ရန်ကုန်မိုးပျံကားလမ်းကြောင့် နေအိမ်နှင့်အဆောက်အဦးထိခိုက်မူအများဆုံးသည် မြောက်ဥက္ကလာပတွင်ဖြစ်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနကဆို

ရန်ကုန်မိုးပျံကားလမ်းကြောင့် နေအိမ်နှင့်အဆောက်အဦးထိခိုက်မူအများဆုံးသည် မြောက်ဥက္ကလာပတွင်ဖြစ်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနကဆို - Property News in Myanmar from iMyanmarHouse.com
17 Feb 2020 11:45 am တွင် တင်ခဲ့သည်
53710 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

ရန်ကုန်မိုးပျံအမြန်ကားလမ်း အပိုင်း(က) စီမံကိန်းသည် မြို့နယ် ၈တွင် ဆောင်ရွက်မည်ဖြစ်ပြီး စီမံကိန်းကြောင့် အိမ်နှင့် အဆောက်အအုံအချို့ ထိခိုက်မူအများဆုံးမှ မြောက်ဥက္ကလာပမြို့နယ် ဖြစ်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနကတာဝန်ရှိသူများကပြောသည်။

စီမံကိန်းအကြောင်း အများပြည်သူသို့ အသိပေးရှင်းလင်းပွဲတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများကပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုစီမံကိန်းသည် မင်္ဂလာတောင်ညွန့်၊ တာမွေ၊သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ၊ မရမ်းကုန်း၊ မြောက်ဥက္ကလာပ၊ မင်္ဂလာဒုံနှင့် အင်းစိန်မြို့နယ်တို့ကို ဖြတ်သန်းတည်ဆောက်မည်ဖြစ်သည်။

မြောက်ဥက္ကလာပမြို့နယ်ပြီးနောက်တောင်ဥက္ကလာပနှင့် မရမ်းကုန်းမြို့နယ်တို့ရှိ အိမ်နှင့် အဆောက်အအုံအချို့ သည်လည်း ထိခိုက်မူအနည်းငယ်ရှိမည်ဖြစ်သည်ဟု ဆိုသည်။ သို့သော်လည်းနေရာပြောင်းရွှေ့သည်အထိ ထိခိုက်မူများမည်မဟုတ်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနကဆိုသည်။

ဆောက်လုပ်ရေးဝန်ကြီး ဌာနက စီမံကိန်းကြောင့် ထိခိုက်နစ်နာသူများအား လျော်ကြေးနှင့် ပြန်လည်နေရာချထားရေး အထောက်အပံ့များကို တွက်ချက်ပေးသည့်အပြင် လူမှုစီးပွား ထူထောင်ရန်ပါ ဆောင်ရွက်ပေးမည်ဟု ဆောက်လုပ်ရေးဝန်ကြီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်ကဆိုသည်။

အများဆုံး ထိခိုက်သက်ရောက်နိုင်သည့် မြို့နယ်သည် မြောက်ဥက္ကလာပ မြို့နယ်ရှိ ကျောက်ရေတွင်းဝန်းကျင်ဖြစ် သည်။ ထို့အပြင် တောင်ဥက္ကလာပမြို့နယ်ရှိ စက်မှုဇုန်ဝန်းကျင်တွင်လည်း စီမံကိန်းအတွင်း သက်ရောက်နိုင်သည့် အဆောက်အအုံများ ပါဝင်မည်ဟုဆိုသည်။သက်ရောက်မှုရှိသော အဆောက်အအုံများကို မြေပြင်စစ်တမ်းကောက်ယူမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနကဆိုသည်။

ထိုလမ်းသည် စုစုပေါင်း အရှည် ၂၇ ကီလိုမီတာ (၁၆ မိုင် ကျော်) နှင့် အကျယ်မီတာ ၃၀ ခန့် (ပေ ၁၀၀) ရှိသည်။ အမြင့်ပေ ၃၀ ခန့်ရှိမည်ဖြစ်သည်။

၂၀၂၀ ဇွန်လကုန်တွင် မြေ ပြင်တည်ဆောက်ရေးလုပ်ငန်းများ စတင်နိုင်မည်ဟု ဝန်ကြီးက ဆိုထားသည်။ စီမံကိန်း တည် ဆောက်ချိန် သုံးနှစ်ခွဲကြာမြင့်ကာ ၂၀၂၅ တွင် စတင်အသုံးပြုနိုင်မည် ဖြစ်ကြောင်း ဦးကြည်ဇော်မြင့်က ပြောသည်။

ငလျင်ဒဏ်ခံနိုင်အောင် ဆောက်လုပ်မည်ဆိုသော ထို စီမံကိန်းသည် ဒေါ်လာသန်း ၈၀၀ မှ တစ်ဘီလီယံကြား ကုန်ကျမည် ဖြစ်ပြီး တံတားအသုံးပြုခအဖြစ် ယာဉ်တစ်စီးထံမှ ကျပ် ၁,၃၀၀ မှ ၂,၈၀၀ ကြားရရှိမည်ဖြစ်သည်။ တင်ဒါအောင်ကုမ္ပဏီကလုပ်ကိုင် ခွင့် ၃၅ နှစ် ရရှိမည်ဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

### Zawgyi Version ###













နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service