ကျန်းမာသူများသည် ကိုရိုနာဗိုင်းရပ်စ်လူနာများကို ပြုစုစောင့်ရှောက်ချိန်များတွင်သာ mask တပ်သင့်ကြောင်း WHO ၏ လမ်းညွှန်ချက်မှာ CDC ၏ ထုတ်ပြန်ချက်နှင့် ကွဲလွဲနေ

ကျန်းမာသူများသည် ကိုရိုနာဗိုင်းရပ်စ်လူနာများကို ပြုစုစောင့်ရှောက်ချိန်များတွင်သာ mask တပ်သင့်ကြောင်း WHO ၏ လမ်းညွှန်ချက်မှာ CDC ၏ ထုတ်ပြန်ချက်နှင့် ကွဲလွဲနေ - Property News in Myanmar from iMyanmarHouse.com
31 May 2020 12:16 pm တွင် တင်ခဲ့သည်
725 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

Covid -19 ရောဂါလက္ခဏာမပြသူများ အပါအဝင် ကျန်းမာသောသူများသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူတစ်ဦးဦးကို ပြုစုစောင့်ရှောက်ချိန်တွင်သာ mask တပ်ဆင်ရန် WHO က လမ်းညွှန်ထားရာ အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကြိုတင်ကာကွယ်ရေးဗဟို (CDC) မှ ထုတ်ပြန်ထားချက်နှင့် သွေဖည်နေသည်။

CDC က တိုက်တွန်းထားသည်မှာ အများပြည်သူအကြားသွားလာလျှင် လူတိုင်း mask တပ်ဆင်သင့်ကြောင်း လမ်းညွှန်ထားသည်။

“အသက်ရှုလမ်းကြောင်းရောဂါလက္ခဏာတွေဖြစ်တဲ့ ဖျားနာ၊ ချောင်းဆိုး၊ နှာရည်ယိုတာမရှိရင် mask တပ်ဖို့ မလိုပါဘူး” ဟု WHO မှ ပြည်သူ့ကျန်းမာရေးအထူးကုဆရာဝန် ဒေါက်တာ ဧပရယ်ဘောလာ (Dr.April Baller) က ပြောကြားထားပုံ ဗွီဒီယိုဖိုင်ကို WHO ၏ ဝက်ဘ်ဆိုက်တွင် မတ်လအတွင်းက လွှင့်တင်ထားခဲ့သည်။

ကျန်းမာရေးစောင့်ရှောက်မှု ဝန်ထမ်းများ၊ လူနာစောင့်များ၊ ဖျားနာခြင်းနှင့်ချောင်းဆိုးခြင်း ရောဂါလက္ခဏာ ခံစားနေရသူများသာ mask တပ်သင့်ကြောင်း ၎င်း၏ ပြောကြားချက်တွင် ပါဝင်သည်။

WHO ၏ အဆိုပါအကြံပြုလမ်းညွှန်ချက်မှာ ပြောင်းလဲသွားခြင်း မရှိသေးချေ။

အဆိုပါအကြံပြုချက်မှာ အမေရိကန် အမျိုးသားရောဂါထိန်းချုပ်ရေးနှင့် ကြိုတင်ကာကွယ်ရေးဗဟို (CDC) ၏ လမ်းညွှန်ချက်များနှင့် သွေဖည်နေသည်။

CDC က လမ်းညွှန်ထားသည်မှာ ရောဂါကူးစက်မှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အများပြည်သူအတွင်း သွားလာလျှင် mask တပ်ရန် တိုက်တွန်းထားသည်။

လေ့လာချက်များအရ ရောဂါလက္ခဏာမပြသူများ အလွန်များပြားကြောင်း၊ ၎င်းတို့ထံမှ အခြားသူများထံ ရောဂါကူးစက်နိုင်ကြောင်း CDC ၏ လမ်းညွှန်ချက်တွင် ဖော်ပြသည်။

ထို့ကြောင့် လူချင်းခွာနေရန် မဖြစ်နိုင်သော နေရာများတွင် mask တပ်ရန် CDC က လမ်းညွှန်သည်။

ဒေါက်တာ ဧပရယ်ဘောလာ (Dr.April Baller) ကမူ mask သည် လူတို့ကို အကာအကွယ်နှင့်စပ်လျဉ်းပြီး မှားယွင်းသည့် မှတ်ယူမှုကို ပေးနိုင်ကြောင်း၊ ရောဂါရှိသူများသာ အခြားသူထံ မပျံ့နှံ့စေရန်အတွက် mask တပ်သင့်ကြောင်း ပြောကြားသည်။

အဆိုပါ ကွဲလွဲချက်နှင့် စပ်လျဉ်းပြီး WHO သို့ Fox News သတင်းဌာနက စာရေးသားမေးမြန်းရာ ပြန်လည်ဖြေကြားထားခြင်း မရှိသေးဟု ဆိုသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: WHO guidance: Healthy people should wear masks only when 'taking care of' coronavirus patients (Fox News)

 

[Zawgyi]

က်န္းမာသူမ်ားသည္ ကိုရိုနာဗိုင္းရပ္စ္လူနာမ်ားကို ျပဳစုေစာင့္ေရွာက္ခ်ိန္မ်ားတြင္သာ mask တပ္သင့္ေၾကာင္း WHO ၏ လမ္းညႊန္ခ်က္မွာ CDC ၏ ထုတ္ျပန္ခ်က္ႏွင့္ ကြဲလြဲေန

Covid -19 ေရာဂါလကၡဏာမျပသူမ်ား အပါအဝင္ က်န္းမာေသာသူမ်ားသည္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရသူတစ္ဦးဦးကို ျပဳစုေစာင့္ေရွာက္ခ်ိန္တြင္သာ mask တပ္ဆင္ရန္ WHO က လမ္းညႊန္ထားရာ အေမရိကန္ ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ ၾကိဳတင္ကာကြယ္ေရးဗဟို (CDC) မွ ထုတ္ျပန္ထားခ်က္ႏွင့္ ေသြဖည္ေနသည္။

CDC က တိုက္တြန္းထားသည္မွာ အမ်ားျပည္သူအၾကားသြားလာလွ်င္ လူတိုင္း mask တပ္ဆင္သင့္ေၾကာင္း လမ္းညႊန္ထားသည္။

“အသက္ရႈလမ္းေၾကာင္းေရာဂါလကၡဏာေတြျဖစ္တဲ့ ဖ်ားနာ၊ ေခ်ာင္းဆိုး၊ ႏွာရည္ယိုတာမရွိရင္ mask တပ္ဖို႔ မလိုပါဘူး” ဟု WHO မွ ျပည္သူ႔က်န္းမာေရးအထူးကုဆရာဝန္ ေဒါက္တာ ဧပရယ္ေဘာလာ (Dr.April Baller) က ေျပာၾကားထားပံု ဗြီဒီယိုဖိုင္ကို WHO ၏ ဝက္ဘ္ဆိုက္တြင္ မတ္လအတြင္းက လႊင့္တင္ထားခဲ့သည္။

က်န္းမာေရးေစာင့္ေရွာက္မႈ ဝန္ထမ္းမ်ား၊ လူနာေစာင့္မ်ား၊ ဖ်ားနာျခင္းႏွင့္ေခ်ာင္းဆိုးျခင္း ေရာဂါလကၡဏာ ခံစားေနရသူမ်ားသာ mask တပ္သင့္ေၾကာင္း ၎၏ ေျပာၾကားခ်က္တြင္ ပါဝင္သည္။

WHO ၏ အဆိုပါအၾကံျပဳလမ္းညႊန္ခ်က္မွာ ေျပာင္းလဲသြားျခင္း မရွိေသးေခ်။

အဆိုပါအၾကံျပဳခ်က္မွာ အေမရိကန္ အမ်ိဳးသားေရာဂါထိန္းခ်ဳပ္ေရးႏွင့္ ၾကိဳတင္ကာကြယ္ေရးဗဟို (CDC) ၏ လမ္းညႊန္ခ်က္မ်ားႏွင့္ ေသြဖည္ေနသည္။

CDC က လမ္းညႊန္ထားသည္မွာ ေရာဂါကူးစက္မႈရွိသည္ျဖစ္ေစ၊ မရွိသည္ျဖစ္ေစ အမ်ားျပည္သူအတြင္း သြားလာလွ်င္ mask တပ္ရန္ တိုက္တြန္းထားသည္။

ေလ့လာခ်က္မ်ားအရ ေရာဂါလကၡဏာမျပသူမ်ား အလြန္မ်ားျပားေၾကာင္း၊ ၎တို႔ထံမွ အျခားသူမ်ားထံ ေရာဂါကူးစက္ႏိုင္ေၾကာင္း CDC ၏ လမ္းညႊန္ခ်က္တြင္ ေဖာ္ျပသည္။

ထို႔ေၾကာင့္ လူခ်င္းခြာေနရန္ မျဖစ္ႏိုင္ေသာ ေနရာမ်ားတြင္ mask တပ္ရန္ CDC က လမ္းညႊန္သည္။

ေဒါက္တာ ဧပရယ္ေဘာလာ (Dr.April Baller) ကမူ mask သည္ လူတို႔ကို အကာအကြယ္ႏွင့္စပ္လ်ဥ္းျပီး မွားယြင္းသည့္ မွတ္ယူမႈကို ေပးႏိုင္ေၾကာင္း၊ ေရာဂါရွိသူမ်ားသာ အျခားသူထံ မပ်ံ ႔ႏွံ႔ေစရန္အတြက္ mask တပ္သင့္ေၾကာင္း ေျပာၾကားသည္။

အဆိုပါ ကြဲလြဲခ်က္ႏွင့္ စပ္လ်ဥ္းျပီး WHO သို႔ Fox News သတင္းဌာနက စာေရးသားေမးျမန္းရာ ျပန္လည္ေျဖၾကားထားျခင္း မရွိေသးဟု ဆိုသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: WHO guidance: Healthy people should wear masks only when 'taking care of' coronavirus patients (Fox News)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
Magical World Apartment
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service