မြို့ရှောင်လမ်းဘေးရှိ လယ်ယာမြေများကို အိမ်ရာအဆောက်အအုံ ဆောက်လုပ်ဖို့အတွက် မဝယ်ကြရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးသတိပေး - Property News in Myanmar from iMyanmarHouse.com
4677 Views

မြို့ရှောင်လမ်းဘေးရှိ လယ်ယာမြေများကို အိမ်ရာအဆောက်အအုံ ဆောက်လုပ်ဖို့အတွက် မဝယ်ကြရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးသတိပေး

[Unicode]

မြို့ရှောင်လမ်းဘေးရှိ လယ်ယာမြေများကို အိမ်ရာအဆောက်အအုံ ဆောက်လုပ်ဖို့အတွက် မဝယ်ကြရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဦးကျော်လင်းက ပြည်ထောင်စုလွှတ်တော်နာယကမှတစ်ဆင့် မေတ္တာရပ်ခံသတိပေးခဲ့သည်။

မြို့ရှောင်လမ်းဖောက်ပါက ခြံစည်းရိုးပါ တစ်ပါတည်းခတ်မည်ဖြစ်သဖြင့် စီးပွားရေးသမားများအနေဖြင့် မြို့ရှောင်လမ်းဘေးတစ်လျှောက်တွင် လယ်ယာမြေများကိုဝယ်ပြီး အဆောက်အအုံများဆောက်လုပ်ပါက မိမိတို့ငွေကြေးများသာ ဆုံးရှုံးသွားမည်ဖြစ်ကြောင်း ဒုဝန်ကြီးက သတိပေးထားသည်။

မြို့ရှောင်လမ်းများဖောက်လုပ်ခြင်းသည် မြို့တွင်းမှာရှိ စက်ဘီး၊ ဆိုက္ကား၊ လူစီးယာဉ်စသည်တို့နှင့် ယာဉ်မတော်တဆ ထိခိုက်မှုမဖြစ်စေရန်၊ မြို့ရှောင်လမ်းကို အသုံးပြုမည့်ခရီးသွားများ လိုရာခရီးကို အချိန်တိုအတွင်းရောက်ရှိနိုင်စေရန်အတွက် ရည်ရွယ် ဖောက်လုပ်ခြင်းဖြစ်ရာ စီးပွားရေးသမားများက အဆိုပါ လမ်းဘေးမှာရှိ လယ်ယာမြေများကို ဝယ်ပြီးတည်းခိုခန်းကြီးများ၊ စားသောက်ဆိုင်ကြီးများနှင့် အိမ်ရာအဆောက်အအုံများ ဆောက်လျှင် မြို့ရှောင်လမ်းသည် မြို့တွင်းလမ်းပြန်ဖြစ်သွားပြီး နောက်ထပ်မြို့ရှောင်လမ်း ထပ်ဖောက်ရမလိုဖြစ်နေခြင်းကြောင့် နောင်တွင် မြို့ရှောင်လမ်းဖောက်လျှင် မြို့ရှောင်လမ်းတစ်လျှောက် ခြံစည်းရိုးခတ်မှာဖြစ်၍ အဆိုပါလမ်းဘေးရှိ မြေယာများကို ဝယ်ယူသူများအနေဖြင့် ငွေကြေးဆုံးရှုံးမှုများဖြစ်မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ အစိုးရအဖွဲ့များကလည်း မြို့ရှောင်လမ်းဘေးအဆောက်အအုံဆောက်လုပ်ခြင်းကို ခွင့်မပြုဖို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာဦးကျော်လင်းက ပြည်ထောင်စု လွှတ်တော်နာယကကြီးမှတစ်ဆင့် မေတ္တာရပ်ခံခဲ့ခြင်းဖြစ်သည်။

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]







 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်

Upcoming Property Events

taunggyi-garden-city
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service