲစခန္းေထာက္ခံစာတို႔ကို တင္ျပေလွ်ာက္ထားရယုရပါမည္။

သို႔မွသာရုံးလုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ေျမတိုင္းဆင္း၍ ရုံးလက္ခံမွတ္တမ္းမ်ားႏွင့္ စိစစ္ၿပီး မွန္ကန္မႈရွိပါက ဌာနမွ ဆက္လက္ေဆာင္ရြက္ၿပီး ကန္႔ကြက္မႈမရွိပါက ေျမငွားဂရန္စာခ်ဳပ္ထုတ္ေပးပါတယ္။

ထို႔အတူ ဂရန္သစ္ေလွ်ာက္ထားျခင္း၊ ဂရန္မိတၱဴေလွ်ာက္ထားျခင္း၊ ဂရန္သက္တမ္းတိုးေလွ်ာက္ထားျခင္း၊ ေျမအမည္ေျပာင္းေလွ်ာက္ထားျခင္း စသည့္ကိစၥရပ္မ်ားတြင္ အမႈတြဲဖြင့္လွစ္သည့္ေန႔၌(ကန္႔ကြက္ရန္ရွိ (မရွိ)ေၾကညာျခင္း)၊ ၎(Objection)စာရြက္(၃)ေစာင္ကို အမႈတြဲဖြင့္ေပးသည့္ ဌာနစုတြင္ထုတ္ၿပီး၊ သက္ဆိုင္ရာ ရ.ယ.ကတြင္ (၁)ေစာင္၊ မ.ယ.ကမွ လက္ခံရရွိေၾကာင္း လက္မွတ္ေရးထိုး၍ ၿမိဳ႕ေတာ္ခန္းမရွိ ရုံးအဖြဲ႕သို႔ (၁)ရက္အတြင္း ျပန္လည္အပ္ႏွံရပါမည္။ ခြင့္ျပဳမိန္႔ရက္ေပါင္း(၃၀)ၾကာလွ်င္ သြားေရာက္ထုတ္ယူလို႔ ရပါသည္။

အထက္တြင္ ေဖာ္ျပထားေသာ ေျမစီမံခန္႔ခြဲမႈလုပ္ငန္းမ်ားကို သတ္မွတ္ရက္အတြင္း ကာယကံရွင္မ်ားသို႔ ခြင့္ျပဳမိန္႔ထုတ္ေပးရန္ ျဖစ္ေသာ္လည္း ေလွ်ာက္ထားသည့္ေျမကြက္ႏွင့္ပက္သက္ၿပီး ကန္႔ကြက္ထားျခင္း၊ တား၀ရမ္းကပ္ထားျခင္း၊ စာခ်ဳပ္စာတမ္း အဆက္အစပ္ မတင္ျပႏိုင္ျခင္း၊ ဘဏ္ေခ်းေငြမွ မွတ္ခ်က္ရွိျခင္း၊ စသည့္ကန္႔ကြက္ခ်က္၊ တားျမစ္ခ်က္မ်ားရွိေနပါက သတ္မွတ္ရက္တြင္ ထုတ္ေပးႏိုင္မည္မဟုတ္ေၾကာင္းႏွင့္ သတ္မွတ္ရက္ေက်ာ္လြန္ၿပီးျဖစ္ပါက ယင္းတားျမစ္ခ်က္၊ ကန္႔ကြက္ခ်က္မ်ားကို ေျဖရွင္းၿပီးမွ ထုတ္ေပးမည္ ျဖစ္ပါသည္။

ထို႔ေၾကာင့္ အိမ္ျခံေျမပါမစ္ေပ်ာက္ဆုံးသြားပါက ေပ်ာက္ဆုံးေၾကာင္း သိရွိသည့္အခ်ိန္မွစ၍ သက္ဆိုင္ရာ ရယကေထာက္ခံစာ၊ ရဲစခန္းေထာက္ခံစာ၊ ေပ်ာက္ဆုံးျခင္းမွာ မွန္ကန္ေၾကာင္းတရားရုံးက်မ္းက်ိန္လႊာ စသည္ခိုင္မာသည့္အေထာက္အထားမ်ားကို ေလွ်ာက္ထားေဆာင္ရြက္မႈျပဳထားသင့္ပါသည္။

ေပ်ာက္ဆုံးသြားေသာပါမစ္လက္ခံရရွိသူအေနျဖင့္ ပိုင္ဆိုင္မႈအေပၚ မိမိပိုင္ဆိုင္သေယာင္ သက္ဆိုင္ရာဌာနတြင္ မိတၱဴမွန္ေလွ်ာက္ထားသည့္အခါ မမွန္မကန္ ကန္႔ကြက္မႈမ်ားတင္ျပၿပီး အျငင္းပြားလာႏိုင္ေၾကာင္း သာဓကမ်ားစြာ ေတြ႕ရွိဖူးသျဖင့္ ေဖာ္ျပလိုက္ရပါသည္။

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ၏ အိမ္ျခံေျမေရာင္း၀ယ္ငွား သိထားရမည့္အခ်က္မ်ားစာအုပ္မွ ေကာက္ႏုတ္ေဖာ္ျပပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Shwe Wutt Hmone
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service