ဥရောပတစ်လွှားတွင် Covid-19 ဒုတိယလှိုင်း ရိုက်ခတ်နေပြီဖြစ်ကြောင်း ဗြိတိန်ကျန်းမာရေးဝန်ကြီး အတည်ပြု

ဥရောပတစ်လွှားတွင် Covid-19 ဒုတိယလှိုင်း ရိုက်ခတ်နေပြီဖြစ်ကြောင်း ဗြိတိန်ကျန်းမာရေးဝန်ကြီး အတည်ပြု - Property News in Myanmar from iMyanmarHouse.com
1 Aug 2020 11:23 am တြင္ တင္ခဲ့သည္
298 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

ျပည္ပ အိမ္ၿခံေျမ သတင္း | Posted by ေရႊစင္ဝင္း (iMyanmarHouse.com)

[Unicode]

ဥရောပတစ်လွှားတွင် Covid-19 ဒုတိယလှိုင်း ရိုက်ခတ်နေပြီဖြစ်သောကြောင့် ဗြိတိန်ကို ဘေးကင်းလုံခြုံစေရန်အတွက် အရေးပေါ်အစီအမံများ ပြန်လည်ချမှတ်ရန် တုံံ့ဆိုင်းနေမည် မဟုတ်ကြောင်း ဗြိတိန်ကျန်းမာရေးဝန်ကြီး မက်ထ်ဟန်းကွတ်က ပြောကြားသည်။

Sky news သတင်းဌာနသို့ မက်ထ်ဟန်းကွတ်က ပြောကြားရာတွင် “ဒုတိယလှိုင်းနဲ့ပတ်သက်ပြီး ကျွန်တော်စိုးရိမ်နေမိပါတယ်။ ဥရောပမှာ ဒုတိယလှိုင်းစတင်ရိုက်ခတ်နေတာ ခင်ဗျားတို့ တွေ့မယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ ့ ကမ်းရိုးတန်းတွေဆီကို ရိုက်ခတ်မလာစေဖို့ အရာရာလုပ်ဆောင်ရမှာ ဖြစ်ပါတယ်” ဟုပြောကြားသည်။

ဝန်ကြီးက ဆက်လက်ပြောကြားရာတွင် စိုးရိမ်ရသည်မှာ စပိန်နိုင်ငံသာမဟုတ်ကြောင်း ၊စပိန်နိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ် အချက်အချာ ပျံ ့ပွားရာနေရာ ဖြစ်ခဲ့သောကြောင့် အလည်အပတ်ထွက်သည့် ဗြိတိန်နိုင်ငံသားတို့ကို Quarantine ချမှတ်မှုများပြုလုပ်နေကြောင်း ပြောကြားသည်။

ဗြိတိန်အစိုးရသည် ရောဂါလက္ခဏာရှိသူများ သီးခြားနေထိုင်ရမည့် စည်းမျဉ်းများကို ပြောင်းလဲမှုများကိုလည်း ပြုလုပ်ထားသည်။

Covid-19 ရောဂါလက္ခဏာရှိသူများသည် မူလက Quarantine ၇ ရက် သီးခြားနေထိုင်ခဲ့ရသော်လည်း ယခုအခါ ၁၀ ရက်အဖြစ်ပြောင်းလဲ သတ်မှတ်ထားသည်။

ကျန်းမာရေးဝန်ကြီးက ဆက်လက်ပြောကြားရာတွင် ဗြိတိန်သို့ ကူးစက်မှုများပြားသည့်နိုင်ငံများမှ ဝင်ရောက်လာသူများကို ၁၄ ရက် quarantine ထားသည့်ကာလကိုလည်း လျှော့ချနိုင်ရန် ဝန်ကြီးများက စိစစ်မှုများ ပြုလုပ်နေကြောင်း ပြောကြားသည်။

“ကျွန်တော်တို့ အကောင်အထည်ဖော်တဲ့ အစီအမံတွေကို ဝန်ထုပ်ဝန်ပိုး အနည်းဆုံးဖြစ်စေဖို့ အမြဲကြံဆနေပါတယ်။ ဒါတွေဟာ ဆေးသိပ္ပံနဲ့ ဆေးဘက်အကြီးအကဲ CMO လမ်းညွှန်ချက်တွေနဲ့ အကောင်အထည်ဖော်ခဲ့တာပါ။ ဒုတိယလှိုင်းအပေါ် အတော်လေး ရတက်မအေးဖြစ်နေရပါတယ်။ ဒါက အခုချိန်မှာ ဥရောပမှာ ရိုက်ခတ်နေပါပြီ။ ကျွန်တော်တို့အနေနဲ့ ကိုင်တွယ်စီမံမှုတွေ ပြုလုပ်ဖို့ လိုအပ်နေပါပြီ” ဟု ကျန်းမာရေးဝန်ကြီးက ပြောကြားသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ ပြန်လည်ခေါင်းထောင်နေသော စပိန်ကို ဗြိတိန်က ဘေးကင်းစိတ်ချရသော နိုင်ငံများစာရင်းမှ ပယ်ဖျက်ခဲ့ပြီး စပိန်မှ ပြန်လာသူများကို ၁၄ ရက်သီးခြားနေထိုင်စေရန် အမိန့်ထုတ်ခဲ့သည်။

အချို့ဝန်ကြီးများကမူ စပိန်မှ ပြန်လာသူများကို ၁၀ ရက်သာ သီးခြားနေထိုင်စေရန် ဆွေးနွေးနေကြသည်။ ၎င်းတို့ကို စစ်ဆေးရာတွင် ရောဂါမရှိကြောင်း စစ်ဆေးတွေ့ရှိပါက သီးခြားနေထိုင်မှုမှ ပြန်လည်ထွက်လာနိုင်မည်ဖြစ်ပြီး quarantine ကာလကို ၄ ရက်လျှော့ချပေးရန် စီစဉ်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Matt Hancock confirms there IS a second wave ‘rolling across Europe’ (Metro)

 

[Zawgyi]

ဥေရာပတစ္လႊားတြင္ Covid-19 ဒုတိယလိႈင္း ရုိက္ခတ္ေနျပီျဖစ္ေၾကာင္း ျဗိတိန္က်န္းမာေရးဝန္ၾကီး အတည္ျပဳ

ဥေရာပတစ္လႊားတြင္ Covid-19 ဒုတိယလိႈင္း ရုိက္ခတ္ေနျပီျဖစ္ေသာေၾကာင့္ ျဗိတိန္ကို ေဘးကင္းလံုျခံဳေစရန္အတြက္ အေရးေပၚအစီအမံမ်ား ျပန္လည္ခ်မွတ္ရန္ တံုံ ့ဆိုင္းေနမည္ မဟုတ္ေၾကာင္း ျဗိတိန္က်န္းမာေရးဝန္ၾကီး မက္ထ္ဟန္းကြတ္က ေျပာၾကားသည္။

Sky news သတင္းဌာနသုိ႔ မက္ထ္ဟန္းကြတ္က ေျပာၾကားရာတြင္ “ဒုတိယလိႈင္းနဲ႔ပတ္သက္ျပီး ကၽြန္ေတာ္စိုးရိမ္ေနမိပါတယ္။ ဥေရာပမွာ ဒုတိယလိႈင္းစတင္ရိုက္ခတ္ေနတာ ခင္ဗ်ားတုိ႔ ေတြ႔မယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္။ ကၽြန္ေတာ္တို႔ ႏိုင္ငံရဲ ့ ကမ္းရိုးတန္းေတြဆီကို ရိုက္ခတ္မလာေစဖို႔ အရာရာလုပ္ေဆာင္ရမွာ ျဖစ္ပါတယ္” ဟုေျပာၾကားသည္။

ဝန္ၾကီးက ဆက္လက္ေျပာၾကားရာတြင္ စိုးရိမ္ရသည္မွာ စပိန္ႏိုင္ငံသာမဟုတ္ေၾကာင္း ၊စပိန္ႏိုင္ငံသည္ ကုိရိုနာဗိုင္းရပ္စ္ အခ်က္အခ်ာ ပ်ံ ့ပြားရာေနရာ ျဖစ္ခဲ့ေသာေၾကာင့္ အလည္အပတ္ထြက္သည့္ ျဗိတိန္ႏိုင္ငံသားတို႔ကို Quarantine ခ်မွတ္မႈမ်ားျပဳလုပ္ေနေၾကာင္း ေျပာၾကားသည္။

ျဗိတိန္အစိုးရသည္ ေရာဂါလကၡဏာရွိသူမ်ား သီးျခားေနထိုင္ရမည့္ စည္းမ်ဥ္းမ်ားကို ေျပာင္းလဲမႈမ်ားကိုလည္း ျပဳလုပ္ထားသည္။

Covid-19 ေရာဂါလကၡဏာရွိသူမ်ားသည္ မူလက Quarantine ၇ ရက္ သီးျခားေနထုိင္ခဲ့ရေသာ္လည္း ယခုအခါ ၁၀ ရက္အျဖစ္ေျပာင္းလဲ သတ္မွတ္ထားသည္။

က်န္းမာေရးဝန္ၾကီးက ဆက္လက္ေျပာၾကားရာတြင္ ျဗိတိန္သို႔ ကူးစက္မႈမ်ားျပားသည့္ႏိုင္ငံမ်ားမွ ဝင္ေရာက္လာသူမ်ားကို ၁၄ ရက္ quarantine ထားသည့္ကာလကိုလည္း ေလွ်ာ့ခ်ႏိုင္ရန္ ဝန္ၾကီးမ်ားက စိစစ္မႈမ်ား ျပဳလုပ္ေနေၾကာင္း ေျပာၾကားသည္။

“ကၽြန္ေတာ္တို႔ အေကာင္အထည္ေဖာ္တဲ့ အစီအမံေတြကို ဝန္ထုပ္ဝန္ပိုး အနည္းဆံုးျဖစ္ေစဖိုိ႔ အျမဲၾကံဆေနပါတယ္။ ဒါေတြဟာ ေဆးသိပၸံနဲ႔ ေဆးဘက္အၾကီးအကဲ CMO လမ္းညႊန္ခ်က္ေတြနဲ႔ အေကာင္အထည္ေဖာ္ခဲ့တာပါ။ ဒုတိယလႈိင္းအေပၚ အေတာ္ေလး ရတက္မေအးျဖစ္ေနရပါတယ္။ ဒါက အခုခ်ိန္မွာ ဥေရာပမွာ ရိုက္ခတ္ေနပါျပီ။ ကၽြန္ေတာ္တို႔အေနနဲ႔ ကိုင္တြယ္စီမံမႈေတြ ျပဳလုပ္ဖို႔ လိုအပ္ေနပါျပီ” ဟု က်န္းမာေရးဝန္ၾကီးက ေျပာၾကားသည္။

ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈမ်ား ျပန္လည္ေခါင္းေထာင္ေနေသာ စပိန္ကို ျဗိတိန္က ေဘးကင္းစိတ္ခ်ရေသာ ႏိုင္ငံမ်ားစာရင္းမွ ပယ္ဖ်က္ခဲ့ျပီး စပိန္မွ ျပန္လာသူမ်ားကို ၁၄ ရက္သီးျခားေနထိုင္ေစရန္ အမိန္႔ထုတ္ခဲ့သည္။

အခ်ဳိ ႔ဝန္ၾကီးမ်ားကမူ စပိန္မွ ျပန္လာသူမ်ားကို ၁၀ ရက္သာ သီးျခားေနထုိင္ေစရန္ ေဆြးေႏြးေနၾကသည္။ ၎တို႔ကို စစ္ေဆးရာတြင္ ေရာဂါမရွိေၾကာင္း စစ္ေဆးေတြ႔ရွိပါက သီးျခားေနထုိင္မႈမွ ျပန္လည္ထြက္လာႏိုင္မည္ျဖစ္ျပီး quarantine ကာလကို ၄ ရက္ေလွ်ာ့ခ်ေပးရန္ စီစဥ္ျခင္း ျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Matt Hancock confirms there IS a second wave ‘rolling across Europe’ (Metro)

ေနာက္ဆံုးရ အိမ္ၿခံေျမ သတင္းမ်ား

မြို့ပြစီမံကိန်းများ ကြိုတင်ရေးဆွဲထားရမည်ဖြစ်ကြောင်း ပဲခူးတိုင်းဝန်ကြီးချုပ်ပြော
မြို့ပြစီမံကိန်းများ ကြိုတင်ရေးဆွဲထားရမည်ဖြစ်ကြောင်း ပဲခူးတိုင်းဝန်ကြီးချုပ်ပြော
မလေးရှားတွင် ထုတ်ကာ စင်္ကာပူတွင်တည်ဆောက်မည့် ကမ္ဘာ့အမြင့်မားဆုံး အသင့်ဆောက်လုပ်ပြီး မိုးမျှော်တိုက်ကြီးများ...
မလေးရှားတွင် ထုတ်ကာ စင်္ကာပူတွင်တည်ဆောက်မည့် ကမ္ဘာ့အမြင့်မားဆုံး အသင့်ဆောက်လုပ်ပြီး မိုးမျှော်တိုက်ကြီးများ...
လာမည့် I’M A CELEB ရုပ်သံအစီအစဉ်ကို အင်္ဂလန်ရှိ သရဲခြောက်သော ရဲတိုက်ကြီးတွင် ပြုလုပ်မည်ဟုဆို
လာမည့် I’M A CELEB ရုပ်သံအစီအစဉ်ကို အင်္ဂလန်ရှိ သရဲခြောက်သော ရဲတိုက်ကြီးတွင် ပြုလုပ်မည်ဟုဆို
အိုင်ယာလန်၏ သရဲအခြောက်ဆုံးနေအိမ်ကြီး ရောင်းချမည်
အိုင်ယာလန်၏ သရဲအခြောက်ဆုံးနေအိမ်ကြီး ရောင်းချမည်
ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်သို့ ပြောင်းရွှေ့ခံရသောသူများအတွက် လတ်တလော မြေစီမံခန့်ခွဲမှုကိစ္စရပ်များကို ဆောင်ရွက်ပေးနိုင်မည် မဟုတ်...
ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်သို့ ပြောင်းရွှေ့ခံရသောသူများအတွက် လတ်တလော မြေစီမံခန့်ခွဲမှုကိစ္စရပ်များကို ဆောင်ရွက်ပေးနိုင်မည် မဟုတ်...
ရန်ကုန်တိုင်းအတွင်း ဒဂုံမြို့သစ်တောင်ပိုင်းရှိ မြေဧက ၁၇၀ ကျော်တွင် အငှားအိမ်ယာစီမံကိန်း ဆောင်ရွက်...
ရန်ကုန်တိုင်းအတွင်း ဒဂုံမြို့သစ်တောင်ပိုင်းရှိ မြေဧက ၁၇၀ ကျော်တွင် အငှားအိမ်ယာစီမံကိန်း ဆောင်ရွက်...
ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည့် ပြည်တော်သစ်ပြည်သူ့အိမ်ရာ ပြန်လည် ဖွံ့ဖြိုးရေးစီမံကိန်းရှိ (၁၂)ထပ် လူနေအဆောက်အအုံတွင် မီးဘေးလုံခြုံမှု စမ်းသပ်စစ်ဆေး...
ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည့် ပြည်တော်သစ်ပြည်သူ့အိမ်ရာ ပြန်လည် ဖွံ့ဖြိုးရေးစီမံကိန်းရှိ (၁၂)ထပ် လူနေအဆောက်အအုံတွင် မီးဘေးလုံခြုံမှု စမ်းသပ်စစ်ဆေး...
တယ်လီနောနှင့် Denko ကို အခွန်အများဆုံးဆောင်သည့် ကုမ္ပဏီများအဖြစ် နိုင်ငံတော်သမ္မတက ဂုဏ်ပြု
တယ်လီနောနှင့် Denko ကို အခွန်အများဆုံးဆောင်သည့် ကုမ္ပဏီများအဖြစ် နိုင်ငံတော်သမ္မတက ဂုဏ်ပြု
ငွေကျပ် ၂၅ဝ ဘီလီယံခန့် အသုံးပြုပြီး ပြည်သူ့အငှားအိမ်ရာ အခန်းပေါင်း တစ်သောင်းခန့် တည်ဆောက်ရေး ဆောင်ရွက်သွားမည်...
ငွေကျပ် ၂၅ဝ ဘီလီယံခန့် အသုံးပြုပြီး ပြည်သူ့အငှားအိမ်ရာ အခန်းပေါင်း တစ်သောင်းခန့် တည်ဆောက်ရေး ဆောင်ရွက်သွားမည်...
COVID-19 ကြောင့် ၂၀၂၀ ပြည့်နှစ် ဒုတိယသုံးလပတ်တွင် စင်္ကာပူ၌ ဂိုဒေါင်ငှါးဝယ်/ငှားလိုအားမြင့်တက်...
COVID-19 ကြောင့် ၂၀၂၀ ပြည့်နှစ် ဒုတိယသုံးလပတ်တွင် စင်္ကာပူ၌ ဂိုဒေါင်ငှါးဝယ်/ငှားလိုအားမြင့်တက်...

အိမ္ၿခံေျမ သတင္းမ်ားကို
Email ျဖင့္ ဖတ္ရန္

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)