မေ ၁ မတိုင်မီ အမေရိကန်စီးပွားရေးပြန်လည်စတင်လိုနေသည့် ဒေါ်နယ်ထရန့်

မေ ၁ မတိုင်မီ အမေရိကန်စီးပွားရေးပြန်လည်စတင်လိုနေသည့် ဒေါ်နယ်ထရန့် - Property News in Myanmar from iMyanmarHouse.com
16 Apr 2020 11:42 am တွင် တင်ခဲ့သည်
1092 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်စီးပွားရေးကို ပြန်လည်စတင်ရန်တွန်းအားပေးနေသည့် သမ္မတဒေါ်နယ်ထရန့်က မေလမတိုင်မီ၍ အမေရိကန်စီးပွားရေးကို ပြန်လည်ဖွင့်လှစ်နိုင်ရန် မျှော်လင့်နေခဲ့ပြီးဖြစ်သည်။

ယုအခါသမ္မတက အမေရိကန်သည် မေ ၁ တွင် စီးပွားရေးပြန်လည်စတင်ရန်အသင့်ရှိကြောင်း စတင်ကြေညာရန် ဆုံးဖြတ်လိုက်ပြီဖြစ်သည်ဟု အမေရိကန်အစိုးရအဖွဲ့တွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့် အကြီးတန်းတာဝန်ရှိသူနှစ်ဦးနှင့် တာဝန်ထမ်းဆောင်ခဲ့သည့် အကြီးတန်းတာဝန်ရှိသူဟောင်းနှစ်ဦးတို့က ပြောကြားခဲ့သည်။

သို့သော်လည်း COVID-19 ကပ်ဘေးဖြစ်ပွားနေစဉ် ထရန့်အား နိုင်ငံရေးဆိုးကျိုးမရှိစေဘဲ စီးပွားရေးပြန်လည်ဖွင့်လှစ်မှုကို မည်သို့စတင်ရန်အလို့ငှာ ဆုံးဖြတ်ရန် အိမ်ဖြူတော်အတွင်း အကျပ်ရိုက်နေဆဲဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်နှင့်ဆက်နွှယ်သော စီးပွားရေးလုပ်ငန်းများပိတ်ထားရမှုနှင့်လည်ပတ်မှုအရှိန်လျော့ကျမှုတို့က ပြည်သူ ၁၆ သန်းကို အလုပ်အကိုင်များဆုံးရှုံးစေလိုက်သည်ဖြစ်ရာ တန့်နေသည့်အမေရိကန်စီးပွားရေးက အထူးသဖြင့် နဂိုပုံမှန်အခြေအနေနှင့်ပတ်သက်၍ မေးခွန်းများကို မြင့်တက်စေသည်။

သင့်လျော်သည်ဟု ယူဆသော အချိန်တွင် ပြည်နယ် ၅၀ လုံး၌ အလွန်အားပြင်းသော စီးပွားရေးပြန်လည်ဖွင့်လှစ်မှုအစီအစဉ်တစ်ခုကို အကောင်အထည်ဖော်ရန် ယခုသီတင်းပတ်‌နှောင်းပိုင်းတွင် ပြည်နယ်အုပ်ချုပ်ရေးမှူးအားလုံးကို မေးမြန်းရန် စီစဉ်နေကြောင်း ထရန့်က ဧပြီ ၁၄ ၌ ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့နိုင်ငံကို ဖွင့်ရပါမယ်။ မှန်းခြေအားဖြင့် ကျွန်တော်တို့နိုင်ငံဟာ ဘေးကင်းလုံံခြုံစွာနဲ့ လျင်လျင်မြန်မြန်ပွင့်လာပါလိမ့်မယ်၊ အချို့နေရာတွေမှာ တခြားနေရာတွေထက် ပိုမြန်ပါလိမ့်မယ်။” ဟု ထရန့်က Rose Garden သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

ပြည်နယ် ၂၀ ကျော်တွင် အခြေအနေကောင်းမွန်နေသဖြင့် ယင်းပြည်နယ်များ၏ စီးပွားရေးများကို များမကြာမီ ပြန်လည်ဖွင့်လှစ်နိုင်ဖွယ်ရှိပြီး မေ ၁ ရက်နေ့မတိုင်မီတွင်ပင် ဖြစ်ကောင်းဖြစ်နိုင်ကြောင်းလည်း သူက ပြောကြားခဲ့သေးသည်။

ထရန့်၏ “COVID-19 ကပ်ဘေးအကြား အမေရိကန်စီးပွားရေးကို မည်သည့်အချိန်တွင် ပြန်လည်စတင်လည်ပတ်သင့်သည်” ဟူသော ဆုံးဖြတ်ချက်သည် သူ့အနေဖြင့် ချမှတ်ဖူးသမျှအနက် အကြီးမားဆုံဆုံးဖြတ်ချက်တစ်ခုဖြစ်ပေမည်။

ထိုဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ထရန့်က သူ့အားကူညီ‌ပေးမည့် ဆေးဘက်ဆိုင်ရာကောင်စီတစ်ခုနှင့် စီးပွားရေးလုပ်ငန်းရှင်များအား လာမည့်သီတင်းပတ်တွင် ကြေညာမည်ဟု ခန့်မှန်းရသည်။

“အိမ်မှာနေပါ” ဟူသော “Stay-at-Home” ကန့်သတ်ချက်ကို အချိန်မတိုင်မီ ရုပ်သိမ်းခြင်းသည် ကိုရိုနာဗိုင်းရပ်စ်ကို တစ်ဖန်ပြန်လည်ထကြွရှင်သန်စေနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးပညာရှင်များက သတိပေးထားပြီးဖြစ်ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Trump wants to declare country open by May 1 — but the reality will be much slower (washingtonpost)

 

[Zawgyi]

ေမ ၁ မတိုင္မီ အေမရိကန္စီးပြားေရးျပန္လည္စတင္လိုေနသည့္ ေဒၚနယ္ထရန႔္

အေမရိကန္စီးပြားေရးကို ျပန္လည္စတင္ရန္တြန္းအားေပးေနသည့္ သမၼတေဒၚနယ္ထရန႔္က ေမလမတိုင္မီ၍ အေမရိကန္စီးပြားေရးကို ျပန္လည္ဖြင့္လွစ္ႏိုင္ရန္ ေမွ်ာ္လင့္ေနခဲ့ၿပီးျဖစ္သည္။

ယုအခါသမၼတက အေမရိကန္သည္ ေမ ၁ တြင္ စီးပြားေရးျပန္လည္စတင္ရန္အသင့္ရွိေၾကာင္း စတင္ေၾကညာရန္ ဆုံးျဖတ္လိုက္ၿပီျဖစ္သည္ဟု အေမရိကန္အစိုးရအဖြဲ႕တြင္ လက္ရွိတာဝန္ထမ္းေဆာင္ေနသည့္ အႀကီးတန္းတာဝန္ရွိသူႏွစ္ဦးႏွင့္ တာဝန္ထမ္းေဆာင္ခဲ့သည့္ အႀကီးတန္းတာဝန္ရွိသူေဟာင္းႏွစ္ဦးတို႔က ေျပာၾကားခဲ့သည္။

သို႔ေသာ္လည္း COVID-19 ကပ္ေဘးျဖစ္ပြားေနစဥ္ ထရန႔္အား ႏိုင္ငံေရးဆိုးက်ိဳးမရွိေစဘဲ စီးပြားေရးျပန္လည္ဖြင့္လွစ္မႈကို မည္သို႔စတင္ရန္အလို႔ငွာ ဆုံးျဖတ္ရန္ အိမ္ျဖဴေတာ္အတြင္း အက်ပ္႐ိုက္ေနဆဲျဖစ္သည္။

ကို႐ိုနာဗိုင္းရပ္စ္ႏွင့္ဆက္ႏႊယ္ေသာ စီးပြားေရးလုပ္ငန္းမ်ားပိတ္ထားရမႈႏွင့္လည္ပတ္မႈအရွိန္ေလ်ာ့က်မႈတို႔က ျပည္သူ ၁၆ သန္းကို အလုပ္အကိုင္မ်ားဆုံးရႈံးေစလိုက္သည္ျဖစ္ရာ တန႔္ေနသည့္အေမရိကန္စီးပြားေရးက အထူးသျဖင့္ နဂိုပုံမွန္အေျခအေနႏွင့္ပတ္သက္၍ ေမးခြန္းမ်ားကို ျမင့္တက္ေစသည္။

သင့္ေလ်ာ္သည္ဟု ယူဆေသာ အခ်ိန္တြင္ ျပည္နယ္ ၅၀ လုံး၌ အလြန္အားျပင္းေသာ စီးပြားေရးျပန္လည္ဖြင့္လွစ္မႈအစီအစဥ္တစ္ခုကို အေကာင္အထည္ေဖာ္ရန္ ယခုသီတင္းပတ္‌ေႏွာင္းပိုင္းတြင္ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးအားလုံးကို ေမးျမန္းရန္ စီစဥ္ေနေၾကာင္း ထရန႔္က ဧၿပီ ၁၄ ၌ ေျပာၾကားခဲ့သည္။

“ကြၽန္ေတာ္တို႔ရဲ႕ႏိုင္ငံကို ဖြင့္ရပါမယ္။ မွန္းေျခအားျဖင့္ ကြၽန္ေတာ္တို႔ႏိုင္ငံဟာ ေဘးကင္းလုံံၿခဳံစြာနဲ႔ လ်င္လ်င္ျမန္ျမန္ပြင့္လာပါလိမ့္မယ္၊ အခ်ိဳ႕ေနရာေတြမွာ တျခားေနရာေတြထက္ ပိုျမန္ပါလိမ့္မယ္။” ဟု ထရန႔္က Rose Garden သတင္းစာရွင္းလင္းပြဲတစ္ခုတြင္ ေျပာၾကားခဲ့သည္။

ျပည္နယ္ ၂၀ ေက်ာ္တြင္ အေျခအေနေကာင္းမြန္ေနသျဖင့္ ယင္းျပည္နယ္မ်ား၏ စီးပြားေရးမ်ားကို မ်ားမၾကာမီ ျပန္လည္ဖြင့္လွစ္ႏိုင္ဖြယ္ရွိၿပီး ေမ ၁ ရက္ေန႔မတိုင္မီတြင္ပင္ ျဖစ္ေကာင္းျဖစ္ႏိုင္ေၾကာင္းလည္း သူက ေျပာၾကားခဲ့ေသးသည္။

ထရန႔္၏ “COVID-19 ကပ္ေဘးအၾကား အေမရိကန္စီးပြားေရးကို မည္သည့္အခ်ိန္တြင္ ျပန္လည္စတင္လည္ပတ္သင့္သည္” ဟူေသာ ဆုံးျဖတ္ခ်က္သည္ သူ႔အေနျဖင့္ ခ်မွတ္ဖူးသမွ်အနက္ အႀကီးမားဆုံဆုံးျဖတ္ခ်က္တစ္ခုျဖစ္ေပမည္။

ထိုဆုံးျဖတ္ခ်က္ႏွင့္ပတ္သက္၍ ထရန္႔က သူ႔အားကူညီ‌ေပးမည့္ ေဆးဘက္ဆိုင္ရာေကာင္စီတစ္ခုႏွင့္ စီးပြားေရးလုပ္ငန္းရွင္မ်ားအား လာမည့္သီတင္းပတ္တြင္ ေၾကညာမည္ဟု ခန႔္မွန္းရသည္။

“အိမ္မွာေနပါ” ဟူေသာ “Stay-at-Home” ကန႔္သတ္ခ်က္ကို အခ်ိန္မတိုင္မီ ႐ုပ္သိမ္းျခင္းသည္ ကို႐ိုနာဗိုင္းရပ္စ္ကို တစ္ဖန္ျပန္လည္ထႂကြရွင္သန္ေစႏိုင္ေၾကာင္း ကမာၻ႔က်န္းမာေရးပညာရွင္မ်ားက သတိေပးထားၿပီးျဖစ္ေၾကာင္းလည္း သိရသည္။

 

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Trump wants to declare country open by May 1 — but the reality will be much slower (washingtonpost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service