ကုန်ကျစရိတ်မရှိဘဲ ကိုယ်ခံအားကောင်းစေမည့် နည်း ၃ ခု အန်းသနီဖောင်းချီ ပြောကြား

ကုန်ကျစရိတ်မရှိဘဲ ကိုယ်ခံအားကောင်းစေမည့် နည်း ၃ ခု အန်းသနီဖောင်းချီ ပြောကြား - Property News in Myanmar from iMyanmarHouse.com
21 Sep 2020 11:46 am တွင် တင်ခဲ့သည်
2404 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန် အမျိုးသားဓာတ်မတည့်ခြင်းနှင့် ကူးစက်ရောဂါများဆိုင်ရာ အင်စတီကျု၏ ညွှန်ကြားရေးမှူး ဒေါက်တာ အန်းသနီ ဖောင်းချီက ဗိုက်တာမင်အားဆေးများအစား ကုန်ကျစရိတ်မရှိဘဲ ကိုယ်ခံအားကောင်းစေမည့် နည်းလမ်း ၃ ခုကို ထုတ်ဖော်ပြောကြားလာသည်။

ဒေါက်တာ အန်းသနီ စတီးဖန် ဖောင်းချီ (Dr Anthony Stephen Fauci) သည် အမေရိကန်ဆရာဝန်၊ ကိုယ်ခံအားစနစ် ကျွမ်းကျင်ပညာရှင် တစ်ဦးဖြစ်ပြီး အမေရိကန် အမျိုးသား ဓာတ်မတည့်ခြင်းနှင့် ကူးစက်ရောဂါများဆိုင်ရာ အင်စတီကျု (National Institute of Allergy and Infectious Diseases) ၏ ညွှန်ကြားရေးမှူးအဖြစ် ၁၉၈၄ ခုနှစ်ကတည်းက တာဝန်ထမ်းဆောင်နေခဲ့သူ ဖြစ်သည်။

မကြာသေးမီကမူ ဒေါက်တာ ဖောင်းချီက ရုပ်ရှင်မင်းသမီး ဂျနီဖာ ဂါနာနှင့် ပြောကြားခဲ့ရာတွင် ၎င်းအနေဖြင့် ဗိုက်တာမင် ဒီနှင့် စီတို့ သောက်သုံးကြောင်း ပြောကြားခဲ့ဖူးသည်။

သို့သော် ဒေါက်တာဖောင်းချီက အဆိုပါ ဗိုက်တာမင်ဆေးဝါးများ သောက်သုံးကြရန် ပြည်သူများကို လမ်းညွှန်ပြောကြားခြင်းမဟုတ်ဘဲ ၎င်းအားမေးမြန်းလာသည့်မေးခွန်းကို ပြန်လည်ဖြေကြားခဲ့ခြင်းသာ ဖြစ်သည်။

“ကျွန်တော်ရှင်းအောင်ပြောလိုတာက ဘယ်လိုဗိုက်တာမင်တွေသောက်လဲလို့ ကျွန်တော့်ကိုမေးလာလို့ ဒီမေးခွန်းကို ပြန်ဖြေတာသာ ဖြစ်ပါတယ်” ဟု ဒေါက်တာဖောင်းချီက ဆိုသည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးနှင့် စပ်လျဉ်း၍ ဒေါက်တာဖောင်းချီ အမြဲပြောကြားလေ့ရှိသည်မှာ လက်ဆေးရန်၊ mask တပ်ရန်နှင့် လူမှု အလှမ်းခွါနေထိုင်ကြရန်သာ ဖြစ်သည်။

“တချို့လူတွေကျတော့ နေရောင်ရဖို့ အပြင်ကို အချိန်များများ မထွက်ကြသူတွေရှိပါတယ်။ သူတို့မှာ ဗိုက်တာမင် ဒီ ဓာတ် ချို့တဲ့လေ့ ရှိတယ်။ ဒါကြောင့် အပြင်သိပ်မထွက်ရတဲ့ ကျွန်တော့်မှာလည်း ဗိုက်တာမင် ဒီ ပမာဏ နိမ့်ပါးပါတယ်။ ဒါကြောင့် ကျွန်တော်က ဗိုက်တာမင် ဒီ ဖြည့်စွက်ဆေးဝါးသောက်သုံးတာဖြစ်ပြီး အခုချိန်မှာ ကျွန်တော့်ရဲ့ ဗိုက်တာမင် ဒီ ပမာဏဟာ ပုံမှန် အခြေအနေ ရှိပါတယ်” ဟု ဒေါက်တာ ဖောင်းချီက ဆိုသည်။

သိပ္ပံလေ့လာချက်များအရ ဗိုက်တာမင် ချို့တဲ့သူများသည် ကူးစက်ရောဂါများ အလွယ်တကူ ဝင်ရောက်နိုင်ကြောင်း တွေ့ရှိထားခဲ့ပြီး ဖြစ်သည်။

အဆိုပါ တွေ့ရှိချက်သည် ကိုရိုနာ ဗိုင်းရပ်စ်ကပ်ဘေးတွင် အထောက်အကူ ဖြစ်လာပြန်သည်။

ထို့အပြင် ဗိုက်တာမင် ဒီ သည် ခန္ဓာကိုယ်က ကယ်လ်စီယံ စုပ်ယူမှုတွင်လည်း အကူအညီပေးပြီး အရိုးများ၏ ကျန်းမာကြံ့ခိုင်ရေးကိုလည်း အထောက်အကူပြုသည်။

သို့သော် လူတိုင်းအတွက် ဆေးဆိုင်များသို့ပြေးကာ ဗိုက်တာမင်အားဆေးများ ပြေးဝယ်ကြရန် ဆိုလိုရင်း မဟုတ်။

ဒေါက်တာဖောင်းချီက ပြောကြားရာတွင် ဗိုက်တာမင်အားဆေးများက ကိုယ်ခံအားကို မြှင့်တင်ပေးခြင်း မဟုတ်ကြောင်း ပြောကြားသည်။

ဗိုက်တာမင် စီ သည်လည်း ခန္ဓာကိုယ်က သံဓာတ်ကို စုပ်ယူရာတွင် အထောက်အကူပြုသည်။

ခန္ဓာကိုယ်အတွက် လိုအပ်သည့် ဗိုက်တာမင် စီ ကို သံပုရာရည်တစ်ခွက် သောက်ခြင်းအားဖြင့်လည်း ရရှိနိုင်သည်။

Mayo Clinc နှင့် Harvard Health တို့၏ ထုတ်ပြန်ချက်အရ လူအများစုအတွက် တစ်နေ့လျှင် ဗိုက်တာမင် စီ ၁၀၀ မီလီဂရမ် ရရှိလျှင် လုံလောက်သည်ဟု ဆိုသည်။

လူအများစုအတွက် လတ်ဆတ်သည့် အစားအစာများ လုံလောက်စွာ စားသောက်ပေးခြင်းနှင့် နေရောင်အောက်တွင် ပုံမှန်နေထိုင်ပေးခြင်းတို့ရှိလျှင် ဗိုက်တာမင် စီနှင့် ဒီတို့အတွက် လုံလောက်နိုင်သည်။

ဒေါက်တာ ဖောင်းချီက ကိုယ်ခံအားကောင်းလိုပါက ကုန်ကျစရိတ်မရှိဘဲ လုပ်ဆောင်နိုင်သည့်အရာများရှိကြောင်း ပြောကြားသည်။

(ဒေါက်တာ ဖောင်းချီပြောကြားသည့် ကိုယ်ခံအားကောင်းစေမည့် နည်းလမ်း ၃ ခု)

၁။ အိပ်ရေးဝအောင်အိပ်ပါ။

လူအများစုအတွက် အိပ်ချိန်လိုအပ်ချက်မှာ တစ်ညလျှင် ၇ နာရီမှ ၈ နာရီကြား ဖြစ်သည်။

၂။ အာဟာရပြည့်အောင် စားသောက်ပါ

ဗိုက်တာမင်ကြွယ်ဝသည့် သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ စားသောက်ပေးပါ။

၃။ စိတ်ဖိစီးမှုများ ရှောင်ကြဉ်ပါ (သို့မဟုတ်) စိတ်ဖိစီးမှုများကို တိုက်ဖျက်ရန် ကြိုးစားပါ။

စိတ်ဖိစီးခြင်းကြောင့် ကိုယ်ခံအား ကျဆင်းစေသည်။ စိတ်ဖိစီးမှုကို တိုက်ဖျက်ရန် အကောင်းဆုံး နည်းလမ်းများမှာ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း၊ တရားထိုင်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ရေပူစိမ်ကာ အပန်းဖြေခြင်း၊ အနှိပ်ခံခြင်း၊ သီချင်းနားထောင်ခြင်း၊ အချို့အချိန်များတွင် တစ်ယောက်တည်းနေထိုင်ခြင်း၊ မိမိအခင်မင်ဆုံးသူ (သို့မဟုတ်) ခွေးကလေးနှင့်အတူ လမ်းလျှောက်ထွက်ခြင်းများ ဖြစ်သည်။

အထက်ပါ နည်းလမ်းများမှာ အားဆေးသောက်ခြင်းထက် ပိုမိုကောင်းမွန်သည့် နည်းလမ်းများဖြစ်ကြောင်း ဒေါက်တာ ဖောင်းချီက ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Forget vitamins: Fauci says the 3 best things 'to keep your immune system working optimally' cost nothing (MSN)

[Zawgyi]

ကုန္က်စရိတ္မရွိဘဲ ကိုယ္ခံအားေကာင္းေစမည့္ နည္း ၃ ခု အန္းသနီေဖာင္းခ်ီ ေျပာၾကား

အေမရိကန္ အမ်ဳိးသားဓာတ္မတည့္ျခင္းႏွင့္ ကူးစက္ေရာဂါမ်ားဆိုင္ရာ အင္စတီက်ဳ၏ ညႊန္ၾကားေရးမွဴး ေဒါက္တာ အန္းသနီ ေဖာင္းခ်ီက ဗိုက္တာမင္အားေဆးမ်ားအစား ကုန္က်စရိတ္မရွိဘဲ ကိုယ္ခံအားေကာင္းေစမည့္ နည္းလမ္း ၃ ခုကို ထုတ္ေဖာ္ေျပာၾကားလာသည္။

ေဒါက္တာ အန္းသနီ စတီးဖန္ ေဖာင္းခ်ီ (Dr Anthony Stephen Fauci) သည္ အေမရိကန္ဆရာဝန္၊ ကိုယ္ခံအားစနစ္ ကၽြမ္းက်င္ပညာရွင္ တစ္ဦးျဖစ္ျပီး အေမရိကန္ အမ်ဳိးသား ဓာတ္မတည့္ျခင္းႏွင့္ ကူးစက္ေရာဂါမ်ားဆိုင္ရာ အင္စတီက်ဳ (National Institute of Allergy and Infectious Diseases) ၏ ညႊန္ၾကားေရးမွဴးအျဖစ္ ၁၉၈၄ ခုႏွစ္ကတည္းက တာဝန္ထမ္းေဆာင္ေနခဲ့သူ ျဖစ္သည္။

မၾကာေသးမီကမူ ေဒါက္တာ ေဖာင္းခ်ီက ရုပ္ရွင္မင္းသမီး ဂ်နီဖာ ဂါနာႏွင့္ ေျပာၾကားခဲ့ရာတြင္ ၎အေနျဖင့္ ဗိုက္တာမင္ ဒီႏွင့္ စီတို႔ ေသာက္သံုးေၾကာင္း ေျပာၾကားခဲ့ဖူးသည္။

သို႔ေသာ္ ေဒါက္တာေဖာင္းခ်ီက အဆိုပါ ဗိုက္တာမင္ေဆးဝါးမ်ား ေသာက္သံုးၾကရန္ ျပည္သူမ်ားကို လမ္းညႊန္ေျပာၾကားျခင္းမဟုတ္ဘဲ ၎အားေမးျမန္းလာသည့္ေမးခြန္းကို ျပန္လည္ေျဖၾကားခဲ့ျခင္းသာ ျဖစ္သည္။

“ကၽြန္ေတာ္ရွင္းေအာင္ေျပာလိုတာက ဘယ္လိုဗိုက္တာမင္ေတြေသာက္လဲလို႔ ကၽြန္ေတာ့္ကိုေမးလာလို႔ ဒီေမးခြန္းကို ျပန္ေျဖတာသာ ျဖစ္ပါတယ္” ဟု ေဒါက္တာေဖာင္းခ်ီက ဆိုသည္။

ကိုရိုနာဗိုင္းရပ္စ္ ကပ္ေဘးႏွင့္ စပ္လ်ဥ္း၍ ေဒါက္တာေဖာင္းခ်ီ အျမဲေျပာၾကားေလ့ရွိသည္မွာ လက္ေဆးရန္၊ mask တပ္ရန္ႏွင့္ လူမႈ အလွမ္းခြါေနထိုင္ၾကရန္သာ ျဖစ္သည္။

“တခ်ဳိ ႔လူေတြက်ေတာ့ ေနေရာင္ရဖို႔ အျပင္ကို အခ်ိန္မ်ားမ်ား မထြက္ၾကသူေတြရွိပါတယ္။ သူတို႔မွာ ဗိုက္တာမင္ ဒီ ဓာတ္ ခ်ဳိ ႔တဲ့ေလ့ ရွိတယ္။ ဒါေၾကာင့္ အျပင္သိပ္မထြက္ရတဲ့ ကၽြန္ေတာ့္မွာလည္း ဗိုက္တာမင္ ဒီ ပမာဏ နိမ့္ပါးပါတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္က ဗိုက္တာမင္ ဒီ ျဖည့္စြက္ေဆးဝါးေသာက္သံုးတာျဖစ္ျပီး အခုခ်ိန္မွာ ကၽြန္ေတာ့္ရဲ ႔ ဗိုက္တာမင္ ဒီ ပမာဏဟာ ပံုမွန္ အေျခအေန ရွိပါတယ္” ဟု ေဒါက္တာ ေဖာင္းခ်ီက ဆိုသည္။

သိပၸံေလ့လာခ်က္မ်ားအရ ဗိုက္တာမင္ ခ်ဳိ ႔တဲ့သူမ်ားသည္ ကူးစက္ေရာဂါမ်ား အလြယ္တကူ ဝင္ေရာက္ႏိုင္ေၾကာင္း ေတြ႔ရွိထားခဲ့ျပီး ျဖစ္သည္။

အဆိုပါ ေတြ႔ရွိခ်က္သည္ ကိုရိုနာ ဗိုင္းရပ္စ္ကပ္ေဘးတြင္ အေထာက္အကူ ျဖစ္လာျပန္သည္။

ထို႔အျပင္ ဗိုက္တာမင္ ဒီ သည္ ခႏၶာကိုယ္က ကယ္လ္စီယံ စုပ္ယူမႈတြင္လည္း အကူအညီေပးျပီး အရိုးမ်ား၏ က်န္းမာၾကံ ႔ခိုင္ေရးကိုလည္း အေထာက္အကူျပဳသည္။

သို႔ေသာ္ လူတိုင္းအတြက္ ေဆးဆိုင္မ်ားသို႔ေျပးကာ ဗိုက္တာမင္အားေဆးမ်ား ေျပးဝယ္ၾကရန္ ဆိုလိုရင္း မဟုတ္။

ေဒါက္တာေဖာင္းခ်ီက ေျပာၾကားရာတြင္ ဗိုက္တာမင္အားေဆးမ်ားက ကိုယ္ခံအားကို ျမွင့္တင္ေပးျခင္း မဟုတ္ေၾကာင္း ေျပာၾကားသည္။

ဗိုက္တာမင္ စီ သည္လည္း ခႏၶာကိုယ္က သံဓာတ္ကို စုပ္ယူရာတြင္ အေထာက္အကူျပဳသည္။

ခႏၶာကိုယ္အတြက္ လိုအပ္သည့္ ဗိုက္တာမင္ စီ ကို သံပုရာရည္တစ္ခြက္ ေသာက္ျခင္းအားျဖင့္လည္း ရရွိႏိုင္သည္။

Mayo Clinc ႏွင့္ Harvard Health တို႔၏ ထုတ္ျပန္ခ်က္အရ လူအမ်ားစုအတြက္ တစ္ေန႔လွ်င္ ဗိုက္တာမင္ စီ ၁၀၀ မီလီဂရမ္ ရရိွလွ်င္ လံုေလာက္သည္ဟု ဆိုသည္။

လူအမ်ားစုအတြက္ လတ္ဆတ္သည့္ အစားအစာမ်ား လံုေလာက္စြာ စားေသာက္ေပးျခင္းႏွင့္ ေနေရာင္ေအာက္တြင္ ပံုမွန္ေနထိုင္ေပးျခင္းတို႔ရွိလွ်င္ ဗိုက္တာမင္ စီႏွင့္ ဒီတို႔အတြက္ လံုေလာက္ႏိုင္သည္။

ေဒါက္တာ ေဖာင္းခ်ီက ကိုယ္ခံအားေကာင္းလိုပါက ကုန္က်စရိတ္မရွိဘဲ လုပ္ေဆာင္ႏိုင္သည့္အရာမ်ားရွိေၾကာင္း ေျပာၾကားသည္။

(ေဒါက္တာ ေဖာင္းခ်ီေျပာၾကားသည့္ ကုိယ္ခံအားေကာင္းေစမည့္ နည္းလမ္း ၃ ခု)

၁။ အိပ္ေရးဝေအာင္အိပ္ပါ။

လူအမ်ားစုအတြက္ အိပ္ခ်ိန္လိုအပ္ခ်က္မွာ တစ္ညလွ်င္ ၇ နာရီမွ ၈ နာရီၾကား ျဖစ္သည္။

၂။ အာဟာရျပည့္ေအာင္ စားေသာက္ပါ

ဗိုက္တာမင္ၾကြယ္ဝသည့္ သစ္သီးမ်ားႏွင့္ ဟင္းသီးဟင္းရြက္မ်ား စားေသာက္ေပးပါ။

၃။ စိတ္ဖိစီးမႈမ်ား ေရွာင္ၾကဥ္ပါ (သို႔မဟုတ္) စိတ္ဖိစီးမႈမ်ားကို တိုက္ဖ်က္ရန္ ၾကိဳးစားပါ။

စိတ္ဖိစီးျခင္းေၾကာင့္ ကိုယ္ခံအား က်ဆင္းေစသည္။ စိတ္ဖိစီးမႈကို တိုက္ဖ်က္ရန္ အေကာင္းဆံုး နည္းလမ္းမ်ားမွာ ေလ့က်င့္ခန္း ပံုမွန္လုပ္ျခင္း၊ တရားထိုင္ျခင္း၊ အသက္ရွဴေလ့က်င့္ခန္းျပဳလုပ္ျခင္း၊ ေရပူစိမ္ကာ အပန္းေျဖျခင္း၊ အႏွိပ္ခံျခင္း၊ သီခ်င္းနားေထာင္ျခင္း၊ အခ်ဳိ ႔အခ်ိန္မ်ားတြင္ တစ္ေယာက္တည္းေနထိုင္ျခင္း၊ မိမိအခင္မင္ဆံုးသူ (သို႔မဟုတ္) ေခြးကေလးႏွင့္အတူ လမ္းေလွ်ာက္ထြက္ျခင္းမ်ား ျဖစ္သည္။

အထက္ပါ နည္းလမ္းမ်ားမွာ အားေဆးေသာက္ျခင္းထက္ ပိုမိုေကာင္းမြန္သည့္ နည္းလမ္းမ်ားျဖစ္ေၾကာင္း ေဒါက္တာ ေဖာင္းခ်ီက ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Forget vitamins: Fauci says the 3 best things 'to keep your immune system working optimally' cost nothing (MSN)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Gucci မိသားစုနှင့် Calvin Klein တို့အပြင် အီတလီ သံအမတ်ကြီးများ နေထိုင်ခဲ့ဖူးသော နယူးယောက်မှ စံအိမ်ကြီး ကန်ဒေါ်လာ ၁၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
Gucci မိသားစုနှင့် Calvin Klein တို့အပြင် အီတလီ သံအမတ်ကြီးများ နေထိုင်ခဲ့ဖူးသော နယူးယောက်မှ စံအိမ်ကြီး ကန်ဒေါ်လာ ၁၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ရီးရဲမက်ဒရစ်ရဲ့ ပဲ့ကိုင်ရှင် အန်ဆယ်လော့တီ၏ မက်ဒရစ်မြို့က စံအိမ်
ရီးရဲမက်ဒရစ်ရဲ့ ပဲ့ကိုင်ရှင် အန်ဆယ်လော့တီ၏ မက်ဒရစ်မြို့က စံအိမ်
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိုးယူခံရမှုတွင် ကူညီရောင်းချပေးခဲ့သည့်အမျိုးသား ဆိုင်းငံ့ထောင်ဒဏ်ချမှတ်ခံရ...
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိုးယူခံရမှုတွင် ကူညီရောင်းချပေးခဲ့သည့်အမျိုးသား ဆိုင်းငံ့ထောင်ဒဏ်ချမှတ်ခံရ...
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က ဗြိတိန်တွင် အိမ်ရှာဖွေမှု အလွန်များပြားလာနေ...
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က ဗြိတိန်တွင် အိမ်ရှာဖွေမှု အလွန်များပြားလာနေ...
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ဒေါက်မြင့်ဖိနပ်စီးလိုသူများ အထူးပါမစ်လျှောက်ထားရသော ကယ်လီဖိုးနီးယားပြည်နယ်က မြို့လေး၊ ရေခဲမုန့်စားခြင်းကိုလည်း ထိုမြို့တွင် တားမြစ်ထား...
ဒေါက်မြင့်ဖိနပ်စီးလိုသူများ အထူးပါမစ်လျှောက်ထားရသော ကယ်လီဖိုးနီးယားပြည်နယ်က မြို့လေး၊ ရေခဲမုန့်စားခြင်းကိုလည်း ထိုမြို့တွင် တားမြစ်ထား...
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရိုက်ရာ ခြင်မည်သို့ရှိသည်မသိရသော်လည်း တန်ဖိုးကြီး ရုပ်သံစက် ဆုံးရှုံးခဲ့ရပုံ...
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရိုက်ရာ ခြင်မည်သို့ရှိသည်မသိရသော်လည်း တန်ဖိုးကြီး ရုပ်သံစက် ဆုံးရှုံးခဲ့ရပုံ...
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု နာမည်ကြီးနေ...
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်ကျဲနေရာ အုတ်အော်သောင်းတင်းဖြစ်ကာ အနီးဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းဝန်းလုယက်ခဲ့ကြ...

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသည်ဟု သားပုပ်လေလွင့် စွပ်စွဲပြီး Facebook တွင် ဓာတ်ပုံများတင်ခဲ့ရာ ဒေါ်လာ ၁၀၀,၀၀၀ နစ်နာကြေးပေးလိုက်ရပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service