စကၤာပူကြန္ဒိုေဈးႏႈန္းျမင့္တက္မႈအဟုန္ ၂၀၂၀ တတိယသံုးလပတ္အထိၾကာျမင့္ႏိုင္

စကၤာပူကြန္ဒိုေဈးႏႈန္းျမင့္တက္မႈအဟုန္ ၂၀၂၀ တတိယသံုးလပတ္အထိၾကာျမင့္ႏိုင္ - Property News in Myanmar from iMyanmarHouse.com
5 Dec 2019 12:48 pm တွင် တင်ခဲ့သည်
917 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ### ေရာင္းသူမ်ားႏွင့္ developer (ေျမယာဝယ္ယူ၍ အေဆာက္အအံုေရာင္းခ်သည့္ကုမၸဏီ) မ်ားအတြက္ သတင္းေကာင္းျဖစ္သည္။ ကြန္ဒိုေဈးႏႈန္းမ်ားအပါအဝင္ စကၤာပူလူေနအိမ္ၿခံေျမေဈးႏႈန္းမ်ားျမင့္တက္မႈသည္ ၂၀၂၀ ျပည့္ႏွစ္ တတိယသံုးလပတ္အထိ ၾကာျမင့္မည္ဟု ခန္႔မွန္းရေၾကာင္း Savills Research သုေတသနကုမၸဏီ၏ သုေတသနသစ္တစ္ရပ္က ေဖာ္ျပခဲ့သည္။

စကၤာပူၿမိဳ႕ေတာ္စည္ပင္သာယာေရးအာဏာပိုင္အဖြဲ႕ URA ၏ အခ်က္အလက္မ်ားအရဆိုရေသာ္ ပုဂၢလိကအိမ္ေဈးမ်ားသည္ ၂၀၁၉ ဒုတိယသံုးလပတ္တြင္ ၂ ဒသမ ၀ ရာခိုင္ႏႈန္း ျမင့္တက္ၿပီးေနာက္ တတိယသံုးလပတ္တြင္ ၁ ဒသမ ၃ ရာခိုင္ႏႈန္း ဆက္လက္ျမင့္တက္ခဲ့သည္။ အဓိကအားျဖင့္ ၎ျမင့္တက္မႈသည္ ဝယ္လက္မ်ားက လက္ရွိအိမ္ၿခံေျမမ်ားကိုအနစ္နာခံျပန္လည္ေရာင္းခ်ကာ စီမံကိန္းသစ္မ်ားသို႔ဦးတည္လာျခင္းေၾကာင့္ ျဖစ္သည္ဟု စကၤာပူထိပ္တန္းအိမ္ၿခံေျမဝက္ဘ္ဆိုက္ PropertyGuru ၏ ယခုေနာက္ဆံုးထုတ္ျပန္ထားေသာ သံုးလပတ္အလိုက္အစီရင္ခံစာအရ သိရသည္။

မည္သို႔ပင္ျဖစ္ေစ ေဈးႏႈန္းျမင့္တက္မႈအဟုန္ကို တန္႔ေစႏို္င္သည့္ အခ်ဳိ႕အခ်က္မ်ားကိုလည္း Savills ၏ သုေတသနအစီရင္ခံစာက မွတ္ခ်က္ျပဳခဲ့သည္။ “ ကၽြႏု္ပ္တို႔၏ ေလ့လာမႈမ်ားက ေဈးႏႈန္းျမင့္တက္မႈသည္ သံုးလပတ္ ၈ ဒသမ ၇ ခုအထိ ၾကာျမင့္ႏုိင္သည္ဟု ျပသေနေသာ္လည္း လူမႈေရးႏွင့္ႏုိင္ငံေရးတင္းမာမႈမ်ားေၾကာင့္ျဖစ္ေသာ ကမာၻ႕ေလဆန္မ်ားေၾကာင့္ သံုးလပတ္ ၆ ခုသို႔ ေလွ်ာ့တြက္ရမည္ျဖစ္သည္” ဟု အစီရင္ခံစာတြင္ ေရးသားထားသည္။

ေဈးႏႈန္းျမင့္တက္မႈမ်ားရွိေသာ္လည္း အစိုးရ၏ဝင္ေရာက္စြက္ဖက္မႈေၾကာင့္ လက္ရွိပုဂၢလိလူေနအိမ္ၿခံေျမေဈးကြက္သည္ တည္ၿငိမ္မည္ျဖစ္သည္ဟုလည္း Savills က ခန္႔မွန္းခဲ့သည္။

Savills ၏ သုေတသနအစီရင္ခံစာက အေတာ္အတန္ႀကီးမားေသာ ပုဂၢလိကဝယ္လက္အုပ္စုတစ္ခုသည္ သူတို႔၏ေငြေၾကးမ်ားကို အခန္းငယ္မ်ားသို႔ ရင္းႏွီးျမႇဳပ္ႏွံခဲ့ၾကေၾကာင္း၊ ၂၀၁၉ ခုႏွစ္ ပထမကိုးလတာအတြင္း ေရာင္းခ်ခဲ့ရေသာ အိမ္ခန္းသစ္မ်ား၏ ၃၄ ဒသမ ၈ ရာခုိင္ႏႈန္းသည္ ၆၀၀ စတုရန္းေပမွ ၈၀၀ စတုရန္းေပအၾကား ရွိၿပီး ၂၇ ဒသမ ၆ ရာခိုင္ႏႈန္းသည္ ၄၀၀ စတုရန္းေပမွ ၆၀၀ စတုရန္းေပအၾကား ရွိေၾကာင္းလည္း မွတ္ခ်က္ျပဳခဲ့သည္။

“ ဝယ္လက္ေတြဟာ ေငြေၾကးအကန္႔အသတ္ေၾကာင့္ အခန္းက်ဥ္းေတြကို ဝယ္ယူၾကတာကို ကၽြန္ေတာ္တို႔ ေတြ႕ရပါတယ္။ အဲ့ဒီဘတ္ဂ်က္အကန္႔အသတ္ကပဲ သူတို႔ေတြဟာ ျပန္လည္ေရာင္းခ်တဲ့အိမ္ၿခံေျမေတြထက္ ၾကမ္းခင္းဧရိယာပိုက်ဥ္းလို႔ ေဈးႏႈန္းလည္းအေတာ္အတန္နိမ့္ၿပီး ပိုမိုအဆင္ေျပေကာင္းမြန္တဲ့ေငြေပးေခ်မႈပံုစံေတြရွိတဲ့ အိမ္ၿခံေျမသစ္ေတြကို လိုလားၾကရျခင္းအေၾကာင္းအရင္းလည္း ျဖစ္ပါတယ္။ ” ဟု PropertyGuru ၏ ႏုိင္ငံအဆင့္မန္ေနဂ်ာ Tan Tee Khoon ကလည္း ေျပာၾကားခဲ့ေၾကာင္း သိရသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

 

### Unicode Version ###

ရောင်းသူများနှင့် developer (မြေယာဝယ်ယူ၍ အဆောက်အအုံရောင်းချသည့်ကုမ္ပဏီ) များအတွက် သတင်းကောင်းဖြစ်သည်။ ကွန်ဒိုဈေးနှုန်းများအပါအဝင် စင်္ကာပူလူနေအိမ်ခြံမြေဈေးနှုန်းများမြင့်တက်မှုသည် ၂၀၂၀ ပြည့်နှစ် တတိယသုံးလပတ်အထိ ကြာမြင့်မည်ဟု ခန့်မှန်းရကြောင်း Savills Research သုတေသနကုမ္ပဏီ၏ သုတေသနသစ်တစ်ရပ်က ဖော်ပြခဲ့သည်။

စင်္ကာပူမြို့တော်စည်ပင်သာယာရေးအာဏာပိုင်အဖွဲ့ URA ၏ အချက်အလက်များအရဆိုရသော် ပုဂ္ဂလိကအိမ်ဈေးများသည် ၂၀၁၉ ဒုတိယသုံးလပတ်တွင် ၂ ဒသမ ၀ ရာခိုင်နှုန်း မြင့်တက်ပြီးနောက် တတိယသုံးလပတ်တွင် ၁ ဒသမ ၃ ရာခိုင်နှုန်း ဆက်လက်မြင့်တက်ခဲ့သည်။ အဓိကအားဖြင့် ၎င်းမြင့်တက်မှုသည် ဝယ်လက်များက လက်ရှိအိမ်ခြံမြေများကိုအနစ်နာခံပြန်လည်ရောင်းချကာ စီမံကိန်းသစ်များသို့ဦးတည်လာခြင်းကြောင့် ဖြစ်သည်ဟု စင်္ကာပူထိပ်တန်းအိမ်ခြံမြေဝက်ဘ်ဆိုက် PropertyGuru ၏ ယခုနောက်ဆုံးထုတ်ပြန်ထားသော သုံးလပတ်အလိုက်အစီရင်ခံစာအရ သိရသည်။

မည်သို့ပင်ဖြစ်စေ ဈေးနှုန်းမြင့်တက်မှုအဟုန်ကို တန့်စေနိုင်သည့် အချို့အချက်များကိုလည်း Savills ၏ သုတေသနအစီရင်ခံစာက မှတ်ချက်ပြုခဲ့သည်။ “ ကျွနု်ပ်တို့၏ လေ့လာမှုများက ဈေးနှုန်းမြင့်တက်မှုသည် သုံးလပတ် ၈ ဒသမ ၇ ခုအထိ ကြာမြင့်နိုင်သည်ဟု ပြသနေသော်လည်း လူမှုရေးနှင့်နိုင်ငံရေးတင်းမာမှုများကြောင့်ဖြစ်သော ကမ္ဘာ့လေဆန်များကြောင့် သုံးလပတ် ၆ ခုသို့ လျှော့တွက်ရမည်ဖြစ်သည်” ဟု အစီရင်ခံစာတွင် ရေးသားထားသည်။

ဈေးနှုန်းမြင့်တက်မှုများရှိသော်လည်း အစိုးရ၏ဝင်ရောက်စွက်ဖက်မှုကြောင့် လက်ရှိပုဂ္ဂလိလူနေအိမ်ခြံမြေဈေးကွက်သည် တည်ငြိမ်မည်ဖြစ်သည်ဟုလည်း Savills က ခန့်မှန်းခဲ့သည်။

Savills ၏ သုတေသနအစီရင်ခံစာက အတော်အတန်ကြီးမားသော ပုဂ္ဂလိကဝယ်လက်အုပ်စုတစ်ခုသည် သူတို့၏ငွေကြေးများကို အခန်းငယ်များသို့ ရင်းနှီးမြှုပ်နှံခဲ့ကြကြောင်း၊ ၂၀၁၉ ခုနှစ် ပထမကိုးလတာအတွင်း ရောင်းချခဲ့ရသော အိမ်ခန်းသစ်များ၏ ၃၄ ဒသမ ၈ ရာခိုင်နှုန်းသည် ၆၀၀ စတုရန်းပေမှ ၈၀၀ စတုရန်းပေအကြား ရှိပြီး ၂၇ ဒသမ ၆ ရာခိုင်နှုန်းသည် ၄၀၀ စတုရန်းပေမှ ၆၀၀ စတုရန်းပေအကြား ရှိကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။

“ ဝယ်လက်တွေဟာ ငွေကြေးအကန့်အသတ်ကြောင့် အခန်းကျဉ်းတွေကို ဝယ်ယူကြတာကို ကျွန်တော်တို့ တွေ့ရပါတယ်။ အဲ့ဒီဘတ်ဂျက်အကန့်အသတ်ကပဲ သူတို့တွေဟာ ပြန်လည်ရောင်းချတဲ့အိမ်ခြံမြေတွေထက် ကြမ်းခင်းဧရိယာပိုကျဉ်းလို့ ဈေးနှုန်းလည်းအတော်အတန်နိမ့်ပြီး ပိုမိုအဆင်ပြေကောင်းမွန်တဲ့ငွေပေးချေမှုပုံစံတွေရှိတဲ့ အိမ်ခြံမြေသစ်တွေကို လိုလားကြရခြင်းအကြောင်းအရင်းလည်း ဖြစ်ပါတယ်။ ” ဟု PropertyGuru ၏ နိုင်ငံအဆင့်မန်နေဂျာ Tan Tee Khoon ကလည်း ပြောကြားခဲ့ကြောင်း သိရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service