၁၉ ထပ်တိုက်အလယ်မှ ဖောက်ထွင်းဖောက်လုပ်ထားသည့် ရထားလမ်း (အံ့ဖွယ် အင်ဂျင်နီယာလက်ရာများ)
၁၉ ထပ်တိုက်အလယ်မှ ဖောက်ထွင်းဖောက်လုပ်ထားသည့် ရထားလမ်း (အံ့ဖွယ် အင်ဂျင်နီယာလက်ရာများ) - Property News in Myanmar from iMyanmarHouse.com
24 Aug 2020 1:04 pm တွင် တင်ခဲ့သည်
885 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ကြီးမားသည့် အခြေခံအဆောက်အအုံ စီမံကိန်းကြီးများ အကောင်အထည်ဖော်ရသည်မှာ ခက်ခဲလှသည်။ လူနေထူထပ်သောမြို့ကြီးများ တွင် စီမံကိန်းဖော်ဆောင်ရသည်ကား ပိုမို၍ပင် ခက်ခဲသည်။
မိုးမျှော်တိုက်ကြီးများ ပြည့်နှက်နေကာ လူနေအထပ်ဆုံးမြို့ကြီးတစ်မြို့ဖြစ်သော တရုတ်ပြည်၊ ချုံကင်းမြို့တွင် အခြေခံအဆောက်အအုံ စီမံကိန်းအကောင်အထည်ဖော်ရသည်ကား မလွယ်ကူ။
မြောက်၊ အရှေ့နှင့် တောင်ဘက်တို့တွင် ဒါဘာ၊ ဝူရှန်၊ ဝူလင်နှင့် ဒါလောင်တောင်တန်းများ ဝန်းပတ်နေသော ချုံကင်းမြို့သည် တောင်ပေါ်မြို့လည်း ဖြစ်၏။
လူဦးရေ ၄၉ သန်းခန့်အထိ နေထိုင်သည့် မြို့ကြီးဖြစ်ပြီး အဆောက်အအုံများ ပြည့်နှက်နေပြီးဖြစ်ရာ အခြေခံအဆောက်အအုံ ဆောက်လုပ်ရေးအကောင်အထည်ဖော်မည့်သူများအတွက် နေရာနည်းပါးလှသည်။
ထိုသို့သောမြို့ကြီးတွင် တစ်လမ်းပြေး ကောင်းကင်ရထားစီမံကိန်း အကောင်အထည်ဖော်ရန် တာဝန်ပေးအပ်ခြင်းခံရသည့် ဗိသုကာပညာရှင်များနှင့် မြို့ပြစီမံကိန်းရေးဆွဲသူတို့သည် စိန်ခေါ်မှုများစွာရင်ဆိုင်ခဲ့ရသည်။
စိန်ခေါ်မှုများအနက်တစ်ခုကား ၎င်းတို့၏ ရထားလမ်းကြောင်းတစ်နေရာတွင် ၁၉ ထပ်တိုက် အဆောက်အအုံကြီးတစ်ခု တည်ရှိနေခြင်းပင်။
သို့အတွက် စီမံကိန်းအကောင်အထည်ဖော်ရန် ရွေးချယ်စရာ ၂ ခုရှိသည်။ ရထားလမ်းကြောင်း ပြောင်းလဲရန် (သို့မဟုတ်) အဆောက်အအုံကို ဖြိုချပစ်ရန် ဖြစ်သည်။
သို့သော် အဆိုပါနည်းလမ်း ၂ ခုလုံးကို သုံးရန်မလိုဘဲ အဆောက်အအုံ၏ အလွှာ ၂ ခုကို ဖောက်ထွင်းကာ ဖြတ်သန်းဖောက်လုပ်နိုင် ခဲ့သည်။ ၂၀၀၄ ခုနှစ်အတွင်းက အကောင်အထည်ဖော်ခဲ့သည့် အကောင်အထည်ဖော်ခဲ့သည့် အဆိုပါစီမံကိန်းသည် နောင် ၁၆ နှစ်အကြာတွင် ပြန်လည်သုံးသပ်ရာတွင်လည်း အကောင်းဆုံးရွေးချယ်မှုဖြစ်ခဲ့သည်ကို တွေ့ရသည်။
“ကျွန်တော်တို့မြို့ဟာ ဆောက်လုပ်ရေးတွေ အကြီးအကျယ်လုပ်ဆောင်ထားတာကြောင့် ကားလမ်း၊ ရထားလမ်းတွေအတွက် နေရာရှာရတာဟာ တကယ့်စိန်ခေါ်မှုကြီးပါပဲ” ဟု ချုံကင်း Rail Transit Group မှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ၂၀၁၄ ခုနှစ်အတွင်းက ပြောကြားခဲ့သည်။
မြေပေါ်တွင် နေရာမရှိတော့ချိန်တွင် ဝေဟင်နှင့် မြေအောက်တွင် ဖောက်လုပ်ရန် သုံးသပ်ရကြောင်း၊ ခြေလှမ်းများ မြန်ဆန်လာသော မြို့ ကြီးတစ်မြို့တွင် လူတို့သည် သွားလိုရာသို့ အလျင်အမြန် ရောက်လိုလာကြကြောင်း၊ ရထားလမ်းများကို ယခုနည်းလမ်းဖြင့် ချဲ့ထွင်ခြင်း မှာ စွန့်စားရသည့် အလောင်းအစားတစ်ခုဆန်သော်လည်း အလုပ်ဖြစ်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ပြောကြားသည်။
ပိုမိုထူးခြားသည့်အချက်မှာ ရထားလမ်း ဖောက်ထွင်းဖောက်လုပ်ထားသည့် ၇ လွှာနှင့် ၈ လွှာတို့တွင် ရထားဘူတာများ ထားရှိပေးရာ အဆောက်အအုံတွင် နေထိုင်သူတို့သည် အိမ်ရှေ့တံခါးဖွင့်လိုက်ပြီး ရထားပေါ်သို့ တက်လိုက်ရုံသာဖြစ်သည်။
ထိုအချက်ကပင် အဆောက်အအုံကို အဆပေါင်းများစွာ တန်ဖိုးတက်သွားစေခဲ့သည်။
ထိုအဆောက်အအုံတွင် ဆူညံမှုလျှော့ချပေးသည့်ကိရိယာများလည်း တပ်ဆင်ပေးထားရာ နေထိုင်သူတို့၏ ပြောကြားချက်အရ ရထားလမ်း၏ လှုပ်ခါမှုမှာ ပန်းကန်ဆေးစက်တစ်ခု၏ လှုပ်ခါမှုမျိုးထက်မပိုကြောင်း ပြောကြသည်။
ယခုစီမံကိန်းကို အခြေခံကာ အနာဂတ်တွင် အဆောက်အအုံတိုင်းတွင် ရထားဘူတာရုံတစ်ခုရှိမလာဟု မည်သူပြောနိုင်ပါမည်နည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: This Train Track In China Travels Right Through The 19th Floor Of An Apartment Building (wonderfulengineering)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
Golden City Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service