ကမၻာေက်ာ္ကုမၸဏီၾကီး Blackstone က စပိန္ႏိုင္ငံရွိ ရံုးခန္းအေဆာက္အအံုမ်ားကို စကၤာပူကုမၸဏီ CDL သို႔ ေရာင္းခ်

ကမၻာေက်ာ္ကုမၸဏီၾကီး Blackstone က စပိန္ႏိုင္ငံရွိ ရံုးခန္းအေဆာက္အအံုမ်ားကို စကၤာပူကုမၸဏီ CDL သို႔ ေရာင္းခ် - Property News in Myanmar from iMyanmarHouse.com
16 Dec 2019 11:27 am တွင် တင်ခဲ့သည်
692 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

စကၤာပူကုမၸဏီ CDL က တည္ေထာင္ထားေသာ IREIT Global သည္ ျပင္သစ္ႏိုင္ငံ၊ ပဲရစ္ျမိဳ႕အေျခစိုက္ Tikehau Capital ကုမၸဏီႏွင့္ ပူးေပါင္းကာ စပိန္ႏိုင္ငံရွိ ရံုးခန္းအေဆာက္အအံုမ်ားကို ကမၻာေက်ာ္ကုမၸဏီၾကီး Blackstone ထံမွ ယူရို ၁၃၈ သန္းျဖင့္ ဝယ္ယူခဲ့ေၾကာင္း စကၤာပူစေတာ့အိတ္ခ်ိန္းသို႔ ေၾကညာခ်က္တစ္ရပ္တြင္ ေဖာ္ျပသည္။

ဥေရာပဗဟိုျပဳ အိမ္ျခံေျမရင္းႏွီးျမွဳပ္ႏွံမႈ ကုမၸဏီ IREIT Global သည္ Tikehau ႏွင့္ ပူးေပါင္းဝယ္ယူရာတြင္ ၄၀း ၆၀ အခ်ဳိးျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

Tikehau သည္ IREIT Global ကုမၸဏီတြင္လည္း ရွယ္ယာ ၁၇ ရာခိုင္ႏႈန္းခန္႔ ပိုင္ဆိုင္ထားသည္ဟု ဆိုသည္။

ယင္းကုမၸဏီႏွစ္ခု ပူးေပါင္းကာ ဘာစီလိုနာႏွင့္ မက္ဒရစ္ျမိဳ႕မ်ားရွိ ရံုးခန္းအေဆာက္အအံု ၄ ခုကို ဝယ္ယူခဲ့ျခင္းျဖစ္ျပီး တန္ေၾကးအားျဖင့္ ယူရို ၁၃၈ ဒသမ ၂ သန္း (ကန္ေဒၚလာ ၁၅၃ သန္း) ခန္႔ရွိသည္။

ယခုအေရာင္းအဝယ္သည္ အိမ္ျခံေျမရင္းႏွီးျမွဳပ္ႏွံမႈတစ္ခုကို ေငြေဖာ္ရန္ ၾကိဳးပမ္းေနေသာ Blackstone အတြက္ ရည္မွန္းခ်က္ အထေျမာက္ေစမည္ ျဖစ္သကဲ့သို႔ အျခားတဖက္တြင္လည္း ဘီလ်ံနာ Kwek Leng Beng ၏ အိမ္ျခံေျမအဓိက ရင္းႏွီးျမွဳပ္ႏွံေသာ အင္ပါယာၾကီး၏ အစိတ္အပိုင္းတစ္ခုျဖစ္သည့္ စကၤာပူကုမၸဏီ CDL အတြက္ ဥေရာပတြင္ ေျခလွမ္းမ်ား တိုးခ်ဲ႕လာႏိုင္ေစမည္ ျဖစ္သည္။

IREIT Global က ပစ္မွတ္ထားေသာ အေဆာက္အအံုမ်ားတြင္ မက္ဒရစ္ျမိဳ႕အေရွ႕ေျမာက္ပိုင္း စီးပြားေရး အခ်က္အျခာေဒသတစ္ခု ျဖစ္ေသာ Manoteros ရွိ ရံုးခန္းအေဆာက္အအံုတြဲတစ္ခုႏွင့္ ဘာစီလိုနာျမိဳ႕ျပင္ရွိ အျခားအေဆာက္အအံု ၂ ခုတို႔ ပါဝင္သည္။

မက္ဒစ္ရစ္ရွိ အေဆာက္အအံုမ်ားျဖစ္ေသာ Delta Nova 4 ႏွင့္ Delta Nova 6 တို႔မွာ ကပ္လ်က္တည္ရွိေသာ အေဆာက္အအံုမ်ား ျဖစ္ျပီး အငွားခ်ထားႏိုင္သည့္ စုစုေပါင္းအက်ယ္အဝန္း ၂၄၉၇၂ စတုရန္းမီတာ (၂၆၈၇၉၆ စတုရန္းေပ) ရွိသည္။

လက္ရွိအားျဖင့္ ရံုးခန္းငွားရမ္းထားရမႈမွာ စုစုေပါင္းအက်ယ္အဝန္း၏ ၉၄ ရာခိုင္ႏႈန္းရွိသည္။ ၂၀၀၅ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ေသာ အေဆာက္အအံုမ်ားျဖစ္ၾကျပီး လြန္ခဲ့ေသာ ၄ ႏွစ္ခန္႔က ျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့သည္။

ဘာစီလိုနာတြင္ရွိေသာ အေဆာက္အအံုတစ္ခုျဖစ္သည့္ IL Lumina သည္ ၁၉၇၀ ျပည့္လြန္ကာလမ်ားက ေဆာက္လုပ္ခဲ့သည့္ အေဆာက္အအံုျဖစ္ျပီး ေနာက္ဆံုးျပဳျပင္မြမ္းမံမႈ ျပဳလုပ္ခဲ့သည္မွာ လြန္ခဲ့ေသာ ၁၅ ႏွစ္က ျဖစ္သည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

 

### Unicode Version ###

စင်္ကာပူကုမ္ပဏီ CDL က တည်ထောင်ထားသော IREIT Global သည် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့အခြေစိုက် Tikehau Capital ကုမ္ပဏီနှင့် ပူးပေါင်းကာ စပိန်နိုင်ငံရှိ ရုံးခန်းအဆောက်အအုံများကို ကမ္ဘာကျော်ကုမ္ပဏီကြီး Blackstone ထံမှ ယူရို ၁၃၈ သန်းဖြင့် ဝယ်ယူခဲ့ကြောင်း စင်္ကာပူစတော့အိတ်ချိန်းသို့ ကြေညာချက်တစ်ရပ်တွင် ဖော်ပြသည်။

ဥရောပဗဟိုပြု အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ IREIT Global သည် Tikehau နှင့် ပူးပေါင်းဝယ်ယူရာတွင် ၄၀း ၆၀ အချိုးဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

Tikehau သည် IREIT Global ကုမ္ပဏီတွင်လည်း ရှယ်ယာ ၁၇ ရာခိုင်နှုန်းခန့် ပိုင်ဆိုင်ထားသည်ဟု ဆိုသည်။

ယင်းကုမ္ပဏီနှစ်ခု ပူးပေါင်းကာ ဘာစီလိုနာနှင့် မက်ဒရစ်မြို့များရှိ ရုံးခန်းအဆောက်အအုံ ၄ ခုကို ဝယ်ယူခဲ့ခြင်းဖြစ်ပြီး တန်ကြေးအားဖြင့် ယူရို ၁၃၈ ဒသမ ၂ သန်း (ကန်ဒေါ်လာ ၁၅၃ သန်း) ခန့်ရှိသည်။

ယခုအရောင်းအဝယ်သည် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုတစ်ခုကို ငွေဖော်ရန် ကြိုးပမ်းနေသော Blackstone အတွက် ရည်မှန်းချက် အထမြောက်စေမည် ဖြစ်သကဲ့သို့ အခြားတဖက်တွင်လည်း ဘီလျံနာ Kwek Leng Beng ၏ အိမ်ခြံမြေအဓိက ရင်းနှီးမြှုပ်နှံသော အင်ပါယာကြီး၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် စင်္ကာပူကုမ္ပဏီ CDL အတွက် ဥရောပတွင် ခြေလှမ်းများ တိုးချဲ့လာနိုင်စေမည် ဖြစ်သည်။

IREIT Global က ပစ်မှတ်ထားသော အဆောက်အအုံများတွင် မက်ဒရစ်မြို့အရှေ့မြောက်ပိုင်း စီးပွားရေး အချက်အခြာဒေသတစ်ခု ဖြစ်သော Manoteros ရှိ ရုံးခန်းအဆောက်အအုံတွဲတစ်ခုနှင့် ဘာစီလိုနာမြို့ပြင်ရှိ အခြားအဆောက်အအုံ ၂ ခုတို့ ပါဝင်သည်။

မက်ဒစ်ရစ်ရှိ အဆောက်အအုံများဖြစ်သော Delta Nova 4 နှင့် Delta Nova 6 တို့မှာ ကပ်လျက်တည်ရှိသော အဆောက်အအုံများ ဖြစ်ပြီး အငှားချထားနိုင်သည့် စုစုပေါင်းအကျယ်အဝန်း ၂၄၉၇၂ စတုရန်းမီတာ (၂၆၈၇၉၆ စတုရန်းပေ) ရှိသည်။

လက်ရှိအားဖြင့် ရုံးခန်းငှားရမ်းထားရမှုမှာ စုစုပေါင်းအကျယ်အဝန်း၏ ၉၄ ရာခိုင်နှုန်းရှိသည်။ ၂၀၀၅ ခုနှစ်တွင် ဆောက်လုပ်ခဲ့သော အဆောက်အအုံများဖြစ်ကြပြီး လွန်ခဲ့သော ၄ နှစ်ခန့်က ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။

ဘာစီလိုနာတွင်ရှိသော အဆောက်အအုံတစ်ခုဖြစ်သည့် IL Lumina သည် ၁၉၇၀ ပြည့်လွန်ကာလများက ဆောက်လုပ်ခဲ့သည့် အဆောက်အအုံဖြစ်ပြီး နောက်ဆုံးပြုပြင်မွမ်းမံမှု ပြုလုပ်ခဲ့သည်မှာ လွန်ခဲ့သော ၁၅ နှစ်က ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service