အ​သေးစား​ချေး​​ငွေလုပ်ငန်းများ အတိုးနှုန်းထပ်ချရန် ​ဆောင်ရွက်​နေဟုဆို

အ​သေးစား​ချေး​​ငွေလုပ်ငန်းများ အတိုးနှုန်းထပ်ချရန် ​ဆောင်ရွက်​နေဟုဆို - Property News in Myanmar from iMyanmarHouse.com
28 Aug 2020 11:27 am တွင် တင်ခဲ့သည်
2756 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

COVID-19 ကပ် ရောဂါကာလအတွင်း အသေးစားငွေရေးကြေးရေး အဖွဲ့ စည်းများက ကောက်ခံနိုင်သည့် အမြင့်ဆုံးအတိုးနှုန်းကို ပြန်လည် သုံးသပ်သတ်မှတ်ရန် ဆောင်ရွက်နေကြောင်း စီမံကိန်း၊ ဘဏ္ဍာရေး နှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းကပြော သည်။

အသေးစားချေးငွေလုပ်ငန်းများအနေဖြင့် လက်ရှိအမြင့်ဆုံး ကောက်ခံနိုင်သည့် တစ်နှစ်ချေးငွေအတိုးနှုန်းမှာ ၂၈ ရာခိုင်နှုန်းကို လျှော့ချသတ်မှတ်နိုင်ရန် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီး ဌာနဝန်ကြီးဌာနက စီစဉ်နေခြင်း ဖြစ်သည်။

‘‘မြန်မာနိုင်ငံဗဟိုဘဏ်ကလည်း မကြာသေးမီက အတိုးနှုန်းလျှော့ထားတာရှိပါတယ်။ ဒါအတွက်ကို ကော်မတီကနေ ပြန်လည်သုံးသပ်ပြီးတော့ အမြင့်ဆုံးယူနိုင်တဲ့အတိုးနှုန်းကို ပြန်လည်သတ်မှတ်ဖို့ဆောင်ရွက်ဖို့ စီစဉ်နေတာရှိပါတယ်’’ဟု ဒုဝန်ကြီး ဦးမောင်မောင်ဝင်းကပြောသည်။

နိုင်ငံအတွင်းရှိ အသေးစားချေးငွေလုပ်ငန်းများထံ ပြည်သူများက ပုံမှန်ပြန်လည်ပေးသွင်းနေရသည့် ချေးငွေများကို ကပ်ရေ ဂါကာလအတွင်း အတိုးနှုန်းကင်းလွတ်ခွင့်ပေးခြင်း (သို့မဟုတ်) လျှော့ချပေးနိုင်ရေးညှိနှိုင်းပေးရန် ပြည်ခိုင်ဖြိုးအမတ်ဒေါက်တာမောင်သင်း၏ အဆိုတင်သွင်းမှုကို ဒုဝန်ကြီးက ယမန်နေ့ ပြည်သူ့လွှတ်တော်တွင် ပြန်လည်ရှင်းလင်းခဲ့သည်။

အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းများသည် လွတ်လပ်သည့် ပုဂ္ဂလိကအဖွဲ့များဖြစ်၍ အစိုးရအနေဖြင့် ၎င်းတို့၏ ချေးငွေစနစ်၊ ချေးငွေသက်တမ်းကာလနှင့် အတိုးနှုန်းများကို တိုက်ရိုက်စွက်ဖက်ရန် သင့်လျော်မှုမရှိကြောင်း ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။

ထိုသို့ ဆောင်ရွက်ပါက ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများနှင့် ချေးငွေထုတ်ချေးသည့် အဖွဲ့အစည်းများက မြန်မာနိုင်ငံ၏ စည်းမျဉ်းဥပဒေ ခိုင်မာစွာကျင့်သုံးမှုအပေါ် သံသယဖြစ်လာနိုင်ကြောင်း ၎င်းကပြောသည်။

‘‘ချေးငွေလျှော်ပစ်တာ၊ အတိုးလျှော့ပေါ့တာ စတဲ့အချက် တွေနဲ့ပတ်သက်ပြီးတော့ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများရဲ့ ဆုံးဖြတ်လုပ်ပိုင်ခွင့်ဖြစ်ပါတယ်’’ဟု ဒုဝန်ကြီးဦးမောင်မောင်ဝင်းက ပြောသည်။

သို့သော် ဝန်ကြီးဌာနသည် အသေးစားငွေရေးကြေးရေးအ ဖွဲ့အစည်းများအနေဖြင့် ကပ်ရောဂါကာလအတွင်း အခက်အခဲများနှင့်ပတ်သက်၍ ၎င်းတို့၏ အသင်းဝင်များနှင့် ညှိနှိုင်းဆောင်ရွက်ရန် ညွှန်ကြားချက်ထုတ်ပြန်ထားသည်ဟု ၎င်းက ဆက်လက် ပြောသည်။

လက်ရှိတွင် ပြည်နယ်နှင့် တိုင်းအသီးသီးရှိ အသေးစားချေးငွေအဖွဲ့အစည်းအချို့က အတိုးအရင်းပေးဆပ်ရမည့်ကာလ ရွှေ့ဆိုင်းခြင်း၊ ဝန်ဆောင်ခပယ်ဖျက်ခြင်း၊ အတိုးနှုန်းလျှော့ပေးခြင်း စသည့် ဖြေလျှော့ပေးခြင်းများရှိနေသည်ဟုလည်း ဆိုသည်။

သို့သော် အဆိုရှင်ဒေါက်တာ မောင်သင်းကမှု ၎င်း၏ အဆိုကို အတည်ပြုပေးရန်သာ ပြောသည်။ ယမန်နေ့ ပြည်သူ့လွှတ်တော်တွင် ဒေါက်တာမောင်သင်း၏အဆိုကို အတည်ပြုရန် ပြည်ခိုင်ဖြိုးအမတ်လေးဦးနှင့် တပ်မတော်သားကိုယ်စားလှယ်နှစ်ဦးက ထောက်ခံဆွေးနွေးခဲ့ပြီးအခြား ကိုယ်စားလှယ်များပါဝင်ဆွေးနွေးခြင်း မရှိပေ။ ထို့ကြောင့် မဲခွဲဆုံး ဖြတ်ရာကိုယ်စားလှယ်အများစုက အဆိုအတည်ပြုရန် ထောက်ခံခြင်းမရှိ၍ မှတ်တမ်းတင်စောင့်ကြည့်ရန် ဆုံးဖြတ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌဦးတီခွန်မြတ်က ကြေညာသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

အ​ေသးစား​ေခ်း​​ေငြလုပ္ငန္းမ်ား အတိုးႏႈန္းထပ္ခ်ရန္ ​ေဆာင္႐ြက္​ေနဟုဆို

COVID-19 ကပ္ ေရာဂါကာလအတြင္း အေသးစားေငြေရးေၾကးေရး အဖြဲ႕ စည္းမ်ားက ေကာက္ခံႏိုင္သည့္ အျမင့္ဆုံးအတိုးႏႈန္းကို ျပန္လည္ သုံးသပ္သတ္မွတ္ရန္ ေဆာင္႐ြက္ေနေၾကာင္း စီမံကိန္း၊ ဘ႑ာေရး ႏွင့္စက္မႈဝန္ႀကီးဌာန ဒုတိယဝန္ၾကီး ဦးေမာင္ေမာင္ဝင္းကေျပာ သည္။

အေသးစားေခ်းေငြလုပ္ငန္းမ်ားအေနျဖင့္ လက္႐ွိအျမင့္ဆုံး ေကာက္ခံႏိုင္သည့္ တစ္ႏွစ္ေခ်းေငြအတိုးႏႈန္းမွာ ၂၈ ရာခိုင္ႏႈန္းကို ေလွ်ာ့ခ်သတ္မွတ္ႏိုင္ရန္ စီမံကိန္း၊ ဘ႑ာေရးႏွင့္စက္မႈဝန္ႀကီး ဌာနဝန္ႀကီးဌာနက စီစဥ္ေနျခင္း ျဖစ္သည္။

‘‘ျမန္မာႏိုင္ငံဗဟိုဘဏ္ကလည္း မၾကာေသးမီက အတိုးႏႈန္းေလွ်ာ့ထားတာ႐ွိပါတယ္။ ဒါအတြက္ကို ေကာ္မတီကေန ျပန္လည္သုံးသပ္ၿပီးေတာ့ အျမင့္ဆုံးယူႏိုင္တဲ့အတိုးႏႈန္းကို ျပန္လည္သတ္မွတ္ဖို႔ေဆာင္႐ြက္ဖို႔ စီစဥ္ေနတာ႐ွိပါတယ္’’ဟု ဒုဝန္ႀကီး ဦးေမာင္ေမာင္ဝင္းကေျပာသည္။

ႏိုင္ငံအတြင္း႐ွိ အေသးစားေခ်းေငြလုပ္ငန္းမ်ားထံ ျပည္သူမ်ားက ပုံမွန္ျပန္လည္ေပးသြင္းေနရသည့္ ေခ်းေငြမ်ားကို ကပ္ေရ ဂါကာလအတြင္း အတိုးႏႈန္းကင္းလြတ္ခြင့္ေပးျခင္း (သို႔မဟုတ္) ေလွ်ာ့ခ်ေပးႏိုင္ေရးညႇိႏိႈင္းေပးရန္ ျပည္ခိုင္ၿဖိဳးအမတ္ေဒါက္တာေမာင္သင္း၏ အဆိုတင္သြင္းမႈကို ဒုဝန္ႀကီးက ယမန္ေန႔ ျပည္သူ႕လႊတ္ေတာ္တြင္ ျပန္လည္႐ွင္းလင္းခဲ့သည္။

အေသးစား ေငြေရးေၾကးေရး အဖြဲ႕အစည္းမ်ားသည္ လြတ္လပ္သည့္ ပုဂၢလိကအဖြဲ႕မ်ားျဖစ္၍ အစိုးရအေနျဖင့္ ၎တို႔၏ ေခ်းေငြစနစ္၊ ေခ်းေငြသက္တမ္းကာလႏွင့္ အတိုးႏႈန္းမ်ားကို တိုက္႐ိုက္စြက္ဖက္ရန္ သင့္ေလ်ာ္မႈမ႐ွိေၾကာင္း ဒုဝန္ႀကီး ဦးေမာင္ေမာင္ဝင္းက ေျပာသည္။

ထိုသို႔ ေဆာင္႐ြက္ပါက ျပည္တြင္းျပည္ပ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားႏွင့္ ေခ်းေငြထုတ္ေခ်းသည့္ အဖြဲ႕အစည္းမ်ားက ျမန္မာႏိုင္ငံ၏ စည္းမ်ဥ္းဥပေဒ ခိုင္မာစြာက်င့္သုံးမႈအေပၚ သံသယျဖစ္လာႏိုင္ေၾကာင္း ၎ကေျပာသည္။

‘‘ေခ်းေငြေလွ်ာ္ပစ္တာ၊ အတိုးေလွ်ာ့ေပါ့တာ စတဲ့အခ်က္ ေတြနဲ႔ပတ္သက္ၿပီးေတာ့ အေသးစားေငြေရးေၾကးေရးအဖြဲ႕အစည္းမ်ားရဲ႕ ဆုံးျဖတ္လုပ္ပိုင္ခြင့္ျဖစ္ပါတယ္’’ဟု ဒုဝန္ႀကီးဦးေမာင္ေမာင္ဝင္းက ေျပာသည္။

သို႔ေသာ္ ဝန္ႀကီးဌာနသည္ အေသးစားေငြေရးေၾကးေရးအ ဖြဲ႕အစည္းမ်ားအေနျဖင့္ ကပ္ေရာဂါကာလအတြင္း အခက္အခဲမ်ားႏွင့္ပတ္သက္၍ ၎တို႔၏ အသင္းဝင္မ်ားႏွင့္ ညႇိႏိႈင္းေဆာင္႐ြက္ရန္ ၫႊန္ၾကားခ်က္ထုတ္ျပန္ထားသည္ဟု ၎က ဆက္လက္ ေျပာသည္။

လက္႐ွိတြင္ ျပည္နယ္ႏွင့္ တိုင္းအသီးသီး႐ွိ အေသးစားေခ်းေငြအဖြဲ႕အစည္းအခ်ိဳ႕က အတိုးအရင္းေပးဆပ္ရမည့္ကာလ ေ႐ႊ႕ဆိုင္းျခင္း၊ ဝန္ေဆာင္ခပယ္ဖ်က္ျခင္း၊ အတိုးႏႈန္းေလွ်ာ့ေပးျခင္း စသည့္ ေျဖေလွ်ာ့ေပးျခင္းမ်ား႐ွိေနသည္ဟုလည္း ဆိုသည္။

သို႔ေသာ္ အဆို႐ွင္ေဒါက္တာ ေမာင္သင္းကမႈ ၎၏ အဆိုကို အတည္ျပဳေပးရန္သာ ေျပာသည္။ ယမန္ေန႔ ျပည္သူ႕လႊတ္ေတာ္တြင္ ေဒါက္တာေမာင္သင္း၏အဆိုကို အတည္ျပဳရန္ ျပည္ခိုင္ၿဖိဳးအမတ္ေလးဦးႏွင့္ တပ္မေတာ္သားကိုယ္စားလွယ္ႏွစ္ဦးက ေထာက္ခံေဆြးေႏြးခဲ့ၿပီးအျခား ကိုယ္စားလွယ္မ်ားပါဝင္ေဆြးေႏြးျခင္း မ႐ွိေပ။ ထို႔ေၾကာင့္ မဲခြဲဆုံး ျဖတ္ရာကိုယ္စားလွယ္အမ်ားစုက အဆိုအတည္ျပဳရန္ ေထာက္ခံျခင္းမ႐ွိ၍ မွတ္တမ္းတင္ေစာင့္ၾကည့္ရန္ ဆုံးျဖတ္ေၾကာင္း လႊတ္ေတာ္ဥကၠ႒ဦးတီခြန္ျမတ္က ေၾကညာသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service