ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံမှုတွင် ပါဝင်ကြရန် မြို့တော်သူမြို့တော်သားများအား မော်စကိုမြို့တော်ဝန်ဖိတ်ခေါ်

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံမှုတွင် ပါဝင်ကြရန် မြို့တော်သူမြို့တော်သားများအား မော်စကိုမြို့တော်ဝန်ဖိတ်ခေါ် - Property News in Myanmar from iMyanmarHouse.com
27 Aug 2020 12:03 pm တွင် တင်ခဲ့သည်
4453 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ရုရှားနိုင်ငံ မြို့တော်မော်စကို၏ မြို့တော်ဝန်သည် ယခုလအစောပိုင်းက ရုရှားအစိုးရမှ အတည်ပြုထောက်ခံခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံမှုတွင် ပါဝင်ကြရန် မြို့တော်သူမြို့တော်သားများအား ဩဂုတ် ၂၆ တွင် ဖိတ်ခေါ်ခဲ့သည်။

လူပေါင်သောင်းနှင့်ချီ ပါဝင်သော အကြီးစားအဆင့်မြင့်စမ်းသပ်မှုများ မလုပ်ဆောင်ခဲ့ဘဲ ကာကွယ်ဆေးတစ်ခုအား ရုရှား၏ အလျင်စလိုအတည်ပြုခဲ့ခြင်းနှင့်ပတ်သက်၍ နိုင်ငံတကာဆေးပညာဆိုင်ရာအသိုင်းအဝိုင်းက ဝေဖန်နေကြသည်။

အချက်အလက်များ ဝေမျှခြင်းမရှိခဲ့ခြင်းကိုလည်း ဆေးပညာအသိုက်အဝန်းစံချိန်စံညွှန်းများကို ချိုးဖောက်မှုတစ်ခုအဖြစ် သိပ္ပံပညာရှင်များက ညွှန်ပြနေကြသည်။

သို့သော်လည်း မော်စကိုမြို့တော်ဝန် ဆာဂေးဆိုဗြာနင်က စမ်းသပ်မှုပုံစံအချို့ကို လုပ်ဆောင်မည်ဖြစ်ကြောင်းကို “ထောက်ခံချက်ရပြီးနောက် လုပ်ဆောင်သည့် လက်တွေ့စမ်းသပ်မှု” ကို လူ ၄ သောင်းပါဝင်စေ၍ အချိန်ခြောက်လကြာ လုပ်ဆောင်မည်ဟု ပြောကြားခဲ့သည်။

“ကာကွယ်ဆေးရှိလာဖို့ ကျွန်တော်တို့အားလုံး သိပ်ကို တောင့်တခဲ့ကြတယ်။ အခု ကျွန်တော်တို့မှာ ကာကွယ်ဆေး ရှိပါပြီ။ အခု ကိုရိုနာဗိုင်းရပ်ကို အနိုင်ယူဖို့ အကူအညီဖြစ်မယ့် လက်တွေ့စမ်းသပ်မှုမှာ အဓိကပါဝင်သူတွေဖြစ်လာဖို့ ထူးခြားတဲ့အခွင့်အရေးတစ်ခုကို မော်စကိုမြို့‌တော်သူမြို့တော်သားတွေ ရရှိပါပြီ။” ဟု ဆိုဗြာနင်က ပြောကြားခဲ့သည်။

ထိုကာကွယ်ဆေးသည် ပြီးခဲ့သည့်သုတေသနတွင် ဘေးအန္တရာယ်ကင်းကြောင်း တွေ့ရှိခဲ့ရသည်ဟုလည်း ဆိုဗြာနင်က ပြောကြားခဲ့သည်။

“ထောက်ခံချက်ရပြီးနောက် လုပ်ဆောင်သည့် လက်တွေ့စမ်းသပ်မှုသည် အမြဲတမ်းမှတ်ပုံတင်လက်မှတ်တစ်ခုကို ရရှိရန် အခွင့်ရှိစေမည်ဖြစ်ပြီး အသက် ၆၀ ကျော်များအပါအဝင် ကာကွယ်ဆေးထိုးနှံနိုင်သည့် အသက်အရွယ်သတ်မှတ်ချက်ကိုလည်း ကျယ်ပြန့်စေမည်ဖြစ်သည်။” ဟု Russian Direct Investment Fund က ထုတ်ပြန်ခဲ့သည်။

ယခင်က ထိုကာကွယ်ဆေးကို စမ်းသပ်ခဲ့စဉ်က အသက် ၁၈ နှစ်မှ ၆၀ အကြား အသက်အရွယ်များဖြင့် စမ်းသပ်ခဲ့ခြင်းဖြစ်သည်။

ကာကွယ်ဆေးတီထွင်မှုအတွက် ၎င်းရန်ပုံငွေအဖွဲ့က ပံ့ပိုးပေးခဲ့ခြင်းဖြစ်သည်။ နောက်ထပ်စမ်းသပ်မှုများကို အခြားနိုင်ငံငါးနိုင်ငံ (နိုင်ငံအမည်များအား အသေးစိတ်မထုတ်ပြန်ခဲ့) တွင် လုပ်ဆောင်မည်ဖြစ်ကြောင်းလည်း ထိုအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ရုရှားသမ္မတဗလာဒီမာပူတင်က သူ၏ အရွယ်ရောက်ပြီးဖြစ်သော သမီးနှစ်ယောက်လည်း ၎င်းကာကွယ်ဆေး ထိုးနှံပြီးဖြစ်ကြောင်းပြောကြားလျက် ထိုကာကွယ်ဆေး၏ အာနိသင်နှင့်ပတ်သက်၍ ယခုလအစောပိုင်းက ကြွားဝါခဲ့သည်။

ပူတင်က ကာကွယ်ဆေး၏ အာနိသင်ကို သက်သေပြသည့် မည်သည့်အချက်အလက်မျှ မပြောကြားခဲ့သော်လည်း ထိုကာကွယ်ဆေးသည် လုံလောက်သော စမ်းသပ်မှုကို လုပ်ဆောင်ပြီးဖြစ်ကြောင်းနှင့် ကိုရိုနာဗိုင်းရပ်စ်ကို အချိန်ကြာမြင့်စွာ ခုခံနိုင်စွမ်း ပြသခဲ့သည်ဟု အခိုင်အမာဆိုခဲ့ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Russia launches coronavirus vaccine trials in Moscow (foxnews)

[Zawgyi]

ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးထိုးႏွံမႈတြင္ ပါဝင္ၾကရန္ ၿမိဳ႕ေတာ္သူၿမိဳ႕ေတာ္သားမ်ားအား ေမာ္စကိုၿမိဳ႕ေတာ္ဝန္ဖိတ္ေခၚ

႐ု႐ွားႏိုင္ငံ ၿမိဳ႕ေတာ္ေမာ္စကို၏ ၿမိဳ႕ေတာ္ဝန္သည္ ယခုလအေစာပိုင္းက ႐ု႐ွားအစိုးရမွ အတည္ျပဳေထာက္ခံခဲ့သည့္ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးထိုးႏွံမႈတြင္ ပါဝင္ၾကရန္ ၿမိဳ႕ေတာ္သူၿမိဳ႕ေတာ္သားမ်ားအား ဩဂုတ္ ၂၆ တြင္ ဖိတ္ေခၚခဲ့သည္။

လူေပါင္ေသာင္းႏွင့္ခ်ီ ပါဝင္ေသာ အႀကီးစားအဆင့္ျမင့္စမ္းသပ္မႈမ်ား မလုပ္ေဆာင္ခဲ့ဘဲ ကာကြယ္ေဆးတစ္ခုအား ႐ု႐ွား၏ အလ်င္စလိုအတည္ျပဳခဲ့ျခင္းႏွင့္ပတ္သက္၍ ႏိုင္ငံတကာေဆးပညာဆိုင္ရာအသိုင္းအဝိုင္းက ေဝဖန္ေနၾကသည္။

အခ်က္အလက္မ်ား ေဝမွ်ျခင္းမ႐ွိခဲ့ျခင္းကိုလည္း ေဆးပညာအသိုက္အဝန္းစံခ်ိန္စံၫႊန္းမ်ားကို ခ်ိဳးေဖာက္မႈတစ္ခုအျဖစ္ သိပၸံပညာ႐ွင္မ်ားက ၫႊန္ျပေနၾကသည္။

သို႔ေသာ္လည္း ေမာ္စကိုၿမိဳ႕ေတာ္ဝန္ ဆာေဂးဆိုျဗာနင္က စမ္းသပ္မႈပုံစံအခ်ိဳ႕ကို လုပ္ေဆာင္မည္ျဖစ္ေၾကာင္းကို “ေထာက္ခံခ်က္ရၿပီးေနာက္ လုပ္ေဆာင္သည့္ လက္ေတြ႕စမ္းသပ္မႈ” ကို လူ ၄ ေသာင္းပါဝင္ေစ၍ အခ်ိန္ေျခာက္လၾကာ လုပ္ေဆာင္မည္ဟု ေျပာၾကားခဲ့သည္။

“ကာကြယ္ေဆး႐ွိလာဖို႔ ကြၽန္ေတာ္တို႔အားလုံး သိပ္ကို ေတာင့္တခဲ့ၾကတယ္။ အခု ကြၽန္ေတာ္တို႔မွာ ကာကြယ္ေဆး ႐ွိပါၿပီ။ အခု ကို႐ိုနာဗိုင္းရပ္ကို အႏိုင္ယူဖို႔ အကူအညီျဖစ္မယ့္ လက္ေတြ႕စမ္းသပ္မႈမွာ အဓိကပါဝင္သူေတြျဖစ္လာဖို႔ ထူးျခားတဲ့အခြင့္အေရးတစ္ခုကို ေမာ္စကိုၿမိဳ႕‌ေတာ္သူၿမိဳ႕ေတာ္သားေတြ ရ႐ွိပါၿပီ။” ဟု ဆိုျဗာနင္က ေျပာၾကားခဲ့သည္။

ထိုကာကြယ္ေဆးသည္ ၿပီးခဲ့သည့္သုေတသနတြင္ ေဘးအႏၲရာယ္ကင္းေၾကာင္း ေတြ႕႐ွိခဲ့ရသည္ဟုလည္း ဆိုျဗာနင္က ေျပာၾကားခဲ့သည္။

“ေထာက္ခံခ်က္ရၿပီးေနာက္ လုပ္ေဆာင္သည့္ လက္ေတြ႕စမ္းသပ္မႈသည္ အၿမဲတမ္းမွတ္ပုံတင္လက္မွတ္တစ္ခုကို ရ႐ွိရန္ အခြင့္႐ွိေစမည္ျဖစ္ၿပီး အသက္ ၆၀ ေက်ာ္မ်ားအပါအဝင္ ကာကြယ္ေဆးထိုးႏွံႏိုင္သည့္ အသက္အ႐ြယ္သတ္မွတ္ခ်က္ကိုလည္း က်ယ္ျပန္႔ေစမည္ျဖစ္သည္။” ဟု Russian Direct Investment Fund က ထုတ္ျပန္ခဲ့သည္။

ယခင္က ထိုကာကြယ္ေဆးကို စမ္းသပ္ခဲ့စဥ္က အသက္ ၁၈ ႏွစ္မွ ၆၀ အၾကား အသက္အ႐ြယ္မ်ားျဖင့္ စမ္းသပ္ခဲ့ျခင္းျဖစ္သည္။

ကာကြယ္ေဆးတီထြင္မႈအတြက္ ၎ရန္ပုံေငြအဖြဲ႕က ပံ့ပိုးေပးခဲ့ျခင္းျဖစ္သည္။ ေနာက္ထပ္စမ္းသပ္မႈမ်ားကို အျခားႏိုင္ငံငါးႏိုင္ငံ (ႏိုင္ငံအမည္မ်ားအား အေသးစိတ္မထုတ္ျပန္ခဲ့) တြင္ လုပ္ေဆာင္မည္ျဖစ္ေၾကာင္းလည္း ထိုအဖြဲ႕က ထုတ္ျပန္ခဲ့သည္။

႐ု႐ွားသမၼတဗလာဒီမာပူတင္က သူ၏ အ႐ြယ္ေရာက္ၿပီးျဖစ္ေသာ သမီးႏွစ္ေယာက္လည္း ၎ကာကြယ္ေဆး ထိုးႏွံၿပီးျဖစ္ေၾကာင္းေျပာၾကားလ်က္ ထိုကာကြယ္ေဆး၏ အာနိသင္ႏွင့္ပတ္သက္၍ ယခုလအေစာပိုင္းက ႂကြားဝါခဲ့သည္။

ပူတင္က ကာကြယ္ေဆး၏ အာနိသင္ကို သက္ေသျပသည့္ မည္သည့္အခ်က္အလက္မွ် မေျပာၾကားခဲ့ေသာ္လည္း ထိုကာကြယ္ေဆးသည္ လုံေလာက္ေသာ စမ္းသပ္မႈကို လုပ္ေဆာင္ၿပီးျဖစ္ေၾကာင္းႏွင့္ ကို႐ိုနာဗိုင္းရပ္စ္ကို အခ်ိန္ၾကာျမင့္စြာ ခုခံႏိုင္စြမ္း ျပသခဲ့သည္ဟု အခိုင္အမာဆိုခဲ့ေၾကာင္းလည္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Russia launches coronavirus vaccine trials in Moscow (foxnews)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service