ကမၻာေက်ာ္ ဖက္ရွင္ဒီဇိုင္းကုမၸဏီၾကီး Dolce & Gabbana ကို တည္ေထာင္သူ ဒိုမီနီကို ဒို႔ခ်္ႏွင့္ စတက္ဖားႏိုတို႔ စံုတြဲက အီတလီႏိုင္ငံ၊ စစၥလီကၽြန္းရွိ ပင္လယ္ကမ္းေျခအပန္းေျဖစံအိမ္ၾကီးကို ေပါင္ ၆ သန္းနီးပါးျဖင့္ အေရာင္းေစ်းကြက္တင္

ကမၻာေက်ာ္ ဖက္ရွင္ဒီဇိုင္းကုမၸဏီၾကီး Dolce & Gabbana ကို တည္ေထာင္သူ ဒိုမီနီကို ဒို႔ခ်္ႏွင့္ စတက္ဖားႏိုတို႔ စံုတြဲက အီတလီႏိုင္ငံ၊ စစၥလီကၽြန္းရွိ ပင္လယ္ကမ္းေျခအပန္းေျဖစံအိမ္ၾကီးကို ေပါင္ ၆ သန္းနီးပါးျဖင့္ အေရာင္းေစ်းကြက္တင္ - Property News in Myanmar from iMyanmarHouse.com
20 Nov 2019 12:11 pm တွင် တင်ခဲ့သည်
989 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ကမၻာေက်ာ္ ဖက္ရွင္ဒီဇိုင္းကုမၸဏီၾကီး Dolce & Gabbana ကို တည္ေထာင္သူ ဒိုမီနီကို ဒို႔ခ်္ႏွင့္ စတက္ဖားႏို ဂဘားနာ တို႔ စံုတြဲသည္ အီတလီႏိုင္ငံ၊ စစၥလီကၽြန္းရွိ ပင္လယ္ကမ္းေျခအပန္းေျဖစံအိမ္ၾကီးကို ေပါင္ ၆ သန္းနီးပါးျဖင့္ အေရာင္းေစ်းကြက္တင္လာေၾကာင္း အဂၤလန္အေျခစိုက္ သတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။

ဒိုမီနီကိုႏွင့္ စတက္ဖားႏိုတို႔သည္ စစၥလီကၽြန္းစုမွ စထရိုမိုလီကၽြန္းေပၚတါင္ တည္ရွိေသာ ဇိမ္ခံစံအိမ္ၾကီးကို ေပါင္ ၅ ဒသမ ၈ သန္းျဖင့္ Lionard အိမ္ျခံေျမကုမၸဏီမွတဆင့္ အေရာင္းေစ်းကြက္တင္လာျခင္း ျဖစ္သည္။

အကယ္၍ သင္သည္သာယာလွပေသာ ပင္လယ္ကမ္းေျခရႈခင္းမ်ားႏွင့္ ေႏြးေထြးေသာ ရာသီဥတုတို႔ကို ႏွစ္သက္သူဆိုပါက စထရိုမိုလီကၽြန္းသည္ အလြန္သင့္ေလ်ာ္သည့္ေနရာတစ္ခု ျဖစ္သည္။

စံအိမ္ၾကီးမွာ သမုဒၵရာကို စီးမိုးရႈျမင္ရသည့္ ေခ်ာက္ကမ္းပါးစြန္းတစ္ခုတြင္ တည္ရွိသည္။

အကယ္၍ ပင္လယ္ရႈေမွ်ာ္ခင္းမ်ားကို ျငီးေငြ႔လာျပီး အျခားရႈေမွ်ာ္ခင္းမ်ား ၾကည့္ရႈလိုပါကလည္း ကၽြန္းေပၚတြင္ လွည့္လည္ၾကည့္ရႈႏိုင္ေသးျပီး အနီးရွိ အသက္ဝင္ေနေသာ အီဒူးမီးေတာင္ကို သြားေရာက္ၾကည့္ရႈႏိုင္ေသးသည္။

အဆိုပါကၽြန္းသို႔ ကမၻာေက်ာ္ အေက်ာ္အေမာ္မ်ားစြာလာေရာက္လည္ပတ္ခဲ့ၾကဖူးသည္။

ဒိုမီနီကိုႏွင့္ စတက္ဖားႏိုတို႔သည္ အဆိုပါစံအိမ္ကို ၁၉၉၀ ျပည့္လြန္ကာလမ်ားကတည္းက ပိုင္ဆိုင္ခဲ့ျခင္ျဖစ္ျပီး ေႏြရာသီမ်ားတြင္ ဤစံအိမ္ၾကီးတြင္ အျမဲလာေရာက္ေနထုိင္ေလ့ရွိကာ ၎တို႔၏ အေက်ာ္အေမာ္ မိတ္ေဆြမ်ားကို ပါတီပြဲမ်ားျဖင့္ ဧည့္ခံေလ့ရွိခဲ့သည္။

ယင္းသို႔ ဧည့္ခံခဲ့သည့္ ထိပ္တန္းအေက်ာ္အေမာ္မ်ားတြင္ နာအိုမီ ကင့္ပ္ဘဲလ္၊ အင္မလီယာ ကလာ့ခ္ႏွင့္ မက္ေဒါနားတို႔လည္း ပါဝင္သည္။

ဝန္းက်င္ရႈခင္းမ်ားမွာ အလြန္သာယာလွပရံုသာမက စံအိမ္ၾကီးမွာလည္း ခမ္းနားလွပလွသည္။

အတြင္းပိုင္းတြင္ မည္သည့္ေနရာတြင္မွ မေတြ႔ရေသာ ထူးျခားသည့္ပစၥည္းမ်ား ၊ Dolce & Gabbana ကုမၸဏီထုတ္ အထည္အလိပ္မ်ား၊ ေဒသတြင္း အႏုပညာရွင္တို႔၏ လက္ရာမ်ားကို ေတြ႔ရမည္ ျဖစ္သည္။

ပိုင္ရွင္သစ္ျဖစ္လာမည့္သူတို႔သည္ ယခုစံအိမ္ၾကီးကို ျပန္လည္မြမ္းမံျခင္းမျပဳဘဲ မူလအတုိင္းထားရွိ ေနထိုင္မည္ဆိုပါက အေရာင္အေသြး စံုလင္လွေသာ ကမၻာတစ္ခုသို႔ ေရာက္ရွိသြားမည္ ျဖစ္သည္။

စိမ္းလြင့္လြင့္ အိပ္ခန္း တစ္ခန္း၊ ဝမ္းဘဲေရာင္ ဧည့္ခန္း၊ လွပေသာ mosaic လက္ရာနံရံတစ္ခု အစရွိသည္တို႔ကို ေတြ႔ရမည္ ျဖစ္သည္။

အခန္းတိုင္းတြင္ ဒိုမီနီကိုႏွင့္ စတက္ဖားႏိုတို႔ ေရြးခ်ယ္ခဲ့ေသာ ကိုယ္ပိုင္ အေရာင္ theme မ်ားရွိၾကသည္။

နံရံႏွင့္ ၾကမ္းျပင္မ်ားတြင္ စပိန္ေၾကြထည္လက္ရာမ်ား ျမွဳပ္သြင္းကာ မြမ္းမံျခယ္လွယ္ထားသည္။

စံအိမ္အတြင္း အိပ္ခနး္ ၇ ခန္း၊ ေရခ်ဳိးခန္း ၉ ခန္းပါဝင္ကာ ေနအိမ္ျပင္ပတြင္လည္း စကားစျမည္ ေျပာဆိုရန္ အလြန္ေကာင္းမြန္သည့္ ဆိတ္ျငိမ္ေသာ ေနရာေလးမ်ား ပါဝင္သည္။ ကၽြန္းေပၚတြင္ ရဟတ္ယာဥ္ကြင္းတစ္ခုလည္း ပါဝင္ရာ ေလေၾကာင္းမွလာမည့္ ဧည့္သည္မ်ားအတြက္ အဆင္ေျပေစမည္ ျဖစ္သည္။

ဒိုမီနီကိုႏွင့္ စတက္ဖားႏိုတို႔သည္ ယခုစံအိမ္ကို ႏွစ္ေပါင္းမ်ားစြာ ပိုင္ဆိုင္ခဲ့ျပီး အဘယ္ေၾကာင့္ ေရာင္းထုတ္လာသည္ကိုမူ မသိရေခ်။

ဒိုမီနီကိုႏွင့္ စတက္ဖားႏိုတို႔သည္ ၎တို႔၏ အခ်စ္ေရးကို ၂၀၀၅ ခုႏွစ္တြင္ အဆံုးသတ္ခဲ့ေသာ္လည္း ဆက္လက္ လက္တြဲကာ အလုပ္လုပ္ကိုင္လ်က္ရွိသည့္နည္းတူ စံအိမ္မ်ားစြာကိုလည္း ပူးတြဲပိုင္ဆိုင္ထားရာ ယခုစံအိမ္ၾကီးလည္း ပါဝင္သည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

ကမ္ဘာကျော် ဖက်ရှင်ဒီဇိုင်းကုမ္ပဏီကြီး Dolce & Gabbana ကို တည်ထောင်သူ ဒိုမီနီကို ဒို့ချ်နှင့် စတက်ဖားနို ဂဘားနာ တို့ စုံတွဲသည် အီတလီနိုင်ငံ၊ စစ္စလီကျွန်းရှိ ပင်လယ်ကမ်းခြေအပန်းဖြေစံအိမ်ကြီးကို ပေါင် ၆ သန်းနီးပါးဖြင့် အရောင်းဈေးကွက်တင်လာ ကြောင်း အင်္ဂလန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဒိုမီနီကိုနှင့် စတက်ဖားနိုတို့သည် စစ္စလီကျွန်းစုမှ စထရိုမိုလီကျွန်းပေါ်တါင် တည်ရှိသော ဇိမ်ခံစံအိမ်ကြီးကို ပေါင် ၅ ဒသမ ၈ သန်းဖြင့် Lionard အိမ်ခြံမြေကုမ္ပဏီမှတဆင့် အရောင်းဈေးကွက်တင်လာခြင်း ဖြစ်သည်။

အကယ်၍ သင်သည် သာယာလှပသော ပင်လယ်ကမ်းခြေရှုခင်းများနှင့် နွေးထွေးသော ရာသီဥတုတို့ကို နှစ်သက်သူဆိုပါက စထရိုမိုလီကျွန်းသည် အလွန်သင့်လျော်သည့်နေရာတစ်ခု ဖြစ်သည်။

စံအိမ်ကြီးမှာ သမုဒ္ဒရာကို စီးမိုးရှုမြင်ရသည့် ချောက်ကမ်းပါးစွန်းတစ်ခုတွင် တည်ရှိသည်။

အကယ်၍ ပင်လယ်ရှုမျှော်ခင်းများကို ငြီးငွေ့လာပြီး အခြားရှုမျှော်ခင်းများ ကြည့်ရှုလိုပါကလည်း ကျွန်းပေါ်တွင် လှည့်လည်ကြည့်ရှုနိုင်သေးပြီး အနီးရှိ အသက်ဝင်နေသော အီဒူးမီးတောင်ကို သွားရောက်ကြည့်ရှုနိုင်သေးသည်။

အဆိုပါကျွန်းသို့ ကမ္ဘာကျော် အကျော်အမော်များစွာ လာရောက်လည်ပတ်ခဲ့ကြဖူးသည်။

ဒိုမီနီကိုနှင့် စတက်ဖားနိုတို့သည် အဆိုပါစံအိမ်ကို ၁၉၉၀ ပြည့်လွန်ကာလများကတည်းက ပိုင်ဆိုင်ခဲ့ခြင်ဖြစ်ပြီး နွေရာသီများတွင် ဤစံအိမ်ကြီးတွင် အမြဲလာရောက်နေထိုင်လေ့ရှိကာ ၎င်းတို့၏ အကျော်အမော် မိတ်ဆွေများကို ပါတီပွဲများဖြင့် ဧည့်ခံလေ့ရှိခဲ့သည်။

ယင်းသို့ ဧည့်ခံခဲ့သည့် ထိပ်တန်းအကျော်အမော်များတွင် နာအိုမီ ကင့်ပ်ဘဲလ်၊ အင်မလီယာ ကလာ့ခ်နှင့် မက်ဒေါနားတို့လည်း ပါဝင်သည်။

ဝန်းကျင်ရှုခင်းများမှာ အလွန်သာယာလှပရုံသာမက စံအိမ်ကြီးမှာလည်း ခမ်းနားလှပလှသည်။

အတွင်းပိုင်းတွင် မည်သည့်နေရာတွင်မှ မတွေ့ရသော ထူးခြားသည့်ပစ္စည်းများ ၊ Dolce & Gabbana ကုမ္ပဏီထုတ် အထည်အလိပ်များ၊ ဒေသတွင်း အနုပညာရှင်တို့၏ လက်ရာများကို တွေ့ရမည် ဖြစ်သည်။

ပိုင်ရှင်သစ်ဖြစ်လာမည့်သူတို့သည် ယခုစံအိမ်ကြီးကို ပြန်လည်မွမ်းမံခြင်းမပြုဘဲ မူလအတိုင်းထားရှိ နေထိုင်မည်ဆိုပါက အရောင်အသွေး စုံလင်လှသော ကမ္ဘာတစ်ခုသို့ ရောက်ရှိသွားမည် ဖြစ်သည်။

စိမ်းလွင့်လွင့် အိပ်ခန်း တစ်ခန်း၊ ဝမ်းဘဲရောင် ဧည့်ခန်း၊ လှပသော mosaic လက်ရာနံရံတစ်ခု အစရှိသည်တို့ကို တွေ့ရမည် ဖြစ်သည်။

အခန်းတိုင်းတွင် ဒိုမီနီကိုနှင့် စတက်ဖားနိုတို့ ရွေးချယ်ခဲ့သော ကိုယ်ပိုင် အရောင် theme များရှိကြသည်။

နံရံနှင့် ကြမ်းပြင်များတွင် စပိန်ကြွေထည်လက်ရာများ မြှုပ်သွင်းကာ မွမ်းမံခြယ်လှယ်ထားသည်။

စံအိမ်အတွင်း အိပ်ခန်း ၇ ခန်း၊ ရေချိုးခန်း ၉ ခန်းပါဝင်ကာ နေအိမ်ပြင်ပတွင်လည်း စကားစမြည် ပြောဆိုရန် အလွန်ကောင်းမွန်သည့် ဆိတ်ငြိမ်သော နေရာလေးများ ပါဝင်သည်။ ကျွန်းပေါ်တွင် ရဟတ်ယာဉ်ကွင်းတစ်ခုလည်း ပါဝင်ရာ လေကြောင်းမှလာမည့် ဧည့်သည်များအတွက် အဆင်ပြေစေမည် ဖြစ်သည်။

ဒိုမီနီကိုနှင့် စတက်ဖားနိုတို့သည် ယခုစံအိမ်ကို နှစ်ပေါင်းများစွာ ပိုင်ဆိုင်ခဲ့ပြီး အဘယ်ကြောင့် ရောင်းထုတ်လာသည်ကိုမူ မသိရချေ။

ဒိုမီနီကိုနှင့် စတက်ဖားနိုတို့သည် ၎င်းတို့၏ အချစ်ရေးကို ၂၀၀၅ ခုနှစ်တွင် အဆုံးသတ်ခဲ့သော်လည်း ဆက်လက် လက်တွဲကာ အလုပ်လုပ်ကိုင်လျက်ရှိသည့်နည်းတူ စံအိမ်များစွာကိုလည်း ပူးတွဲပိုင်ဆိုင်ထားရာ ယခုစံအိမ်ကြီးလည်း ပါဝင်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...
အသက် ၁၂ နှစ်အရွယ်တွင် အိမ်တစ်လုံး စဝယ်နိုင်ခဲ့သော စင်္ကာပူ၏ အသက်အငယ်ဆုံး ဘီလျံနာတစ်ဦး အကြောင်း...
အသက် ၁၂ နှစ်အရွယ်တွင် အိမ်တစ်လုံး စဝယ်နိုင်ခဲ့သော စင်္ကာပူ၏ အသက်အငယ်ဆုံး ဘီလျံနာတစ်ဦး အကြောင်း...
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါင်းသယ်သော ကားနံပါတ်ကို ထီထိုးကြရာ ထိုင်းနိုင်ငံသားများစွာ ကံထူးခဲ့ကြ...
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါင်းသယ်သော ကားနံပါတ်ကို ထီထိုးကြရာ ထိုင်းနိုင်ငံသားများစွာ ကံထူးခဲ့ကြ...
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်လံစားသောက်နေပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်လံစားသောက်နေပုံ နာမည်ကြီးနေ...
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက်ရိုက်ပျံ့နှံ့နေ...
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက်ရိုက်ပျံ့နှံ့နေ...
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ အွန်လိုင်းမှ ရောင်းချရာ နာရီဝက်အတွင်း ဒေါ်လာ ၃ သန်းဖိုး ရောင်းရမှု ပြည်မကြီးတွင် နာမည်ကြီးနေ...

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒေါ်လာ ၂၈၃ သန်းဖြင့် ဝယ်ယူ...
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒေါ်လာ ၂၈၃ သန်းဖြင့် ဝယ်ယူ...
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူများအတွက် ကိုယ်စားတန်းစီပေးသည့် ကုမ္ပဏီတစ်ခု တည်ထောင်လာနိုင်ပုံ...
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူများအတွက် ကိုယ်စားတန်းစီပေးသည့် ကုမ္ပဏီတစ်ခု တည်ထောင်လာနိုင်ပုံ...
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
Innwa Pyae Sone Residence
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service