Twilight Saga မင်းသမီး ဒါကိုတာ ဖန်းနင်းက လော့စ်အိန်ဂျလိတွင် ဒေါ်လာ ၃ သန်းတန် စံအိမ်တစ်လုံး ဝယ်ယူ
Twilight Saga မင်းသမီး ဒါကိုတာ ဖန်းနင်းက လော့စ်အိန်ဂျလိတွင် ဒေါ်လာ ၃ သန်းတန် စံအိမ်တစ်လုံး ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
13 Nov 2019 12:54 pm တွင် တင်ခဲ့သည်
1034 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
ဒါကိုတာ ဖန်းနင်း၏ အမည်ရင်းမှာ ဟန်နာ ဒါကိုတာ ဖန်းနင်းဖြစ်ပြီး ၁၉၉၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်တွင် မွေးဖွားကာ အမေရိကန် သရုပ်ဆောင်မင်းသမီးတစ်ဦး ဖြစ်သည်။
အသက် ၇ နှစ်အရွယ်တွင်ပင် I am Sam (၂၀၀၁ ) ဇာတ်ကားတွင် လူစီ ဒေါ်ဆင်အဖြစ် ပါဝင်သရုပ်ဆောင်ကာ အနုပညာခရီးစတင်ခဲ့သည်။
အဆိုပါဇာတ်ကားအတွက် Screen Actors Guild Award အတွက် ဇကာတင်စာရင်း အမည်တင်သွင်းခံရရာ SAG ၏ သမိုင်းတွင် အသက်အငယ်ဆုံး ဇကာတင်စာရင်းဝင်သည့် သရုပ်ဆောင်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ယင်းနောက်ပိုင်း Uptown Girls (၂၀၀၃), The Cat in the Hat (၂၀၀၃), Man on Fire (၂၀၀၄), War of the Worlds (၂၀၀၅), Dreamer (၂၀၀၅), Charlotte's Web (၂၀၀၆) Hounddog (၂၀၀၇), The Secret Life of Bees (၂၀၀၈), Coraline (၂၀၀၉) ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့ကာ Twilight Saga ဇာတ်လမ်းတွဲများ (၂၀၀၉-၁၂) တွင် ဂျိန်း ဗော်လ်တူရီအဖြစ် ပါဝင်ခဲ့မှုဖြင့် နာမည်ကျော်သည်။
Twilight Saga ဇာတ်လမ်းတွဲများသည် ကမ္ဘာတစ်ဝန်းတွင် ကန်ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံ ရရှိခဲ့သည်အထိ အောင်မြင်ခဲ့သည်။
ယခုအခါ ဒါကိုတာ ဖန်းနင်း သည် ကိတ်ပ်ကောဒ့် ဗိသုကာနေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၂ ဒသမ ၉၅ သန်း ဖြင့် ဝယ်ယူလိုက်သည်။
ဖန်းနင်းသည် မူလက ညီမဖြစ်သူ အယ်လီနှင့်အတူ နေထိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ အတူနေသည့် နေအိမ်ကို ၂၀၁၇ ခုနှစ်အတွင်း အတူတကွ ဝယ်ယူခဲ့ကြခြင်းဖြစ်သည်။
ယခုအခါ ဖန်းနင်းက ကိုယ်ပိုင်နေအိမ်အဖြစ် ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့၊ တိုလူကာလိတ်ခ် အရပ်ရှိ နေအိမ်တစ်လုံးကိုဝယ်ယူလိုက်ခြင်းဖြစ်သည်။
အဆိုပါ နေအိမ်တွင် အိပ်ခန်း ၅ ခန်းနှင့်ရေချိုးခန်း ၆ ခန်းပါဝင်ကာ စတုရန်းပေ ၄၄၂၈ အကျယ်အဝန်းရှိသည်။
ခြံဝန်းအကျယ်မှာ ၀ ဒသမ ၁၇ ဧက ရှိပြီး နေအိမ်မှာ ဂန္ထဝင်မြောက်ကာ ခမ်းနားလှပကာ မီးပန်းဆိုင်းကြီးတစ်ခုပါဝင်သော ပုံမှန်ထက်ပိုမိုမြင့်မားသည့် ဗဟိုခန်းမတစ်ခုတို့ပါဝင်ပြီး သဘာဝအလင်းကောင်းစွာရရှိသည်။
Formal living room တွင် မီးလင်းဖိုနှင့် မျက်နှာကြက်ပေါက်များ ဖောက်ကာ ထည့်သွင်းထားသော မီးများပါဝင်သည်။
ညစာစားခန်းတွင် သလင်းမီးပန်းဆိုင်းများနှင့် ဖန်သားပြင်တပ်ဆင်ထားသော ဗီရိုများ ပါဝင်သည့်နံရံများဖြင့် အလှဆင်ထားသည်။
ယာတောအိမ်များတွင် သုံးလေ့ရှိသည့် လက်ဆေးကန်ပေါ်မှ ပြင်သစ်ပြတင်းပေါက်များမှတဆင့် နောက်ဘက်ခြံဝန်းကို တွေ့မြင်နေရပြီး မီးဖိုဆောင်ဘေး နံနက်စာစားသည့်နေရာသည် နံနက်ခင်းကော်ဖီသောက်ရန် အလွန်ကောင်းမွန်လှကာ နေရောင်ကောင်းစွာရသော နေရာကလေးတစ်ခုလည်း ဖြစ်သည်။
မြေညီထပ်တွင် မိသားစုခန်းတစ်ခုနှင့် အိမ်ဖော်ဝန်ထမ်းခန်းများ တွေ့ရသည်။
အပေါ်ထပ်ရှိ master bedroom မှာမူ ကျယ်ပြောလှကာ လေဝင်လေထွက်ကောင်းမွန်ပြီး ထုတ်တန်းဖော်ဆောက်လုပ်ထားသည့် မျက်နှာကြက်က လှိုဏ်ဂူတစ်ခုထဲ ရောက်ရှိနေသကဲ့သို့ ခံစားချက်မျိုးပေးစွမ်းမည် ဖြစ်သည်။
Master bedroom တွင် မီးလင်းဖို၊ နံရံမြှုပ်စင်များနှင့် အံဆွဲများ ၊ အဝတ်အစားထားသိုခန်း၊ လသာဆောင်၊ ရေချိုးခန်းတို့ ပါဝင်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ERC Luxury Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service