အဂၤလန္တြင္ ေနအိမ္ကို ျဖိဳဖ်က္ကာ မီးျပတိုက္တစ္လံုးေဆာက္လုပ္ရာ အျပီးသတ္မေဆာက္လုပ္ႏိုင္ခဲ့ဘဲ ေပါင္ ၄ သန္းအေၾကြးတင္ခဲ့ျပီး ဇနီးျဖစ္သူႏွင့္ပါ ကြာရွင္းလိုက္ရ

အဂၤလန္တြင္ ေနအိမ္ကို ျဖိဳဖ်က္ကာ မီးျပတိုက္တစ္လံုးေဆာက္လုပ္ရာ အျပီးသတ္မေဆာက္လုပ္ႏိုင္ခဲ့ဘဲ ေပါင္ ၄ သန္းအေၾကြးတင္ခဲ့ျပီး ဇနီးျဖစ္သူႏွင့္ပါ ကြာရွင္းလိုက္ရ - Property News in Myanmar from iMyanmarHouse.com
5 Dec 2019 1:45 pm တွင် တင်ခဲ့သည်
1089 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

အဂၤလန္ႏိုင္ငံ၊ ဒီဗြန္ခရိုင္တြင္ အသက္ ၅၀ အရြယ္ရွိ အမ်ဳိးသားတစ္ဦးသည္ သူ၏ ေနအိမ္ကို ျဖိဳဖ်က္ကာ မီးျပတိုက္တစ္လံုး ေဆာက္လုပ္ရာအျပီးသတ္မေဆာက္လုပ္ႏိုင္ခဲ့ဘဲ ေပါင္ ၄ သန္းအေၾကြးတင္ခဲ့ျပီး ဇနီးျဖစ္သူႏွင့္ပါ ကြာရွင္းလိုက္ရေၾကာင္း အဂၤလန္အေျခစိုက္ သတင္းမီဒီယာမ်ားတြင္ ေဖာ္ျပသည္။

အက္ဒ္ဝါ့ဒ္ ေရွာ့ႏွင့္ ဇနီးျဖစ္သူ ေဟဇယ္တို႔သည္ အာ့ထ္ဒက္ကိုဗိသုကာဟန္ျဖင့္ မီးျပတိုက္ၾကီးတစ္လံုးေဆာက္လုပ္ရန္ ရည္ရြယ္ခဲ့ေသာ္လည္း အျပီးသတ္ မေဆာက္ႏိုင္ခဲ့ဘဲ လင္မယားကြာရွင္းလိုက္ရသည့္အျပင္ ေပါင္ ၂ သန္းခန္႔ ထပ္မံသံုးစြဲမွသာ မီးျပတိုက္ကို အျပီးသတ္ေဆာက္လုပ္ႏိုင္မည့္အေျခအေနျဖစ္ေနသည္။

အက္ဒ္ဝါ့ဒ္ေရွာ့ႏွင့္ ေဟဇယ္တို႔သည္ ၎တို႔၏ ၁၉၅၀ ျပည့္လြန္ကာလမ်ားက ေဆာက္လုပ္ခဲ့ေသာ စံအိမ္ကို ျဖိဳဖ်က္ကာ အာ့ထ္ဒက္ကို ဗိသုကာဟန္ မီးျပတိုက္အျဖဴေရာင္တစ္လံုးေဆာက္လုပ္ရန္ ၂၀၁၀ ျပည့္ႏွစ္တြင္ စတင္အေကာင္အထည္ေဖာ္ခဲ့ျခင္း ျဖစ္သည္။

ယခုအေဆာက္အအံုၾကီးကို ေဆာက္လုပ္ခဲ့ျခင္းမွာ မိမိ၏ မိသားစုဘဝကို ပ်က္စီးေစခဲ့ေၾကာင္းလည္း အက္ဒ္ဝါ့က ေျပာၾကားသည္။

“ကၽြန္ေတာ္လုပ္ခဲ့တဲ့ အျပစ္ၾကီးတစ္ခုရွိတယ္ဆိုရင္ အဲဒါက မိသားစုကို ထိခိုက္ေစခဲ့မႈပါပဲ” မိမိ၏ မာနက ဇနီးျဖစ္သူ ေဟဇယ္ကို ေျခာက္ျခားဖြယ္ကာလမ်ား ျဖတ္သန္းေစခဲ့ရျပီး ေနာက္ဆံုးတြင္ လမ္းခြဲခဲ့ၾကရေၾကာင္း အက္ဒါဝါ့က ဝန္ခံေျပာၾကားသည္။

ေနအိမ္တည္ရွိရာ ေခ်ာက္ကမ္းပါးစြန္းတြင္ မီးတိုက္တစ္လံုးေဆာက္လုပ္ရန္ အိပ္မက္မက္ခဲ့သည္မွာ ကာလၾကာျမင့္ခဲ့ျပီျဖစ္ျပီး အေကာင္အထည္ေဖာ္သည့္ ကာလတြင္ ရင္ဆိုင္ရသည္မ်ား မ်ားစြာရွိလာသည္ဟု ဆိုသည္။

“ကၽြန္ေတာ့္ရဲ ႔ အိမ္ကို ၾကည့္ျပီး အျမဲေတြးမိတာက ဒီအိမ္ကိုျဖိဳျပီး မီးျပတိုက္ေဆာက္လုိက္ရရင္ သိပ္ေကာင္းမွာပဲလို႔ အျမဲေတြးမိခဲ့တယ္”

“အျဖဴေရာင္ ဖိတ္ဖိတ္လက္ေနျပီး မွန္ေတြအမ်ားၾကီးပါတာမ်ဳိးကို ကၽြန္ေတာ္တို႔ လိုခ်င္ခဲ့တယ္။ ရင္သပ္ရႈေမာစရာလည္း ျဖစ္ေစရမယ္၊ ဆန္းျပားရမယ္”

အက္ဒ္ဝါ့တို႔ ဇနီးေမာင္ႏွံက မီးျပတိုက္ကို ဇိမ္ခံေနအိမ္ၾကီးအျဖစ္ ေဆာက္လုပ္ရန္ ရည္ရြယ္ခဲ့ျပီး ဝန္းဝိုင္းေသာေမွ်ာ္စင္တစ္ခု၊ အလြန္က်ယ္ေျပာေသာ ေရကန္ၾကီးတစ္ခု ပါဝင္ရန္ ေမွ်ာ္မွန္းခဲ့၏။အိပ္ခန္း ၆ ခန္းပါစံအိမ္အတြင္း အိမ္တြင္းရုပ္ရွင္ရံု၊ ေရေႏြးေငြ႔ခန္းမ၊ ေခၽြးထုတ္ခန္းတို႔ ပါဝင္ေစကာ ေျမာက္ဘက္တြင္ ခရုတ္ပင္လယ္ေကြ႔၊ ေတာင္ဘက္ဆီတြင္ ေဆာင္တန္ကမ္းေျခတို႔အထိ ေဝးကြာေသာရႈေမွ်ာ္ခင္းမ်ား ရႈျမင္ႏိုင္ေစရန္ ရည္မွန္းခဲ့ၾကသည္။

ေဆာက္လုပ္မႈကုန္က်စရိတ္ ေပါင္ ၂ ဒသမ ၂ သန္းခန္႔ ကုန္က်မည္ဟု အက္ဒ္ဝါ့တို႔က ခန္႔မွန္းခဲ့ၾကေသာ္လည္း ေနာက္ပိုင္းတြင္ကား အျပီးသတ္ေဆာက္လုပ္ႏိုင္ရန္ မျဖစ္ႏိုင္ေတာ့ေၾကာင္း ထင္ရွားလာသည္။

မီးျပတိုက္ကို ေဆာက္လုပ္ေသာေနရာမွာ ေခ်ာက္ကမ္းပါးထိပ္တြင္ျဖစ္ေသာေၾကာင့္ ေဆာက္လုပ္ေရးအဖြဲ႔အတြက္ အလြန္အႏၱရာယ္ ၾကီးမားလွေၾကာင္း အက္ဒ္ဝါ့က ေနာက္ပိုင္းတြင္ အသိအမွတ္ျပဳလက္ခံလုိက္ရသည္။

“ဒီေနရာဟာ ေဆာက္လုပ္ေရးအဖြဲ႔အတြက္ အႏၱရာယ္ၾကီးမားတဲ့ ေနရာတစ္ခုပါ။ ေဆာက္လုပ္ေရးဝန္ထမ္း အဖြဲ႔အတြက္ သံုးခဲ့ရတဲ့ေငြက ေပါင္တစ္သန္းရဲ ႔ ေလးပံုတစ္ပံုေလာက္ရွိပါတယ္”

မီးျပတိုက္စံအိမ္ကို ေဆာက္လုပ္ရာတြင္ ရႈပ္ေထြးေသာ အင္ဂ်င္နီယာနည္းပညာမ်ား အသံုးျပဳခဲ့ရျပီး အေဆာက္အအံုကို ေထာက္မ ပံ့ပိုးေပးရန္အတြက္ ေက်ာက္စိုင္အတြင္း ေက်ာက္ဆူး ၂၅ ခုျမွဳပ္သြင္းထားရျခင္းမ်ဳိးလည္း ပါဝင္သည္။

၂၀၁၂ ခုႏွစ္ ၊ ေဖေဖာ္ဝါရီလတြင္ကား ဘ႑ာေရးအခက္အခဲၾကံဳလာရမႈေၾကာင့္ မီးျပတိုက္ေဆာက္လုပ္မႈရပ္နားလိုက္ရကာ မီးျပတိုက္အနီးတြင္ ေနအိမ္ငယ္တစ္လံုးသာေဆာက္လုပ္ခဲ့ျပီး မ်က္ဝန္း (the eye) ဟု အမည္ေပးခဲ့သည္။

၂၀၁၆ ခုႏွစ္၊ ေဖေဖာ္ဝါရီလတြင္မူ အက္ဒ္ဝါ့သည္ မီးျပတိုက္ဆက္လက္ေဆာက္လုပ္ႏိုင္ရန္အတြက္ ပုဂၢလိက လုပ္ငန္းရွင္မ်ားထံမွ ေပါင္ ၂ ဒသမ ၅ သန္းေခ်းယူကာ ဆက္လက္ေဆာက္လုပ္ခဲ့ျပန္သည္။

ေငြေၾကးဆိုင္ရာ ဖိအားမ်ားျပားလာမႈေၾကာင့္ ေဟဇယ္မွာ ရတက္မေအးျဖစ္မႈမ်ား ျမင့္တက္လာခဲ့သည္။ေၾကြးျမီမွာ ေပါင္ ၃ သန္းေက်ာ္ရွိေနျပီး အက္ဒ္ဝါ့တို႔က ေတြးခဲ့သည္မွာ မီးျပတိုက္ေဆာက္လုပ္ျပီးစီး၍ ျပန္လည္ေရာင္းခ်ပါက ေပါင္ ၇ သန္းခန္႔ ရရွိဖြယ္ရွိသည္ဟု ေတြးထင္ခဲ့သည္။

သို႔ရာတြင္ ယခုႏွစ္အထိ ေဆာက္လုပ္ျပီးစီးျခင္းမရွိေသးေခ်။

မီးျပတိုက္ေဘးတြင္ ေဆာက္လုပ္ထားေသာ ေနအိမ္ငယ္မွာလည္း မီးျပတိုက္ႏွင့္ နီးကပ္စြာတည္ရွိမႈေၾကာင့္ အႏၱရာယ္မ်ားသည္ဆိုကာ အက္ဒ္ဝါ့ကို အျမဲေနထိုင္ခြင့္မေပးေခ်။

“ဒါက သားရဲတစ္ေကာင္လုိပါပဲ။ ဆာေလာင္မြတ္သိပ္ေနျပီး ကၽြန္ေတာ့္ကို ဝါးျမိဳ စားေသာက္လိုေနတဲ့ သားရဲတစ္ေကာင္လိုပဲ။ ကၽြန္ေတာ့္ရဲ ႔မိသားစုအိမ္ကို ျဖိိဳဖ်က္လိုက္ျပီး ဒါကို ေဆာက္လုပ္ခဲ့တယ္။ ကၽြန္ေတာ္တို႔ရဲ ႔ေငြအားလံုး ဒီထဲမွာ ပံုေအာထားခဲ့တယ္။ ရလဒ္က အိမ္ေထာင္ေရးျပိဳကြဲခဲ့ရတဲ့အျပင္ ေနာက္ဆံုးအဆိုးဆံုးမွာ ေဒဝါလီခံရတာမ်ဳိးလည္း ျဖစ္လာႏိုင္ပါတယ္” ဟု အက္ဒ္ဝါ့က ဆိုသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

အင်္ဂလန်နိုင်ငံ၊ ဒီဗွန်ခရိုင်တွင် အသက် ၅၀ အရွယ်ရှိ အမျိုးသားတစ်ဦးသည် သူ၏ နေအိမ်ကို ဖြိုဖျက်ကာ မီးပြတိုက်တစ်လုံး ဆောက်လုပ်ရာ အပြီးသတ်မဆောက်လုပ်နိုင်ခဲ့ဘဲ ပေါင် ၄ သန်းအကြွေးတင်ခဲ့ပြီး ဇနီးဖြစ်သူနှင့်ပါ ကွာရှင်းလိုက်ရကြောင်း အင်္ဂလန်အခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြသည်။

အက်ဒ်ဝါ့ဒ် ရှော့နှင့် ဇနီးဖြစ်သူ ဟေဇယ်တို့သည် အာ့ထ်ဒက်ကိုဗိသုကာဟန်ဖြင့် မီးပြတိုက်ကြီးတစ်လုံးဆောက်လုပ်ရန် ရည်ရွယ်ခဲ့သော်လည်း အပြီးသတ် မဆောက်နိုင်ခဲ့ဘဲ လင်မယားကွာရှင်းလိုက်ရသည့်အပြင် ပေါင် ၂ သန်းခန့် ထပ်မံသုံးစွဲမှသာ မီးပြတိုက်ကို အပြီးသတ်ဆောက်လုပ်နိုင်မည့် အခြေအနေဖြစ်နေသည်။

အက်ဒ်ဝါ့ဒ်ရှော့နှင့် ဟေဇယ်တို့သည် ၎င်းတို့၏ ၁၉၅၀ ပြည့်လွန်ကာလများက ဆောက်လုပ်ခဲ့သော စံအိမ်ကို ဖြိုဖျက်ကာ အာ့ထ်ဒက်ကို ဗိသုကာဟန် မီးပြတိုက်အဖြူရောင်တစ်လုံးဆောက်လုပ်ရန် ၂၀၁၀ ပြည့်နှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။

ယခုအဆောက်အအုံကြီးကို ဆောက်လုပ်ခဲ့ခြင်းမှာ မိမိ၏ မိသားစုဘဝကို ပျက်စီးစေခဲ့ကြောင်းလည်း အက်ဒ်ဝါ့က ပြောကြားသည်။

“ကျွန်တော်လုပ်ခဲ့တဲ့ အပြစ်ကြီးတစ်ခုရှိတယ်ဆိုရင် အဲဒါက မိသားစုကို ထိခိုက်စေခဲ့မှုပါပဲ” မိမိ၏ မာနက ဇနီးဖြစ်သူ ဟေဇယ်ကို ခြောက်ခြားဖွယ်ကာလများ ဖြတ်သန်းစေခဲ့ရပြီး နောက်ဆုံးတွင် လမ်းခွဲခဲ့ကြရကြောင်း အက်ဒါဝါ့က ဝန်ခံပြောကြားသည်။

နေအိမ်တည်ရှိရာ ချောက်ကမ်းပါးစွန်းတွင် မီးတိုက်တစ်လုံးဆောက်လုပ်ရန် အိပ်မက်မက်ခဲ့သည်မှာ ကာလကြာမြင့်ခဲ့ပြီဖြစ်ပြီး အကောင်အထည်ဖော်သည့် ကာလတွင် ရင်ဆိုင်ရသည်များ များစွာရှိလာသည်ဟု ဆိုသည်။ “ကျွန်တော့်ရဲ့ အိမ်ကို ကြည့်ပြီး အမြဲတွေးမိတာက ဒီအိမ်ကိုဖြိုပြီး မီးပြတိုက်ဆောက်လိုက်ရရင် သိပ်ကောင်းမှာပဲလို့ အမြဲတွေးမိခဲ့တယ်”

“အဖြူရောင် ဖိတ်ဖိတ်လက်နေပြီး မှန်တွေအများကြီးပါတာမျိုးကို ကျွန်တော်တို့ လိုချင်ခဲ့တယ်။ ရင်သပ်ရှုမောစရာလည်း ဖြစ်စေရမယ်၊ ဆန်းပြားရမယ်”

အက်ဒ်ဝါ့တို့ ဇနီးမောင်နှံက မီးပြတိုက်ကို ဇိမ်ခံနေအိမ်ကြီးအဖြစ် ဆောက်လုပ်ရန် ရည်ရွယ်ခဲ့ပြီး ဝန်းဝိုင်းသောမျှော်စင်တစ်ခု၊ အလွန်ကျယ်ပြောသော ရေကန်ကြီးတစ်ခု ပါဝင်ရန် မျှော်မှန်းခဲ့၏။ အိပ်ခန်း ၆ ခန်းပါစံအိမ်အတွင်း အိမ်တွင်းရုပ်ရှင်ရုံ၊ ရေနွေးငွေ့ခန်းမ၊ ချွေးထုတ်ခန်းတို့ ပါဝင်စေကာ မြောက်ဘက်တွင် ခရုတ်ပင်လယ်ကွေ့၊ တောင်ဘက်ဆီတွင် ဆောင်တန်ကမ်းခြေတို့အထိ ဝေးကွာသောရှုမျှော်ခင်းများ ရှုမြင်နိုင်စေရန် ရည်မှန်းခဲ့ကြသည်။

ဆောက်လုပ်မှုကုန်ကျစရိတ် ပေါင် ၂ ဒသမ ၂ သန်းခန့် ကုန်ကျမည်ဟု အက်ဒ်ဝါ့တို့က ခန့်မှန်းခဲ့ကြသော်လည်း နောက်ပိုင်းတွင်ကား အပြီးသတ်ဆောက်လုပ်နိုင်ရန် မဖြစ်နိုင်တော့ကြောင်း ထင်ရှားလာသည်။

မီးပြတိုက်ကို ဆောက်လုပ်သောနေရာမှာ ချောက်ကမ်းပါးထိပ်တွင်ဖြစ်သောကြောင့် ဆောက်လုပ်ရေးအဖွဲ့အတွက် အလွန်အန္တရာယ် ကြီးမားလှကြောင်း အက်ဒ်ဝါ့က နောက်ပိုင်းတွင် အသိအမှတ်ပြုလက်ခံလိုက်ရသည်။

“ဒီနေရာဟာ ဆောက်လုပ်ရေးအဖွဲ့အတွက် အန္တရာယ်ကြီးမားတဲ့ နေရာတစ်ခုပါ။ ဆောက်လုပ်ရေးဝန်ထမ်း အဖွဲ့အတွက် သုံးခဲ့ရတဲ့ငွေက ပေါင်တစ်သန်းရဲ့ လေးပုံတစ်ပုံလောက်ရှိပါတယ်”

မီးပြတိုက်စံအိမ်ကို ဆောက်လုပ်ရာတွင် ရှုပ်ထွေးသော အင်ဂျင်နီယာနည်းပညာများ အသုံးပြုခဲ့ရပြီး အဆောက်အအုံကို ထောက်မ ပံ့ပိုးပေးရန်အတွက် ကျောက်စိုင်အတွင်း ကျောက်ဆူး ၂၅ ခုမြှုပ်သွင်းထားရခြင်းမျိုးလည်း ပါဝင်သည်။

၂၀၁၂ ခုနှစ် ၊ ဖေဖော်ဝါရီလတွင်ကား ဘဏ္ဍာရေးအခက်အခဲကြုံလာရမှုကြောင့် မီးပြတိုက်ဆောက်လုပ်မှုရပ်နားလိုက်ရကာ မီးပြတိုက်အနီးတွင် နေအိမ်ငယ်တစ်လုံးသာဆောက်လုပ်ခဲ့ပြီး မျက်ဝန်း (the eye) ဟု အမည်ပေးခဲ့သည်။

၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလတွင်မူ အက်ဒ်ဝါ့သည် မီးပြတိုက်ဆက်လက်ဆောက်လုပ်နိုင်ရန်အတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များထံမှ ပေါင် ၂ ဒသမ ၅ သန်းချေးယူကာ ဆက်လက်ဆောက်လုပ်ခဲ့ပြန်သည်။

ငွေကြေးဆိုင်ရာ ဖိအားများပြားလာမှုကြောင့် ဟေဇယ်မှာ ရတက်မအေးဖြစ်မှုများ မြင့်တက်လာခဲ့သည်။ ကြွေးမြီမှာ ပေါင် ၃ သန်းကျော်ရှိနေပြီး အက်ဒ်ဝါ့တို့က တွေးခဲ့သည်မှာ မီးပြတိုက်ဆောက်လုပ်ပြီးစီး၍ ပြန်လည်ရောင်းချပါက ပေါင် ၇ သန်းခန့် ရရှိဖွယ်ရှိသည်ဟု တွေးထင်ခဲ့သည်။

သို့ရာတွင် ယခုနှစ်အထိ ဆောက်လုပ်ပြီးစီးခြင်းမရှိသေးချေ။

မီးပြတိုက်ဘေးတွင် ဆောက်လုပ်ထားသော နေအိမ်ငယ်မှာလည်း မီးပြတိုက်နှင့် နီးကပ်စွာတည်ရှိမှုကြောင့် အန္တရာယ်များသည်ဆိုကာ အက်ဒ်ဝါ့ကို အမြဲနေထိုင်ခွင့်မပေးချေ။

“ဒါက သားရဲတစ်ကောင်လိုပါပဲ။ ဆာလောင်မွတ်သိပ်နေပြီး ကျွန်တော့်ကို ဝါးမြို စားသောက်လိုနေတဲ့ သားရဲတစ်ကောင်လိုပဲ။ ကျွန်တော့်ရဲ့မိသားစုအိမ်ကို ဖြိုဖျက်လိုက်ပြီး ဒါကို ဆောက်လုပ်ခဲ့တယ်။ ကျွန်တော်တို့ရဲ့ငွေအားလုံး ဒီထဲမှာ ပုံအောထားခဲ့တယ်။ ရလဒ်က အိမ်ထောင်ရေးပြိုကွဲခဲ့ရတဲ့အပြင် နောက်ဆုံးအဆိုးဆုံးမှာ ဒေဝါလီခံရတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်” ဟု အက်ဒ်ဝါ့က ဆိုသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
thukha-garden-residence
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service