အေမရိက၏ အၾကီးမားဆံုး အႏုျမဴဒံုးက်ည္ၾကီး လွ်ိဳ႕ဝွက္ထားသိုခဲ့သည့္ ေျမေအာက္ခန္းၾကီးကို အလြန္သက္သာလွေသာ ေစ်းႏႈန္းျဖင့္ အေရာင္းေစ်းကြက္တင္လာ

အေမရိက၏ အၾကီးမားဆံုး အႏုျမဴဒံုးက်ည္ၾကီး လွ်ိဳ႕ဝွက္ထားသိုခဲ့သည့္ ေျမေအာက္ခန္းၾကီးကို အလြန္သက္သာလွေသာ ေစ်းႏႈန္းျဖင့္ အေရာင္းေစ်းကြက္တင္လာ - Property News in Myanmar from iMyanmarHouse.com
23 Dec 2019 11:45 am တွင် တင်ခဲ့သည်
1414 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

အႏုျမဴဒံုးက်ည္ၾကီးတစ္ခု လွ်ိဳ႕ဝွက္ထားသိုခဲ့သည့္ ေျမေအာက္ခန္းၾကီးတစ္ခု အေရာင္းေစ်းကြက္ဝင္လာရာ အလိုရွိပါကသင္၏ အပန္းေျဖစခန္းတစ္ခု ျဖစ္လာႏိုင္ျပီ ျဖစ္သည္။

မ်ားစြာေသာသူတို႔သည္ သီးသန္႔ကိုယ္ပိုင္ေနရာေလးမ်ား ပိုင္ဆိုင္လိုသည့္ အိပ္မက္မ်ားရွိၾကသည္။

ပင္လယ္ကမ္းေျခမွ တဲအိမ္ကေလးတစ္ခုျဖစ္ႏိုင္သလို ေတာနက္အတြင္းမွ သစ္လံုးအိမ္ကေလးတစ္လံုးလည္း ျဖစ္ႏိုင္သည္။

အလယ္ေခတ္မွ ရဲတိုက္ၾကီးတစ္ခုအသြင္ ေဆာက္လုပ္လိုျခင္းမ်ဳိးျဖစ္ႏိုင္သလို စိတ္ကူးယဥ္ဖြယ္ေနရာတစ္ခုခုလည္း ျဖစ္ႏိုင္သည္။

ေငြေၾကးတတ္ႏိုင္မည္ဆိုလွ်င္ မိမိစိတ္ေပ်ာ္ရႊင္ေက်နပ္မႈရေစမည့္ေနရာမ်ဳိးရွာႏိုင္ၾကမည္သာတည္း။

ယင္းသို႔ေသာ ေနရာမ်ဳိးတြင္ အႏုျမဴဒံုးက်ည္ၾကီးတစ္ခုထားသိုသည့္ ဂိုေဒါင္လည္းပါဝင္ႏိုင္သည္ မဟုတ္ပါေလာ။

ဂါးဒီးယန္းသတင္းစာတြင္ ေဖာ္ျပခဲ့သည့္ မၾကာေသးမီက သတင္းတစ္ရပ္အရ အေမရိကန္ျပည္ေထာင္စု၊ အရီဇိုးနားျပည္နယ္၊ တပ္ခ္ဆန္ျမိဳ႕အနီးတြင္ အႏုျမဴဒံုးက်ည္သိုေလွာင္ခဲ့ရာ ေျမေအာက္ခန္းၾကီးတစ္ခုကို ေဒၚလာ ၄၀၀၀၀၀ ေအာက္မွ်ျဖင့္ အေရာင္းေစ်းကြက္ဝင္လာေၾကာင္း သတင္းတစ္ရပ္ေဖာ္ျပလာသည္။

ယခုအခါတြင္ ဒံုးက်ည္ၾကီးမရွိေတာ့ဘဲ ျဖဳတ္သိမ္းထားခဲ့ျပီးျဖစ္ေသာ္လည္း တခ်ိန္ကမူ Titan II အမည္ရွိ အႏုျမဴဒံုးက်ည္ၾကီးခ်ထားခဲ့ရာ ေနရာျဖစ္သည္။

Titan II သည္ အေမရိကန္ေလတပ္၏ တိုက္ခ်င္းပစ္ဒံုးက်ည္မ်ားအနက္ အၾကီးမားဆံုး ဒံုးက်ည္ၾကီးျဖစ္သည္။

၁၉၆၀ ျပည့္လြန္ အေစာပိုင္းကာလမ်ားမွ ၁၉၈၀ ျပည့္လြန္အေစာပိုင္းကာလမ်ားအၾကား ႏွစ္ေပါင္း ၂၀ အတြင္း တပ္ခ္ဆန္ျမိဳ႕ဝန္းက်င္တြင္ ယခုေျမေအာက္ခန္းၾကီးမ်ဳိး ဒံုးက်ည္သိုေလွာင္ရာ ေျမေအာက္ခန္းမ်ား ၁၈ ခု တည္ရွိခဲ့သည္။

အဆိုပါ ေျမေအာက္ခန္း တစ္ခုစီတြင္ Titan II အမ်ိဳးအစား အႏုျမဴဒံုးက်ည္တစ္စင္းစီ ခ်ထားျပီး နာရီဝက္အတြင္း ပစ္လႊတ္ႏိုင္ေအာင္ စီစဥ္ထားကာ မိုင္ေပါင္း ၆၀၀၀ အကြာအေဝးရွိ လိုရာပစ္မွတ္သို႔ ပစ္ခတ္ႏိုင္စြမ္းရွိသည္။

ယင္းဒံုးက်ည္မ်ားတြင္ တပ္ဆင္ထားသည့္ အႏုျမဴထိပ္ဖူးမ်ားသည္ ဟီရိုရွီးမားျမိဳ႕ကို ၾကဲခဲ့သည့္ Little Boy ဟု အမည္ေပးခဲ့ေသာ အႏုျမဴဗံုးထက္ အဆေပါင္း ၆၀၀ ျပင္းအားရွိသည္ဟု ဆိုသည္။

၁၉၈၄ ခုႏွစ္တြင္ကား အဆိုပါဒံုးက်ည္မ်ားကို အသံုးမျပဳေတာ့ဘဲ ဖ်က္သိမ္းလိုက္ရာ အစိုးရက ေျမေအာက္ခန္းမ်ားရွိ ဒံုးက်ည္မ်ားကို ျဖဳတ္သိမ္းရွင္းလင္းကာ ေျမေအာက္ခန္းမ်ားစြာကို အလြန္နည္းပါးသက္သာလွေသာ ေစ်းႏႈန္းမ်ားျဖင့္ ေစ်းကြက္တင္ေရာင္းခ်ေပးခဲ့သည္။

ယခုေစ်းကြက္ဝင္လာသည့္ ေျမေအာက္ခန္းကို ပိုင္ဆိုင္ထားသူမွာ ရစ္ခ္ အဲလစ္ဟု အမည္ရသူျဖစ္ျပီး အခ်က္အလက္သိုေလွာင္ေရး ေနရာတစ္ခုအျဖစ္ အသံုးျပဳရန္ ရည္ရြယ္ခဲ့ျခင္း ျဖစ္သည္။

အဲလစ္က အဆိုပါေနရာကို ၂၀၀၂ ခုႏွစ္အတြင္း ကန္ေဒၚလာ ၂၀၀၀၀၀ ျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

အစိုးရထံမွ လြန္ခဲ့ေသာ ၃၅ ႏွစ္က တိုက္ရိုက္ဝယ္ယူခဲ့ေသာ မိသားစုတစ္ခုထံမွ အဲလစ္က ျပန္လည္ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

အဆိုပါ မိသားစု ဝယ္ခဲ့စဥ္ကမူ ေဒၚလာ ၂၀၀၀၀ ခန႔္သာ ေပးခဲ့ရသည္ဟု ဆိုသည္။

ေနာက္ပိုင္းတြင္ ပ်င္းရိလာေသာေၾကာင့္ ျပန္လည္ေရာင္းထုတ္ျခင္းျဖစ္ေၾကာင္း အဲလစ္က ဆိုသည္။

ထိုေနရာကို ဝယ္ယူလိုေၾကာင္း ကမ္းလွမ္းခဲ့သူအခ်ဳိ႕ရွိခဲ့သည္။

ပထမတစ္ဦးမွာ ယင္းေနရာတြင္ ေဆးေျခာက္ စိုက္ပ်ဳိးလိုေသာေၾကာင့္ ဝယ္ယူလိုျခင္းျဖစ္ျပီး ဒုတိယတစ္ဦးမွာမူ အဆိုပါ ေျမေအာက္ခန္းကို ညစ္ညမ္းဗီြဒီယိုကားမ်ား ရိုက္ကူးသည့္ေနရာအျဖစ္ အသံုးျပဳရန္ ရည္ရြယ္ျခင္းျဖစ္ကာ အဲလစ္က မည္သူ႔ကိုမွ် မေရာင္းေပးခဲ့။

ဒံုးက်ည္ထားသိုရာ ေျမေအာက္ခန္းကို ၾကည့္ရႈလိုသည္ဆိုပါက ဦးစြာအားျဖင့္ ေပ ၄၀ ရွည္လ်ားသည့္ ေလွကားမွတဆင့္ ေျမေအာက္သို႔ဆင္းသက္ရမည္ ျဖစ္သည္။

ေျမေအာက္ခန္းမွာကား အလြန္ၾကီးမားက်ယ္ဝန္းလွျပီး မည္သည့္အရာမွ်မရွိဘဲ ရွင္းလင္းေနကာ နံရံမ်ားမွာ ၄ ေပထူထဲေသာ အဂၤေတ နံရံမ်ား ျဖစ္ၾကသည္။

အထပ္တိုင္းတြင္ ၾကမ္းျပင္မွ မ်က္ႏွာၾကက္အထိ ဆိုင္းတြဲထားေသာ ၾကီးမားသည့္ စပရိန္ၾကီးမ်ား ေတြ႔ရသည္။

ေျမငလ်င္ဒဏ္ကို ခံႏိုင္ရန္ အထပ္တိုင္းတြင္ ထည့္သြင္းေပးထားျခင္းျဖစ္ျပီး တံခါးမၾကီးမွာ ေပါင္ခ်ိန္ ၆၀၀၀ ခန္႔ ေလးလံလွေသာ တံခါးၾကီးျဖစ္သည္။

ယခုေျမေအာက္ခန္းကို အပန္းေျဖရန္ေနရာအျဖစ္ ရည္ရြယ္ဝယ္ယူမည့္ ဝယ္လက္ေပၚမလာႏိုင္ဟု မည္သူမွ် မေျပာႏိုင္ေခ်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

 

### Unicode Version ###

အနုမြူဒုံးကျည်ကြီးတစ်ခု လျှို့ဝှက်ထားသိုခဲ့သည့် မြေအောက်ခန်းကြီးတစ်ခု အရောင်းဈေးကွက်ဝင်လာရာ အလိုရှိပါက သင်၏ အပန်းဖြေစခန်းတစ်ခု ဖြစ်လာနိုင်ပြီ ဖြစ်သည်။

များစွာသောသူတို့သည် သီးသန့်ကိုယ်ပိုင်နေရာလေးများ ပိုင်ဆိုင်လိုသည့် အိပ်မက်များရှိကြသည်။

ပင်လယ်ကမ်းခြေမှ တဲအိမ်ကလေးတစ်ခုဖြစ်နိုင်သလို တောနက်အတွင်းမှ သစ်လုံးအိမ်ကလေးတစ်လုံးလည်း ဖြစ်နိုင်သည်။

အလယ်ခေတ်မှ ရဲတိုက်ကြီးတစ်ခုအသွင် ဆောက်လုပ်လိုခြင်းမျိုးဖြစ်နိုင်သလို စိတ်ကူးယဉ်ဖွယ်နေရာတစ်ခုခုလည်း ဖြစ်နိုင်သည်။

ငွေကြေးတတ်နိုင်မည်ဆိုလျှင် မိမိစိတ်ပျော်ရွှင်ကျေနပ်မှုရစေမည့်နေရာမျိုး ရှာနိုင်ကြမည်သာတည်း။

ယင်းသို့သော နေရာမျိုးတွင် အနုမြူဒုံးကျည်ကြီးတစ်ခု ထားသိုသည့် ဂိုဒေါင်လည်း ပါဝင်နိုင်သည် မဟုတ်ပါလော။

ဂါးဒီးယန်းသတင်းစာတွင် ဖော်ပြခဲ့သည့် မကြာသေးမီက သတင်းတစ်ရပ်အရ အမေရိကန်ပြည်ထောင်စု၊ အရီဇိုးနားပြည်နယ်၊ တပ်ခ်ဆန်မြို့အနီးတွင် အနုမြူဒုံးကျည်သိုလှောင်ခဲ့ရာ မြေအောက်ခန်းကြီးတစ်ခုကို ဒေါ်လာ ၄၀၀၀၀၀ အောက်မျှဖြင့် အရောင်းဈေးကွက်ဝင်လာကြောင်း သတင်းတစ်ရပ်ဖော်ပြလာသည်။

ယခုအခါတွင် ဒုံးကျည်ကြီးမရှိတော့ဘဲ ဖြုတ်သိမ်းထားခဲ့ပြီးဖြစ်သော်လည်း တချိန်ကမူ Titan II အမည်ရှိ အနုမြူဒုံးကျည်ကြီး ချထားခဲ့ရာ နေရာဖြစ်သည်။

Titan II သည် အမေရိကန်လေတပ်၏ တိုက်ချင်းပစ်ဒုံးကျည်များအနက် အကြီးမားဆုံး ဒုံးကျည်ကြီးဖြစ်သည်။

၁၉၆၀ ပြည့်လွန် အစောပိုင်းကာလများမှ ၁၉၈၀ ပြည့်လွန်အစောပိုင်းကာလများအကြား နှစ်ပေါင်း ၂၀ အတွင်း တပ်ခ်ဆန်မြို့ဝန်းကျင်တွင် ယခုမြေအောက်ခန်းကြီးမျိုး ဒုံးကျည်သိုလှောင်ရာ မြေအောက်ခန်းများ ၁၈ ခု တည်ရှိခဲ့သည်။ အဆိုပါ မြေအောက်ခန်း တစ်ခုစီတွင် Titan II အမျိုးအစား အနုမြူဒုံးကျည်တစ်စင်းစီ ချထားပြီး နာရီဝက်အတွင်း ပစ်လွှတ်နိုင်အောင် စီစဉ်ထားကာ မိုင်ပေါင်း ၆၀၀၀ အကွာအဝေးရှိ လိုရာပစ်မှတ်သို့ ပစ်ခတ်နိုင်စွမ်းရှိသည်။ ယင်းဒုံးကျည်များတွင် တပ်ဆင်ထားသည့် အနုမြူထိပ်ဖူးများသည် ဟီရိုရှီးမားမြို့ကို ကြဲခဲ့သည့် Little Boy ဟု အမည်ပေးခဲ့သော အနုမြူဗုံးထက် အဆပေါင်း ၆၀၀ ပြင်းအားရှိသည်ဟု ဆိုသည်။

၁၉၈၄ ခုနှစ်တွင်ကား အဆိုပါဒုံးကျည်များကို အသုံးမပြုတော့ဘဲ ဖျက်သိမ်းလိုက်ရာ အစိုးရက မြေအောက်ခန်းများရှိ ဒုံးကျည်များကို ဖြုတ်သိမ်းရှင်းလင်းကာ မြေအောက်ခန်းများစွာကို အလွန်နည်းပါးသက်သာလှသော ဈေးနှုန်းများဖြင့် ဈေးကွက်တင်ရောင်းချပေးခဲ့သည်။ ယခုဈေးကွက်ဝင်လာသည့် မြေအောက်ခန်းကို ပိုင်ဆိုင်ထားသူမှာ ရစ်ခ် အဲလစ်ဟု အမည်ရသူဖြစ်ပြီး အချက်အလက်သိုလှောင်ရေး နေရာတစ်ခုအဖြစ် အသုံးပြုရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

အဲလစ်က အဆိုပါနေရာကို ၂၀၀၂ ခုနှစ်အတွင်း ကန်ဒေါ်လာ ၂၀၀၀၀၀ ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

အစိုးရထံမှ လွန်ခဲ့သော ၃၅ နှစ်က တိုက်ရိုက်ဝယ်ယူခဲ့သော မိသားစုတစ်ခုထံမှ အဲလစ်က ပြန်လည်ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မိသားစု ဝယ်ခဲ့စဉ်ကမူ ဒေါ်လာ ၂၀၀၀၀ ခန့်သာ ပေးခဲ့ရသည်ဟု ဆိုသည်။

နောက်ပိုင်းတွင် ပျင်းရိလာသောကြောင့် ပြန်လည်ရောင်းထုတ်ခြင်းဖြစ်ကြောင်း အဲလစ်က ဆိုသည်။

ထိုနေရာကို ဝယ်ယူလိုကြောင်း ကမ်းလှမ်းခဲ့သူအချို့ရှိခဲ့သည်။

ပထမတစ်ဦးမှာ ယင်းနေရာတွင် ဆေးခြောက် စိုက်ပျိုးလိုသောကြောင့် ဝယ်ယူလိုခြင်းဖြစ်ပြီး ဒုတိယတစ်ဦးမှာမူ အဆိုပါ မြေအောက်ခန်းကို ညစ်ညမ်းဗွီဒီယိုကားများ ရိုက်ကူးသည့်နေရာအဖြစ် အသုံးပြုရန် ရည်ရွယ်ခြင်းဖြစ်ကာ အဲလစ်က မည်သူ့ကိုမျှ မရောင်းပေးခဲ့။

ဒုံးကျည်ထားသိုရာ မြေအောက်ခန်းကို ကြည့်ရှုလိုသည်ဆိုပါက ဦးစွာအားဖြင့် ပေ ၄၀ ရှည်လျားသည့် လှေကားမှတဆင့် မြေအောက်သို့ဆင်းသက်ရမည် ဖြစ်သည်။

မြေအောက်ခန်းမှာကား အလွန်ကြီးမားကျယ်ဝန်းလှပြီး မည်သည့်အရာမျှမရှိဘဲ ရှင်းလင်းနေကာ နံရံများမှာ ၄ ပေထူထဲသော အင်္ဂတေ နံရံများ ဖြစ်ကြသည်။

အထပ်တိုင်းတွင် ကြမ်းပြင်မှ မျက်နှာကြက်အထိ ဆိုင်းတွဲထားသော ကြီးမားသည့် စပရိန်ကြီးများ တွေ့ရသည်။

မြေငလျင်ဒဏ်ကို ခံနိုင်ရန် အထပ်တိုင်းတွင် ထည့်သွင်းပေးထားခြင်းဖြစ်ပြီး တံခါးမကြီးမှာ ပေါင်ချိန် ၆၀၀၀ ခန့် လေးလံလှသော တံခါးကြီးဖြစ်သည်။

ယခုမြေအောက်ခန်းကို အပန်းဖြေရန်နေရာအဖြစ် ရည်ရွယ်ဝယ်ယူမည့် ဝယ်လက်ပေါ်မလာနိုင်ဟု မည်သူမျှ မပြောနိုင်ချေ။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service