မြို့ရှောင်လမ်းဘေးရှိ လယ်ယာမြေများကို အိမ်ရာအဆောက်အအုံ ဆောက်လုပ်ဖို့အတွက် မဝယ်ကြရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးသတိပေး

မြို့ရှောင်လမ်းဘေးရှိ လယ်ယာမြေများကို အိမ်ရာအဆောက်အအုံ ဆောက်လုပ်ဖို့အတွက် မဝယ်ကြရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးသတိပေး - Property News in Myanmar from iMyanmarHouse.com
30 Jul 2020 12:13 pm တြင္ တင္ခဲ့သည္
3786 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

ျပည္တြင္း အိမ္ၿခံေျမ သတင္း | Posted by ေရႊစင္ဝင္း (iMyanmarHouse.com)

[Unicode]

မြို့ရှောင်လမ်းဘေးရှိ လယ်ယာမြေများကို အိမ်ရာအဆောက်အအုံ ဆောက်လုပ်ဖို့အတွက် မဝယ်ကြရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဦးကျော်လင်းက ပြည်ထောင်စုလွှတ်တော်နာယကမှတစ်ဆင့် မေတ္တာရပ်ခံသတိပေးခဲ့သည်။

မြို့ရှောင်လမ်းဖောက်ပါက ခြံစည်းရိုးပါ တစ်ပါတည်းခတ်မည်ဖြစ်သဖြင့် စီးပွားရေးသမားများအနေဖြင့် မြို့ရှောင်လမ်းဘေးတစ်လျှောက်တွင် လယ်ယာမြေများကိုဝယ်ပြီး အဆောက်အအုံများဆောက်လုပ်ပါက မိမိတို့ငွေကြေးများသာ ဆုံးရှုံးသွားမည်ဖြစ်ကြောင်း ဒုဝန်ကြီးက သတိပေးထားသည်။

မြို့ရှောင်လမ်းများဖောက်လုပ်ခြင်းသည် မြို့တွင်းမှာရှိ စက်ဘီး၊ ဆိုက္ကား၊ လူစီးယာဉ်စသည်တို့နှင့် ယာဉ်မတော်တဆ ထိခိုက်မှုမဖြစ်စေရန်၊ မြို့ရှောင်လမ်းကို အသုံးပြုမည့်ခရီးသွားများ လိုရာခရီးကို အချိန်တိုအတွင်းရောက်ရှိနိုင်စေရန်အတွက် ရည်ရွယ် ဖောက်လုပ်ခြင်းဖြစ်ရာ စီးပွားရေးသမားများက အဆိုပါ လမ်းဘေးမှာရှိ လယ်ယာမြေများကို ဝယ်ပြီးတည်းခိုခန်းကြီးများ၊ စားသောက်ဆိုင်ကြီးများနှင့် အိမ်ရာအဆောက်အအုံများ ဆောက်လျှင် မြို့ရှောင်လမ်းသည် မြို့တွင်းလမ်းပြန်ဖြစ်သွားပြီး နောက်ထပ်မြို့ရှောင်လမ်း ထပ်ဖောက်ရမလိုဖြစ်နေခြင်းကြောင့် နောင်တွင် မြို့ရှောင်လမ်းဖောက်လျှင် မြို့ရှောင်လမ်းတစ်လျှောက် ခြံစည်းရိုးခတ်မှာဖြစ်၍ အဆိုပါလမ်းဘေးရှိ မြေယာများကို ဝယ်ယူသူများအနေဖြင့် ငွေကြေးဆုံးရှုံးမှုများဖြစ်မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ အစိုးရအဖွဲ့များကလည်း မြို့ရှောင်လမ်းဘေးအဆောက်အအုံဆောက်လုပ်ခြင်းကို ခွင့်မပြုဖို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာဦးကျော်လင်းက ပြည်ထောင်စု လွှတ်တော်နာယကကြီးမှတစ်ဆင့် မေတ္တာရပ်ခံခဲ့ခြင်းဖြစ်သည်။

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

ၿမိဳ႕ေရွာင္လမ္းေဘးရွိ လယ္ယာေျမမ်ားကို အိမ္ရာအေဆာက္အအုံ ေဆာက္လုပ္ဖို႔အတြက္ မဝယ္ၾကရန္ ေဆာက္လုပ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးသတိေပး

ၿမိဳ႕ေရွာင္လမ္းေဘးရွိ လယ္ယာေျမမ်ားကို အိမ္ရာအေဆာက္အအုံ ေဆာက္လုပ္ဖို႔အတြက္ မဝယ္ၾကရန္ ေဆာက္လုပ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ေဒါက္တာဦးေက်ာ္လင္းက ျပည္ေထာင္စုလႊတ္ေတာ္နာယကမွတစ္ဆင့္ ေမတၱာရပ္ခံသတိေပးခဲ့သည္။

ၿမိဳ႕ေရွာင္လမ္းေဖာက္ပါက ျခံစည္းရိုးပါ တစ္ပါတည္းခတ္မည္ျဖစ္သျဖင့္ စီးပြားေရးသမားမ်ားအေနျဖင့္ ၿမိဳ႕ေရွာင္လမ္းေဘးတစ္ေလွ်ာက္တြင္ လယ္ယာေျမမ်ားကိုဝယ္ၿပီး အေဆာက္အအုံမ်ားေဆာက္လုပ္ပါက မိမိတို႔ေငြေၾကးမ်ားသာ ဆုံးရႈံးသြားမည္ျဖစ္ေၾကာင္း ဒုဝန္ႀကီးက သတိေပးထားသည္။

ၿမိဳ႕ေရွာင္လမ္းမ်ားေဖာက္လုပ္ျခင္းသည္ ၿမိဳ႕တြင္းမွာရွိ စက္ဘီး၊ ဆိုကၠား၊ လူစီးယာဥ္စသည္တို႔ႏွင့္ ယာဥ္မေတာ္တဆ ထိခိုက္မႈမျဖစ္ေစရန္၊ ၿမိဳ့ေရွာင္လမ္းကို အသုံးျပဳမည့္ခရီးသြားမ်ား လိုရာခရီးကို အခ်ိန္တိုအတြင္းေရာက္ရွိႏိုင္ေစရန္အတြက္ ရည္ရြယ္ ေဖာက္လုပ္ျခင္းျဖစ္ရာ စီးပြားေရးသမားမ်ားက အဆိုပါ လမ္းေဘးမွာရွိ လယ္ယာေျမမ်ားကို ဝယ္ၿပီးတည္းခိုခန္းႀကီးမ်ား၊ စားေသာက္ဆိုင္ႀကီးမ်ားႏွင့္ အိမ္ရာအေဆာက္အအုံမ်ား ေဆာက္လွ်င္ ၿမိဳ႕ေရွာင္လမ္းသည္ ၿမိဳ႕တြင္းလမ္းျပန္ျဖစ္သြားၿပီး ေနာက္ထပ္ၿမိဳ႕ေရွာင္လမ္း ထပ္ေဖာက္ရမလိုျဖစ္ေနျခင္းေၾကာင့္ ေနာင္တြင္ ၿမိဳ႕ေရွာင္လမ္းေဖာက္လွ်င္ ၿမိဳ႕ေရွာင္လမ္းတစ္ေလၽွာက္ ၿခံစည္းရိုးခတ္မွာျဖစ္၍ အဆိုပါလမ္းေဘးရွိ ေျမယာမ်ားကို ဝယ္ယူသူမ်ားအေနျဖင့္ ေငြေၾကးဆုံးရႈံးမႈမ်ားျဖစ္မည္ျဖစ္ေၾကာင္း၊ သက္ဆိုင္ရာ အစိုးရအဖြဲ႕မ်ားကလည္း ၿမိဳ႕ေရွာင္လမ္းေဘးအေဆာက္အအုံေဆာက္လုပ္ျခင္းကို ခြင့္မျပဳဖို႔ ေဆာက္လုပ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးေဒါက္တာဦးေက်ာ္လင္းက ျပည္ေထာင္စု လႊတ္ေတာ္နာယကႀကီးမွတစ္ဆင့္ ေမတၱာရပ္ခံခဲ့ျခင္းျဖစ္သည္။

ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

ေနာက္ဆံုးရ အိမ္ၿခံေျမ သတင္းမ်ား

မြို့ပြစီမံကိန်းများ ကြိုတင်ရေးဆွဲထားရမည်ဖြစ်ကြောင်း ပဲခူးတိုင်းဝန်ကြီးချုပ်ပြော
မြို့ပြစီမံကိန်းများ ကြိုတင်ရေးဆွဲထားရမည်ဖြစ်ကြောင်း ပဲခူးတိုင်းဝန်ကြီးချုပ်ပြော
မလေးရှားတွင် ထုတ်ကာ စင်္ကာပူတွင်တည်ဆောက်မည့် ကမ္ဘာ့အမြင့်မားဆုံး အသင့်ဆောက်လုပ်ပြီး မိုးမျှော်တိုက်ကြီးများ...
မလေးရှားတွင် ထုတ်ကာ စင်္ကာပူတွင်တည်ဆောက်မည့် ကမ္ဘာ့အမြင့်မားဆုံး အသင့်ဆောက်လုပ်ပြီး မိုးမျှော်တိုက်ကြီးများ...
လာမည့် I’M A CELEB ရုပ်သံအစီအစဉ်ကို အင်္ဂလန်ရှိ သရဲခြောက်သော ရဲတိုက်ကြီးတွင် ပြုလုပ်မည်ဟုဆို
လာမည့် I’M A CELEB ရုပ်သံအစီအစဉ်ကို အင်္ဂလန်ရှိ သရဲခြောက်သော ရဲတိုက်ကြီးတွင် ပြုလုပ်မည်ဟုဆို
အိုင်ယာလန်၏ သရဲအခြောက်ဆုံးနေအိမ်ကြီး ရောင်းချမည်
အိုင်ယာလန်၏ သရဲအခြောက်ဆုံးနေအိမ်ကြီး ရောင်းချမည်
ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်သို့ ပြောင်းရွှေ့ခံရသောသူများအတွက် လတ်တလော မြေစီမံခန့်ခွဲမှုကိစ္စရပ်များကို ဆောင်ရွက်ပေးနိုင်မည် မဟုတ်...
ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်သို့ ပြောင်းရွှေ့ခံရသောသူများအတွက် လတ်တလော မြေစီမံခန့်ခွဲမှုကိစ္စရပ်များကို ဆောင်ရွက်ပေးနိုင်မည် မဟုတ်...
ရန်ကုန်တိုင်းအတွင်း ဒဂုံမြို့သစ်တောင်ပိုင်းရှိ မြေဧက ၁၇၀ ကျော်တွင် အငှားအိမ်ယာစီမံကိန်း ဆောင်ရွက်...
ရန်ကုန်တိုင်းအတွင်း ဒဂုံမြို့သစ်တောင်ပိုင်းရှိ မြေဧက ၁၇၀ ကျော်တွင် အငှားအိမ်ယာစီမံကိန်း ဆောင်ရွက်...
ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည့် ပြည်တော်သစ်ပြည်သူ့အိမ်ရာ ပြန်လည် ဖွံ့ဖြိုးရေးစီမံကိန်းရှိ (၁၂)ထပ် လူနေအဆောက်အအုံတွင် မီးဘေးလုံခြုံမှု စမ်းသပ်စစ်ဆေး...
ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည့် ပြည်တော်သစ်ပြည်သူ့အိမ်ရာ ပြန်လည် ဖွံ့ဖြိုးရေးစီမံကိန်းရှိ (၁၂)ထပ် လူနေအဆောက်အအုံတွင် မီးဘေးလုံခြုံမှု စမ်းသပ်စစ်ဆေး...
တယ်လီနောနှင့် Denko ကို အခွန်အများဆုံးဆောင်သည့် ကုမ္ပဏီများအဖြစ် နိုင်ငံတော်သမ္မတက ဂုဏ်ပြု
တယ်လီနောနှင့် Denko ကို အခွန်အများဆုံးဆောင်သည့် ကုမ္ပဏီများအဖြစ် နိုင်ငံတော်သမ္မတက ဂုဏ်ပြု
ငွေကျပ် ၂၅ဝ ဘီလီယံခန့် အသုံးပြုပြီး ပြည်သူ့အငှားအိမ်ရာ အခန်းပေါင်း တစ်သောင်းခန့် တည်ဆောက်ရေး ဆောင်ရွက်သွားမည်...
ငွေကျပ် ၂၅ဝ ဘီလီယံခန့် အသုံးပြုပြီး ပြည်သူ့အငှားအိမ်ရာ အခန်းပေါင်း တစ်သောင်းခန့် တည်ဆောက်ရေး ဆောင်ရွက်သွားမည်...
COVID-19 ကြောင့် ၂၀၂၀ ပြည့်နှစ် ဒုတိယသုံးလပတ်တွင် စင်္ကာပူ၌ ဂိုဒေါင်ငှါးဝယ်/ငှားလိုအားမြင့်တက်...
COVID-19 ကြောင့် ၂၀၂၀ ပြည့်နှစ် ဒုတိယသုံးလပတ်တွင် စင်္ကာပူ၌ ဂိုဒေါင်ငှါးဝယ်/ငှားလိုအားမြင့်တက်...

အိမ္ၿခံေျမ သတင္းမ်ားကို
Email ျဖင့္ ဖတ္ရန္

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)